Wednesday, 28 April 2010
“စလာမ်”မေတ္တာ
အစ္စလာမ်ဝါဒီ မွတ်စလင်များသည် တစ်ဦးနှင့်တစ်ဦးတွေ့ဆုံကြသည့်အခါ (အတ်စ္စလာမုအလိုင်ကွန်မ်) “အသင်တို့အပေါ်၌ ငြိမ်းချမ်းသာယာမှု အစုစုသက်ရောက်ပါစေ”ဟုမေတ္တာပို့သကြသည်။မေတ္တာပို့သခြင်း ခံရသူများကလည်း (ဝအလိုင်ကု မုစ္စလာမ် ဝ-ရဟ်မတုလ္လာဟ်၊ ဝ-ဗုရကာတူဟူ)၊ “အသင်တို့အပေါ်၌လည်းငြိမ်းချမ်းသာယာမှုအစုစုသက်ရောက်ပါစေ။အလ္လာဟ်အရှင်မြတ်၏ဂရုဏာတော်နှင့်မင်္ဂလာတော်များလည်းသက် ရောက်ပါစေ”ဟုမေတ္တာတုံ့ပြန်ကြပေသည်။ဤသို့ဖြင့်မွတ်စလင်တို့စုဝေးရာဌာနများတွင်မေတ္တာသံများသည်ပဲ့တင်ထပ်မျှဖြစ်ရှိနေပေသည်။ “ကျွန်ုပ်သည်မိမိ၏အရှင်အားတိုင်တည်ပြောအံ့။အသင်တို့သည်အလ္လာဟ်အရှင်မြတ်အားမယုံကြည်သမျှကာလပတ်လုံးအလ္လာဟ်အရှင်မြတ် အားယုံကြည်နိုင်ကြမည်မဟုတ်။ကျွန်ုပ်သည် အသင်တို့အား အသင်တို့အချင်းချင်း ချစ်ခင်ရန်လမ်းစဉ် ညွှန်ပြမည်။ ထိုလမ်းစဉ်ကား အခြားမဟုတ်။ အသင်တို့ အချင်းချင်း ဖြူစင်ပွင့်လင်းစွာ စလာမ်မေတ္တာကို ပို့သကြကုန်” (တမန်တော်မြတ်၏ ဩဝါဒတော်)
copy from myanmarislam.com
သီအိုရီအကျိုးအပဲ့တချို့###
- နေထွက်ရင်ထ ညရောက်ရင်အိပ် ငါ့ဘဝတိတ်ဆိတ။် ငွေရရင်ရှာ အချိန်ရတိုင်းလုပ် တန်ဖိုးမဲ့ဘဝမှာ ငုတ်တုတ်။ ဖြစ်ချင်ရာဖြစ် လုပ်ချင်ရာလုပ် ငါလူမိုက်မဟုတ်။ လူ့တန်ဖိုးကို လူကအလုပ်လုပ် လူဖြစ်တိုင်းသာ တန်ဖိုးရှိရင် လူ။။။။။။လူ တန်ဖိုးရှင်။ စိတ်ရဲ့စွမ်းအား ပြဋ္ဌန်းမထား စိတ်ရှိတိုင်းသာ လုပ်ဖြစ်ရင်လဲ စိတ်၏အရှင် ငါသာပင်။ ဘာသာတရား ခံစားနားလည် စိတ်လိုကိုထိမ်း ငါချုပ်ငြိမ်းဖို့ ငါနဲ့ငါ့စိတ် တိုင်ပင်ကြပြီ။ လောကဝဲလည် ငါ့စိတ်ငါနိုင် ငါပိုင်ပြီးမှ ငါသာလူကောင်းဖြစ်လတ္တံ။ အပြောနဲ့အလုပ် ငုတ်တုတ်ထိုင်နေ လဲလျောင်းကျောခင်း ငါလူ့ငပျင်း။ အိပ်ရမည်မှာ ဓမ္မတာမို့ ဓမ္မတ္တာနောက်လိုက် လူ့အကြိုက်ကို ငါကလဲလုပ် မဟုတ်တရုတ်တွေ ဒါကိုလူသား နားလည်ထားစမ်း။ ဖေချစ်မိုး။
Subscribe to:
Posts (Atom)