Saturday 19 June 2010

ဒေါ်စုမွေးနေ့အမှတ်တရ ဗဟိန်းတင်ရဲ့ကဗျာလေးထပ်ဆင့်မျှဝေလိုက်ပါတယ်။

"မတရားတော့ ဘူးနော်"

တချို့ ကတော့ နေကောင်းပါစေတဲ့
တချို့ ကတော့ စိတ်ချမ်းသာ ပျော်ရွှင်ပါစေတဲ့... ... See More
တချို့ ကတော့ အသက် ရာကျော်ရှည်ပါစေတဲ့
တချို့ ကတော့ အမြန်လွတ်မြောက်နိုင်ပါစေတဲ

တချို့ ကတော့ ......
တချို့ က ............. ။ ။

ကျနော်ကတော့ဗျာ
ဆယ်စုနှစ် တခု ကျော် နှစ်ခု နီးပါး
အမေ့ မေတ္တာ ငတ်နေရရှာတဲ့
အမေပျောက်နေတဲ့ သားငယ် နှစ်ယောက်
တခါမှ သူမ ချီပွေ့ ခွင့်မရနိုင်သေးတဲ့ မြေးငယ်တွေနဲ့ 
အမြန်ဆုံး တွေ့ ခွင့်
အမေတယောက်ရဲ့ မေတ္တာ လွှမ်းခြုံ ပေးခွင့် ရ နိုင်ပါစေ လို့  ..................။

တကယ်တော့
ခင်ဗျားတို့ ရော ကျနော်ရော
မြန်မာပြည်သူပြည်သားတွေရော
ဒီ ၆၅ နှစ် မိန်းမအို တယောက်အပေါ်
ကီလို ပေါ် ကီလို ဆင့်
ထပ်၍ ထပ်၍ တင်ပေးနေကြတဲ့ တာဝန်တွေ
ဂုဏ်ရည်မတူ ဓါတ်ရှင်ထဲမှာ
သုခ ....... ညီမငယ် မေရှင် ကိုပြောသလို
"နင်မတရား တော့ ဘူးနော်"
သြော် မတရားတော့ ဘူးနော်...............
ကျနော် တို့  ခင်ဗျားတို့  မတရားတော့ဘူးနော် ။ ။

ခင်ဗျား အမေ ...... ကျနော့ အမေ ဒီအရွယ်ဆို
တကယ်တော့လည်း
သူမ ဟာ ၆၅ နှစ်။ ။

ဗဟိန်းတင် (၁၉ ဇွန် ၂၀၁၀)

Sunday 13 June 2010

Daw Aung San Su Kyi 65th Birthday

 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅နှစ်မြောက် မွေးနေ့ ချီတက်ဆန္ဒပြပွဲနှင့် မွေးနေ့  ဖယောင်းတိုင်ထွန်းပွဲ
ဂျာမဏီရောက် မြည်မာပြည်ဖွားတိုင်းရင်းသားညီ
အကိုများခင်ဗျား....... ကျွန်တော်တို့ အမိမြန်မာနိုင်ငံတော်၏ ကိုယ်ကျိုးကြည့် စစ်အာဏာရှင်အစိုးရ လက်အောက်မှ လွတ်မြောက် ရေး၊ အမိမြန်မာနိုင်ငံတော်ကြီးတွင်ဒီမိုကရေစီ လူ့ အခွင့်အရေးစနစ် ပီပီပြင်ပြင် ထွန်းကားရေး အတွက် မြန်မာ ပြည်အနှံ့ အပြား စစ်အကျဉ်းထောင်အသီးသီးတွင် ညှင်းပန်း နှိပ်စက်မှူမျိုးစုံအောက်မှ ယနေ့ အချိန်အထိ အမိ မြန်မာပြည် အပေါ် သစ္စာရှိရှိ တိုက်ပွဲဝင် လျက်ရှိနေကြသော မျိုးချစ်သူရဲကောင်းများနှင့် နှစ် ပေါင်းများစွာ နေ အိမ် အကျယ် ချုပ်ဖြင့် အမိမြန်မာပြည်အရေး ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးမှူဖြင့် အဖြေရှာရေးကို တောင်းဆိုနေ သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်မြောက် မွေးနေ့ ကိုဂုဏ်ပြုလျက် မြန်မာ ရေး ရာဌာန (ဂျာမဏီ) နှင့် တိုင်းရင်းသားညီအကိုမောင်နှမများမှ အောက်ပါအစီအစဉ် အတိုင်း ချီတက်ဂုဏ်ပြု ပြီးဆန္ဒပြကြမည်ဖြစ်ပါ၍ မြန်မာ့အရေးအတွက် အလေးအနက်စိတ်ဝင်စားသူ မည်သူမ ဆို ပါဝင်ဆင်နွှဲကြရန် တိုက်တွန်းနှိုးဆော် ဖိတ်ခေါ် အပ်ပါသည်။

  * အချိန်။ ။၁၉.၀၆.၁၀(စနေနေ့ )

၁၃း၀၀ မှ ၁၆း၃၀ အထိ

  * နေရာနှင့် အစီအစဉ်။ ။Frankfurt Hauptbahnhof ရှေ့ 

Basaler Platz မှချီတက်၍ Goethe Platz တွင် မွေးနေ့  ဖယောင်းတိုင် ထွန်းညှိကာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးထားသောကဗျာနှင့်ဓာတ်ပုံပို့ စကဒ်များ ဖြန့်  ဝေပါမည်။

  * ဆက်သွယ်ရန်။ ။ကိုအောင်သူ(02212053974)၊ကိုသန်းစိုး (01733418195)၊

ကိုစောစိုးနေ၀ါး (015207370974)၊ ကိုလှမြင့်စိုး(01748509485) ကိုမင်းမင်း(01742998635)



Saturday 12 June 2010

အတူတူရှိကြစို့

ကျွန်တော်က ခင်ဗျားတို့နဲ့မတူဘူး
ကျွန်တော်က သက်မဲ့ စာမျက်နှာများ
ကျွန်တော်က ခင်ဗျားတို့ အတွက်ကစားကွင်း
ကျွန်တော်က ခင်ဗျားတို့ ခေတ်မှာ
ခင်ဗျာတို့စနက်ကြောင့်ပေါ်လာတဲ့
ကွန်ရက်ထဲက အိမ်လေးတစ်ခု
တူတာ တစ်ချက်က ခင်ဗျားရော
ကျွန်တော်ပါ အသျှင်မြတ်ရဲ့ ဖန်ဆင်းခံ။

ကျွန်တော့်ကို ခင်ဗျားတို့တစ်တွေ
တစ်ယောက်တစ်ခု တစ်ယောက်တစ်မျိုး
လုပ်လာလိုက်ကျတာ ခုအခြေအနေထိပေါ့
နေ့တိုင်းနေ့တိုင်း တစ်ယောက်ဝင်လာလိုက်
ကျွန်တော့်စာမျက်နှာတွေကို click သွားလိုက်နဲ့
ခင်ဗျားတို့တွေအိပ်သွားချိန်တောင်
ကျွန်တော့်မှာမအိပ်နိုင် မနားနိုင်လေ
ဒါပေမယ့်ကျွန်တော်ပျော်ပါတယ်။
အနောက်ကမ္ဘာကတစ်မျိုးရေး
အရှေ့ကမ္ဘာကတစ်မျိုးတင်နဲ့
ကျွန်တော်ပျော်ပါတယ်။

တစ်ခါတစ်လေတော့ခင်ဗျားတို့
ကျွန်တော့်ပေါ်မှာ ပြဿနာဖြစ်ကြတာတွေ
ရန်ဖြစ်ကြတာတွေ လုပ်ကြတယ်
တစ်ယောက်က ဟိုဟာရေးလိုက်
တစ်ယောက်က ဒီဟာရေးလိုက်နဲ့
နောက်ဆုံး ကျွန်တော့်နာမည်ကိုင်တုတ်ပြီး
ကျွန်တော့ကို လိုင်းကြောင်လို့ အော်သူကအော်
ကောင်းတယ်လို့ အားပေးသူက အားပေးနဲ့
ကျွန်တော် ၀မ်းနည်းလာတာပေါ့။

ကျွန်တော်ကိုယ်တိုင်ဘာမှမလုပ်နိုင်ဘူးလေ
ခင်ဗျားတို့(လူ)တွေပဲ ကျွန်တော့်ကို
စိတ်ကြိုက်လုပ်နေတာလေ။
ုကျွန်တော်ပျော်ပါတယ်
ခင်ဗျားတို့တွေ စည်းစည်းလုံးလုံးနဲ့
ကျွန်တော့်ပေါ်မှာရှိနေရင်
ုကျွန်တော်ပျော်ပါတယ်။

ခင်ဗျားတို့အားလုံး
ကျွန်တော့်ပေါ်မှာ
မွတ်စလင်ထုအတွက် လုပ်တာလေးတွေတွေ့ရတော့
ကျွန်တော်အံသြ လေးစားမိတယ်
ကျွန်တော့်ပေါ်မှာ
ခင်ဗျားတို့ အလ္လာဟ့်အိမ်တော်ပုံလေးတွေ
စုစည်းမှတ်တမ်းလေးလုပ်တော့
ကျွန်တော်ပျော်လိုက်ရတာ
ကျွန်တော့်ပေါ်မှာ
ဘာသာရေးအတွက် software လေးတွေလုပ်တော့
ုကျွန်တော်ဂုဏ်ယူလိုက်ရတာ

စူးစမ်းစိတ်နဲ့ ငယ်ရွယ်နုနယ်တဲ့ခင်ဗျားတို့တစ်တွေ
သန်းနဲ့ချီရှိနေတဲ့ ညစ်ညမ်း web site တွေ
ညစ်ညမ်းသူတွေနဲ့ ဆက်သွယ်ရောပြွမ်းမနေဘဲ
ကျွန်တော့်ပေါ်မှာ ရှိနေတာကို
ုကျွန်တော်မပျော်ရဘူးလား
ုကျွန်တော်ဂုဏ်ယူမိတာမှားလား။

နည်းပညာတွေပြောင်း
လူ့စရိုက်တွေပြောင်း
နေ့စဉ် လှုပ်ရှားမူပုံစံတွေပြောင်း
ယဉ်ကျေးမူတွေ ရောထွေးကူး
ရုပ်ဝတ္ထုတိုးတက်တဲ့ နိုင်ငံကို
ဆင်းရဲတဲ့ နိုင်ငံသားတွေက အားကျ
ချမ်းသာတဲ့ လူတွေကို
ဆင်းရဲတဲ့ လူတွေကအားကျ
နိုင်ငံကြီးက နိုင်ငံငယ်ကိုဝါးမြိုချ
ဘာတွေဘယ်လိုပြောင်းပြောင်း
သန့်ရှင်း တည်ငြိမ် ရှင်းလင်းပြတ်သားတဲ့
သာသနာတော် မှာရှင်သန်ခွင့်ရထားကြတဲ့
ခင်ဗျားတို့နဲ့တွေ့ရတာ ကျွန်တော့်အတွက်
ကံကောင်းခြင်းဆုလာဘ်ပါ။

အရေခြုံထားတဲ့သူရော
ဖြူစင်တဲ့သူတွေရော
ဟန်ဆောင်နေတဲ့သူရော
ပွင့်လင်းရိုးသားသူတွေရော
အပြစ်ရှာနေတဲ့သူရော
ခွင့်လွတ်ကြင်နာတတ်သူတွေရော
ဆရာကြီးလုပ်ချင်တဲ့သူရော
လေ့လာသင်ယူချင်သူတွေရော
အားလုံး ကျွန်တော့်ထဲမှာရှိတာပေါ့
ဒီလိုအလွှာစုံ အရောင်စုံတွေကြားမှာ
ခင်ဗျားတို့(လူသား)ရဲ့ စရိုက်တစ်ခုဖြစ်တဲ့
ပြဿနာရှာခြင်း ပြဿနာဖြစ်ခြင်းတွေက
မလွတ်နိုင်ဘူးဆိုတာ ကျွန်တော် နားလည်လာပြီလေ။

ဒါပေမယ့် တည်ငြိမ်အေးချမ်းပြီး
တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီနေကြရင်
စည်းလုံးပျော်ရွှင်နေကြရင်
ခင်ဗျားတို့ မျက်နှာတွေကိုကြည့်ပြီး
ကျွန်တော့်ရင်မှာ အေးမျှခြင်းအတိနဲ့
ပီတိဖြာရတယ်လေ။
ခင်ဗျားတို့ တပ်မက်ဂုဏ်ယူစွာလေ့လာသင်ယူထားသမျှ
ဘာသာရေးနဲ့ ခေတ်ပညာ အသိဥာဏ်တွေကို
ဒီနေရာမှာ ရဲရဲမျှဝေလိုက်
တစ်နေရာမှာအစားပြန်ရမှာပေါ့။


ကျွန်တော့်လို ကွန်ရက်ထဲကအိမ်လေးတွေ
တစ်ခုပြီးတစ်ခုပေါ်လာတာ
ကျွန်တော်ပျော်ပါတယ်
ကျွန်တော်နဲ့ဘ၀တူ ကျွန်တော့်ရဲ့ညီအကိုမောင်နှမတွေ
ရှင်သန်ပေါက်ဖွား လာတာပေါ့။
ခင်ဗျားတို့ ကျွန်တော်တို့ ညီအကိုမောင်နှမကြားမှာ
သွေးမခွဲနဲ့လေ။
မပြိုင်ဆိုင်ကြနဲ့လေ(မကောင်းတဲ့နေရာမှာ)
တစ်ပါးသူတို့ရဲ့သာသနာကို ဖျက်လိုဖျက်စီး
တိုက်ခိုက်ရန်လိုစိတ်မရှိပေမယ့်
သူတို့ထဲက တစ်ချို့ ခင်ဗျားတို့သာသနာကို စော်ကားလာရင်
တန်ပြန်ကာကွယ်ဖို့ ခင်ဗျားတို့သက်လုံကောင်းပြီလား
ခင်ဗျားတို့ချင်း ညီညွတ်ရိုင်းပင်းနေကြပြီလား

ကမ္ဘာသည်ဆက်ပြီးလည်နေသည်
ခေတ်သည် ဆက်ပြီးစီးဆင်းပြောင်းလဲနေသည်
ရုပ်ဝတ္ထုတို့တစ်ခုပြီးတစ်ခုပေါ်လာလိုက်
ပျောက်သွားလိုက်နဲ့
ကျွန်တော်လည်းဘယ်အချိန်ပျောက်မယ်မသိ
ခင်ဗျားတို့အရင်လား ကျွန်တော်အရင်လား
ဘယ်သူမှတတ်အပ်မသိ။
ဘယ်သူမှမပျောက်ခင်ခဏ
ငြိမ်းချမ်းစွာ အတူတူရှိကြစို့။

Author: ကိုလတ်(တောင်ကြီး)
copy post by MMSY ( မြန်မာမွတ်စလင် ကျောင်းသားလူငယ်များ)
Visit MMSY at: http://mmsy.org/?xg_source=msg_mes_network