Wednesday, 16 February 2011
၆၄ကြိမ်မြောက် မွန်အမျိုးသားနေ့ ဖိတ်ကြားလွှာ
ကိုဝေဇင်ဦးနှင့် မြန်မာမူဆလင်အသင်း
၆၄ကြိမ်မြောက်မွန်အမျိုးသားနေ့ မိတ်စုံစားပွဲကို လာရောက်အားပေးကြပါရန်ဖိတ်ကြားပါသည်..
နိုင်စိုးခင် (အမှုဆောင်)
မွန်အမျိုသားအသင်း(ဂျာမနီ)
Thursday, 30 December 2010
Saturday, 13 November 2010
Wednesday, 27 October 2010
မြန်မာပြည်မှ..ထူးဆန်းသောခေါင်းနှစ်လုံးနှင့်နွားမွေးဖွား
မကွေးမြို့နယ် မကွေးမြို့ရဲ့ အရှေ့ဘက် (၃) မိုင်ကွာ ဆားတိုင်ကန် ရွာမှာ (၁၇-၁၀-၂၀၁၀) တနင်္ဂနွေနေ့၊ ည၇နာရီ ၁၅ မိနစ်အချိန် (မိထူး) ဆိုသော ဦးခေါင်းနှစ်လုံးပါတဲ့ ဒီနွားမလေးကို မွေးဖွားပါတယ်။ ပိုင်ရှင် အမည်တွေကတော့ ဦးကက်စိန်၊ ဒေါ်အမာတင်တို့ဖြစ်ပါတယ်။ နွားမကြီး က ဖရီရှန် နို့စားအမျိုးအစား နွာမကြီးပါ။ သူ့ကို မေထွန်းလို့ နာမည် ပေးထားပါတယ်။ ယခုနွားကလေးနဲ့ဆိုရင် (၃) သား (၃) ခါ မွေးဖွားပြီး ခဲ့ကြောင်း သိရပါတယ်။ နွားငယ်ကလေး ဦးခေါင်းနှစ်လုံးခွဲထွက်ရာ အလယ်တည့်တည့်မှာ မျက်စေ့တစ်လုံး သာ တွေ့ရပါတယ်။ ဦးခေါင်းနှစ်လုံးရဲ့ ၀ဲ၊ ယာဘက်တွေမှာ ကြည်လင်ထောက်ပနေတဲ့ မျက်လုံးနှစ်လုံး၊ ပါးစပ်။ နားရွက်၊ နှာခေါင်းတွေ အစုံအလင်ပါပါတယ်။ ခလယ် (အတွင်းဘက်) က မျက်လုံးသာ တစ်လုံးထဲပါနေပါတယ်။ ဦးခေါင်းကြီးက နှစ်လုံးဆိုတော့ ခေါင်းကို ကောင်းကောင်းမထူနိုင်ပါဘူး။ နို့စို့တဲ့အခါ တစ်ဘက်ခေါင်းက နို့စို့နေရင် အခြားတစ်ဘက်ခေါင်းကလဲ လုပြီးနို့စို့နေပါတယ်။ ဒါကြောင့် နွားမကြီးဆီက နို့ကို ညစ်ယူပြီး နို့ဗူးနဲ့ ခေါင်းတစ်ဘက်ဆီကို သူ့သခင်မက လှည့်တိုက်ပေးနေတာကို မြင်တွေ့ခဲ့ပါတယ်။ နွားလေးရဲ့ အမြင့်ဟာ နှစ်ပေခွဲဖြစ်ပြီး အရှည်ကတော့ သုံးပေခွဲကျော်ကျော် ရှိကြောင်းသိရပါတယ်။ ယနေ့အထိ ကျန်းကျန်းမာမာနဲ့ မြင်တွေ့ခဲ့ရပါတယ်။ အထူးအဆန်းဆိုတော့ မိုးထဲ လေထဲမှာကိုး ကားတွေ၊ ဆိုင်ကယ်တွေနဲ့ အနယ်နယ် အရပ်ရပ်က လာရောက်ကြည့်ရှုနေကြပါတယ်။
မြန်မာပြည်က ဘုရားတွေ တစ်ချို့မှာ ( မနုသီဟ ဖင်နှစ်ခွ) ရုပ်တွေ၊ ပုံတွေကို မြင်တွေ့ကြရပါတယ်။ ယခုတော့ (နွားမဥဿဘ ဦးခေါင်းနှစ်ခွ) နဲ့ ထူးထူး ဆန်းဆန်း မြင်တွေ့နေရပါပြီ။ လာရောက်ကြည့်သူတွေ ကတော့ နွားလောကမှာ ဦးခေါင်းနှစ်လုံးနဲ့နွား ဘီးလူး လောကမှာ ဒသဂီရိ ( ခေါင်း ဆယ်လုံးနဲ့ ) ပေါ်လာ ကြတယ်။ ကျုပ်တို့ လူ့လောကမှာတော့ ခေါင်းအမျိုးမျိုး နဲ့ ပြောင်းပြောင်းပြီး လာလိုက်ကြတာ မနည်းတော့ ပါဘူး။ သူတို့ကလဲ ဆင်ဖြူခြောက်ကောင်နဲ့ မင်္ဂလာ အယူတော်ခံသလို။ ကျုပ်တို့ကလည်း ဒီ ( နွားမဥဿဘ ဦးခေါင်းနှစ်ခွ) လေး ထူးထူးခြားခြား ပေါ်လာတာကို မင်္ဂလာ ယူရမှာဘဲဗျို့။ အင်း ဒါမြန်မာပြည်အတွက်တော့ အတိတ်နိမိတ်ကောင်းမှာလား။ ဆိုးမှာလား။ ဆိုတာကိုတော့ စောင့်မျှော်လို့သာ ကြည့်ကြပေရဦးမည်ဟု တီးတိုး တီးတိုး သဖန်းပိုးထိုးပြီး ပြောဆိုနေကြသော အသံများကို ကြားသိခဲ့ရပါတယ်ခင်ဗျား။
မှတ်ချက်။ ။ မည်သည့်ဂျာနယ်များမှ ဖော်ပြခြင်းမရှိသေးပါ။ မြန်မာပြည်၏ အတိတ် နိမိတ်များအား ဤ သတင်းကို အခြေခံ၍ ပညာရှင်များ၊ စာဖတ်သူများ ဝေဖန် ဆွေးနွေး ပေးတော်မူကြစေလိုပါသည်။
ရတနာပုံနေပြည်တော်သတင်းစာ ကူးယူဖော်ပြပါသည်။
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲ..မှာနာမည်ကြီးခဲ့တဲ့..ရေဘ၀ဲ ပေါလ်...သေသွားရှာပြီ
ပြီးခဲ့သည့် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဂျာမနီ အသင်း၏ ပွဲစဉ်များကို ရာနှုန်းပြည့် မှန်ကန်စွာ ခန့်မှန်ပေး နိုင်ခဲ့သည့် စိတ်တန်ခိုးရှင် ရေဘ၀ဲ ပေါလ်သည် ယနေ့ နံနက်ပိုင်းတွင် သေဆုံးသွား ခဲ့ကြောင်း သိရသည်။
သူနေထိုင်ခဲ့ရာ အဏ္ဏ၀ါ ပြတိုက်မှ တာဝန်ရှိသူ များ၏ ပြောကြားချက် အရ ရေဘ၀ဲ ပေါလ်သည် ပြီးခဲ့သည့် တနင်္လာ ညအထိ ကောင်းမွန်စွာ ရှိနေခဲ့ သော်လည်း ယနေ့ နံနက်ပိုင်းတွင် သူ၏ မှန်ပုံး အတွင်း၌ သေဆုံးနေ ခဲ့ကြောင်း သိရသည်။ သူသေဆုံးသည့် အချိန်တွင် အသက် ၂ နှစ်ခွဲ ရှိပြီ ဖြစ်ပြီး အဆိုပါ အသက်အရွယ်၌ သေဆုံးခြင်းသည် ရေဘ၀ဲ တစ်ကောင်၏ သာမန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စကြောင်း အဆိုပါ တာဝန်ရှိသူ များက ဖြေရှင်းခဲ့ကြသည်။ ရေဘ၀ဲလ် ပေါလ်သည် သာမန် သဘာဝ ဖြစ်ရိုး ဖြစ်စဉ် အတိုင်းသာ သေဆုံးခဲ့ခြင်း ဖြစ်ပြီး ပြင်ပ ပယောဂ လုံးဝ မပါဝင် ကြောင်းလည်း ပြတိုက် တာဝန်ရှိသူ များက ဆိုခဲ့သည်။
ရေဘ၀ဲ ပေါလ်သည် ပြီးခဲ့သည့် ၂၀၁၀ တောင်အာဖရိက ဘောလုံး ပြိုင်ပွဲတွင် ဂျာမနီ အသင်း၏ ပွဲစဉ် ၇ ပွဲကို ရာနှုန်းပြည့် မှန်ကန်အောင် ခန့်မှန်းပေး နိုင်ခဲ့သည့် အပြင် စပိန်နှင့် ဟော်လန်တို့ ဗိုလ်လုပွဲ ကိုလည်း စပိန် ဗိုလ်စွဲမည်ဟု မှန်ကန်စွာ ခန့်မှန်းနိုင် ခဲ့သည့် ထူးခြား ရေသတ္တ၀ါ ဖြစ်သည်။

Monday, 25 October 2010
မြန်မာနိုင်ငံတွင်..အသုံးပြုခဲ့သော..အလံများ
အပိုင်း (၁)
ဒီအလံ ၆ ခု ကတော့ ဗြိတိသျှ လက်အောက် မကျရောက်မီက မြန်မာနိုင်ငံတော် အတွင်း အသုံးပြုခဲ့သော အလံတော်များပါတဲ့ ..
(၁) ရွှေဟသာင်္ အလံ တော် ( ၁၃၀၀ - ၁၅၀၀ အကြား)
(၂) သူရဲကြီး အလံ (၁၃၀၀ - ၁၈၈၅ အကြား)
(၃) ကုန်းဘောင်ခေတ်အလံ (၁၇၀၀ - ၁၈၈၅)
(၄) ၁၉ ရာစု အလယ် မင်းတုန်းမင်း ခေတ်အလံ
(၅) ဒေါင်းအလံများ
အပိုင်း (၂)
(၁) Uncertain flag, 1937-1939
(၂) 9 February 1939 (introduced 6 February) - 1941
(၃) Governor's Flag 1939-1941
(၄) 1940 - 1945: Japanese rule
(၅) 1942 Synyethe-Wunthann party
(၆) Japanese puppet state 1 August 1943 - 1945
(၇) Anti-Japan movement 1943 - 1945(၈) 1948-1974 Flag of Burma
(9) 1974 - 2010
(၁၀) ၂၀၀၆ - ၂၀၀၇ မှာ အဆိုပြုပြီး အတည်မပြုနိုင်ခဲ့သော အလံ
http://flagspot.net/images/m/mm-pro07.gif
(၁၁) အသစ်စက်စက် အလံတော်
အပိုင်း (၃)
၃ ရောင်ချယ် အလံများနဲ့ ပတ်သက်လို့ ၀ီကီထဲမှာ တွေ့ရတဲ့ ပုံတွေ
[edit] Green, red, and yellow
See also: Pan-African colours
[edit] Horizontal tricolors
အပိုင်း (၄)
အရွယ်တူ ကြယ်ဖြူ ၁၄ လုံး နဲ့ ကြီးပြင်းလာခဲ့ရတာမို့ အဲဒီအလံတွေမီးရှို့ရမယ်လို့ရုတ်တရက်ကြီး ကြားလိုက်ရတော့ အလန့်တကြား ဖြစ်မိရပါတယ်..။အနီရောင်သည် ရဲရင့်ခြင်း၊ အပြာရောင်သည် ငြိမ်းချမ်းခြင်း တည်ကြည်ခြင်၊ အဖြူရောင်သည်သန့်စင်ခြင်း ရိုးသား ခြင်း၊ အရွယ်တူ ကြယ်ဖြူ ၁၄ လုံး သည် ပြည်နယ်နှင့်တိုင်း ၁၄ ခု အား တန်းတူညီမျှသည်ဟု ကိုယ်စားပြုခြင်း၊ စပါးနှံ နှင့် စက်သွား သည် မြန်မာပြည်၏ အခြေခံအင်အားဖြစ်သော အလုပ်သမား နှင့် လယ်သမားထုအား ကိုယ်စားပြုခြင်း.................ဤသည်တို့ မှာကား.. ကျမ တို့ ငယ်စဉ်က ရင်းနှီးကျွမ်းဝင်ခဲ့ရသော ပြည်ထောင်စု နိုင်ငံတော် အလံ အကြောင်းပင်ဖြစ်ပေသည်။
ကြာသပတေးနေ့ က ရုတ်တရက်ကြီး သင်္ခါ ရသဘောတရား နဲ့ မီးလောင်တိုက်သွင်းခံလိုက်ရသော ကြယ် ၁၄ ပွင့်ရံ နိုင်ငံတော် အလံ ၏ အကြောင်း အား အကြောင်းကြောင့် ကျမ စနေနေ့ ညနေက မှ သိခဲ့ရပြီး.. စိတ်ပျက် လက်ပျက် ဖြစ်နေသော ကျမ . ကို ကျမတို့ PD က မင်း နှယ် . မင်းတို့ တိုင်းပြည်မယ် အစိုးရသစ် ပါလီမန်ဖွဲ့ပြီးတဲ့ချိန် ပြန်ပြင် ရင် ရတဲ့ ကိစ္စတွေပဲ Take it easy. လို့ ပြောလိုက်တာမို့ .. ဟုတ်သား ပဲလေ.. လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဖြေသိမ့်မိပါတယ်. ...ဒါပေမဲ့.. ပြည်သူကို အမှန်တကယ် ကိုယ်စားပြုနိုင်တဲ့ အခြေအနေက ဘယ်လိုမှန်း မသိ နိုင်သေးတာကတော့ တပိုင်း ပေါ့လေ... ပြီးတော့ .. အလံ အသစ်လဲ တာနဲ့ အလံ အဟောင်းက မီးရှို့ စရာ လိုလို့ လား...
လာမဲ့မျိုးဆက် သစ်က လူငယ်လေး တွေ သူတို့ အလံ တော်ကို ဘယ်လို ပုံ ဖော်ကြမလဲ.. ဆက်လက်တွေးတောနေမိပါတယ်.
အားလုံးကိုခင်မင်လေးစားတဲ့
မမသီရိ
မမသီရိ..၀ဘ်ဆိုဒ်မှကူးယူဖော်ပြပါသည်။
Tuesday, 28 September 2010
နိုင်ငံရေးအကျဉ်းကျခံနေရသော..ကိုမြအေး သမီး..မဝေနှင်းပွင့်သုန် ..ရဲ့ ကြိုးပမ်းမှုရုပ်သံမှတ်တမ်း
ဗြိတိန်နိုင်ငံရောက် မဝေနှင်းပွင့်သုန်က မန်ချက်စတာမြို့တွင် ပြုလုပ်သော လေဘာပါတီ နှစ်ပတ်လည် အစည်းအဝေးသို့ ယမန်နေ့က တက်ရောက်ပြီး မိန့်ခွန်း ပြောခွင့် ရခဲ့သည်။
ထိုမိန့်ခွန်းမှာ အလွန် ပြည့်စုံကောင်းမွန်ပြီး အစည်းအဝေးတက်ရောက်သူများ၊ အင်တာနက်မှ ကြည့်ရှုသူများ စိတ်ဝင်တစား နားထောင်ကြသော မိန့်ခွန်း ဖြစ်သည်။
ဗြိတိသျှ အင်္ဂလိပ် အသံထွက်ဖြင့် ပြောကြားသော ထိုမိန့်ခွန်းတွင် မြန်မာပြည်နိုင်ငံရေး အခြေအနေကို ထိထိမိမိ ဖော်ပြသွားသည်။
မဝေနှင်းပွင့်သုန်၏ ဖခင် ကိုမြအေးသည် ၂၀၀၇ ခုနှစ်က အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရရာမှ မကြာသေးမီက ကယားပြည်နယ်၊ ရှမ်းပြည်နယ် ထောင်များသို့ ပို့ဆောင်ခံရသည်။ ကျန်းမာခြင်းမရှိဟု သိရသည်။
လေဘာပါတီ အစည်းအဝေး မိန့်ခွန်းပြောရာတွင် မဝေနှင်းပွင့်သုန်က ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခံထားရသော ဖခင်နှင့် လုပ်ဖော်ကိုင်ဘက် ၈၈ မျိုးဆက် ခေါင်းဆောင်များ အထိမ်းအမှတ် အဖြစ် အဖြူရောင် အင်္ကျီကို ၀တ်ဆင်ထားသည်။
၆ မိနစ်ကျော်ကြာ မိန့်ခွန်းကို ဘီဘီစီ သတင်းဌာနက တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။ (ဤနေရာ http://enigmaimages.wordpress.com/2010/09/27/waihnin-pwint-thon-speaks-for-burma-and-political-prisoners-at-the-uk-labour-party-conference/ တွင် ကြည့်ရှုနိုင်သည်)
ဗြိတိန် အစိုးရ၏ နိုင်ငံခြားရေးနှင့် ဓနသဟာယဆိုင်ရာရုံး (FCO)က စီစဉ်သည့် ၆ မိနစ်ကြာ မှတ်တမ်းရုပ်ရှင်တခုတွင်လည်း မဝေနှင်းပွင့်သုန် အကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားကြောင်း တွေ့ရသည်။ My Burma, My Voice: Waihnin's Story ဟု အမည်ပေးထားသည့် ထိုမှတ်တမ်းကို http://www.youtube.com/watch?v=gfzylYuz62Q&feature=related ကို တွေ့နိုင်သည်။
မဝေနှင်းပွင့်သုန်သည် BCUK ခေါ် မြန်မာ့အရေးလှုပ်ရှားသည့် Burma Campaign UK တွင် တာဝန်ယူ လုပ်ကိုင်နေသည်။

Friday, 17 September 2010
Tuesday, 14 September 2010
ကျုပ်တို့ လက်ပိုက်ကြည့် နေကြမလား ?
နိုင်ငံသားကောင်းပီသစွာမြန်မာမွတ်စလင်မ်တိှု့လဲသမိုင်းပေးတာဝန်ကိုအုတ်တချပ်သဲတပွင့်ပါဝင်လက်တွဲကြပါစို
အသိပေးနှိုးဆော်ချက်
Posted by naynimin at 12:29 PM ဗမာပြည်ဖွားညီအကိုမောင်နှမများခင်ဗျား.... နအဖအလိုတော်ရိများဟာ ၁၇ စက်တင်ဘာ ၂၀၁၀ ဘာလင်မြို့ မှာ ဝါဒဖြန့်ချီရေး ဆွေးနွေးပွဲတခုကိုကျင်းပပါတော့မယ်။ သူတို့ တွေကတော့(ဦး)ခင်ဇော်ဝင်း နဲ့ (ဦး)နေဝင်းမောင် တို့ ဖြစ်ပါတယ်။သူတို့ တွေဟာ နအဖ ရဲ့ အသံ ကို မီဒီယာ တချို့ ရဲ့ အားကိုးနဲ့ ဝါဒဖြန့် ချီဘို့ ဂျာမဏီ မြေပေါ် ကို ရောက်ရှိလာခဲ့ ကြပြီ။ `၂၀၁၀ ရွေးကောက်ပွဲဟာ ဗမာ့ဒီမိုကရေစီပြောင်းလဲရေးအတွက် အခွင့်လမ်းတခုဖြစ်တယ် ` ဆိုတဲ့ ခေါင်းစဉ်အပါအဝင် တခြားသော နအဖ လှည့် ကွက်ခေါင်းစဉ်များကို ဆွေးနွေးကြပါလိမ့်မယ်။ ဒါတွေနဲ့ ဂျာမန်အစိုးရဂျာမန်လူထုကိုလှည့် စားပါတော့မယ်။ ဒါကို ကျုပ်တို့ လက်ပိုက်ကြည့် နေကြမလား ? ရွှေဗမာများနဲ့ ဂျာမန်မိတ်ဆွေများ ဘာလင်တွင် စုပေါင်းကန့် ကွက်ကြမည်။
- အချိန်........ နံနက် ( ၁၀ ) နာရီ မှ ( ၁၂ ) နာရီခွဲ
- နေ့ ရက် .... ၁၇ ရက် စက်တင်ဘာလ 2010 ( သောကြာနေ့  )
- နေရာ Friedrich-Ebert Stiftung
- Hiroshimastr. 17
- 10785 Berlin
ဆက်သွယ်ရန်..........
- ကိုအောင်သူ 02212 053 974 begin_of_the_skype_highlighting 02212 053 974 end_of_the_skype_highlighting
- ကိုဆန်နီ 01735 347 534 begin_of_the_skype_highlighting 01735 347 534 end_of_the_skype_highlighting
- ကိုမင်းမင်း 06940 036 073 begin_of_the_skype_highlighting 06940 036 073
Friday, 3 September 2010
Wednesday, 25 August 2010
Tuesday, 24 August 2010
ရွေးကောက်ပွဲကြောင့် အစ္စလာမ်ဘာသာရေးနေ့ အခက်အခဲ ဖြစ်နိုင်
ရန်ကုန်မြို့လယ်ရှိ အစ္စလာမ်ဘာသာဝင်တို့၏ ဗလီ ဝတ်ကျောင်းတခု မြင်ကွင်း (ဓာတ်ပုံ - sanooaung.wordpress.com)
စစ်အစိုးရက ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာလိုက်ရာ အစ္စလာမ် ဘာသာဝင်များ၏ ကုရ်ဗာနီ အစ်ဒ် ခေါ် အသားအစ်ဒ် ပြုလုပ်မည့် အချိန်နှင့် တိုက်ဆိုင်နေသဖြင့် ကျင်းပခွင့် မရမည်ကို အစ္စလာမ် ဘာသာဝင်များက စိုးရိမ်နေကြသည်။
“အသားအစ်ဒ်က နိုဝင်ဘာ ၇ ရက်နဲ့ ၉ ရက်ကြားမှာဖြစ်နေတယ်။ ၇ ရက်မှာ သွားတိုက်ဆိုင်နေရင်တော့ ကျနော်တို့ကို အစ်ဒ်လုပ်ခွင့် ပေးမယ်မထင်ဘူး” ဟု မြန်မာ - မွတ်ဆလင် အသင်းမှ ဘာသာရေး ခေါင်းဆောင်တဦးက ပြောသည်။
အစ္စလာမ် ဘာသာဝင်တို့၏ ရာမာဒန် ဥပုသ်ကာလသည် ယခုလ ၁၂ ရက်နေ့တွင် စတင်ပြီး စက်တင်ဘာ ၉ ရက်တွင် ပြီးဆုံးမည်ဟု အစ္စလာမ် ဘာသာရေး ခေါင်းဆောင်က ဆိုသည်။
ကုရ်ဗာနီ အစ်ဒ်မှာ မုန့်အစ်ပြုလုပ်ပြီး ၂ လခန့်အကြာတွင် ဖြစ်သဖြင့် ရွေးကောက်ပွဲပြုလုပ်မည့် နိုဝင်ဘာလ ၇ ရက် ၀န်းကျင်တွင် ကျရောက်နေကြောင်း၊ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ကာလတွင်လည်း အစ္စလာမ် ဘာသာဝင်တို့၏ ရာမာဒန် ဥပုသ်အပြီး မုန့်အစ်နှင့် တိုက်ဆိုင်နေသဖြင့် အစိုးရက မုန့်အစ်ကျင်းပခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ရွှေဝါရောင် တော်လှန်ရေးကာလ သံဃာတော်များ လမ်းလျှောက်ဆန္ဒပြချိန်တွင် အစ္စလာမ် ဘာသာဝင် တချို့လည်း တက်ကြွစွာ ပါဝင်ခဲ့ပြီးနောက်ပိုင်း ၎င်းတို့ဘာသာဝင်များအပေါ် ကန့်သတ်ချက်များ ပိုများလာသည်ဟု ရွှေဘုံသာလမ်းရှိ ဗလီဝတ်ကျောင်းတကျောင်းမှ ဗလီဆရာတဦးက ဆိုသည်။
“အစ်ဒ်လုပ်မယ်ဆိုရင်လည်း ကန့်သတ်ချက်တွေ အများကြီးရှိတယ်။ အသားအစ်ဒ်ဆိုရင် အိမ်မှာ လုပ်လို့မရဘူး။ သားသတ်ရုံ နေရာသတ်မှတ်ထားတဲ့ သန်လျင်တို့၊ ရွာသာကြီးတို့မှာပဲ သတ်ခွင့်ရှိတယ်။ သတ်ပြီးရင်လည်း လုံလုံခြုံခြုံ ဖုံးအုပ်ပြီးမှ သယ်လာရမယ်။ ပြန်လာတဲ့လူတွေကိုလည်း သွေးတွေဘာတွေ စင်ထားတာမရှိအောင် ဆေးကြောပြီးမှ ပြန်လာရမယ်ဆိုပြီး အမိန့်ထုတ်ထားတယ်” ဟု အဆိုပါ ဗလီဆရာက ပြောသည်။
“သာမန်အချိန်မှာတောင် အဲဒီလောက် ကန့်သတ်နေတာ။ ရွေးကောက်ပွဲရက်နဲ့ တိုက်တယ် ဆိုရင်တော့ သူတို့က ပေးလုပ်မယ် မထင်ဘူး” ဟု ဗလီဆရာက ဆိုသည်။
စစ်အစိုးရက မြို့နယ်တချို့တွင် ဗလီဆောက်လုပ်ခွင့်ကို ကန့်သတ်ထားပြီး အစ္စလာမ် ဘာသာဝင်များ ဘုရား ဝတ်ပြုချိန်တွင် ဗလီဆရာများက အချက်ပေး အော်ဟစ်သည့်အခါ အသံချဲ့စက်များ၊ စပီကာများဖြင့် အော်ဟစ်ခွင့်ကိုလည်း ပိတ်ပင်ထားသည်ဟု သိရသည်။
အစ္စလာမ် ဘာသာဝင်တို့၏ ထုံးစံအရ ရာမာဒန်ဥပုသ်ကာလတွင် မိသားစုအားလုံး အင်္ကျီအ၀တ်အစား အသစ်များ ၀တ်ဆင်ရမည် ဖြစ်သော်လည်း အများစုမှာ စီးပွားရေးကျပ်တည်းမှုကြောင့် ၀ယ်ယူဝတ်ဆင်နိုင်ကြခြင်း မရှိဟုလည်း အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တဦးက ဆိုသည်။

“ရွေးကောက်ပွဲကြောင့် အစ်ဒ်ကျင်းပခွင့် မရဘူးဆိုတာတော့ ကျနော်တို့ လက်မခံပါဘူး။ ဘာသာရေးနဲ့ နိုင်ငံရေးက ဘာမှမဆိုင်ပါဘူး။ ကျနော်တို့ ကိုယ်တိုင်လည်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်သလို ဘာသာရေး ကိစ္စတွေကိုလည်း သူ့အချိန်နဲ့သူ လုပ်သွားမှာပါ” ဟု အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ကမန်လူမျိုးစုများကို ကိုယ်စားပြု ဖွဲ့စည်းထားသော ကမန် အမျိုးသား တိုးတက်ရေးပါတီမှ တာဝန်ရှိသူတဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလတွင် ထုတ်ပြန်သည့် အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် (USCIRF) ၏ အစီရင်ခံစာတွင် မြန်မာစစ်အစိုးရသည် ဘာသာရေးဖိနှိပ်မှုများ ပြင်းပြင်းထန်ထန်ပြုလုပ်နေသည့် နိုင်ငံအဖြစ် ထိပ်ဆုံးအဆင့်တွင် သတ်မှတ်ခံထားရသည်။
ဆက်လင်း Monday, August 23, 2010
ဧရာဝတီသတင်းစာမျက်နှာမှကူးယူဖော်ပြသည်။
Sunday, 22 August 2010
Thursday, 19 August 2010
Tuesday, 17 August 2010
Subscribe to:
Posts (Atom)