ကြက်နဲ့ကြက်ဥ စကားရေလု ကြက်ကင်သာမြင် ကြက်ဥချဉ်စပ် ထင်မှတ်မှား၍ ငပိနဲ့နည် ပဲချိုနဲ့ပေါင်း စားကောင်းအောင်စား ကြက်ဥမင်းသား။
ပဲဟင်းချဉ်ချက် အမဲနှပ်နဲ့ ငံပြာရည်ချက် ထမင်းနပ်ကို အာသာတောင့်တ စိတ်မြင်မှတ်က ထမင်းကြမ်းခဲ ပဲနဲ့နွှဲလဲ ရဿမည်မှာ ဓမ္မတာ။
ကန်ဇွန်းချဉ်ဟင်း ပုဇွန်ထုပ်မင်း ပေါင်းစပ်ဖြေဖျော် ငါးသလောက်ပေါင်း စပ်သီးထောင်းနဲ့ ယဉ်စေစိတ်ကူး ကြိတ်မယ်မြူးတော့ ငါတို့ပြည်ပြို မြန်ပြည်အိုသာ ပြန်ရအုံးမှာ။
မြန်ပြည်ပြန်လဲ စိတ်ကူးနဲ့လွဲ ယူရို€မွဲတော့ ငါးခြောက်နဲ့တွဲ ခရမ်းသီးနှပ်လဲ မြိန်အုံးမည်မှာ ပြည်ပြန်ပျို့လျှာ။
(လူပျိုဘဝ ၊ထမင်းစားမကောင်းသောညတစ်ည၊ အမှတ်တရ)
ဖေချစ်မိုး။