၂၇၊၀၃၊၂၀၁၀ (တော်လှန်ရေးနေ့) အခါသမယတွင်၊Frankfurt မြို့၌ကျင်းပခဲ့သော ပဏာမနှီးနှောဖလှယ်ပွဲမှ မြန်မာမွတ်စလင်(မ)အစည်းအရုံး (Burmese Muslim Association Germany) ဌာနခွဲ၊ွဲအားစတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။B.M.A သည်နိုင်ငံပေါင်း ၁၁ နိုင်ငံမှမြန်မာမွတ်စလင်(မ)ကိုယ်စားလှယ်များပါဝင်ဖွဲ့စည်းထားသောအစည်းအရုံးဖြစ်သည်။
မြန်မာပြည်တွင်စစ်မှန်သောဒီမိုကရေစီစနစ်ပေါ်ပေါက်လာရေး၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု၌ှမြန်မာမွတ်စလင်(မ)တို့ တန်းတူအခွင့်အရေးရရှိရေး၊ မြန်မာနိုင်ငံရှိလူနည်းစုတို့အပေါ် ဘာသာရေး၊လူမျိုးရေးခွဲခြားဖိနှိပ်ခံရမှု များပပျောက်စေရေးစသည့်ခံယူချက်၊ယုံကြည်ချက် တူညီသော မြန်မာမွတ်စလင်(မ)တို့၏စုစည်းမှုအလံတစ်ခုအဖြစ် ဂျာမဏီရောက်မြန်မာမွတ်စလင်(မ)တို့မှလည်းတတ်စွမ်းသမျှပူးပေါင်းပါဝင်ရန်ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်သည်။
ဆုံးဖြတ်ချက်ခိုင်မာပြီး၊ခံယူချက်တူညီသူမြန်မာမွတ်စလင်(မ)တိုင်းအား နွေးထွေးစွာဖိတ်ခေါ်ကြိုဆိုပါသည်။
မြန်မာမွတ်စလင်(မ)ဟုခေါ်ဆိုရာတွင်မြန်မာနိုင်ငံတွင်မွေးဖွားကြီးပြင်းသူအစ္စလာမ်ဘာသာဝင်တိုင်းကို (လူမျိုးစုမခွဲခြားပဲ) ဆိုလိုသုံးနှုံးပါသည်။B.M.A သည်ူမြန်မာမွတ်စလင်(မ)တို့၏အင်အားတစ်ရပ်အဖြစ်အခြား မြန်မာပြည်ဖွားတိုင်းရင်းသားညီအကိုများနှင့်ပူးပေါင်းလက်တွဲတိုက်ပွဲဝင်သွားရန်ရည်ရွယ်သည်။
မြန်မာမွတ်စလင်(မ)အစည်းအရုံး (ဂျာမဏီ)
Monday, 24 May 2010
၈၈ ရဲ့ကြယ်ကြွေည
ဗိုလ်အောင်ကျော်က ကိုလိုနီရဲ့မြင်းခွာအောက်မှာကျခဲ့ချိန်
ကိုဗဟိန်းက မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်မယ် ကြွေးကြော်ခဲ့။
သခင်အောင်ဆန်းနဲ့ အာဇာနည်တွေလောက် မစွမ်းပေမယ့်
ဒို့မျိုးဆက်တွေ ပေးဆပ်ခဲ့ရတာလဲမနည်းလှဘူး။
သမိုင်းကိုပြန်ကြည့်ရင် 7.ဂျူလိုင် မှိုင်းရာပြည့် ဒါတွေပြီးရင်
၈၈ ရဲ့ကြယ်ကြွေညတွေ မေ့နိုင်မယ်မထင်ဘူး။
ငါ့နိုင်ငံသာကောင်းခဲ့ရင် ငါလဲဂျာမဏီမရောက် မင်းလဲမင်းအရည်အချင်းနဲ့လျှောက်လို့ လူလားမြောက်လောက်ပြီ။ တိုင်းပြည်ကိုချစ်ပေမယ့် အမျိုးကိုပြစ်ပြီးပြေးခဲ့ရတဲ့ငါတို့ လွတ်လပ်မှုအရသာအောက်မှာ ပြည်ကိုစွန့် အမျိုးကိုမေ့ပြီး ကွဲသူကကွဲ၊အော်သူကအော်၊ဖောက်ပြန်သူကပြန်နဲ့ လောကငရဲဘုံမှာ ငါတို့တွေသမိုင်းမသိ ငုတ်လျှိုးခဲ့ရတယ်။ ၈၈ မှာကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက်တော့ နောင်သေနတ်သံတချက်ဖောက်ရင် မီးဟုန်းဟုန်းတောက်စေမယ်လို့  ကြွေးကြော်ရဲကြရမယ်။
ဖေချစ်မိုး။
သခင်အောင်ဆန်းနဲ့ အာဇာနည်တွေလောက် မစွမ်းပေမယ့်
ဒို့မျိုးဆက်တွေ ပေးဆပ်ခဲ့ရတာလဲမနည်းလှဘူး။
သမိုင်းကိုပြန်ကြည့်ရင် 7.ဂျူလိုင် မှိုင်းရာပြည့် ဒါတွေပြီးရင်
၈၈ ရဲ့ကြယ်ကြွေညတွေ မေ့နိုင်မယ်မထင်ဘူး။
ငါ့နိုင်ငံသာကောင်းခဲ့ရင် ငါလဲဂျာမဏီမရောက် မင်းလဲမင်းအရည်အချင်းနဲ့လျေ
ဖေချစ်မိုး။
Subscribe to:
Posts (Atom)