Saturday 27 February 2010

ပင်လုံစာချုပ်၊ ပြည်ထောင်စုစိတ်ဓါတ်နှင့် မြန်မာမွတ်စလင်မ်တို့၏အခန်းကဏ္ဍPosted by Min Than Win

Pinlon Treaty, Union Spirit and the Role of Myanmar Muslim

အလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

ချီးမွမ်းခြင်းအပေါင်းတို့သည်စကြာဝဠာလောကခပ်သိမ်းအားပြုစုပျိုးထောင်တော်မူသောအနှိုင်းမဲ့ကိုးကွယ်ရာ
မြတ်အလ္လာဟ်အတွက်သာဖြစ်တော်မူပါ၏။ ထိုအရှင်မြတ်စေလွှတ်တော်မူသော
လူသားအလင်းပြ နဗီတမန် တော်အပေါင်းနှင့်
နောက်ဆုံးတမန်တော်ချုပ်မုဟမ္မဒ်သခင်(ဆွ) အပေါ်သို့ ငြိမ်းချမ်းသာယာမှု
အဖြာဖြာ သက်ရောက်ပါစေ။

ညီနောင်ညီအစ်မအပေါင်းတို့ခင်ဗျား---

အတ်စ္စလာမုအလိုင်းကွန်းမ် ၀ရဟ်မသုလ်လားဟိ ၀ဗရကားသုဟ်

မြန်မာ့လွတ်လပ်ရေးသမိုင်းမှာပါဝင်ခဲ့တဲ့ လူ့အဖွဲ့အစည်းတွေရဲ့ ပြည်ထောင်စုစိတ်ဓါတ်ကိုဖေါ်ညွှန်းနိုင် ခဲ့တဲ့ ပင်လုံစာချုပ်ချုပ်ဆိုတဲ့
ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့ကို ပြည်ထောင်စုနေ့ဆိုပြီး မြန်မာနိုင်ငံမှာဂုဏ်ယူကျင်းပ ခဲ့ကြပါတယ်။

ဒီနေ့ ၁၂-၂-၂၀၁၀ (သောကြာနေ့)ဟာ ပြည်ထောင်စုနေ့ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ “ပင်လုံ စာချုပ်၊ ပြည်ထောင်စု စိတ်ဓါတ်နဲ့ မြန်မာမွတ်စလင်မ်တို့ရဲ့အခန်းကဏ္ဍ’’ဆိုတဲ့ ခေါင်းစဉ်ကို တင်ပြလိုပါတယ်။

ရည်ရွယ်ချက်ကတော့ အတိတ်သမိုင်းမှာ မြန်မာမွတ်စလင်မ်တွေရဲ့ တိုင်းပြည်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့မှုကိုဂုဏ်ပြုရင်း ဒီနေ့ မြန်မာမွတ်စလင်မ် မျိုးဆက်တွေအနေနဲ့ ပြည်ထောင်စုစိတ် ဓါတ်ဆိုတဲ့သဘောတရားကို
မှန်ကန်စွာမွေးမြူပြီး လူသားအကျိုးပြုနိုင်ရေးအတွက်ဖြစ်ပါတယ်။



တမန်တော်မြတ်(ဆွ)က မွတ်စလင်မ်တစ်ဦးရဲ့ ယုံကြည်ချက်ရဲ့ အနိမ့်ဆုံးအရည်အသွေးဆိုတာ လမ်းပေါ်မှာရှိနေတဲ့ သူတစ်ပါးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေကို ဖယ်ရှားပေးခြင်းလို့သွန်သင်ထားပါတယ်။ ကုရ်အာန်ကျမ်းမြတ်အရတော့----
မွတ်စလင်မ်တစ်ဦးရဲ့ မြင့်မားတဲ့အရည်အသွေးမှာ အိဟ်စါန်လို့ခေါ်တဲ့ “ကောင်းကျိုးပြုအလှဆင်ခြင်း’’ ပဲဖြစ်ပါတယ်။ မိမိကိုယ်မိမိ
အလှဆင်ဖို့လိုအပ်သလို ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်၊ ဒေသ၊ လူအဖွဲ့အစည်း၊ တိုင်းပြည်၊ ကမ္ဘာဂြိုဟ်နဲ့ စကြ၀ဠာကြီးကို အကျည်းတန်စေတဲ့အရာတွေ ဖယ်ရှားပြီး ကောင်းကျိုးပြုအလှဆင်ဖို့ပဲဖြစ်ပါတယ်။

ဖ.ဆ.ပ.လ ခေါ် အမျိုးသားတပ်ဦး

၁၉၄၁ခုနှစ်၊ သြဂုတ်လဆန်းမှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားတဲ့အခါ အမျိုးသားခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း က ဖ.ဆ.ပ.လ လို့ခေါ်တဲ့ ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည့်သူ့လွတ်လပ်ရေးအဖွဲ့ ချုပ် - တစ်နည်းပြောရရင် အမျိုးသား တပ်ဦးတစ်ရပ်ကိုဖွဲ့စည်းပြီး အပြီးတိုင်လွတ်လပ်ရေးနဲ့အမျိုးသားညီညွတ် ရေး ကြိုးပမ်းတည်ဆောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးအရာရှိဖြစ်တဲ့ ဗိုလ်ထွန်းလှ(တက္ကသိုလ် နေ၀င်း)က ဒီကိစ္စနဲ့ပတ်သက်ပြီး ၁၂-၂-၁၈၈၆နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာမှာ “ပထမပင်လုံကွန် ဖရင့်” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ရာမှာ - ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ရဲ့အမျိုးသားတပ်ဦးကြီးမှာ မန်းဘခိုင် (ကရင်)၊ ဦးအောင်ဇံဝေ(ရခိုင်)၊ ဆမားဒူးဝါးဆင်ဝါးနောင်(ကချင်)၊ ဦးဝမ္မသူးမောင်(ချင်း)၊ ရှမ်းပြည်နယ်လူထု ခေါင်းဆောင်ဦးတင်အေး၊ လင်းခေးဦးထွန်းမြင့် တို့အပြင် ဗမက လို့ခေါ်တဲ့ ဗမာမွတ်စလင်မ်ကွန်ဂရက်က ဆရာကြီးဦးရာဇတ်၊ ဦးဖေခင်၊ ဦးခင်မောင်လတ်စတဲ့ ခေါင်းဆောင်များကို စည်းရုံးနိုင်ခဲ့တယ်လို့ ဖေါ်ပြပါတယ်။

ဗမက ခေါ် ဗမာမွတ်စလင်မ်ကွန်ဂရက်

မြန်မာနိုင်ငံဟာ သူ့ကျွန်ဘ၀ရောက်ခဲ့ပြီးနောက် YMBA လို့ခေါ်တဲ့ ဗုဒ္ဓကလျာဏယုဝအသင်း ပေါ်ပေါက်ခဲ့စဉ်က မြန်မာမွတ်စလင်မ်တွေက BMS လို့ခေါ်တဲ့ ဘားမားမွတ်စလင်မ်စိုစိုင်ယီတီအသင်းထောင်နိုင် ခဲ့ကြပါတယ်။ GCBA ခေါ်
မြန်မာအသင်းချုပ်ကြီး ပေါ်လာတော့ GCBMA လို့ခေါ်တဲ့ မြန်မာမွတ်စလင်မ်အသင်း ချုပ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလိုနဲ့ သခင်တွေဦးစီးတဲ့ ဒို့ဗမာအစည်းအရုံးပေါ်လာပြီး သူ့ကျွန်ဘ၀လွတ်မြောက် ရေးတိုက်ပွဲဝင်လာတော့မြန်မာမွတ်စလင်မ်အချို့က ဒို့ဗမာအစည်းအရုံးကိုဝင်ခဲ့ကြပြီး အချို့ကတော့ဗမာ မွတ်စလင်မ်နိုးကြားရေးအဖွဲ့ကို ထူထောင်ပြီး တိုင်းပြည်ရေး တစ်တပ် တစ်အား ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဆရာကြီး ဦးရာဇတ်က ဥက္ကဌ၊ ဦးသန်းရွှေက အတွင်းရေးမှူးဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာပြီး စစ်ကြီးပြီး တော့ မန္တလေးကိုရောက်ရှိလာတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဆရာကြီးဦးရာဇတ်နဲ့ ဗမာမွတ်စလင်မ်နိုးကြားရေး ခေါင်းဆောင်ဟောင်းတွေကိုခေါ်ယူပြီး တစ်တိုင်းပြည်လုံးသွေးစည်းညီညွတ်ရေးလိုအပ်နေကြောင်း၊ ဗမာမွတ်စလင်မ်တွေအနေနဲ့လည်း ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးမှာ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းပြော
ဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်ရဲ့ အကြံပြုချက်အရ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ဗမာမွတ်စလင်မ်ခေါင်းဆောင်တွေပါဝင်တဲ့ ဗမာမွတ်စလင်မ် ညီလာခံကြီးတစ်ရပ်ကို ၁၀၄၅ခုနှစ်၊ ဒီဇင်ဘာလ(၂၄ ၊ ၂၅ ၊ ၂၆)ရက်များမှာ ပျဉ်းမနားမြို့ မှာ ကျင်းပခဲ့ပြီး ဆရာကြီးဦးရာဇတ် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ ဗမက ခေါ်ဗမာမွတ်စလင်မ်ကွန်ဂရက် (Burman Muslim Congress)ဖွဲ့စည်းပေါ်ပေါက်လာခဲ့ပါတယ်။

ဗမာမွတ်စလင်မ်ကွန်ဂရက်(ဗမက)မှ ပင်လုံစာချုပ်မျိုးစေ့စိုက်ခြင်း

ဗမက ဖွဲ့စည်းပြီး ရက်(၂၀)ကျော်အကြာဖြစ်တဲ့ ၁၉၄၆ခုနှစ်၊ ဇန္န၀ါရီလ (၁၇)ရက်နေ့ကနေ (၂၃)ရက်နေ့ အထိ ရန်ကုန်မြို့ ၊ ရွှေတိဂုံအလယ်ပစ္စယံမှာ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးရဲ့ ပြည်လုံးကျွတ် ညီလာခံကြီးကို ကျင်းပခဲ့ကြပါတယ်။ အဲဒီညီလာခံကြီးမှာ “ဖဆပလ” က “ဗမက” ကို ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့ချုပ်နဲ့အတူ လူမျိုးရေးအဖွဲ့စာရင်းမှာ တပ်တစ်တပ်အနေနဲ့ ပါဝင်ခွင့်ပြုခဲ့ပါတယ်။ ၄-၂-၁၉၄၆နေ့ထုတ် ဒီးဒုတ်ဂျာနယ် စာမျက် နှာ(၂၂)မှာ “မြန်မာပြည်၏ကံကြမ္မာကို ဖန်တီးမည့်ပုဂ္ဂိုလ်များ၊
ဖဆပလညီလာခံမှ တင်မြှောက်လိုက်သော ဗဟိုဦးစီးအဖွဲ့ဝင်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖေါ်ပြခဲ့ရာ
(၁)ဗိုလ်ချုပ်အောင်ဆန်းကဥက္ကဌ
(၂)တစ်သီးပုဂ္ဂလခေါင်း ဆောင်(၁၀)ဦးထဲမှာ ဆရာကြီးဦးရာဇတ်ပါဝင်ခဲ့တယ်။
(၃)ပြီးတော့ နိုင်ငံရေးပါတီများဖြစ်ကြတဲ့ ကွန်မြူနစ်၊ ဆို ရှယ်လစ်နဲ့ မျိုးချစ်တို့က ကိုယ်စားလှယ်သုံးဦးစီပါဝင်ပါတယ်။
(၄)လူမျိုးရေးအဖွဲ့(၃)ဖွဲ့ထဲမှာ ရခိုင်၊ ကရင်နဲ့ ဗမာ မွတ်စလင်မ်တို့ပါဝင်ပြီး ဗမာမွတ်စလင်မ်ကွန်ဂရက်က ကိုယ်စားလှယ်ဦးမောင်စိန်၊ ဦးဖေခင်(နောင်-၀န်ကြီးနဲ့ သံ အမတ်ကြီး)နဲ့ မစ္စတာ လတစ်ဖ်(နောင်-၀န်ကြီး)တို့ ပါဝင်ခဲ့ကြပါတယ်။ ဆရာကြီးဦးရာဇတ်ဟာ
ဗမကရဲ့ ဥက္ကဌ ဖြစ်ပေမယ့် တစ်ဦးပုဂ္ဂလခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။

အဲဒီညီလာခံကြီးမှာ လွတ်လပ်ရေးနဲ့ပတ်သက်တဲ့ အဆိုပေါင်း(၁၈)ခုတင်သွင်းဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီအဆိုတွေအနက်
ညီညွတ်ရေးအဆိုကို ဗိုလ်ချုပ်ကိုယ်တိုင်တင်သွင်းခဲ့ပြီး အဆိုအမှတ်(၆)ဖြစ်တဲ့ တိုင်းရင်း သားလူနည်းစုအရေးကို ဒီးဒုတ်ဦးဘချိုက
တင်သွင်းခဲ့ပါတယ်။ ဗမာမွတ်စလင်မ်နဲ့ပတ်သက်တဲ့သဘောထားကို တင်ပြဆွေးနွေးပြီး ထောက်ခံရာမှာ---
• ဗမာမွတ်စလင်မ်တွေဟာ ဗမာနဲ့ခွဲလို့မရတဲ့ မြန်မာတွေဖြစ်ကြောင်း
• ပျဉ်းမနားမှာကျင်းပခဲ့တဲ့ ဗမကညီလာခံကြီးမှာ ဗမာမွတ်စလင်မ်တွေဟာ ဗမာဖြစ်ကြောင်း ကြွေးကြော်ဆုံးဖြတ်ခြင်းကို ဒီ ဖ.ဆ.ပ.လညီလာခံကြီးက အထူးချီးကျူးဝမ်းမြောက်ကြောင်း
• ဗမာမွတ်စလင်မ်တို့ကို တိုင်းရင်းသားလူနည်းစုတို့ရထိုက်တဲ့အခွင့်အရေးတွေ ပေးမယ်ဖြစ်ကြောင်း
• ဗမာမွတ်စလင်မ်တွေကို မြန်မာလူမျိုးတို့အခွင့်အရေးကိုပေးမှာဖြစ်ကြောင်း ဖ.ဆ.ပ.လညီလာခံကြီး က ကြွေးကြော်ကြောင်း
ဖေါ်ပြပါရှိခဲ့ပါတယ်။အကြောင်းအသေးစိတ်ကို ဒီးဒုတ်ဂျာနယ် (၄-၂-၁၉၄၆)၊ စာမျက်နှာ(၃၁-၃၃)မှာ “ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးက
တိုင်းရင်းသားလူနည်းစုပြဿနာကို ရှင်းလိုက်ပြီ’’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။

ဗမာမွတ်စလင်မ်တွေ ဂုဏ်ယူဖို့ကောင်းတာက “ဗမက”က အဆိုအမှတ်(၇)တင်သွင်းခဲ့ရာမှာ လွတ်လပ်ရေး ယူတဲ့အခါ ရှမ်းပြည်နယ်အပါအ၀င်တောင်တန်းဒေသအားလုံးကို တစ်ပေါင်းတည်းပေါင်းစည်းရေးအဆိုပဲ ဖြစ်ခဲ့ပါတယ်။
တစ်နည်းပြောရရင် ဗမာမွတ်စလင်မ်တွေဟာ ပြည်ထောင်စုစိတ်ဓါတ်(၀ါ)ပင်လုံမျိုးစေ့ကိုသမိုင်းဝင်စိုက်ခဲ့ခြင်းပဲဖြစ်ပါတယ်။

ဒီဂုဏ်ယူဖွယ်ဖြစ်ရပ်ကို ဒီအဆိုကိုတင်သွင်းခဲ့တဲ့ ဦးဖေခင်ကိုယ်တိုင် ရေး သားပြုစုပြီး နိုင်ငံတော်က ထုတ်ဝေခဲ့တဲ့ “ကိုယ်တွေ့ပင်လုံ’’ဆိုတဲ့စာအုပ် (၁၉၉၀)မှာလည်း အသေးစိတ် လေ့လာနိုင်ကြပါတယ်။

မြန်မာမွတ်စလင်မ်တို့သည် မိမိတို့အရေးထက် တိုင်းပြည်လွတ်လပ်ရေးကို ဦးစားပေးခဲ့ကြခြင်း

အခုလို ဗမာမွတ်စလင်မ်ကွန်ဂရက်ကို ဖ.ဆ.ပ.လညီလာခံကြီးက လူမျိုးရေးအဖွဲ့စာရင်းမှာထည့်သွင်း လက်ခံပြီး တိုင်းရင်းသား လူနည်းစု အခွင့်အရေးပေးမယ်၊ မြန်မာတွေရဲ့ လူများစုအခွင့်အရေးကိုလည်း ရမယ် ဆိုတဲ့ သဘောထားဆုံးဖြတ်ချက်ဟာ
ဗမာမွတ်စလင်မ်တွေ အတွက် ထူးခြားချက်ဖြစ်ခဲ့ပါတယ်။ ဗမာမွတ်စလင်မ်တွေဟာ ကရင်လို တိုင်းရင်းသား လူနည်းစု အခွင့်အရေး ယူမလား။ ဗမာနဲ့ရောပြီး ဗမာအဖြစ် လူများစုအခွင့်အရေးလူနည်းစုယူမလားဆိုတဲ့ ကိစ္စဆုံးဖြတ်ဖို့ ဗမကရဲ့
ပြည်လုံးကျွတ်ညီလာခံကြီး ၁၉၄၆ခုနှစ်၊ ဒီဇင်ဘာလမှာ ရန်ကုန်မြို့မှာ ကျင်းပဖို့ဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့လွတ်လပ်ရေးကြိုးပမ်းမှုအပေါ် အချို့သော လူမျိုးစုခေါင်းဆောင် တွေက ဗိုလ်ချုပ်ဟာ
ငါတို့ကိုယ်စားလှယ်မဟုတ်ဘူးဆိုပြီး ကန့်ကွက်မှုတွေ ပေါ်ပေါက်လာနေခဲ့ပါတယ်။ဒါကြောင့် ဗမာမွတ်စလင်မ်တွေဟာ ကိုယ့်လူမျိုးစု အရေးထက်တိုင်းပြည်လွတ်လပ်ရေးကိုဦးစားပေးပြီး ဗမာမွတ်စလင်မ်တွေဟာ ဗမာဖြစ်တယ်ဆိုပြီး ဗိုလ်ချုပ်ကို အပြည့်အဝေ ထောက်ခံအားပေးခဲ့ကြပါတယ်။

ဒါကြောင့်လည်း ၁၉၄၇ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာရော၊ ၁၉၄၈ခုနှစ်ခုနှစ် လွတ်လပ် ရေးရတဲ့အခါမှာပါ မွတ်စလင်မ်တွေဟာ ဂုဏ်ပြုခံရပြီး ထိုက်တန်တဲ့အခွင့်အရေးအတွေ အပြည့်အ၀ရခဲ့ကြပါ တယ်။ ၀န်ကြီးတွေ၊ အမတ်တွေ ဖြစ်ခဲ့ကြပြပါတယ်။ ဒါပေမယ့် ကာလကြာပြီး ခေတ်စနစ်တွေတစ်စစပြောင်း လဲလာမှုနဲ့အတူ သမိုင်းတွေမေ့ပြီး ပြည်ထောင်စု စိတ်ဓါတ်ဆိုတာ ဗမာမွတ်စလင်မ်တွေနဲ့ မသက်ဆိုင်သလို ထင်ခံလာရခြင်းပဲဖြစ်ပါတယ်။



ပင်လုံညီလာခံ (သို့မဟုတ်) ပြည်ထောင်စုစိတ်ဓါတ်သင်္ကေတ

ပထမပင်လုံညီလာခံကို ၁၉၄၇ခုနှစ်၊ မတ်လ(၁)ရက်နေ့ကနေ (၁၂)ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ ဗိုလ် ချုပ်အောင်ဆန်း မတက်ရောက်နိုင်ခဲ့တဲ့အတွက် ဖ.ဆ.ပ.လက ဒု-ဥက္ကဌဦးနု ဦးဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည် တောင်ကြီးက ဦးဖေခင် (ဗမာမွတ်စလင်မ်) ကို တက်ရောက်စေခဲ့ပါတယ်။ ဦးဖေခင်ဟာ ဖ.ဆ.ပ.လရဲ့တောင်တန်းဒေသဌာနခွဲ အတွင်းရေးမှူးဖြစ်နေပါပြီ။

ဒီလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ လန်ဒန်မြို့မှာ ၀န်ကြီးချုပ် အက်တလီနဲ့ မြန်မာ့ လွတ်လပ်ရေး ယူတဲ့အခါ ရှမ်းပြည်အပါအ၀င် တောင်တန်းဒေသတွေနဲ့ ပြည်မပူးပေါင်း ရေးအစီအစဉ်ဆွေးနွေးချိန်မှာ ရှမ်းစော်ဘွား နှစ်ဦးအမည်နဲ့ “အောင်ဆန်းဟာ ရှမ်းပြည်ကိုယ်စားမပြု၊ ပြည်မမှ မြန်မာခေါင်းဆောင်တစ်ဦးသာဖြစ်သည်”
ဆိုတဲ့ ကြေးနန်းစာတစ်စောင် ဗြိတိသျှအစိုးရဆီကို ရောက်လာခဲ့တဲ့အတွက် အနှောင့်အယှက်တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ အဲဒီအခါ ဖ.ဆ.ပ.လအဖွဲ့ချုပ်က ဦးနုက တောင်တန်းဒေသအတွင်းရေးမှူး ဦးဖေခင်ကို ရှမ်းပြည်ကိုအမြန်သွားပြီး ရှမ်းစော်ဘွားတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့စီစဉ်စေခဲ့ပါတယ်။ ဦးဖေခင်ကလည်း ဦးတင်အေး၊ ဦးထွန်းမြင့်အစရှိတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ တိုင်ပင်ပြီး
တောင်ကြီးမြို့မှာ လူထုအစည်းအဝေးကြီးတစ်ရပ် ကျင်းပခဲ့ပါတယ်။

အဲဒီလူထုအစည်းအဝေးကြီး ကနေ ရှမ်းပြည်နယ်လွတ်မြောက်ရေးအဖွဲ့ချုပ်က ဗမာပြည်မနဲ့ အတူ ရှမ်းပြည်နယ်ကို လွတ်လပ်ရေး ချက်ခြင်းပေးဖို့နဲ့ လန်ဒန်ရောက်ဗိုလ်ချုပ်အောင်ဆန်းနဲ့အဖွဲ့ကိုထောက်ခံကြောင်းအဆိုကို တစ်ခဲနက်ထောက်ခံ အတည်ပြု ခဲ့ကြပါတယ်။ မြို့တွင်းမှာလည်း ကြွေးကြော်ပြီးစီတည်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ ဗမာမွတ်စ လင်မ်ဦးဖေခင် အနေနဲ့ ဒီလိုရှမ်းပြည်သူလူထုက ဗိုလ်ချုပ်အောင်ဆန်းကို အပြည့်အ၀ထောက်ခံကြောင်းကို ဖ.ဆ.ပ.လအဖွဲ့ချုပ်ကို ကြေးနန်းတစ်စောင်၊
လန်ဒန်ကိုကြေးနန်းတစ်စောင်ပို့နိုင်ခဲ့တဲ့အတွက် မြန်မာလွတ် လပ်ရေးကိုအာမခံချက်ပေးတဲ့ အောင်ဆန်း-အက်တလီစာချုပ်ကို
ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုနဲ့ ဗိုလ်ချုပ်ဟာ လန်ဒန်ကပြန်ရောက်လာပြီး ရက်အနည်းငယ်အတွင်းမှာ တိုင်းရင်းသားလူမျိုးစု တွေရဲ့ တရားဝင်ဆန္ဒရယူဖို့
ပင်လုံညီလာခံခရီးဆက်ခဲ့ရပါတယ်။ ဒါပေမယ့် ၁၉၄၇ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၁) ရက်နေ့ညအထိ ကိုယ်စားလှယ်အားလုံး လက်မှတ်ရေးထိုးဖို့မသေချာဘဲ လိပ်ခဲတည်းလည်းဖြစ်နေခဲ့ပြန်ပါ တယ်။ ဗိုလ်ချုပ်လည်းစိတ်ပျက်ပြီးအပါးတော်မြဲ ဗိုလ်ထွန်းလှကို
ရန်ကုန်ပြန်ဖို့လေယာဉ်လက်မှတ်မှာခိုင်းတဲ့ အခြေအနေဆိုက်ရောက်လာပါတော့တယ်။ ဒါပေမယ့် ဦးဖေခင်နဲ့ ဗိုလ်ထွန်းလှ တို့တိုင်ပင်ပြီး လူမျိုးစုခေါင်း ဆောင်တွေကို တစ်ဖက်ကစည်းရုံးရင်း ကျန်တစ်ဖက်ကလည်းဗိုလ်ချုပ်ကိုရန်ကုန်မပြန်ဖို့ ဖြောင်းဖျ ခဲ့ကြပါ တယ်။ ဒါကြောင့် ဗိုလ်ထွန်းလှက ဦးဖေခင်ရဲ့ ကိုယ်တွေ့ ပင်လုံစာအုပ်အမှာစာမှာ ဦးဖေခင်နဲ့ သူတို့နှစ်ဦး ဒီလို မဆောင်ရွက် နိုင ခဲ့ရင် မြန်မာပြည်ရဲ့ ကံကြမ္မာတစ်မျိုးဖြစ်ပြီး နယ်ချဲ့ အကြိုက်ဖြစ်သွားမယ်လို့ ရေးခဲ့ပါ တယ်။

အလားတူ ဦးတင်ဧ(ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သူနဲ့အငြိမ်းစားနိုင်ငံတော်ကောင်စီဝင်)က လည်း သူ့ရဲ့အမှာစာမှာ - ပင်လုံစာချုပ်ကြီး အောင်မြင်စွာချုပ်ဆိုနိုင်ဖို့ ဦးဖေခင်ဟာ ဖ.ဆ.ပ.လ အဖွဲ့ချုပ်နဲ့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ ချုပ်ကြားမှာ
အောင်သွယ်တော်ကြီးသဖွယ်ဖြစ်ခဲ့တယ်လို့ ဂုဏ်ပြုရေးသားခဲ့ပါ တယ်။ ဒီလိုနဲ့၁၉၄၇ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့မှာ
သမိုင်းဝင်ပင်လုံစာချုပ်ကြီးအောင်မြင်စွာချုပ်ဆို နိုင်ခဲ့ပြီး ဧပြီလမှာ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကြီးကိုလည်း
အောင်မြင်စွာကျင်းပနိုင်ခဲ့ကြ ပါတယ်။



ပြည်ထောင်စုစိတ်ဓါတ်မရှိရင် နိုင်ငံရေရှည်တည်တံ့ခြင်း၊စစ်မှန်တဲ့တိုးတက်ဖွံ့ဖြိုးခြင်းဆိုတာလည်း မရှိ နိုင်ပါဘူး။ ပြည်ထောင်စု စိတ်ဓါတ်ကို ဖျက်ဆီးနိုင်တာဟာ မျက်ကန်းမျိုးချစ်စိတ်ဓါတ်(၀ါ)အစွန်းရောက်တဲ့ လူမျိုးရေးဝါဒပဲဖြစ်ပါတယ်။
မြန်မာမွတ်စလင်မ်များ အနေနဲ့ သမိုင်းကိုသင်ခန်းစာယူပြီး စစ်မှန်တဲ့ပြည်ထောင် စုစိတ်ဓါတ်နဲ့ လောကကြီးကို အလှဆင်ကြဖို့
တိုက်တွန်းအပ်ပါတယ်။

အလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)


copy from http://noorullah.ning.com

Friday 26 February 2010

Prophet MOHAMMAD (s.a.w)`s Birthday

Dear Brothers and Sisters,


Today is our beloved prophet Mohammad (S A W)'s birthday. So let's call Prophet Day (Yom-An- Nabi).

Please don't forget to recite Salwaat as much as you can today and everyday.



Regards,

KZ (B.M.A)

Wednesday 17 February 2010

လူ့ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား (၁၄) ချက်




၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။



၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။



၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။



၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ်ကြောင့်ဖြစ်သည်။



၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။



၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။



၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။



၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်း

သည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ်သည်။



၉။ လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။



၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး ကောင်းမွန်ခြင်းဖြစ်သည်။



၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေးသံသရာဖြစ်သည်။



၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။



၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ်ဖြစ်သည်။



၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။



Friendly,



MZS...

Monday 15 February 2010

ကုရ်အာန်တွင်တိကျသောသင်္ချာဗေဒနှင့်အချိန်

ကုရ်အာန်တွင်လှိုင်ဂူ ကဏ္ဍဟူ၍ပါရှိသည်။ ထိုကဏ္ဍသည် အချိန်နှင့်စပ်လျှင်း၍

အသိပညာပေးသော ကဏ္ဍဖြစ်သည်။ လူသားကမ္ဘာတွင် အသုံးပြုလျက်ရှိသော အချိန်

နှင့်တစ်ချိန် တစ်ခါတည်းတွင် ကွဲပြား ခြားနားသော အခြားအချိန်များလည်း

ရှိနေသေးကြောင်း ကုရ်အာန်က လက်တွေ့ပြသချက် ဟုဆိုရ ပေမည်။



ထိုလှိုင်ဂူကဏ္ဍ၁၀ မှ ၂၆ တွင် လူငယ်တစ်စုသည် ဘုရင်တစ်ပါး၏

ဖမ်းဆီးကွက်မျက်မှုမှလွတ်ကင်းရန် လှိုင်ဂူတစ်ခု အတွင်းသို့ဝင်ရောက်၍

ထာဝရအရှင်ထံ ခိုလှုံခဲ့ကြသည်။ ၎င်းတို့နှင့်အတူခွေးတစ်ကောင် လည်းပါလာခဲ့သည်။

ထိုအခါအရှင်က၎င်းတို့၏ အကြားအာရုံ ပေါ်သို့၊

တံဆိပ်ခပ်နှိပ်၍နှစ်ပေါင်းများစွာ အိပ်စေခဲ့သည်။ ထိုဂူပေါက်ဝတွင်

၎င်းတို့၏ခွေးက အ ပြင်ဖက်သို့မျက်နှာမူသော အနေအထား ဖြင့်၎င်း

တို့နှင့်အတူအိပ်ပျော်လျက်ရှိခဲ့သည်။ ထိုဂူ၏ အနေအထားမှာ နေတက်ချိန်နှင့်

နေမွန်းလွဲချိန် တို့တွင် ဂူထဲသို့ နေရောင် မရောက်ဘဲ လှိုင်ဂူ၏ ညာဖက်နှင့်

ဘယ်ဖက်ကိုသာ နေရောင်ရောက်ရှိသည်။ ဂူပေါက် ဝ သည် တောင်ဖက် သို့မဟုတ်

မြောက်ဖက်သို့ မျက်နှာမူထားခြင်း ဖြစ်နိုင်သည်။ ဂူပေါက်ဝမှ

လက်နှစ်ဖက်ကို ဆန့်၍အိပ်နေသောခွေး၏ အနေ အထားမှာ မြင်ရသူအဖို့

(ခြင်္သေ့တစ်ကောင်ဟု ထင် ရ ဖွယ် ရရှိသည်။) အလွန်ကျောချမ်း၍ အ သင်လှည့်ပြေး

သွားမည်ဖြစ်သည်ဟုဆိုထားသည်။ ထိုအိပ် ပျော် နေသူများအား တနေ့လျှင်

ဘယ်ဖက်နှင့် ညာဖက်သို့ နှစ်ကြိမ်စောင်းလှည့် စေခဲ့သည်။ အချို့က

လှိုင်ဂူထဲမှ လူအရေအ တွက် နှင့်စပ်လျှင်းပြီး

လူသုံးဦးနှင့်ခွေးတစ်ကောင်ဟုဆိုကြသည်။ အချို့က လူ ငါး ဦးနှင့်

ခွေးတစ်ကောင်ဟူ၍ မှန်းဆ၍ မမြင်မတွေ့ပဲဆိုကြသည်။ အချို့ကလည်း လူသုံး ဦး

နှင့်ခွေး တစ် ကောင် ဟူ၍လည်း ဆိုကြသည်။ ထိုလှိုင်ဂူထဲမှ လူဦးရေ အတိအကျကို

ငါ၏ မွေးမြူ သော အရှင် သာ အတိအကျ သိသည်ဟူ၍ အသင်တမန်

တော်ပြောကြားပါလေဟုမိန့်ဆိုထား၏။



၎င်းတို့သည် လှိုင်ဂူထဲတွင် နှစ်ပေါင်းသုံးရာ၊ ကိုးနှစ်ထည့်ပေါင်း၍

အိပ်စက်ခဲ့ ကြခြင်း ဖြစ်သည်။ ထိုသို့ နှစ် ပေါင်းများစွာ အိပ်ရာမှ

ထလာကြသော လူစုအနက် တစ်စုက ကျွန်ုပ်တို့သည် မည်မျှ အိပ် စက်ကြ သနည်း

ဟူ၍အခြား အုပ်စုကို မေးမြန်းခဲ့ကြ၏။ ထိုအခါ အခြားအုပ်စုက၊

ကျွန်ုပ်တို့သည် တစ် ရက် သို့ မဟုတ်နေ့ ဝက် လောက် အိပ်ပျော်သွားသည်ဟု

ဆို၏။ ထိုအခါမည်မျှအတိုင်းအတာအထိ ကျွန်ုပ်တို့ အိပ် ခဲ့သည်ကို

အရှင်သာလျှင် အတိအကျ သိမည်ဖြစ်သည်ဟု တစ်ဦးကဆို၍ ဤငွေ ဒင်္ဂါး ဖြင့် လူ တစ်

ယောက် ကိုမြို့ထဲသို့ စေလွှတ်ပါ၊ ထို့နောက် အားလုံးစားသုံးရန်

စင်ကြယ်သန့်ရှင်းသော အစား အစာ များကို ဝယ်ခိုင်းပါဟုတစ် ယောက်

ကပြောဆိုခဲ့သည်။ လှိုင်ဂူ ထဲမှ လူအားလုံးစားသုံးရန် ပစ္စည်း

သွားဝယ်သူအနေဖြင့်၊ သိုသို သိတ်သိတ်၊ လှို့ဝှက်စွာဖြင့်

သတိနှင့်သွားရန်နှင့် ဂူထဲတွင် ၎င်းတို့ ရှိနေ သည်ကိုအခြားသူများမသိရန်မှာ

ကြားခြင်းဖြစ်သည်။ အကယ်၍ ၎င်းတို့ကအသင်အား (ဈေးသွား ဝယ် သူ အား) မြင်သွားပါက

ခဲပေါက် ၍သေဒဏ် ပေးမည်ဖြစ်သည်။ သို့မဟုတ် ၎င်းတို့၏ သာသနာ အ တွင်း သို့

အသင့်အား ဓမ္မဝင်စေခဲ့မည်။ ထိုကဲ့သို့ ဖြစ်ပါက အသင်သည် ဘယ်သောအခါမျှ အောင်

်မြင် သူမဖြစ်နိုင် တော့ပေ။ လှိုင်ဂူအတွင်းမှ လူတစ်စုသည် ၎င်းတို့

လှိုင်ဂူထဲတွင် အိပ်စက်ခဲ့သော အချိန် ကာ လသည် တစ်ရက်မျှ လောက်ဟု ထင်မှတ်၍

ထိုလှိုင်ဂူ အတွင်းသို့ ဝင်ရောက် ခိုလှုံခဲ့ ရသော နောက် ဆုံး အဖြစ် အပျက်

များကို ကောင်းစွာသတိရလျှက်ရှိခဲ့သည်။ ၎င်းတို့သည် ဘာသာ သာသနာ ကိုင်းရှိုင်း

သူ လူငယ်တစ်စု ဖြစ်သည်။ ၎င်းတို့၏ ယုံကြည်သော သာသနာကို စွန့်လွှတ်ရန် ဘုရင်၏

အား ဓမ္မ ခိုင်းစေချက်မှ ကင်းဝေးရန် လှိုင်ဂူထဲတွင် အရှင့်ထံခိုလှုံခဲ့

ကြခြင်းဖြစ်သည်။



ထိုအကြောင်း အရာကို ကုရ်အာန်တွင် ဖော်ပြခြင်းသည် အလ္လာဟ်က မိမိ၏

ကတိအတိုင်း အ ကောင် အထည် ဖော်ဆောင်သည်ကို လူသားများအား

အသိပေးခြင်းဖြစ်သည်။ ထိုနည်း တူစွာ “ကေယာမသ်” ကမ္ဘာ့တရားစီရင် မည့်နေ့သည်

ဧကန်မုချ လုံးဝ ဥဿုံဖြစ်မည်။ ထိုကဲ့သို့ ကေယာ မသ် နေ့ ပြန်ရှင်ထ ကြ

သူတိုင်းသည် လည်း ဖော်ပြပါ လှိုင်ဂူထဲတွင် နှစ်ပေါင်း(၃၀၀) အိပ်ပျော်ရာမှ

ပြန်လည် ထလာကြ သော လူတစ်စုကဲ့ သို့ တစ်အောင့်မျှပင် ရှိမည်ဟု ခံစားကြ

ရမည်ကို လက်တွေ့ ပြခြင်း တစ်ရပ် ဖြစ် သည်။ ထိုလှိုင်ဂူထဲမှ လူတစ်ယောက်က

ဈေးထဲသို့ စားသောက်ဖွယ်ရာ သွားဝယ် ရာ၌ ၎င်းတို့ အား ဖိနှိပ်ချုပ်ချယ်

ခဲ့သောဘုရင်၏ ခေတ်ဟု ထင်မှတ်ခဲ့ကြသည်။ သို့ရာတွင် ထိုအချိန်၌ ထိုဈေးလာဝယ်

သူ ၏ ဝတ်စားဆင်ယဉ်မှု နှင့် ထိုသူသုံးစွဲသော ငွေဒင်္ဂါးများကို မြင်တွေ့

ခြင်းဖြင့် ထူး ဆန်း အံ့ သြ ဘွယ် ဖြစ်ခဲ့ကြသည်။ ထိုမှတဆင့် ထိုသတင်း

သည်လက်ရှိ အုပ်ချုပ်လျှက် ရှိသော ဘုရင် ထံ သို့ ရောက် ရှိခဲ့ သည်။

လူတို့၏ အမြင်တွင် ဈေးဝယ်လာသူအား အံ့သြ စွာဖြင့် ဝိုင်းဝန်း ကြည့် ကြ

ခြင်း ကြောင့် ဈေးဝယ် လာ သူသည် ဘုရင်၏ ဒုက္ခပေးမှုကို စိုးရိမ် ၍

အခြားအဖော်များကျန်ရှိရာ လှိုင်ဂူသို့ ပြန်သွား ဖွယ်ရာရှိ သည်။ ထိုဂူမှ

အုပ်စု တစ်စုလုံး တောနက်အတွင်းသို့ ထွက်ပြေး သွားရာ၊ လက်ရှိ အုပ်ချုပ်

လျှက်ရှိသော ဘုရင် က ၎င်း တို့၏ နောက်မှ လိုက်သည်။ နောက်ဆုံး ဘုရင် ၏ စိတ်

တွင် ဆက် လက် မလိုက်လို တော့ပဲ ထို သူတော်စဉ် များ ပျောက်ဆုံးသွားသော

နေရာတွင် ဦးချရာ အ ဆောက် အဦး ဆောက်လုပ်ရန် အမိန့်ပေးခဲ့ပုံရှိ၏။

ဆက်လက်၍ ထိုသူများသည် မည်မျှ အတိုင်းအ တာအ ထိဆက်လက်အသက်ရှင်ကြသည်၊

သို့မဟုတ် ဆက်လက်အိပ်ပျော်သွားကြသည်ဟူ၍ ဖော် ပြထားခြင်းမရှိပေ။



၎င်းတို့ အိပ်စက် ခဲ့သော အချိန်နှင့် စပ်လျှင်းပြီး၁၈း၂၅ (၎င်းတို့သည်

နှစ်ပေါင်းသုံးရာတွင် ကိုးနှစ်ပေါင်း ထည့်၍ အိပ်စက် ကြသည်ဟုဆိုထားသည်။)

ကုရ်အာန်တွင် အထက်မှ နှစ်ပေါင်း သုံးရာ တွင် ကိုးနှစ် ပေါင်း ထည့်

ခြင်းဟူသော စကားသည် မည်သည့်ခေတ် မည်သည့် လူတစ် ဦးတစ်ယောက် ကမျှ အ ငြင်း

ပွား ၍ မရသော အသုံး အနှုံ ဖြစ်သည်။ ကမ္ဘာတွင် Solar Calendar (နေပြက္ခဒိန်)

နှင့် Lunar Calendar (လပြက္ခဒိန်) ဟူ၍နှစ်မျိုးနှစ်စား သုံးစွဲကြသည်။

နေပြက္ခဒိန်၏ နှစ်ပေါင်း သုံးရာသည် လ ပြက္ခဒိန်၏ နှစ်ပေါင်း ၃၀၉နှစ်

်ဖြစ်သည် အကယ် ၍ နှစ်ပေါင်း၃၀၀ ဟု အထက်ပါ အာယာသ် တွင် ဖော်ပြထား ပါက

လူသားများ အနေဖြင့် လပြက္ခဒိန်အရ နှစ်ပေါင်း၃၀၀ သို့မဟုတ် နေပြက္ခဒိန်အရ

နှစ်ပေါင်း ၃၀၀လားဟူ ၍ စောရကတက် ၍ မရနိုင်ရန် အတိအကျ နေပြက္ခဒိန်

အရနှစ်သုံးရာ၊ လ ပြက္ခဒိန် အရ ၃၀၉နှစ်ဖြစ်သည်ဟုဖော်ပြထားခြင်းဖြစ်သည်။

ထိုနည်း တူစွာ ကေယာမသ်ပြန် လည်ရှင် သန်ကြ ရာတွင်လည်း

“ဘရ်ဇခ်”ဟူသောအချိန်နှင့်အာကာသ၏ လွှမ်းမိုးမှုမှ ကင်းဝေးသော နေရာမှ

ပြန်လည်ထကြသည့်အခါ အထက်မှ လှိုင်ဂူနေ လူသားများကဲ့သို့ တစ်ရက်၊ နေ့တစ်ဝက်၊

တစ်နာရီ၊ တစ်အောင့်ဟုထင်ကြမည်ဖြစ်သည်။

ကုရ်အာန်ကျမ်းမြတ်လာ..ဖါရို..အကြောင်းတစေ့တစောင်း...



ကု၇်အာန်ကျမ်းလာဖါရိုအကြာင်းတစေ့တစောင်း



သို့သော် နင်သည် နောင်လာနောက်သားတို့အဘို့ သက်သေသာဓကတော်တပါးဖြစ်စေ၇န် နင်၏ကိုယ်ကာယကို ငါအသျှင်မြတ် ယခုကယ်ဆယ်တော်မူ၏ ။ ကြည့်ကြလော့ လူသားတို့ အနက်များလှစွာသောသူတို့သည်ငါ၏သက်သေသာဓကများကိုသတိမမူကြချေ။
ကု၇်အာန် ( ၁၀း ၉၂ )

  [فَالْيَوْمَ نُنَجِّيْكَ بِبَدَنِكَ لِتَكُوْنَ لِمَنْ خَلْفَكَ اٰيَةً‌ ؕ وَاِنَّ كَثِيْرًا مِّنَ النَّاسِ عَنْ اٰيٰتِنَا لَغٰفِلُوْنَ 
[10:93] فَٱلۡيَوۡمَ نُنَجِّيكَ بِبَدَنِكَ لِتَكُونَ لِمَنۡ خَلۡفَكَ ءَايَةً۬‌ۚ وَإِنَّ كَثِيرً۬ا مِّنَ ٱلنَّاسِ عَنۡ ءَايَـٰتِنَا لَغَـٰفِلُونَ
[10:92] So this day We will save thee in thy body alone that thou mayest be a Sign to those who come after thee. And surely, many of mankind are heedless of Our Signs


ထာ၀၇မှန်ကန်နေသော ပ၇မတ္တ သစ္စာတ၇ားကို ကု၇်အာန်ကျမ်းတော်မှအပ
အခြားနေ၇ာများတွင်မတွေ့နိုင်ပါ။လူသားတို့၏ ခန့်မှန်းကြံစည် တွေးတောမှု များသည် ယနေ့တွင်မှန်ကန်နေသော်လည်းမနက်ဖြန်တွင်မူမသေချာပေ။ ထိုနည်းအတူ အံ့မခန့်းတဟုန်ထိုးတိုးတက်နေသော သိပံပညာသည်ပင်လျှင် တနေ့တွေ့ရှိမှုနှင့် နောက်တနေ့ တွေ့၇ှိမှုတို့မတူနိုင်ပါ။
ထာ၀၇မှန်ကန်မှု (Absolute truth) သဘောတ၇ားသည်လူသားဥာဏ်စဉ် အဆင့်အတန်းဖြင့်
မည်သို့မျှမသိ၇ှိနိုင်ဆိုသည်မှာံ့၇ှင်းနေပေသည်။သို့သော်လူသားတို.၏သဘာဝမှာ အမြဲပင်
်စောဒကတက်ကြလျှက်၇ှိမြဲဖြစ်သည်။ထိုသို.လူသားတို့တွေးတော ကြံစည် တွက်ဆမှုများ၏
နောက်ကွယ်မှဖြစ်ပျက်မှုမှန်သမျှကို သဘာဝလွန်အံ့သြဆန်းကြယ်မှုများဟုခေါ်ဝေါ်သုံးစွဲကြတတ်ပေသည်။
မျက်မှောက်လက်၇ှိဆန်းသစ်လျှက်၇ှိသောခောတ်သစ်သိပံ္ပပညာ၏အကူအညီဖြင့် စမ်းသပ် အဖြေထုတ်၍မ၇နိုင်သော သဘာဝလွန်အံ့သြဆန်းကြယ်မှုများမှာ ဤကမ္ဘာပေါ်တွင်
၇ှိလျှက်၇ှိနေသေးသည်ကို မည်သူမျှမငြင်းနိုင်ပေ။ ထိုဆန်းကြယ်မှုဖြစ်၇ပ်ဆန်းများ၏ လျှို.၀ှက်ချက်များ ကိုသိလိုသည့် သဘောတ၇ားများသည် လူသားအများစုတွင်၇ှိတတ်ကြသည်မှာဓမတာပင်ဖြစ်သည်။ သို့သော် ၇ှာဖွေ တွေးတော ကြံဆ ခွဲခြမ်းစိတ်ဖြာမှု ပုံစံများမှာကားတစ်ဦးနှင့်တစ်ဦး တူညီနိုင်မည် မဟုတ်ပေ။
အချို့ကထိုသို့သဘာဝလွန်ဖြစ်၇ပ်ဆန်းများကို ကိုယ်တွေ့ တွေ့၇ှိပါက“ပ၇မတ္ထ သစ္စာတ၇ား”၏အကူအညီဖြင့်တိတိကျကျ နှိုက်နှိုက်ချွတ်ချွတ် ခွဲခြမ်းစိတ်ဖြာ လေ့လာမှု
ပြုလုပ်ကြသည်။ အချို့ကသိ၇ှိမှုအသိဖြင့်သာ လုံလောက်တင်းတိမ်ကြသည်။ အချို့ကမူ ယနေ့မျက်မှောက်
ခောတ်သိပံ္ပ၏ အကူအညီဖြင့် ၄င်းဖြစ်၇ပ်ဆန်းများကို ကိုင်တွယ် ဖြေ၇ှင်းတတ်ကြပေသည်။
အချို့ကမူသဘောတ၇ားမပါသောလက်တွေ့ထက် သဘောတ၇ားနှင့်အနှစ်သာ၇ပါ၇ှိသော လက်တွေ့ခွဲခြမ်းစိတ်ဖြာမှုများကိုပြုကြပြီးမှ နောက်ဆုံးတွင် ၄င်းလေ့လာစမ်းစစ်ကြသည့် ထာ၀၇မှန်ကန်လျှက်၇ှိသောသစ္စာတ၇ားအောက်၌ ဒူးထောက်ကြတတ်သည်။
၎င်းတို့အထဲတွင်ဒေါက်တာမော၇စ်ဘူ
ကိုင်း တစ်ယောက်သည်လည်း
အပါအ၀င်ဖြစ်သည်။
အံ့သြခြင်းများစွာဖြင့်နုတ်မှထွက်ပေါ်လာသောစကားတစ်ခွန်းကြောင့့် “ကျွန်ပ်အစ္စလာမ်ကိုယုံပါပြီ ကျွန်ပ်ကု၇်အာန်ကိုယုံပါပြီ”
“အလ္လာဟ်အသျှင်မြတ်မှအပ အခြားကိုးကွယ်၇ာအသျှင်မ၇ှိပါ။ တမန်တော်မိုဟမဒ်သည်၎င်း၏စေတမန်
တော်တစ်ပါးဖြစ်ကြေင့််ကျွန်ပ်ယံကြည်ပါ၏”။
မိမိကိုယ်တိုင်လည်းဆေးသိပ္ပံပညှာင်တစ်ဦးဖြစ်ပြီး ခ၇စ်ယာန်ဘာသာဝင်တစ်ဦးပီပီ သမိုင်း ကျမ်း စာပေအထောက်အထားများမှတဆင့်ရှေ့ခောတ်အီဂျစ် မင်းဆက်များနှင့် ဖါရိုဘု၇င်အကြောင်း၊
၎င်းမင်းဆက်များအကြောင်းကောင်းစွာသိရှိသောပါမောက္ခတစ်ဦး ဖါရိုဘု၇င်(၇ာမ်ဆိးစ် ၂) ရုပ်အလောင်းရှေ့တွင်အလုပ်ရှုပ်လျှက် ရှိနေပါတော့သည်။


အိုး....တစ်ကယ်ဘဲလားဗျာ......ဘယ်လိုဖြစ်တာပါလဲဗျာ... ခင်ဗျားတို့မွတ်ဆလင်တွေယုံကြည်ဲ့ ဒီကု၇်အာန်ကျမ်းတော်မြတ်က ဖါရိုဘု၇င်ေ၇နစ်ပြီး
သေတဲ့အကြောင်းနှင့် ၄င်း၏ရုပ်ခန္ဓာကိုယ်ကိုနောင်လာနောက်သားတွေ သတိသံဝေဂ၇စေ၇န် ဤကမ္ဘာပေါ်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်ဆိုတာလေ ဗျာ......ကျွန်တော့် နားတောင်ကျွန်တော်မယုံနိုင်စ၇ာဘဲ....ဘယ်လိုလုပ်ပြီး ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်ကဘဲဒီအကြောင်းကိုဖေါ်ပြထားပါလိမ့်...ဒီမာမ်မီခန္ဓာကိုယ်ကြီးတွေ့ရှိခဲ့တာမှ ဖြင့်လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော်လောက်ကမှ.... ဒီခန္ဓာကြီးကို အဲဒီကြားထဲ ဘယ်သူများထိန်းသိမ်းထားခဲ့ပါလိ့်။ အား..မေးစ၇ာ
မေးခွန်းတွေကတော့ အများကြီးဘဲ။ တကယ်ဘဲ ယခုကျွန်တော့ရှေ့မှ မာမ်မီဖါရို အလောင်းကြီးဟာ ဟိုးတမန်တော် မိုးဆက်(မူဆာ) ကိုပင်လယ်နီကမ်းခြေထိလိုက်ခဲ့တဲ့ ဖါရိုဘု၇င်ကြီးပင်လား....
အစ္စလာမ်တွေယုံကြည်နေတဲ့ ဒီတမန်တော်မိုဟမဒ်ဟာ ဒီဖါရိုဘု၇င်အကြောင်းနှင့် ဒီခန္ဓာကြီးတည်ရှိနေတာ
ဘယ်လိုလုပ်များသိခဲ့ပါလိမ့်။
ပါမောက္ခကြီးဒေါက်တာမော၇စ် တစ်ယောက်ဘယ်လိုမှကြိုးစားပြီးအိပ်သော်လည်း အိပ်လို့
မပျော်တော့ပါ။ သူ့၇ဲ့ ရှေ့းသမာကျမ်းတော်ကို လှန်၇င်း“ ဟော တွေ့ပြန်ပြီ ဒီဖါရိုး ”ှ“ပင်လယ်ကြီးသည်ဖါရိုဘု၇င်နဲ့၎င်း၏ကြီးမားလှသော စစ်တပ်ကြီးကိုဝါးမြိုခဲ့သည်။ တစ်ဦးတစ်ယောက်မျှ အသက်မရှင်ခဲ့” ထွက်မြောက်၇ာကျမ်း(၁၄း၂၈) သူမကျေနပ်သေး
ဘာလို့ဒီဓမဟောင်း ငါတို့၇ဲ့သမာကျမ်းစာက ဒီသူ့ခန္ဓာ ဤကမ္ဘာပေါ်မှာရှိနေသေးကြောင်း ဘာလို့မပြော
တာဘာလိမ့်....သူကားစိတ်မကျေနပ်.... ထပ်ပြီးထပ်ပြီးအဖြေများလိုအပ်သေးပေ၏။
ခေတ်သစ်ဆေးသိပ္ပံပညာရှင်ကြီးတစ်ီးလည်းဖြစ်၊လက်ရှိဖါရိုဘု၇င်မွ်းမံစစ်ကြောေ၇း
အဖွဲ့၏ ဥက္ကဋ္ဌကြီးလည်းဖြစ်သော ပါမောက္ခကြီးမော၇စ် တစ်ယောက်သူ့ေ၇ာင်း၇င်းလုပ်ဖေါ်ကိုင်ဖက်ဆေးနှင့်
မျိုးရိုးဗီဇ ၊မန္နုသဗေဒ၊ခန္ဓာဗေဒ ပေ၇ာ်ဖက်ဆာများ၊ဘူမိဗေဒ စပါယ်ရှယ်လစ်များနှင့်အတူ ခောတ်မှီနည်းပ
ညာ cutting edge စမ်းသပ်စစ်ဆေးေ၇းကိ၇ိယာများနှင့် ဓာတ်ခွဲခန်းထဲတွင် အလုပ်ရှုပ်နေသူ၏ ပြင်းပြသော
သိလိုစိတ်မှာ “ဘယ်လိုများဒီမာမ်မီ (ဖာရို) အလောင်းဟာကွယ်လွန်ခဲ့ပါလိမ့် ”အနုစိတ်(Autopsy) စမ်းသပ်၍နေပါတော့သည်။
ညဦးယံဘက် ပညာရှင်အသီးသီး သက်ဆိုင်၇ာကဏ္ဍများကိုအသီးသီးစစ်ဆေးပြီး သကာလ နောက်
ဆုံး final report ကိုတင်ပြနေကြပြီဖြစ်ပါတယ်။ ပေ၇ာ်ဖက်ဆာအသီးသီး၏ ကောက်ချက်အ၇ ဤမာမ်မီ(ဖာရို) ရုပ်အလောင်းမှာပင်လယ်တွင်ေ၇နစ်သေဆုံးခဲ့ကြောင်း များမကြာမီအချိန်တိုအတွင်းတွင်င် ပင်လယ်မှဆယ်ယူခြင်းကိုခံခဲ့၇ပြီး (၀ါ) ပင်လယ်ထဲတွင်အချိန်ကြာမြင့်စွာ မရှိခဲ့ကြောင်း
ခန္ဓာကိုယ်တွင်းမှဆားဓာတ်အထောက်ထားနှင့် ပင်လယ်နီရွံ့စေး အထောက်ထားများမှ
သက်သေခံလျှက်ရှိကြောင်းတို့ကို နောက်ဆုံးအစီ၇င်ခံစာကြီး တွင်တင်ပြလာကြသောအခါ.. ၄င်းအဖွဲ့
ကိုဦးဆောင်နေသော ပေ၇ာ်ဖက်ဆာဒေါက်တာမော၇စ် တစ်ယောက်
ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေ၇ပါတော့သည်။
“ အား...မဟုတ်နိုင်သေးပါဘူးေ၇ထဲမှာသေခဲ့တဲ့ ဒီမာမ်မီအလောင်းကြီးဟာ ဘာလို့များဒီလောက်
ပုံပန်းမပျက်ပဲ အခြားမာမ်မီများထက်ပင်လတ်ဆတ် လန်းဆန်းပကတိပုံအတိုင်း ဒီအချိန်ထိတည်ရှိနေ၇ပါ
လိမ့်.”..ဆေးသိပ္ပံနှင့် ခန္ဓာဗေဒအကြောင်းကောင်းကောင်းနားလည်ထားသော ပါမောက္ခကြီး၊ လူသေရုပ်
လောင်းပေါင်းများစွာနှင့် ငယ်ငယ်ကတည်းကပင် မစိမ်းသောဆ၇ာဝန်တစ်ဦးအဖိှု့ဇဝေဇ၀ါနှင့် စဉ်းစား၍အ
တွေးများထူနေပါတော့သည်။ (Confirmation test) ပြန်လှန်စစ်ဆေးမှုများအကြိမ်ကြိပြုလုပ်ပြီး အားမ၇ဖြစ်
နေသော ပါမောက္ခကြီး၏ပုံစံကို စာဖတ်သူများပင်မြင်ယောင်မိမည်ထင်ပါသည်။

အချိန်မှာကား ၁၉၈၁ ခုနှစ်
ပြင်သစ်သမတကြီး ဖ၇န်စစ်စကိုမစ်တ၇ာ အုပ်ချုပ်စဉ် ပြင်သစ်နိုင်ငံတွင်ဖြစ်သည်။အီဂျစ်အစိုး၇၏သဘောတူ
ခွင့်ပြုချက်ဖြင့် ဖာရိုဘု၇င်၇ာမ်စစ် (၂) ၏ရုပ်အလောင်းအား သမိုင်းကြောင်းအဆိုအ၇ ကမ္ဘာ့အကြမ်းတမ်းဆုံး၊
အ၇က်စက်ဆုံး၊ခေါင်းအမာဆုံးအီဂ်ျဘု၇င်အား ခောတ်မှီဓာတ်ခွဲစမ်းသပ်မှုများ(ျိုးရိုးဗီဇ DNA သေဆုံးခြင်းဇစ်မြစ် နှင့် သေဆုံးခြင်း Date ရှေးခောတ်မာမ်မီပညာ၇ပ်၊မျက်နှာပြုပြင်မွမ်းမံမှု) ပြုလုပ်၇န်၇ည်
၇ွယ်ချက်တို့ဖြင့် ပြင်သစ်အစိုး၇မှကမ်းလှမ်းခဲ့ပါည်။ ပြင်သစ်လေဆိပ်သို့ေ၇ာက်လျှင်ေ၇ာက်ခြင်းပင် ပြင်
သစ်သမတ နှင့်တစ်ကွ ၄င်း၏အတွင်းဝန် ၀န်ကြီးများမှ နိုင်ငံတော်အခမ်းအနားနှင့်တကွ အလေးပြုကြိုဆိုမှု
ကိုပြုလုပ်ခဲ့ပါသည်။ ကြိုဆိုဂုဏ်ပြုပွဲပြီးလျှင်ပြီးချင်းပင် ဖါရိုဘု၇င်၏အလောင်းအား စူးစမ်းရှာဖွေစမ်းသပ်မှု
များပြုလုပ်၇န်ပြင်သစ်နိုင်ငံ၏ထူး မန္နုဿဗေဒ ဓါတ်ခွဲခန်းမကြီးဆီသို့သယ်ဆောင်လာခဲ့ကြပါသည်။
ပထမဦးဆုံး Cutting Edge Technology ဖြင့်သမိုင်းကြောင်းနှင့် ခန္ဓာဗေဒ စစ်ဆေးမှုများပြုလုပ်၇န်၇ည်
၇ွယ်ခဲ့ပါသည်။ ထိုအချိန်က ပြင်သစ်သိပ္ပံပညာအကယ်ဒမီ၏ ဥက္ကဌ ကြီးမှာပေ၇ာ်ဖက်ဆာဒေါက်တာ မော၇စ်ဘူကိုင်း ဖြစ်ပြီး၎င်းကိုယ်တိုင်ပင်ဦးစီးကာ ဖါရိုရုပ်ကလပ်ကြီးအား စူးစမ်းလေ့လာစမ်းသပ်ခွင့်၇ရှိခဲ့ပါ
သည်။


မေးခွန်းပေါင်းမြာက်များစွာဖြင့် အဖြေမ၇နိုင်သေးသော ပါမောက္ခကြီး

ဒီနှစ်ပေါင်းသုံးထောင်ကျော်ပြီဖြစ်တဲ့ ရုပ်အလောင်းကြီး၊ ရုပ်ကြွင်းမပျက်စီးသေးတဲ့မာမီကောင်ကြီး၊သူ
တို့အပြောအ၇ အီဂျစ်နိုင်ငံပင်လယ်နီကမ်းခြေရှိ ဂျဘလီယမ်း အ၇ပ်မှာတွေ့ရှိခဲ့တယ်ဆိုတဲ့ဒီအလောင်းကြီး၊
ယခုလက်ရှိအီဂျစ်သမိုင်းပြတိုက်ဲမှာ ပြသထားတဲ့ဒီဖါရိုကြီး၊ မွတ်ဆလင်တွေကု၇်အာန်က တိတိပပပြောဆို
ဖေါ်ပြထားတဲ့ဒီဖါရိုဘု၇င်ကြီး၊ ကျွန်ပ်တော့ဗျာခောတ်မှီဆန်သစ်တဲ့ Technology အကူအညီမပါဘဲ ဒီအ
ကောင်ကြီးကိုသမိုင်းကြောင်းအ၇ စစ်ဆေးမယ်ဆို၇င်တော့ ယုံကြည်မှာမဟုတ်ဘူးဗျာ။ယခုလိုတိုးတက်တဲ့
စက်ကိ၇ိယာ Cutting Edge နည်းပညာ၊ဆေးသိပ္ပံပညာတွေ၇ဲ့ အကူအညီအ၇သာယုံ၇တာဗျာ ဟုခေါင်းခါ
လျှက်တတွတ်တွတ်ပြောကြားလျှက်သှိာပါတော့သည်။ ဘယ်လိုလုပ်ပြီးဒီမွတ်ဆလင်တြွေောတဲ့ ကျမ်းစာ
တော်ထဲမှာ ဒီဖါရိုအကြောင်းတိတိပပ ပါရှိနေ၇တာလဲ? သူ့၇ဲ့ကိုယ်ခန္ဓာကိုလည်းကမ္ဘာပေါှ်ာထိန်းသိမ်းထား
တယ်လို့လဲပါသေးတယ်ဆိုတော့ ဘယ်လိုများပါလိမ့်။
သူကားစစ်ဆေးမှုအထပ်ထပ်ပြုလုပ်ပြီး နောက်ဆုံးသံပြိုင်အဖြေ၇ရှိသော်ည်း မကျေနပ်နိုင်သေး၊
မာမ်မီကြီးမှာကား အီဂျစ်ပြည်သို့သာ တကြောပြန်ေ၇ာက်သွားပ်ါတော့သည်။ ဒေါက်တာမော၇စ် တစ်ယောက်
အိပ်မပျော်အခဲမကျေနိုင်သေးပါ။ောက်ဆုံး ၄င်းဖါရိုဘု၇င်ရှိ၇ာ အီဂျစ်ပြည်သို့ခ၇ီးဆက်၇န်သာဆုံးဖြတ်လိုက်
လေပါတော့သည်။အီဂျစ်နိုင်ငံသို့ေ၇ာက်လာပြီး သက်ဆိုင်၇ာ ဘူမိဗေဒ ရှေးဟောင်းသမိုင်းပညာရှင်
များ၊ဆေးပညာ ပညာရှင်များ၊မွတ်ဆလင်ပညာရှင်( စကော်လာ)များနှင့် ဆွေးနွေးမှုများပြုလုပ်လျှက်ရှိကာ အဖြေများကို
ရှာဖွေလျှက်ရှိပါသည်။ ကိုင်ရိုမြို့တနေ၇ာတွင် ၄င်း၏တွေ့ရှိချက်များကို နှီးနှောရှင်းလင်းမှုတစ်၇ပ်ပြုလုပ်နေစဉ်
မွတ်ဆလင်ဆေးသိပ္ပံပညာရှင်တစ်ဦှး မတ်တပ်၇ပ်ပြီး ခင်ဗျားကျွန်ပ်တို့ကျမ်းလာဒီပါတော်ကို ပြန်နားထောင်ပါ
ဟုဆိုကာ တည်တည်ငြိမ်ငြိမ်ဖြင့်....
“ ငါအသျှင်မြတ်သည် အစ္စ၇ာအီလ် အမျိုးသားတို့ကိုပင်လယ်တစ်ဘက်ကမ်းသို့ ယူဆောင်တော်မူ၏။
ဖါေ၇ာမင်းသည် မိမိ၏စစ်သည်များနှင့်သူတို့ကိုတ၇ားကျုးလွန် ခြားနားခြင်းဖြင့် မီအောင်လိုက်ကြ၏။သို့
သော်ေ၇နစ်မြှုပ်ဘေးထိသောအခါ သူသည်အစ္စ၇ာအီလ်အမျိုးသားတို့ယုံကြည်သော အသျှင်မှတပါးအခြား
အသျှင်သခင်မရှိဟုကျွန်ပ်ယုံကြည်ပါ၏။ကျွန်ပ်သည်အလ္လာအသျှင်မြတ်အား ယုံကြည်ကျိုးနွံသူတို့ဘောင်တွင်
ပါဝင်ပါ၏ဟုကြွေးကြော်၏။ ” ကု၇်အာန် ( ၁၀း၉၀ )

ဘာလဲ ယခုမှသင်ယုံကြည်သလော၊ ယခုတိုင်အောင်နင်သည်ထောင်ထားခြားနား၍ မတ၇ားပြုကျင့်
သူတို့ဘောင်တွင်ပါဝင်ပြီးမှ။ ကု၇်အာန် ( ၁၀း၉၁ )

သို့သော်နင်သည် နောင်လာနောက်သားတို့အဘို့ သက်သေသာဓကတော်တပါးဖြစ်စေ၇န် နင်၏
ကိုယ်ခန္ဓာကို ယခုငါအသျှင်မြတ်ကယ်တင်တော်မူ၏။ကြည့်ကြလော့ များစွာသောသူတို့သည် ငါ၏သက်သေ
သာဓကတော်များကိုသတိမမူကြချေ။ ကု၇်အာန် ( ၁၀း၉၂ )

အေးဆေးငြိမ်သက်စွာ ဂရုတစိုက်နားထောင်နေသော ပေ၇ာ်ဖက်ဆာကြီးတစ်ယောက် တိတ်ဆိတ်
ငြိမ်သက်သွားကာ”ပ၇မတ္ထ သစ္စာတ၇ား” မှန်ကန်မှုနှင့် တိကျသေချာသောအဖြေကို ၄င်း၏ နှလုံးသည်းပွတ်ကြားထဲမှ ထုတ်လိုက်လေတော့သည်။ လူအုပ်ကြားထဲသို့၎င်း၏ ဟစ်အော်ချက်မှာကား

”ကျွန်ပ်အစ္စလာမ်ကိုယုံပါပြီ....ကျွန်ပ်ကု၇်အာန်ကိုယုံပါပြီ..”

ငါသည်ဤကျမ်းမြတ်ကု၇်အာန်ကို တောင်တခုခုပေါ်တွင် ပစ်တင်ထားတော်မူခဲ့လျှင်၊ အကယ်စင်စစ်ထို
တောင်သည် အလ္လာဟ်အားကြောက်ရွံ့တုံလှုပ်ခြင်းကြောင့် နှိမ့်ချသောသဘောဖြင့် ၀ပ်စင်း၍ အစိတ်စိတ်
အမွှာမွှာ ဖြစ်သွားသည်ကို သင်တမန်တော် မျက်ဝါးထင်ထင် မြင်ခဲ့၇လတံ့၊ ငါသည် ဤဥပမာများကို လူသား
တို့ဆင်ခြင်စဉ်းစားဘို့၇ာ ဆောင်တော်မူ၏။ ” ကု၇်အာန် ( ၅၉း၂၁ )

“ အလွန့်အလွန်သနားကြင်နာတော်မူသောမဟာဂရုဏာတော်သခင်အလ္လာဟ်အသျှင်တ်ြသည် အမှန်တ၇ားမြတ်နိုးသူတို့၏နှလုံးသားတံခါးများကို အမှန်ပင်ဖွင့်ပေးလေပြီတကား။”
ကု၇်အာန် ( ၂၈း၅၆ )

နှလုံးသားသစ်၊စိတ်သစ်၊လူသစ်နှင့်အယူသစ်ဖြင့်အိမ်အပြန်( ပြင်သစ်)ခ၇ီး

ပါမောက္ခကြီး၏သတင်းသည်ကား နေ၇ာအနှံ့သို့တမဟုတ်ချင်း ပြန့်နှံ့သွားလေတော့သည်။
၎င်းနောက်ပါမောက္ခကြီးသည် ၁၀ နှစ်တိုင်တိုင် အစ္စလာမ်နှင့်ပတ်သက်သော သိပ္ပံဆိုင်၇ာတွေ့ရှိချက်များ၊
ကု၇်အာန်နှင့်သိပ္ပံလေ့လာမှုများ၊အာ၇ဗီစာပေကို ဂဃနဏလေ့လာကာ Comparative studies များပြု
လုပ်ကာ အစ္စလာမ်ကိုအပတ်တကုတ် လေ့လာခဲ့သည်။ ၄င်းလေ့လာသောအသီးအပွင့်များအဖြစ် ဥေ၇ာပတ
ခွင်နှင့် ကမ္ဘာက အစ္စလာမ်ကိုပို၍သိလာကြသည်။ ”ကု၇်အာန်၊ဘိုင်ဘယ်လ် နှင့်သိပ္ပံ” ဟူသောခောတ်သစ်သိ
ပ္ပံပညာဖြင့်ရှေးကျမ်းဂန် များကို စစ်ဆေးခြင်း၊ကု၇်အာန်၏ခိုင်လုံသော၊တိကျသော၊မငြင်းနိုင်သော အမှန်တ
၇ားများကို အခြားကျမ်းဂန်များနှင့် နှိုင်းယှဉ်ကာဖေါ်ပြခဲ့သည်။
လူသားများအားလုံးသတိ၇စေ၇န် ပါမောက္ခကြီးသည် ၄င်း၏တွေ့ရှိချက်များနှင့် စပ်လျင့်ပြီးကျမ်း
တော်လာ ဤအာယတ် (ပါဒ) တော်ကို နောက်ဆုံးမီးမောင်းထိုးပြလျှကှ်ိခဲ့ပါသည်။


မုသားစကားသည် ထိုကျမ်းတော်ကိုရှေ့မှသော်လည်းကောင်း၊နောက်မှသော်လည်းကောင်း မချဉ်းကပ်နိုင်
ချေ၊ထိုကျမ်းတော်သည် သဗ္ဗညုတေ၇ွဥာဏ်တော်ရှင် ချီးမွမ်းခြင်းတည်၇ာအသျှင်၏ထံော်မှဖြစ်၏။ ကု၇်အာန် ( ၄၁း၄၂)

ကျွန်ပ်တို့အဘယ်ကြောင့် အလ္လာဟ်၏သက်သေလက္ခဏာတော်များကိုသတိမမူကြသနည်း?
ကု၇်အာန်စူ၇ာဟ် ( ၁၀း၉၂ ) ကြည့်ကြလော့ များစွာသောသူတို့သည် ငါ၏သက်သေလက္ခဏာတော်များ
ကိုသတိမမူကြချေ။
ထို့ကြောင့်အချို့သောသူတို့သည် သက်သေသာဓကတော်များကို မျက်ဝါးထင်ထင်တွေ့မြင်၇သော်
လည်းလက်မခံမယုံကြည်ငြင်းပယ်လျှက်ရှိကြသည်။အဆုံးစွန်သောအဖြေနှင့် မှားမှန်ကိုခွဲခြမ်းစိတ်ဖြာ၇န်
စစ်ဆေးစုံစမ်းမှုများ ပြုလုပ်မှုမရှိကြပေ။ အစ္စလာမ်ဘာသာကို ကိုးကွယ်ယုံကြည်သော ကျွန်ပ်တို့မွတ်ဆလင်
များပင် ကု၇်အာန်ကိုအဓိပ္ပါယ်ရှိရှိသိရှိ၇န် မကြိုးစားကြချေ။ ကု၇်အာန်ကျမ်းလာအံ့ဖွယ်သက်သေသာကများ
ကိုပုံပြင်သဖွယ်သာ ခပ်ဝါးဝါးသိရှိတတ်ကြပြီး ၀ိေ၇ာဓိဘ၀ဖြင့်သာတင်းတိမ်နေတတ်ကြပေသည်။ကျွန်ပ်တို့
ယုံကြည်ထားသောကု၇်အာန်ကျမ်းတော်မြတ်သည်တိကျမှန်ကန်သော ပ၇မတ္ထသစ္စာတ၇ားမှ မှန်ကန်မှုအ
ပြည့်ဖြင့်အံ့သြဖွယ်အပေါင်း၏ အထွဋ်အထိပ်အံ့သြဖွယ်ကျမ်းကြီးစြ်၇ာ မယုံကြည်ဒွိဟရှိသူမှန်သမျှအား
တိုက်ဆိုင်စစ်ဆေးပြီး အဖြေထုတ်၇န် နည်းမျိုးစုံဖြင့်အသျှင်မြတ်က ကျွန်ပ်တို့လူသားပင်မက နတ်သား(ဂျင်)
မလာအေကာအပေါင်းတို့ကိုပင်စိန်ေါ်ထားသေး၏။တမန်တော်မိုဟမဒ် သက်ရှိထင်ရှားရှိစဉ်အချိန်မှ ယခုအချိန်ထိနှစ်ပေါင်း( ၁၄၀၀ ) ကျော်သည့်တိုင်အာင် ထိုစိန်ခေါ်မှုသည်အသက်ဝင်လျှက်ရှင်သန်နေ၏။
ခောတ်သစ်သိပ္ပံပင် ယခုအချိန်ထိ လိုက်မမှီသေးပေ။ နောက်ဆုံးနေ့တော်ကြီးအထိလည်း ထိုစိန်ခေါ်မှုကြီး
သည်ရှင်သန်လျှက်ရှိနေအုံးမည်ပင်

ကု၇်အာန်စူ၇ာဟ် (၁၇း၈၈) ထဲတွင် အိုတမန်တော် ဟောကြားလော့ အမှန်ဆိုသော်လူသားအား
လုံးနှင့်ဂျင်နတ်သားအားလုံးတို့သည် ဤကု၇်အာန်ကျမ်းတော်နှင့်တူသော ကျမ်းတစ်စောင်ကို စီကုံးေ၇းသား
၇န်စုရုံးစည်းဝေး၍ သူတို့အချင်းချင်းကူညီယိုင်းပင်းသော်လည်းဤကျမ်းတော်နှင့်တူသော ကျမ်းတစ်စောင်
ကိုမဖွဲ့နိုင်ချေ။
ဒီ့အပြင်အလ္လာဟ်အသျှင်မြတ်သည်ထပ်ပြီးလျှော့ပေါ့၍ပင် စိန်ခေါ်ထားသေးသည်။ ကျမ်းတော်တစ်
စောင်လုံးထားဘိ တိကျမှန်ကန်ပြီးပြည့်စုံသော ကျမ်းတော်မြတ်ကု၇်အာန်၏အာယတ်(ပါဒ) တော်တစ်ခုပင်
ကျွန်ပ်တို့မဖန်တီးနိုင်ကြောင့်၎င်း၏သြဇာအာဏာသည် စကြာဝဋ္ဌာလောကတစ်ခုလုံးအားလွမ်းမိုးထားကြောင်း
ဖေါ်ပြထားသေးပေသည်။ အကယ်၍ ဤကျမ်းတော်ပါစကားများသည် အ၇ာခပ်သိမ်းကိုမွေးမြူတော်မူသော
အလ္လာဟ်အသျှင်မြတ်ထံတော်မှမဟုတ်ျှင် မကိုက်ညီမှုများ၊ လျော့၇ဲမှုများ၊ မမှန်ကန်မှုများကို တွေ့၇မည်ဖြစ်ကြောင့်ဖေါ်ပြထားသေး၏။ ကု၇်အာန် (၄း၈၃၊ ၁၀း၃၈၊ ၂၅း၆ )
၎င်း၏စကားနှင့်ပတ်သက်၍ ၄င်းကိုယ်တိုင်ပင်အာမခံထားကြော်းကို ကျမ်းတော်မြတ်ကု၇်အာန် (၁၅း၉)တွင်အသျှင်မြတ်သည်ပွင့်ပွင့်လင်းလင်း ဖေါ်ပြထားသေး၏။ ထို့ကြောင့်ယနေ့အချိန်ထိကု၇်အာန်၏

စိန်ခေါ်မှုအာမခံချက်များကိုအမှားထောက်ပြနိုင်သောလူသားပညာရှင်၊ဂျင်နတ်သားတစ်ဦးတစ်ယာက်မျှ
မတွေ့ရှိ၇သေးပေ။နောင်တွင်လည်းတွေ့နိုင်မည်မဟုတ်ပေ။ ကု၇်အာန် (၂း၂၃၊ ၂၄)
အချုပ်အားဖြင့်ဆို၇သော် ကျမ်းတော်မြတ်ကု၇်အာန်လာဖါရိုဘု၇င်သည်လည်းကျွန်ပ်တို့
နောင်လာ နောက်သားများ မျက်တွေ့မြင်၇ကာသတိသံဝေဂတ၇ား၇နိုင်စေ၇န်အလ္လဟ်အသျှင်မြတ်
ကိုယ်တော်တိုင်ပုံစံမပျက်ထိန်းသိမ်းထားကြောင့်၊ အလ္လာဟ်အသျှင်မြတ်သည်၎င်း၏စကားကု
တည်တော်မူသောအသျှင်ဖြစ်ကြောင်းင်ပြ၇င်း.................

ကိုးကာwww.ayaat.wordpress.com
ဦးဘစိန်ကု၇်အာန်ဘာသာပြန်

M.AHNAF
Faculty of Medicine
Cairo University
  Egypt.

Saturday 13 February 2010

၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ ထုတ်ပြန်ကြေညာချက်

၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ ထုတ်ပြန်ကြေညာချက်




တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုတရပ်လုံး တန်းတူညီမျှသည့် ပြည်ထောင်စု နိုင်ငံတော်အဖြစ် ဖွဲ့စည်းထူထောင်သွားရန် မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် လူမျိုးစုတိုင်းရင်းသား ခေါင်းဆောင်များက သျှမ်းပြည်နယ် ပင်လုံမြို့၌ ၁၉၄၇ ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤသဘောတူညီချက်ကို ပြည်ထောင်စုစိတ်ဓါတ်၊ ပင်လုံစိတ်ဓါတ်ဟူ၍လည်း ခေါ်စမှတ်ပြုကြသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပြီးနောက် ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ပြည်ထောင်စုမှ လမ်းလွဲခဲ့ရသည်။ ပြည်တွင်းစစ်မီးကြီးလည်း တောက်လောင်ခဲ့ရသည်။



တဖန် ၁၉၆၂ခုနှစ် စစ်တပ်မှ အာဏာသိမ်းခြင်းနှင့်အတူ တန်းတူရည်တူရေးကို အခြေခံသော ပြည်ထောင်စုစနစ် တည်ဆောက်ရေး မူလရည်မှန်းချက်များ လုံးဝ မှေးမှိန် ပျောက်ကွယ်ခဲ့ရသည်။ ထို့အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲခဲ့ရသည်သာမက ဒီမိုကရေစီလည်း ဆိပ်သုဉ်းခဲ့ရသည်။ ပြည်သူတရပ်လုံးမှာလည်း စစ်အာဏာရှင်၏ ဖိနှိပ်မှုအောက်မှာ လည်စဉ်းခံနေရပြီး မကြုံဖူးလောက်အောင် ဆင်းရဲတွင်းနက်စေခဲ့သည်မှာ ယနေ့ကာလအထိပင် ဖြစ်သည်။



စစ်အစိုးရသည် တိုင်းရင်းသားများ၏ စစ်မှန်သော ပြည်ထောင်စုနိုင်ငံတည်ထောင်ရေး တောင်းဆိုမှုများကို နည်းမျိုးစုံဖြင့် ဖိနှိပ်ဖြိုခွင်းလျှက်ရှိသည့်အပြင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး အချက်(၇)ချက်ပါ လမ်းပြမြေပုံတရပ်ကို ၂၀၀၃ခုနှစ်မှစ၍ တဖက်သတ် ရေးဆွဲလာခဲ့ရာ ယခုအခါအဆင့်(၅)ဖြစ်သည့် ၂၀၁၀ရွေးကောက်ပွဲ ကျင်းပမည့် အဆင့်အထိ ရောက်ရှိလာပြီဖြစ်သည်။



သို့သော် တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထု၏ မွေးရာပါ မူလရပိုင်ခွင့်များကို မျက်ကွယ်ပြုနေသရွေ့ ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ ရွေးကောက်ပွဲများကို စစ်အာဏာရှင်များက အကြိမ်ပေါင်းမည်မျှ ပြုလုပ်ကျင်းပသည်ဖြစ်စေ တိုင်းရင်းသားပြည်သူလိုလားသည့် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်ကို မည်သည့်အခါမှ တည်ဆောက်နိုင်မည် မဟုတ်ပေ။



တန်းတူရည်တူမှု၊ အပြန်အလှန်လေးစားမှုတို့ကို အခြေခံသော ပင်လုံစိတ်ဓါတ်ကို ပြန်လည် အရင်းခံမှသာလျှင် ငြိမ်းချမ်း၊ ဖွံ့ဖြိုးသော ဒီမိုကရေစီပြည်ထောင်စုနိုင်ငံကို အရှည်တည်တံ့ခိုင်မာစွာ တည်ဆောက်နိုင်သည်ဟု မြန်မာမွတ်စလင်အစည်းအရုံးကြီးက အလေးအနက် ယုံကြည်သည်။



ထို့သို့တည်ဆောက်နိုင်ရန် တစ်ခုတည်းသောလမ်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးအပါအ၀င် နိုင်ငံရေးအကျဉ်းသားများ၊ ဦးခွန်ထွန်းဦးအပါအဝင် လူမျိုးစု ခေါင်းဆောင်များအားလုံးကို ခြွင်းချက်မရှိလွှတ်ပေးပြီး သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အမြန်ဆုံး ကျင်းပပေးရန် တောင်းဆိုသည်။



စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ဒို့ အရေး။



မြန်မာမွတ်စလင်အစည်းအရုံး ဖေဖေါ်ဝါရီလ (၁၂)၊ ၂၀၁၀



Media contact---



Kyaw Zwa +44 7828426801 kyawzwa@b-m-a.org



Ms. Yasmin +1 408-250-622 yasnohana@sbcglobal.net

Tuesday 9 February 2010

ချစ်သူများနေ့တဲ့လား

ချစ်သူများနေ့တဲ့လား
ဒီနေ့ ..
ဖေဖေါ်ဝါရီ ၁၄ရက်
''ချစ်သူများနေ့'' တဲ့လား
ညီမလေးရေ ...
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ ..
ချောကလက်လေးတွေ၊
... တွေ၊ .... တွေ
ဟိုက သည်က
အများကြီး အများကြီး ..
မင်းရနေသလား ...
လူငယ်တွေလဲ ... အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ ... ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေကလဲ ဗရုပ်ဘယက်၊
အော် ...
တကယ်တော့ ...
ဒီနေ့ဟာ ...
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ ...
'ကလောဒီယပ်စ်' ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentiuns ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ ..
နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့နေ့ပါ ....
သူတို့ဟာသူတို့
ဂုဏ်ပြုရင်ပြုပါစေ ...
တို့တွေနဲ့ အဝေးကြီးပါကွယ် ...
ညီမလေးရယ်
တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က ...
ဖေဖေါ်ဝါရီလ ၁၃ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၄နှစ်ကာလက
နွေအကူး ...
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ ....
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ ....
'ထိန်လင်း' ဆိုတဲ့
ကလေးငယ်ကလေး ...
ဟိုး အညာက နတ်မောက်မြို့မှာ ..
မွေးဖွါးခဲ့တယ်
သူက ...
စာပေကိုချစ်တယ်
အမှန်တရားကို ချစ်တယ်
ချစ်သူကိုချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး ...
တို့တိုင်းပြည်ကို ချစ်သတဲ့
ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ ....
နောက်ဆုံး ...
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ ....
ချစ်သူကောင်းတစ်ယောက်
ယောက်ျားးကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ ...
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်
'ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား ...'
ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး ...
အခုတော့ ဘယ်မှာလဲ
ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာသူတို့ ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ 'ဗယ်လင်တိုင်းနေ့' ဆိုတာထက် ..
အဲဒီနေ့မတိုင်ခင် တစ်နေ့ဟာ
တို့တွေအတွက် ..
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပာယ် ရှိပါတယ်ကွယ် ...
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် ....

Myanmar Muslim Research Foundation

သို့
 
ဥက္ကဌနှင့်ကော်မတီဝင်များ
 
အစ္စလာမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လာဟ် ၀ဗရကာသုဟု
 
အကြောင်းအရာ ။   ။ မြန်မာမွတ်စလင်မ်သုတေသန ဖောင်ဒေးရှင်း၊ မလေးရှားမှ မလေးရှားနိုင်ငံတွင် ထုတ်ဝေသွားမည့် “အစ္စလာမ့်အလင်း” (The Light of Islam)ဆိုသည့် လစဉ်ဂျာနယ်ထုတ်ဝေဖြန့်ချိရေးတွင် ငွေအား၊ လူအား၊ အကြံဥာဏ်အားများဖြင့် ပါဝင်ကူညီပူးပေါင်း ဆောင်ရွက်ရန် ဖိတ်ခေါ်ခြင်း။
 
ချစ်ခင်လေးစားအပ်ပါသော မြန်မာမွတ်စလင်မ် ညီအစ်ကို မောင်နှမများခင်ဗျာ။ အလ်ဟမ်းဒုလိလ္လာဟ် ကျနော်တို့သည် အလ္လာဟ်အရှင်မြတ်၏ အသနားတော်ဖြင့် မလေးရှားနိုင်ငံတွင် ၂၀၁၀ခုနှစ်၊ ဇန်န၀ါရီလ ၃ ရက်နေ့၌ မြန်မာမွတ်စလင်မ်သုတေသနဖောင်ဒေးရှင်း(Myanmar Muslim Research Foundation) အမည်ရှိ အသင်းတစ်သင်းအား ဖွဲ့စည်းလိုက်ပါသည်။ ထိုအသင်း၏ ကော်မတီအားလည်း ဖွဲ့စည်းပြီး ဖြစ်ပါသည်။ အင်ရှာအလ္လာဟ် ကျနော်တို့အနေနှင့် မကြာမီ မလေးရှားနိုင်ငံအစိုးရထံတွင် ယင်း မြန်မာမွတ်စလင်မ်သုတေသနဖောင်ဒေးရှင်းအား တရားဝင် မှတ်ပုံတင်သွားပေမည်။ အသင်း၏ကော်မတီဝင်များ စုစည်း၍ အောက်ပါရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် သတ်မှတ်ထားပါသည်။  
 
Myanmar Muslim Research Foundation
5-4-24, Jalan 2/124, Taman Connaught, Kuala Lumpur,
56000, Wilayah Persekutuan Kuala Lumpur, Malaysia
Phone No.: +601 6969 9838, Email: mmrf2010@gmail.com 
၁) အမည်
အသင်း၏ အမည်အား မြန်မာဘာသာစကားဖြင့် မြန်မာမွတ်စလင်မ်သုတေသနဖောင်ဒေးရှင်း ဟု ခေါ်တွင်စေရမည်။ ထို့ပြင် အင်္ဂလိပ်ဘာသာစကားဖြင့်လည်း Myanmar Muslim Research Foundation ဟု ခေါ်ဆိုနိုင်သည်။ ကျွန်ုပ်တို့၏ အသင်း၏ ခေါင်းစီးတွင် သုံးနှုန်းထားသည့် မြန်မာမွတ်စလင်မ်ဆိုသည့်စကားလုံး၏အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အစ္စလာမ် အား မိမိတို့အဖို့ ဘ၀တည်ဆောက်ရေးလမ်းညွှန် (ဒီးန်) အဖြစ် ခံယူထားသည့် မြန်မာနိုင်ငံမှ မွတ်စလင်မ်များအားလုံး ပါဝင်ပေသည်။ ကျွန်ုပ်တို့၏ လမ်းစဉ်မှာ အဟ်လေ့စွန္နာဟ် ၀လ်ဂျမာအဟ်ဖြစ်ပေသည်။ ကျွန်ုပ်တို့၏အထောက်အထားများကား ကျမ်းမြတ်ကုရ်အာန်၊ တမန်တော်မြတ်(ဆွ)၏ စွန္နာဟ်၊ အိဂ်ျမာအ်နှင့် ကိယားဆ်ွတို့ဖြစ်ပေသည်။

၂) အသင်း၏ရည်ရွယ်ချက်
 
အစ္စလာမ်၏ပညာရပ်များအား လေ့လာ၊ သင်ယူ၊ သုတေသနပြုလုပ်ကာ မြန်မာမွတ်စလင်မ်ထု တစ်ရပ်လုံး လက်တွေ့လိုက်နာ ကျင့်သုံးနိုင်ရေးမှာ ဤအဖွဲ့ကြီး၏ တစ်ခုတည်းသော ရည်ရွယ်ချက် ဖြစ်ပေသည်။
၃) လုပ်ငန်းစဉ်များ
၃.၁. အစ္စလာမ့်စာ-နယ်-ဇင်းများ ပုံနှိပ်၊ ထုတ်ဝေ၊ ဖြန့်ချိရေး။
၃.၂. အစ္စလာမ့်ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပေါ်ပေါက်၊ ဖွံ့ဖြိုးတိုးတက်ရေး။
၃.၃.  အစ္စလာမ့်ပညာရေးနှင့် ခေတ်သစ်သိပ္ပံပညာရေး။
၃.၄. အစ္စလာမ့် တရားဓမ္မဟောကြားရေး။
၃.၅. အွန်လိုင်းဒါအ်ဝဟ်လုပ်ငန်းများ စည်းစနစ်တကျပေါ်ပေါက်လာရေး။
၃.၆. အစ္စလာမ့်ဓမ္မသတ်နှင့် အငြင်းပွားမှုများအား ဆုံးဖြတ်ရေး။
၃.၇. ကမ္ဘာ့မွတ်စလင်မ်များနှင့် ဆက်သွယ်ရေး။
၃.၈. မလေးရှားနိုင်ငံရှိမွတ်စလင်မ်များနှင့် ဆက်သွယ်ရေး။
၃.၉. မြန်မာနိုင်ငံရှိ မွတ်စလင်မ်များနှင့် ဆက်သွယ်ရေး။
၃.၁၀. မြန်မာမွတ်စလင်မ်အမျိုးသမီးရေးရာကဏ္ဍ။
၃.၁၁. မြန်မာမွတ်စလင်မ်လူငယ်များရေးရာကဏ္ဍ။
၃.၁၂. ဒါအ်ဝဟ်ရေးရာကဏ္ဍ။
၃.၁၃. ဘဏ္ဍာရေး။
၃.၁၄. ကျန်းမာရေး။
၃.၁၅. အနုပညာ။
၃.၁. အစ္စလာမ့်စာ-နယ်-ဇင်းများ ပုံနှိပ်၊ ထုတ်ဝေ၊ ဖြန့်ချိရေး လုပ်ငန်းစဉ်များ
၁။ အစ္စလာမ့်ရေးရာနှင့် ပတ်သက်သောစာစောင် (၀ါ) ဂျာနယ် (၀ါ) မဂ္ဂဇင်းတစ်ခုကို မလေးရှားနိုင်ငံတွင် လစဉ်ဖြစ်စေ၊ အပတ်စဉ်ဖြစ်စေ၊ မြန်မာဘာသာဖြင့် ထုတ်ဝေ၊ ဖြန့်ချိရေး။
၂။ မလေးရှားနိုင်ငံတွင် ထုတ်ဝေသည့် အစ္စလာမ့်ဂျာနယ် အောင်မြင်ခဲ့ပါက အစ္စလာမ့်ရေးရာ နှင့် ပတ်သက်သောစာစောင် (၀ါ) ဂျာနယ် (၀ါ) မဂ္ဂဇင်းတစ်ခုကို နိုင်ငံတကာအဆင့်မှီအောင်  ကြိုးစား၍ မလေးရှားနိုင်ငံတွင်သာမက နိုင်ငံတကာတွင် လစဉ်ဖြစ်စေ၊ အပတ်စဉ်ဖြစ်စေ အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ အာရဗီဘာသာဖြင့်ဖြစ်စေ ထုတ်ဝေ ဖြန့်ချိရေး။
၃။ မြန်မာမွတ်စလင်မ်ပညာရှင်များ၊ ကမ္ဘာ့မွတ်စလင်မ်ပညာရှင်များမှ ပြုစုရေးသားသည့်၊ မြန်မာမှုပြုထားသည့်စာအုပ်များအနက်မှ သင့်တော်သည့် စာအုပ်စာပေများကို မြန်မာ မွတ်စလင်မ်များ အကျိုးအလို့ငှာလည်းကောင်း၊ ကမ္ဘာ့မွတ်စလင်မ်များ၏အကျိုးအလို့ငှာ လည်းကောင်း၊ မြန်မာဘာသာဖြင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာဘာသာစကားများနှင့် လည်းကောင်း ပုံနှိပ် ထုတ်ဝေ ဖြန့်ချိရေး။
၎။ ကျမ်းပြုပုဂ္ဂိုလ်များနှင့် ဘာသာပြန်ပုဂ္ဂိုလ်များအား သင့်လျှော်သည့် ထောက်ပံ့ကြေးများကို အဖွဲ့မှ ချီးမြှင့်ရမည်။
၅။ အသင်း၏ ရန်ပုံငွေ ခိုင်မာတောင့်တင်းလာသောအခါ အသင်းမှ ကျမ်းပြုပုဂ္ဂိုလ်များနှင့် ဘာသာပြန်ပုဂ္ဂိုလ်များကို လစာပေး၍ ခန့်ထားရမည်။
၆။ စာ-နယ်-ဇင်းနှင့်အသင်း၏စာရွက်စာတမ်းများကို ပုံနှိပ်ရန်အတွက် အသင်း၏ဘဏ္ဍာငွေ အလုံအလောက်ရှိလာသောအခါတွင် အသင်းပိုင် စာပုံနှိပ်စက်တစ်လုံး တည်ထောင်ထားရှိရန်။
၇။ အသင်းပိုင် စာပုံနှိပ်စက်တွင် အားလပ်သည့်အခါ အစ္စလာမ်နှင့် မဆန့်ကျင်သော၊ မလေးရှားနိုင်ငံ၏ တည်ဆဲဥပဒေနှင့် မဆန့်ကျင်သော စာရွက်စာတမ်းများကို အဘိုးအခယူ၍ ပုံနှိပ်ခွင့်ရှိရန်။

၃.၂. အစ္စလာမ့်ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပေါ်ပေါက်၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ
၁။ မြန်မာမွတ်စလင်မ်လောကတွင် အစ္စလာမ့်ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများအား တစ်စိုက်မတ်မတ် လုပ်မည့်အသင်းအဖွဲ့ဟူ၍ မရှိသေးပါ။ သုတေသနသည် ပညာရေး၏ အသက်သွေးကြော ဖြစ်ပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ အသင်းအနေနှင့် အစ္စလာမ့်ပညာရပ် ဆိုင်ရာသုတေသနများကို လုပ်ဆောင်သွားပေမည်။
၂။ မလေးရှားနိုင်ငံရှိ တက္ကသိုလ်များ၊ အစ္စလာမ်နိုင်ငံများရှိတက္ကသိုလ်များ၊ ကမ္ဘာ့နိုင်ငံများရှိ တက္ကသိုလ်များနှင့် ချိတ်ဆက်ကာ၊ မြန်မာမွတ်စလင်မ်များ၏ အကျိုးအလို့ငှာ လည်းကောင်း၊ ကမ္ဘာ့မွတ်စလင်မ်များ၏ အကျိုးအလို့ငှာလည်းကောင်း အစ္စလာမ့်ပညာရပ်ဆိုင်ရာ သုတေသန များကို ဆောင်ရွက်သွားပေမည်။
၃။ မြန်မာမွတ်စလင်မ် သုတေသီပညာရှင်များ၏ အကူအညီကို ရှာဖွေရယူ၍ နောင်အနာဂတ် တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်သော မြန်မာမွတ်စလင်မ်သုတေသီများကို မွေးထုတ်သွားပေမည်။
၎။ မြန်မာမွတ်စလင်မ် သုတေသီပညာရှင်များ၊ ကမ္ဘာ့မွတ်စလင်မ်သုတေသီပညာရှင်များ၏ အကူအညီဖြင့် သုတေသနသင်တန်းများကို ဖွင့်လှစ်ပေးသွားပေမည်။
၃.၃. အစ္စလာမ့်ပညာရေးနှင့် ခေတ်သစ်သိပ္ပံပညာရေးဆိုင်ရာ လုပ်ငန်းစဉ်များ
၁။ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်အောင်မြင်ခြင်းမှာ ပညာရေးကဏ္ဍပေါ်တွင် အဓိက တည်မှီနေသောကြောင့် မြန်မာမွတ်စလင်မ်တစ်မျိုးသားလုံး အစ္စလာမ့်ပညာရပ်များ၊ ခေတ်သစ်သိပ္ပံပညာရပ်များကို နိုင်ငံတကာအဆင့်မှီသင်ကြားနိုင်ရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားပေမည်။
၂။ မြန်မာနိုင်ငံရှိ ထူးချွန်သည့် မြန်မာမွတ်စလင်မ်ကျောင်းသားများ ကမ္ဘာ့တက္ကသိုလ်များတွင် အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ကြားဆည်းပူးနိုင်စေရန် ကျောင်းဝင်ခွင့် လျှောက်ထား ပေးခြင်း၊ စကောလားရှစ်(ပညာသင်ဆု)လျှောက်ထားပေခြင်းများကို ဆောင်ရွက်သွားပေမည်။
၃။ အသင်း၏ ဘဏ္ဍာရေးတောင့်တင်းခိုင်မာလာသောအခါတွင် အသင်းမှ စကောလားရှစ် (ပညာသင်ဆုများ) ချီးမြှင့်သွားပေမည်။
၎။ မလေးရှားရောက် မြန်မာမွတ်စလင်မ် ဒုက္ခသည်များ၏ သားသမီးများ၊ ငွေကြေးမတတ်နိုင် သည့်မြန်မာလူမျိုးများ၏ သားသမီးများ အခြေခံပညာရပ်များ သင်ကြားဆည်းပူးနိုင်ရေး အတွက် မူကြိုကျောင်းများ၊ အခြေခံပညာကျောင်းများကို မလေးရှားနိုင်ငံအစိုးရ၊ အစိုးရ မဟုတ်သော မလေးရှားနှင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလအလှုရှင်များ ၏ အကူအညီဖြင့် တည်ထောင်ဖွင့်လှစ်သွားပေမည်။
၅။ မလေးရှားရောက် မြန်မာမွတ်စလင်မ်များ အစ္စလာမ့်အခြေခံပညာရပ်များ၊ ဘာသာစကား များ၊ နည်းပညာများ တတ်မြောက်စေရန် ရည်ရွယ်၍ သင်တန်းများကို လိုအပ်လျှင် လိုအပ် သလို တိုးချဲ့ဖွင့်လှစ် သင်ကြားသွားပေမည်။
၆။ မလေးရှားရောက် မြန်မာမွတ်စလင်မ်များအားလုံး ညီညွတ်စွာဖြင့် ဆွလာဟ်ဝတ်ပြု ဆောက်တည်နိုင်စေရန် ရှေ့ရှု၍ မြန်မာမွတ်စလင်မ်ဗလီဝတ်ကျောင်းတော်တစ်ခုအား မလေး ရှားနိုင်ငံ အစိုးရ၏ တရားဝင် ခွင့်ပြုချက်ဖြင့် တည်ဆောက်နိုင်ရန် ကြိုးပမ်းသွားပေမည်။
၇။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက အပြည်ပြည်ဆိုင်ရာအစ္စလာမ့်တက္ကသိုလ်တစ်ခု ပေါ်ပေါက်လာ စေရန် ပြည်တွင်းရှိ ယုံကြည်စိတ်ချအားထားရသည့် အစ္စလာမ့်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားပေးမည်။
၃.၄. အစ္စလာမ့်တရားဓမ္မဟောကြားရေး လုပ်ငန်းစဉ်များ
၁။ အာလင်မ်ပညာရှင်များအား အမှူးပြု၍ မလေးရှားရောက် မြန်မာမွတ်စလင်မ်ထု တစ်ရပ်လုံး၌ စည်းလုံးညီညွတ် သွေးစည်းခိုင်မှုတည်ဆောက်ရေးအတွက်လည်းကောင်း၊ မွတ်စလင်မ်များ နိုးကြားရေးအတွက်လည်းကောင်း၊ ကောင်းမှုအတွက် နှိုးဆော်ခြင်းနှင့် မကောင်းမှုများမှ တားမြစ်ခြင်းတာဝန်ကို ထမ်းဆောင်ရေးအတွက်လည်းကောင်း အသင်းမှ သင့်တော်သည့် အာလင်မ်ပညာရှင်များကို ခန့်အပ်ပေးသွားပေမည်။
၂။ တရားဓမ္မဟောကြားခြင်း အစီအစဉ်ကို အပတ်စဉ်သော်လည်းကောင်း၊ လစဉ်သော် လည်းကောင်း၊ လုပ်သားပြည်သူအားလပ်ရက်များတွင်လည်းကောင်း ကျင်းပ ပေးသွားပေ မည်။
၃။ အသင်း၏ ဘဏ္ဍာရေး တောင့်တင်းခိုင်မာလာသောအခါတွင် ကမ္ဘာအရပ်ရပ်မှ အစ္စလာမ့် သာသနာ့ပညာရှင်များအားလည်းကောင်း၊ မြန်မာနိုင်ငံမှ အစ္စလာမ့်သာသနာ့ပညာရှင်များအား လည်းကောင်း ပင့်ဖိတ်ကာ တရားဓမ္မဟောကြားခြင်း အခမ်းအနားများကို ကျင်းပပေးသွားပေ မည်။
၎။ ထို့ပြင် အသင်း၏ ဘဏ္ဍာရေးတောင့်တင်းခိုင်မာလာသောအခါတွင် နယ်လှည့်၍၊ နိုင်ငံ တကာလှည့်၍ တရားဓမ္မဟောကြားမည့် ဓမ္မကထိက အာလင်မ်ပညာရှင်များကို ထောက်ပံ့ ကြေးပေး၍ ခန့်ထားရမည်။

၃.၅. အွန်လိုင်းဒါအ်ဝဟ်လုပ်ငန်းများ စည်းစနစ်တကျ ပေါ်ပေါ်က်လာရေးဆိုင်ရာ လုပ်ငန်းစဉ်များ
၁။ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ကမ္ဘာအရပ်ရပ်တွင် ရောက်ရှိနေသည့်မြန်မာမွတ်စလင်မ် များအား အစ္စလာမ့်ပညာရပ်များ လေ့လာနိုင်ရန် အသင်းမှကြီးမှုး၍ အွန်လိုင်းဒါအ်ဝဟ် လုပ်ငန်းအား စည်းစနစ်တကျ လုပ်ကိုင်ဆောင်ရွက်သွားပေမည်။
၂။ အသင်းပိုင် ၀က်ဘ်ဆိုဒ်များအား မြန်မာဘာသာဖြင့်လည်းကောင်း၊ အခြား နိုင်ငံတကာ ဘာသာစကားများဖြင့်လည်းကောင်း ရေးသားထုတ်လွှင့်နိုင်ရန် ကြိုးစားသွားပေမည်။
၃။ အွန်လိုင်းဒါအ်ဝဟ်လုပ်ငန်း လုပ်ကိုင်ရန်အတွက် အာလင်မ်ပညာရှင်များ၊ ခေတ်သစ်သိပ္ပံ ပညာရှင်များ၊ နည်းပညာ ပညာရှင်များအား အသင်း၏ရန်ပုံငွေ တောင့်တင်းခိုင်မာလာသော အခါတွင် လစဉ်ထောက်ပံ့ကြေးချီးမြှင့်၍ ရွေးချယ်ခန့်ထားရမည်။
၎။ အပတ်စဉ်အွန်လိုင်းခွသ်ဗာဟ်အား အသင်းမှ တာဝန်ပေးထားသည့် အဆင့်မြင့် အာလင်မ် ပညာရှင်များမှ ကျမ်းမြတ်ကုရ်အာန်၊ စွန္နာဟ်၊ အိဂျမာအ့်၊ ကိယားစ်တို့နှင့်အညီ အဟ်လေ့ စွန္နာသ် ၀လ်ဂျမာအသ်၏ လမ်းစဉ်အတိုင်း ရေးသား ဖြန့်ချိသွားပေမည်။
၅။ အခြားဘာသာဝင်များ အစ္စလာမ်သာသနာအား လေ့လာနိုင်နိုင်စေရန်ရည်ရွယ်၍ ဘာသာ ပေါင်းစုံနှိုင်းယှဉ်လေ့လာခြင်းကဏ္ဍအား တိုးချဲ့လုပ်ကိုင်သွားပေမည်။ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အစ္စလာမ်ဘာသာဝင်များမှ အခြားဘာသာတရား များအား လေ့လာခြင်း၊ အစ္စလာမ်ဘာသာအား အခြားဘာသာဝင်များအား ဖြန့်ချိခြင်းကဏ္ဍ အား ဆောင်ရွက်သွားပေမည်။
၃.၆. အစ္စလာမ့်ဓမ္မသတ်နှင့် အငြင်းပွားမှုများအား ဆုံးဖြတ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ
၁။ အစ္စလာမ်၌ အိုလမာပညာရှင်များ၏ အခန်းကဏ္ဍသည် အလွန်ပင် အရေးကြီးလှပေသည်။ သို့ဖြစ်ပေရာ အသင်းအနေနှင့် မလေးရှားရောက် မြန်မာမွတ်စလင်မ် အစ္စလာမ်သာသနာ့ ပညာရှင်များအား စုစည်း၍ မြန်မာမွတ်စလင်မ်အိုလမာပညာရှင်များဌာနအား အသင်း၏ လက်အောက်တွင် ဖွဲ့စည်းသွားပေမည်။
၂။ မြန်မာမွတ်စလင်မ်အိုလမာသာသနာ့ပညာရှင်များနှင့် ကျွမ်းကျင်သူများမှ ဦးစီးဦးဆောင် ကမကထပြုလုပ်၍ အစ္စလာမ့်ဓမ္မသတ်များအား ဖြေကြားပေးခြင်း၊ အငြင်းပွားမှုများကို ဖြေရှင်းပေးခြင်း ပြုသွားပေမည်။
၃။ မြန်မာမွတ်စလင်မ်အိုလမာသာသနာ့ပညာရှင်များအနေနှင့် လိုအပ်လျှင် လိုအပ်သလို ကမ္ဘာ့အိုလမာသာသနာ့ပညာရှင်များနှင့်လည်းကောင်း၊ မလေးရှားနိုင်ငံ၏ အိုလမာသာသနာ့ ပညာရှင်များနှင့်လည်းကောင်း၊ မြန်မာနိုင်ငံမှ အိုလမာသာသနာ့ပညာရှင်များနှင့်လည်းကောင်း တိုင်ပင်နှီးနှောခြင်း၊ ဆွေးနွေးအဖြေရှာခြင်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်သွားပေမည်။
 
၃.၇. ကမ္ဘာ့မွတ်စလင်မ်များနှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ
၁။ ယနေ့မျက်မှောက်ကာလတွင် ကမ္ဘာ့မွတ်စလင်မ်များနှင့် အစ္စလာမ့်ရေးရာ ကိစ္စရပ်များနှင့် ကမ္ဘာ့မွတ်စလင်မ်ရေးရာများကို ဆက်သွယ်ဆောင်ရွက်ရန် အလွန်ပင် အရေးကြီးလာသော ကြောင့် ကျွန်ုပ်တို့ အသင်းအနေနှင့် ကမ္ဘာအရပ်ရပ်ရှိ မွတ်စလင်မ်အသင်းအဖွဲ့များနှင့် ဆက်သွယ်၍ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားပေမည်။
၂။ အသင်းအနေနှင့် ကမ္ဘာအရပ်ရပ်ရှိ မွတ်စလင်မ်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်၍ အစ္စလာမ့်အကျိုးကို ထမ်းရွက်သွားပေမည်။
၃။ ကမ္ဘာ့အရပ်ရပ်ရှိမွတ်စလင်မ်အဖွဲ့အစည်းများနှင့် အပြန်အလှန် လေ့လာရေးအဖွဲ့များ စေလွှတ်ခြင်း၊ အစည်းအဝေးပွဲများကျင်းပခြင်းတို့ကို ပြုလုပ်သွားပေမည်။

၃.၈. မလေးရှားနိုင်ငံရှိ မွတ်စလင်မ်များနှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ

၁။ အသင်းအနေနှင့် မလေးရှားနိုင်ငံရှိ မွတ်စလင်မ်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် အစ္စလာမ့်ရေးရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆက်သွယ်ဆောင်ရွက်ခြင်းကို အရေးသောကိစ္စ အဖြစ် ခံယူထားပါသည်။
၂။ ထို့ကြောင့် ကျွန်ုပ်တို့အနေနှင့် မလေးရှားနိုင်ငံရှိ မွတ်စလင်မ်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များနှင့် ပူးပေါင်းလက်တွဲကာ အစ္စလာမ့်အကျိုးပြုလုပ်ငန်းများ၊ မလေးရှားနိုင်ငံအတွက် အကျိုးပြုမည့်လုပ်ငန်းများ၊ မြန်မာမွတ်စလင်မ်များအတွက် အကျိုးရှိမည့်လုပ်ငန်းများကို ဆောင်ရွက်သွားပါမည်။

၃.၉. မြန်မာနိုင်ငံရှိ မွတ်စလင်မ်များနှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ
၁။ ကျွန်ုပ်တို့ အသင်းအနေနှင့် မြန်မာနိုင်ငံရှိ မွတ်စလင်မ်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းလက်တွဲကာ အစ္စလာမ့်အကျိုး၊ အမျိုး ဘာသာသာသနာအကျိုး၊ တိုင်းပြည်အကျိုး ဆောင်ရွက်ခြင်းကိုလည်း အရေးသောကိစ္စတစ်ရပ်အဖြစ် ယုံကြည်ပါသည်။
၂။ ထို့အတွက်ကြောင့် ကျွန်ုပ်တို့အနေနှင့် မြန်မာနိုင်ငံရှိ မွတ်စလင်မ်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းလက်တွဲကာ အစ္စလာမ့်အကျိုးပြုလုပ်ငန်းများ၊ မြန်မာနိုင်ငံအတွက် အကျိုးပြုလုပ်ငန်းများ၊ မြန်မာမွတ်စလင်မ်များအတွက် အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက် သွားပါမည်။
၃.၁၀. မြန်မာမွတ်စလင်မ်အမျိုးသမီးရေးရာ လုပ်ငန်းစဉ်များ
၁။ မြန်မာမွတ်စလင်မ်အမျိုးသမီးများ အကျိုးရှိစေမည့် စာအုပ်စာတမ်းများကို စီစဉ် ရေးသား ၍ ပုံနှိပ်ထုတ်ဝေသွားပေမည်။
၂။ မြန်မာမွတ်စလင်မ်အမျိုးသမီးများအား အာအိရှာဟ်သခင်မ၊ ခဒီဂျာဟ်သခင်မ၊ ဖာသွေ့ မာဟ်သခင်မ အစရှိသည့် စံပြမွတ်စလင်မ်များ၏ အထ္ထုပတ္တိများကို လေ့လာပြီး လက်တွေ့ လိုက်နာကျင့်သုံးစေရန် နှိုးဆော်ရမည်။
၃။ မြန်မာမွတ်စလင်မ်အမျိုးသမီးများအတွက် လစဉ်သင်တန်းများ ဖွင့်လှစ်ပေးရမည်။
၎။ မြန်မာမွတ်စလင်မ်အမျိုးသမီးများ အစ္စလာမ့်တရားတော်နှင့်အညီ ၀တ်ဆင်နေထိုင်ကြရန် နှိုးဆော်ပေးရမည်။
၅။ ဗလီကျောင်းတော်တွင် လာရောက် ဆွလာဟ်ဝတ်ပြုလိုသော အမျိုးသမီးများအတွက် အဆင်ပြေလျှင် ၀တ်ပြုဆောင်တစ်ခု ဆောက်တည်ပေးသွားပေမည်။
၃.၁၁. မြန်မာမွတ်စလင်မ်လူငယ်ရေးရာ လုပ်ငန်းစဉ်များ
၁။ မြန်မာမွတ်စလင်မ်လူငယ်များ အကျိုးရှိစေမည့် စာအုပ်စာတမ်းများကို အသင်းမှ စီစဉ် ရေးသား၍ ထုတ်ဝေဖြန့်ချိပေးသွားပေမည်။
၂။ မြန်မာမွတ်စလင်မ်လူငယ်များအနေနှင့် အလီသခင်၊ ဇိုဘိုင်ရ်သခင်၊ ဟစန်သခင်၊ ဟိုစိုင် သခင်အစရှိသည့် အာဇာနည်မွတ်စလင်မ်များ၏ အထ္ထုပတ္တိများကို လေ့လာပြီး လက်တွေ့ လိုက်နာကျင့်သုံးရေးအတွက် နှိုးဆော်ရမည်။
၃။ မြန်မာမွတ်စလင်မ်လူငယ်များအတွက် လစဉ်ဖြစ်စေ၊ အပတ်စဉ်ဖြစ်စေ သင်တန်းများ ပေးရမည်။
၎။ မြန်မာမွတ်စလင်မ်လူငယ်များသည် အသင်း၏ သက်ဆိုင်ရာ ညွှန်ကြားချက်များကို ဆောင်ရွက်ကြရန် နှိုးဆော်ရမည်။
၅။ မြန်မာမွတ်စလင်မ်လူငယ်များသည် တာဝန်ကျသည့်အခါ အဖွဲ့ချုပ်မှ သတ်မှတ်ထားသော အထိမ်းအမှတ်တံဆိပ်များကို တပ်ဆင်ထားကြရမည်။
၃.၁၂. ဒါအ်ဝဟ်ရေးရာလုပ်ငန်းစဉ်များ
၁။ ဒါအ်ဝဟ်လုပ်ငန်းသည် အစ္စလာမ်၏ အသက်သွေးကြောဖြစ်ကြောင်း အသင်းအနေနှင့် ယုံကြည်ထားပေသည်။ ထို့ကြောင့် မြန်မာမွတ်စလင်မ်သုတေသနဖောင်ဒေးရှင်းအနေနှင့် အစ္စလာမ့်နည်းကျ ဒါအ်ဝဟ်လုပ်ငန်းကို ဆောင်ရွက်သွားပေမည်။ ကျွန်ုပ်တို့ ဆောင်ရွက်သွား မည့် ဒါအ်ဝဟ်လုပ်ငန်းတွင် အပိုင်း ၂ ပိုင်းပါဝင်ပေသည်။ မွတ်စလင်မ်များအား အစ္စလာမ် ဘက်သို့ဖိတ်ခေါ်ခြင်းနှင့် မွတ်စလင်မ်မဟုတ်သူများအား အစ္စလာမ်ဘက်သို့ ဖိတ်ခေါ်ခြင်း ဟူ၍ဖြစ်ပေသည်။
၂။ အသင်းအနေနှင့် မလေးရှားနိုင်ငံ၊ စရိပီတဲလ်လင်းရှိ ဒါအ်ဝသ်သဗ်လီးက်ဂျမာအသ်နှင့် လက်တွဲ၍ အစ္စလာမ့်သာသနာပြုလုပ်ငန်းများကို လုပ်ကိုင်သွားပေမည်။
၃။ ယနေ့မျက်မှောက်ကာလတွင် မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်းအတွင်း၌ ခေတ်ပညာ တမျိုးတည်းကိုသာ တတ်မြောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်ဘ၀၌ အစ္စလာမ့် ပညာရပ်များမသင်ယူခဲ့ရသည့် ခေတ်ပညာတတ်များ များပြားလာပေသည်။ ၎င်းင်းတို့အား အစ္စ လာမ့်ပညာရပ်များ စည်းစနစ်တကျလေ့လာနိုင်ရန် အစီအစဉ်များ ပြုလုပ်သွားပေမည်။
၎။ မွတ်စလင်မ်မဟုတ်သောသူများအား ဒါအ်ဝဟ်ပြုလုပ်မည့်အစီအစဉ်လုပ်ငန်းများကို အသေးစိတ် သုတေသနပြုလုပ်ကာ ဆောင်ရွက်သွားပေမည်။
၅။ အစ္စလာမ့်ဒါအ်ဝဟ်ပြုလုပ်ရန် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသော ရေဒီယို လိုင်း (၀ါ) ရုပ်မြင်သံကြားလိုင်းတစ်ခု မြန်မာဘာသာစကားဖြင့် ပေါ်ပေါက်လာစေရန် ကြိုးပမ်းသွားပေမည်။
၃.၁၃. ဘဏ္ဍာရေး
အသင်း၏ လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဘဏ္ဍာရေးကို လုံလောက်စွာ ရှာဖွေစုဆောင်းရမည်။
၃.၁၄. ကျန်းမာရေး
၁။ မြန်မာမွတ်စလင်မ်များ၍ ကျန်းမာရေးအတွက် မလေးရှားရောက်မြန်မာမွတ်စလင်မ် ဆရာဝန် ဆရာ၊ ဆရာမများ၏ ကူညီမှုရရှိမည်ဆိုပါက အပတ်စဉ်ဖြစ်စေ၊ လစဉ်ဖြစ်စေ အသင်း၏ ရုံးခန်းတွင် အခမဲ့ ကုသပေးသွားပေမည်။
၂။ မလေးရှားနိုင်ငံ၏ အစိုးရ၏ ခွင့်ပြုချက်ဖြင့် အနာဂတ်တွင် မြန်မာမွတ်စလင်မ်ဆေးခန်း တစ်ခုအား တရားဝင်ဖွင့်လှစ်နိုင်အောင် ကြိုးစားသွားပေမည်။
၃.၁၅. အနုပညာ
၁။ အသင်းအနေနှင့် မြန်မာစာ၊ မြန်မာဘာသာစကား၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာ ဘာသာရပ်များကို ထိန်းသိမ်းခြင်းလုပ်ငန်းသည် အရေးကြီးကြောင်းယုံကြည်ပေသည်။
၂။ ထို့ကြောင့် အသင်းအနေနှင့် မလေးရှားရောက် မြန်မာမွတ်စလင်မ်များအနေနှင့် မြန်မာစာ၊ မြန်မာဘာသာစကား၊ မြန်မာ့ယဉ်ကျေးမှု၊ အနုပညာရပ်များကို မေ့ပျောက်မရှိစေရန် သင်တန်းများ၊ အစီအစဉ်များ ပြုလုပ်သွားပေမည်။
အထက်ပါလုပ်ငန်းစဉ်များအတွင်းမှ ပထမဦးဆုံးလုပ်ငန်းစဉ်ဖြစ်သည့် အစ္စလာမ့်စာ-နယ်-ဇင်းများ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားပါမည်။ သို့ပါသောကြောင့် ကျနော်တို့ မြန်မာမွတ်စလင်မ်သုတေသနဖောင်ဒေးရှင်းအနေနှင့် အင်ရှာအလ္လာဟ် ရှေ့လာမည့် မတ်လတွင် “အစ္စလာမ့်အလင်း”အမည်ရှိ လစဉ်ဂျာနယ်တစ်ခုအား မြန်မာဘာသာဖြင့် ဦးစွာပထမ စီစဉ်ထုတ်ဝေဖြန့်ချိသွားပေမည်။ ယင်းဂျာနယ်အား ဦးစီးမည့်အယ်ဒီတာများမှာ ဆရာမ ဒေါက်တာလှလှဝင်းနှင့် ဆရာ မော်လ၀ီမုဟမ္မဒ်ယာစီးန်တို့ဖြစ်ပါသည်။
 
ထို့ကြောင့် မိတ်ဆွေတို့ အသင်းအဖွဲ့များအနေနှင့် ဤကဲ့သို့ မွန်မြတ်ကြီးကျယ်သည့်လုပ်ငန်းတစ်ခုတွင် ငွေအား၊ လူအား၊ အကြံဥာဏ်အားတို့ဖြင့် ပါဝင်ကူညီကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ ကျနော်တို့ မြန်မာမွတ်စလင်မ်သုတေသနဖောင်ဒေးရှင်းအနေနှင့် မိတ်ဆွေတို့၏ အသင်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြင်းပြသောဆန္ဒရှိပါသည်။ ကျနော်တို့၏ ဂျာနယ်အားလည်း မိတ်ဆွေတို့နေထိုင်ရာ တိုင်းပြည်အသီးသီးတွင် ဖြန့်ချိရောင်းချပေးမည်ဆိုပါက ကျနော်တို့အနေနှင့် ပို့ဆောင်ပေးပါမည်။
 
မိတ်ဆွေတို့အသင်းများအနေနှင့် ကျနော်တို့နှင့် မည်သို့မည်ပုံ ပူးပေါင်းဆောင်ရွက်နိုင်သည်ကို သိလိုလှပါသည်။ မိတ်ဆွေများအနေနှင့် မအားလပ် အောင်များပြားလှသည့်တာဝန်အသီးသီးမှ အချိန်အချို့အသုံးပြုကာ စာပြန်ပေးပါလို့ တောင်းဆိုပါရစေ။ မိတ်ဆွေများ၏ ပြန်စာနှင့် ပူးပေါင်းဆောင်ရွက်မည့် သတင်းကောင်းကို မျှော်လင့်ခြင်းကြီးစွာဖြင့် စောင့်မျှော်နေပါကြောင်း ပြောပါရစေ။
 
လေးစားစွာနဲ့
 
မုဟမ္မဒ်စလင်းမ်
အထွေထွေအတွင်းရေးမှုး
မြန်မာမွတ်စလင်မ်သုတေသနဖောင်ဒေးရှင်း
ကွာလာလမ်ပူမြို့၊ မလေးရှားနိုင်ငံ။
Phone No.: +6012 6697 335