Tuesday, 22 March 2011

တာလီဘန်ဟု ယူဆရသူ ၁၀၀ ခန့် မောင်းတော၌ ဖမ်းထား

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်းတောမြို့နယ် အတွင်း၌ တာလီဘန် အကြမ်းဖက် သမားများဟု သင်္ကာမကင်းသူ အစ္စလမ်ဘာသာဝင် ၁၀၀ ၀န်းကျင်ကို မောင်းတော အခြေစိုက် နအဖအစိုးရ၏ နယ်စပ်ဒေသ ကွပ်ကဲရေး ဌာနချုပ်(နစက) စစ် တပ်မှ ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးထားကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူများသည် ယခုလဆန်းပိုင်းတွင် မောင်းတောမြို့နယ်အတွင်းရှိ နစက တပ်ဖွဲ့တည်ရှိရာ ခမောင်းဆိပ်ကျေးရွာ အနီး၌ ဖောက်ခွဲရေးနှင့်ပတ်သက်သော အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ဖမ်းဆီးမိခြင်းဖြစ်သည်ဟု နစက နှင့် နီးစပ်သူ တဦးက ဧရာဝတီကို ပြောသည်။

“သူတို့ဆီက ဖမ်းမိတဲ့ပစ္စည်းတွေမှာ တာလီဘန် အစ္စလမ်မစ် အဖွဲ့ဆိုတဲ့ တံဆိပ်တွေ၊ စာရွက်စာတမ်း အထောက်အထား တွေကြောင့် တာလီဘန်လို့ ယူဆပြီးဖမ်းထားတာပါ၊ မောင်းတောက နစက တပ်မှာ စစ်ဆေးနေတုန်းပါ”ဟု ၎င်းက ပြောဆိုသည်။

နစက နှင့် နီးစပ်သူက ဆက်လက်ပြီး“တာလီဘန်တွေ အစည်းအဝေးလုပ်တာကို စစ်တပ်က မသိလိုက်တော့ ဗျူဟာမှူးက မယက ဥက္ကဋ္ဌနဲ့ ရယက ဥက္ကဋ္ဌတွေကို အရေးယူမယ်ဆိုပြီး ဆူပူကြိမ်းမောင်းထားတယ်၊ ဆက်စပ်သူတွေကိုလည်း ဆက်တိုက် ရှာဖွေဖမ်းဆီးနေတယ်”ဟုလည်း ဆိုသည်။

တာလီဘန်များသည် ခမောင်းဆိပ်၊ အောင်သပြေ၊ ကွမ်းသီးပင် စသည့် ကျေးရွာများမှ ရွာသားများကို အာဖကန်နစ္စတန် တာလီ ဘန် အဖွဲ့မှ စေလွှတ်ခြင်းခံရသူဟု ယူဆရသော မော်လဗီဟာရုဒ်က ဖောက်ခွဲရေး သတင်တန်းများကို လျှို့ဝှက်ပေးခဲ့ ကြောင်း၊ ထိုကိစ္စကို ၎င်းတို့အဖွဲ့ဝင်တဦးက စစ်တပ်အား သတင်းပေးခဲ့ကြောင်း၊ ယခုအခါ မော်လဗီဟာရုဒ် မှာ ထွက်ပြေး လွတ်မြောက်နေကြောင်း နိရဉ္စရာ သတင်းတွင် ရေးသားထားသည်။

“မော်လဗီဟာရုဒ် က ဘင်္ဂလားနယ်စပ်က၀င်ပြီးတော့ သင်တန်းတွေပေးနေတာကို ဒေသခံ နစက က တဆင့်သိရတာပါ၊ အသေးစိတ် အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ”ဟု နိရဉ္စရာ၏ အယ်ဒီတာ ကိုခိုင်မြတ်ကျော်က ဧရာဝတီကို ပြောသည်။

ထိုဒေသများ၌ ယခုအခါ ခရီးသွားလာရေးခက်ခဲနေပြီး စစ်ဆေးမေးမြန်းမှုလည်း များပြားနေကြောင်း ဒေသခံများက ပြောဆိုကြ သည်။

“မောင်းတောမြို့ပေါ်နဲ့ရွာတွေမှာ ည ၁၀ နာရီထိုးရင် ညမထွက်ရ အမိန့်ထုတ်ထားတယ်၊ ၁၀ နာရီခွဲမှာထွက်ရင် ပစ်မိန့်ပေးထား တယ်၊ အမိန့်ထုတ်တာ တပတ်ရှိပြီ”ဟု မောင်းတောမြို့ခံ တဦးက ပြောသည်။

ဖမ်းမိသူများတွင် မောင်းတောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာ ဥက္ကဋ္ဌဟောင်း ဦးစိန်ဝင်းနှင့်လက်ရှိ ဥက္ကဋ္ဌ ၎င်း၏ညီ ဦးဇော်ဝင်းတို့ ပါဝင်ကြောင်း၊ ၎င်းတို့ ညီအစ်ကိုသည် အကြမ်းဖက်လုပ်ဆောင်နေသူများကို နောက်ကွယ်မှ ကူညီထောက်ပံ့ပေးနေသူများ ဖြစ် ကြောင်း ဒေသခံ တဦးက ပြောသည်။

“အခုလုပ်တဲ့အစည်းအဝေးမှာ သူတို့တွေပါတာရယ်၊ အကုန်လုံးက အစ္စလမ်ဘာသာဝင်တွေဖြစ်နေတော့ တာလီဘန်တွေနဲ့ဆက်စပ်မှန်း စစ်တပ်က သတိမထားမိလိုက်ဘူးပေါ့”ဟု ဒေသခံက ဆိုသည်။

မောင်းတောမြို့ပေါ်တွင် လုံခြုံရေးထူထပ်စွာချမထားသော်လည်း နယ်စပ်သို့သွားရာ လမ်းတလျှောက်နှင့်တောင်ကြားလမ်းများ၌ စစ်တပ်များ ထူထပ်စွာချထားကာ တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

ဘူးသီးတောင်၊ မောင်းတောနယ်စပ်တလျှောက်တွင် နအဖအစိုးရ၏ တပ်များထူထပ်စွာချထားသော်လည်း ထိုဒေသတ၀ိုက်၌ ဓားမြတိုက်ခြင်း၊ ၊ မုဒိမ်းကျင့်ခံရခြင်း၊ အကြမ်းဖက်ခြင်း ကိစ္စရပ်များ မကြာခဏဖြစ်ပေါ်လျှက်ရှိသည်ဟု ဒေသခံများကဆိုသည်။

ထိုတာလီဘန်ဟုဆိုသော အဖွဲ့သည် နယ်စပ်၌တာဝန်ကျနေသော နအဖ စစ်တပ်ကိုအခကြေးငွေ အများအပြားပေးကာ နယ် စပ် ဖြတ်ကျော်ဝင်ရောက်၍ ဘူးသီးတောင်၊ မောင်းတော ဒေသတ၀ိုက်တွင် အခြေပြုကာ ဓားမြတိုက်ခြင်း၊ အကြမ်းဖက်ခြင်း စသည်လုပ်ရပ်များကို လုပ်ဆောင်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ၎င်းတို့ကို မြန်မာနိုင်ငံသားဟု နအဖအစိုးရက သတ်မှတ်
ပေးထားခြင်းမရှိသော်လည်း နအဖအစိုးရ အသိအမှတ်ပြုထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားကို ကိုင်ဆောင်ကာ ခရီးသွားလာနေကြသူများရှိသည်ဟု ဒေသခံများထံမှ သိရသည်။
Copy from IRRAWADDY WEBSITE

Tuesday, 15 March 2011

ချာနိုဘိုင်းထက် ကြီးမားတဲ့ နျူကလီးယား အန္တရာယ် တကယ် ကျရောက်ပြီ

ယနေ့ တိုကျိုမြို့ နံနက် ၁၁ နာရီတွင် ဂျပန်ဝန်ကြီးချုပ် နာအိုတိုခန် က ဖူကူရှိမာ စက်ရုံတစ်ခုမှ နျူကလီးယား ဓာတ်ရောင်ခြည်တွေ အမြင့်ဆုံးအဆင့် ရောက်သွားပြီး အဲဒီနေရာနဲ့ ကီလိုမီတာ ၃၀ ပတ်လည်ရှိ လူတွေ

အိမ်တံခါး ပိတ်နေကြဖို့ ကြေငြာလိုက်သည်။

ဖူကူရှိမာ ဒိုင်အိချိ စက်ရုံမှ ဓာတ်ပေါင်းဖို အမှတ် (၂) အင်္ဂါနေ့ မနက် အစောပိုင်းတွင် ပေါက်ကွဲခဲ့သည်။ သောကြာနေ့ နေလည် ငလျင်နဲ့ ဆူနာမီ ပြီးကတည်း လေးကြိမ်မြောက် ပေါက်ကွဲခြင်းဖြစ်သည်။ မကြာခင် ပေါက်ကွဲတော့မှာက ရေနွေးငွေ့ပိုက်တွေ ဟိုက်ဒရိုဂျင်ဘူးတွေ မဟုတ်တော့ဘဲ နျူကလီးယား ဓာတ်ပေါင်းဖိုကြီး ကိုယ်တိုင် ဖြစ်သည်။ ဓာတ်ပေါင်းဖိုတွေကို ပြင်ဆင်ဖာထေး အအေးဖျန်းနေတဲ့ လုပ်သားအများစု စွန့်ခွာခဲ့ကြပြီ။

အရဲစွန့် လုပ်ဆောင်ခဲ့တဲ့ အလုပ်သမားတွေက အမှတ် (၂) ဓာတ်ပေါင်းဖိုကို ရေဒီယိုဓာတ်တွေ ယိုစိမ့်ပြန့်နှံ့မှု မဖြစ်အောင် ဟိုက်ဒရိုဂျင် ပေါက်ကွဲမှု လျှော့ချပေးနိုင်ပေမဲ့၊ ဒီနေ့မနက် ၆ နာရီမှာ အမှတ် (၄) ဓာတ်ပေါင်းဖို ပေါက်ကွဲပြီး မီးလုံးကြီးတွေ တက်လာသည်။ အမှတ် (၄) ဓာတ်ပေါင်းဖို မီးစလောင်နေပြီလို့ ၀န်ကြီးချုပ်က ကြေငြာလိုက်သည်။ လူသားထုကို အန္တရာယ်ပေးဖို့ ရေဒီယို ဓာတ်တွေ မကြာခင် ပြန့်နှံ့တော့မည်။ အမှတ် (၃) ဓာတ်ပေါင်းဖိုလည်း ရေဒီယို ဓာတ်ရောင်ခြည် မြင့်တက်ပြီး ပေါက်ကွဲဖို့ ဆိုင်းပြင်းနေပြီ။

၁၉၈၆ ခုနှစ် ဆိုဗီယက်လက်ထက် ယူကရိန်းမှ ချာနိုဘိုင်း ဓာတ်ပေါင်းဖို ပေါက်ကွဲမှုမှာ ကမ္ဘာ့ အဆိုးရွားဆုံး နျူကလီယား မတော်တဆ ဖြစ်ရပ်ကြီး ဖြစ်သည်။ အခု ပေါက်မယ့် ဓာတ်ပေါင်း ဖိုတွေကြောင့် ဂျပန်မြောက်ပိုင်း ငလျင်နဲ့ ဆူနာမီမှာ အသက်ချမ်းသာရာ ရခဲ့သူ တွေ လုံးပါး ပါးတော့မယ့် အန္တရာယ် ဆိုးကို ထပ်ရင်ဆိုင် နေရပြန်ပြီ။

ဖူကူရှီမာ ပတ်လည် ကီလိုမီတာ ၂၅၀ ပတ်လည်အတွင်း နျူကလီးယား ဓာတ်ရောင်ခြည်တွေ ၁၀ နာရီ ပြန့်နှံနေမှာ ဖြစ်သည်။ တရုတ် အစိုးရက တိုကျိုနဲ့ ပေကျင်း၊ ရှန်ဟိုင်း ပြေးဆွဲတဲ့ လေကြောင်းလိုင်းတွေ ရပ်ပစ်လိုက်သည်။

ဒါပေမဲ့ ၀န်ကြီးချုပ်ခန် က နျူကလီးယား အန္တရာယ်ဆိုးကို ထိန်းချုပ်ဖို့ အလုပ်သမားအချို့ ဆက်လက် ကြိုးစားနေဆဲဖြစ် ကြောင်း ပြောဆိုခဲ့သည်။

Friday, 11 March 2011

အင်အားပြင်း ငလျှင် ကြောင့် ဂျပန် တွင် စုနမိ လှိုင်းများ ဖြစ်ပေါ်

စုနမိ ကြောင့် ဂျပန် တွင် ၉ ဦးသေဆုံး ၊တို ကျို လေယာဉ် ကွင်း ကို ပိတ်ထား၊ ဆက်သွယ် ရေး စနစ်အချို့ ပြတ်တောက်

စုနမိ ကြောင့် ပျက်စီး ဆုံးရှုံးမှု များ
class="separator" style="clear: both; text-align: center;">

ဂျပန်နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတမ်းဒေသတွင် ဒေသစံတော်ချိန် ညနေ ၂နာရီ ၃၃မိနစ်အချိန်က အင်အားရစ်ချပ်
တာစကေး၈.၉အဆင့်ရှိအင်အားပြင်းထန်သော ငလျင်လှုပ်သွားပြီး ၁၀မီတာအမြင့်ရှိဆူနာမီလှိုင်းများတိုက်ခတ်ဖြစ်ပွားခဲ့သည်။

ကမီရှီဆိပ်ကမ်းမြို့မှာအဓိက ဆူနာမီငလျင်ရေလှိုင်းတိုက်ခတ်မှုဖြစ် ပွားသောနေရာဖြစ်ပြီးပင်လယ်တွင်းမှသဘောင်္များဆူနာ
မီလှိုင်းအရှိန်ကြောင့် မြို့ပေါ်လမ်းမများပေါ်ရောက်ရှိပြီးလမ်းမပေါ်ရှိကားများ၊အဆောက်အဦးများပျက်စီးရခြင်းများ
ရှိကြောင်းနှင် မြို့  တော်တိုကျိုတွင်လည်းငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးတချို့တွင်မီးလောင်မှုအချို့ဖြစ်ပွားနေကြောင်း
NHK ရုပ်သံမှာထုတ်လွှင့်ကြေညာခဲ့သည်။

ဂျပန်နိုင်ငံရဲ့မိုးလေဝသသတင်းဌာနမှ ဆူနာမီအရေးပေါ်ကြေညာချက်ကိုထုတ်ပြန်ထားပြီဖြစ်သည်။ အရှေ့ဘက်ကမ်းရိုးဒေသ
ကိုတနာရီလျင် ၁၂၅ကီလိုမီတာနှုန်းတိုက်ခိုက်နိုင်ကြောင်း အသိပေးနိုးဆော်ထားပြီး ဒေသခံများကို ကမ်းခြေမှ၁၀ကီလိုမီတာ
အတွင်းနေထိုင်သောဒေသခံများကို မိမိတို့နေရပ်မှထွက်ခွာသွားကြရန်နှိုးဆော်ထားပြီးဖြစ်သည်။

ဟာဝိုင်အီငလျင်စောင့်ကြည့်လေ့လာရေးဌာနမှ ပစိဖိတ်ဆူနာမီသတိပေးထုတ်ပြန်ကြေငြာခဲ့သည်။ ပစိဖိတ်ဆူနာမီကျရောက်နိုင်သောဒေသများမှာရုရှား၊မာကပ်စ်ကျွန်းစု(ဂျပန်ကျွန်းစုများ)တွင်ပြင်းထန်နိုင်ကြောင်းနှင့် ဂူအမ်၊ထိုင်ဝမ်၊ဖိလစ်ပိုင်၊အင်ဒိုနီးရှား၊ဟာဝိုင်အီ ဒေသများတွင်လည်း အထူးသတိပေးချက်ထုတ်ပြန်အသိပေးထားကြောင်း
သတင်းများတွင်ဖေါ်ပြထားသည်။

ဂျပန် နိုင်ငံ အရှေ့ မြောက် ပိုင်း တွင် 8.9 မဂ္ဂနီကျု အဆင့် ရှိသည့် ငလျှင် ယနေ့ ထပ်မံ လှုပ်ခတ် သွား သည့် အတွက်
ကြောင့် ပျက်စီးဆုံး ရှုံးမှု များ ဖြစ်ပေါ်ပြီး ရှစ်မီတာ အမြင့် ရှိသည့် စုနမိ လှို င်းများ ဖြစ်ပေါ်က ကမ်းခြေများ သို့ 
လာရောက် ရိုက်ခတ် လျှက်ရှိသည်။

ယခု လှုပ်ခတ် သည့် ငလျှင်မှာ ၁၉၆၀ ခု နှစ် က ချီလီ နိုင်ငံတွင် လှုပ်ခတ် ခဲ့သည့် အင်အား ၉.၅ အဆင့် ရှိ ငလျှင်ပြီးလျှင်
အပြင်းထန် ဆုံးဖြစ်သည်။ ငလျှင် ကြောင့် တိုကျိုမြို့  ရှိ လူနေအိမ် လေးသန်း ကျော် လျှပ် စစ်မီး များ ပြတ်
တောက်ကာ အဆောက်အဦ အချို နှင့် တံတားများ ပျိုကျ ပျက်စီးခဲ့သည်။

စုနမိ ငလျှင် သည် ရုရှား နှင့် ထိုင်ဝမ် အပါအ၀င် ပိစိဖိတ် သမုဒ္ဒရာ အတွင်း ရှိ နိုင်ငံ ၂၀ ကျော် ကို ရိုက်ခတ်မှုရှိနိုင်
သည် ဟု U.S. Geological Survey မှ သတင်း ထုတ်ပြန်ထားသည်။

ဂျပန်အစိုးရသည် ဒေသခံပြည်သူများကို ဆူနာမီကြိုတင်ကာကွယ်ရေးအစီအစဉ် များကြိုတင်လုပ်ဆောင်နိုင်ခဲ့ပြီး
ဆူနာမီ ရိုက်ခတ်မှုကြောင်း လူ၉ဦးသေဆုံးရကြောင်းသတင်းထုတ်ပြန်ထားသည်။

ကာလီဖိုး နီးယား စသည့် အမေရိကန် အနောက် ဘက် ကမ်းခြေ ဒေသများတွင် စုနမီ သတိပေးချက် များ ထုတ်ပြန်
ထားသည် ။ ဟာဝိုင်ယီ ကျွန်း တွင် စုနမီ အဆင့် မြင့် သတိပေးချက် များ ထုတ် ပြန်ထားသည်။

Wednesday, 16 February 2011

၆၄ကြိမ်မြောက် မွန်အမျိုးသားနေ့ ဖိတ်ကြားလွှာ





ကိုဝေဇင်ဦးနှင့် မြန်မာမူဆလင်အသင်း

၆၄ကြိမ်မြောက်မွန်အမျိုးသားနေ့ မိတ်စုံစားပွဲကို လာရောက်အားပေးကြပါရန်ဖိတ်ကြားပါသည်..

နိုင်စိုးခင် (အမှုဆောင်)
မွန်အမျိုသားအသင်း(ဂျာမနီ)

Thursday, 30 December 2010

Wednesday, 27 October 2010

မြန်မာပြည်မှ..ထူးဆန်းသောခေါင်းနှစ်လုံးနှင့်နွားမွေးဖွား

မကွေးမြို့နယ် မကွေးမြို့ရဲ့ အရှေ့ဘက် (၃) မိုင်ကွာ ဆားတိုင်ကန် ရွာမှာ (၁၇-၁၀-၂၀၁၀) တနင်္ဂနွေနေ့၊ ည၇နာရီ ၁၅ မိနစ်အချိန် (မိထူး) ဆိုသော ဦးခေါင်းနှစ်လုံးပါတဲ့ ဒီနွားမလေးကို မွေးဖွားပါတယ်။ ပိုင်ရှင် အမည်တွေကတော့ ဦးကက်စိန်၊ ဒေါ်အမာတင်တို့ဖြစ်ပါတယ်။ နွားမကြီး က ဖရီရှန် နို့စားအမျိုးအစား နွာမကြီးပါ။ သူ့ကို မေထွန်းလို့ နာမည် ပေးထားပါတယ်။ ယခုနွားကလေးနဲ့ဆိုရင် (၃) သား (၃) ခါ မွေးဖွားပြီး ခဲ့ကြောင်း သိရပါတယ်။ နွားငယ်ကလေး ဦးခေါင်းနှစ်လုံးခွဲထွက်ရာ အလယ်တည့်တည့်မှာ မျက်စေ့တစ်လုံး သာ တွေ့ရပါတယ်။ ဦးခေါင်းနှစ်လုံးရဲ့ ၀ဲ၊ ယာဘက်တွေမှာ ကြည်လင်ထောက်ပနေတဲ့ မျက်လုံးနှစ်လုံး၊ ပါးစပ်။ နားရွက်၊ နှာခေါင်းတွေ အစုံအလင်ပါပါတယ်။ ခလယ် (အတွင်းဘက်) က မျက်လုံးသာ တစ်လုံးထဲပါနေပါတယ်။ ဦးခေါင်းကြီးက နှစ်လုံးဆိုတော့ ခေါင်းကို ကောင်းကောင်းမထူနိုင်ပါဘူး။ နို့စို့တဲ့အခါ တစ်ဘက်ခေါင်းက နို့စို့နေရင် အခြားတစ်ဘက်ခေါင်းကလဲ လုပြီးနို့စို့နေပါတယ်။ ဒါကြောင့် နွားမကြီးဆီက နို့ကို ညစ်ယူပြီး နို့ဗူးနဲ့ ခေါင်းတစ်ဘက်ဆီကို သူ့သခင်မက လှည့်တိုက်ပေးနေတာကို မြင်တွေ့ခဲ့ပါတယ်။ နွားလေးရဲ့ အမြင့်ဟာ နှစ်ပေခွဲဖြစ်ပြီး အရှည်ကတော့ သုံးပေခွဲကျော်ကျော် ရှိကြောင်းသိရပါတယ်။ ယနေ့အထိ ကျန်းကျန်းမာမာနဲ့ မြင်တွေ့ခဲ့ရပါတယ်။ အထူးအဆန်းဆိုတော့ မိုးထဲ လေထဲမှာကိုး ကားတွေ၊ ဆိုင်ကယ်တွေနဲ့ အနယ်နယ် အရပ်ရပ်က လာရောက်ကြည့်ရှုနေကြပါတယ်။

မြန်မာပြည်က ဘုရားတွေ တစ်ချို့မှာ ( မနုသီဟ ဖင်နှစ်ခွ) ရုပ်တွေ၊ ပုံတွေကို မြင်တွေ့ကြရပါတယ်။ ယခုတော့ (နွားမဥဿဘ ဦးခေါင်းနှစ်ခွ) နဲ့ ထူးထူး ဆန်းဆန်း မြင်တွေ့နေရပါပြီ။ လာရောက်ကြည့်သူတွေ ကတော့ နွားလောကမှာ ဦးခေါင်းနှစ်လုံးနဲ့နွား ဘီးလူး လောကမှာ ဒသဂီရိ ( ခေါင်း ဆယ်လုံးနဲ့ ) ပေါ်လာ ကြတယ်။ ကျုပ်တို့ လူ့လောကမှာတော့ ခေါင်းအမျိုးမျိုး နဲ့ ပြောင်းပြောင်းပြီး လာလိုက်ကြတာ မနည်းတော့ ပါဘူး။ သူတို့ကလဲ ဆင်ဖြူခြောက်ကောင်နဲ့ မင်္ဂလာ အယူတော်ခံသလို။ ကျုပ်တို့ကလည်း ဒီ ( နွားမဥဿဘ ဦးခေါင်းနှစ်ခွ) လေး ထူးထူးခြားခြား ပေါ်လာတာကို မင်္ဂလာ ယူရမှာဘဲဗျို့။ အင်း ဒါမြန်မာပြည်အတွက်တော့ အတိတ်နိမိတ်ကောင်းမှာလား။ ဆိုးမှာလား။ ဆိုတာကိုတော့ စောင့်မျှော်လို့သာ ကြည့်ကြပေရဦးမည်ဟု တီးတိုး တီးတိုး သဖန်းပိုးထိုးပြီး ပြောဆိုနေကြသော အသံများကို ကြားသိခဲ့ရပါတယ်ခင်ဗျား။


 မှတ်ချက်။ ။ မည်သည့်ဂျာနယ်များမှ ဖော်ပြခြင်းမရှိသေးပါ။ မြန်မာပြည်၏ အတိတ် နိမိတ်များအား ဤ သတင်းကို အခြေခံ၍ ပညာရှင်များ၊ စာဖတ်သူများ ဝေဖန် ဆွေးနွေး ပေးတော်မူကြစေလိုပါသည်။

ရတနာပုံနေပြည်တော်သတင်းစာ ကူးယူဖော်ပြပါသည်။

၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲ..မှာနာမည်ကြီးခဲ့တဲ့..ရေဘ၀ဲ ပေါလ်...သေသွားရှာပြီ

ပြီးခဲ့သည့် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဂျာမနီ အသင်း၏ ပွဲစဉ်များကို ရာနှုန်းပြည့် မှန်ကန်စွာ ခန့်မှန်ပေး နိုင်ခဲ့သည့် စိတ်တန်ခိုးရှင် ရေဘ၀ဲ ပေါလ်သည် ယနေ့ နံနက်ပိုင်းတွင် သေဆုံးသွား ခဲ့ကြောင်း သိရသည်။

သူနေထိုင်ခဲ့ရာ အဏ္ဏ၀ါ ပြတိုက်မှ တာဝန်ရှိသူ များ၏ ပြောကြားချက် အရ ရေဘ၀ဲ ပေါလ်သည် ပြီးခဲ့သည့် တနင်္လာ ညအထိ ကောင်းမွန်စွာ ရှိနေခဲ့ သော်လည်း ယနေ့ နံနက်ပိုင်းတွင် သူ၏ မှန်ပုံး အတွင်း၌ သေဆုံးနေ ခဲ့ကြောင်း သိရသည်။ သူသေဆုံးသည့် အချိန်တွင် အသက် ၂ နှစ်ခွဲ ရှိပြီ ဖြစ်ပြီး အဆိုပါ အသက်အရွယ်၌ သေဆုံးခြင်းသည် ရေဘ၀ဲ တစ်ကောင်၏ သာမန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စကြောင်း အဆိုပါ တာဝန်ရှိသူ များက ဖြေရှင်းခဲ့ကြသည်။ ရေဘ၀ဲလ် ပေါလ်သည် သာမန် သဘာဝ ဖြစ်ရိုး ဖြစ်စဉ် အတိုင်းသာ သေဆုံးခဲ့ခြင်း ဖြစ်ပြီး ပြင်ပ ပယောဂ လုံးဝ မပါဝင် ကြောင်းလည်း ပြတိုက် တာဝန်ရှိသူ များက ဆိုခဲ့သည်။


ရေဘ၀ဲ ပေါလ်သည် ပြီးခဲ့သည့် ၂၀၁၀ တောင်အာဖရိက ဘောလုံး ပြိုင်ပွဲတွင် ဂျာမနီ အသင်း၏ ပွဲစဉ် ၇ ပွဲကို ရာနှုန်းပြည့် မှန်ကန်အောင် ခန့်မှန်းပေး နိုင်ခဲ့သည့် အပြင် စပိန်နှင့် ဟော်လန်တို့ ဗိုလ်လုပွဲ ကိုလည်း စပိန် ဗိုလ်စွဲမည်ဟု မှန်ကန်စွာ ခန့်မှန်းနိုင် ခဲ့သည့် ထူးခြား ရေသတ္တ၀ါ ဖြစ်သည်။

Monday, 25 October 2010

မြန်မာနိုင်ငံတွင်..အသုံးပြုခဲ့သော..အလံများ


အောက်မှာတွေ့ရတဲ့ အလံတွေကို တော့ မြန်မာနိုင်ငံ ရှေးဟောင်းအလံများ ခေါင်းစဉ်နဲ့ http://fotw.fivestarflags.com/mm-hist.html  ဆိုဒ်မှာတွေ့ရတာပါ .. သုတေသီရဲ့ အဆိုအရတော့ မြန်မာအလံတွေရဲ့ အကြောင်းကစိတ်ဝင်စားစရာ ကောင်းပေမဲ့ ခုချိန်ထိ ပြည့်စုံစွာ မစုဆောင်းနိုင်သေးဘူး လို့ ဆိုပါတယ်..


အပိုင်း (၁)

ဒီအလံ ၆ ခု ကတော့ ဗြိတိသျှ လက်အောက် မကျရောက်မီက မြန်မာနိုင်ငံတော် အတွင်း အသုံးပြုခဲ့သော အလံတော်များပါတဲ့ ..

(၁) ရွှေဟသာင်္ အလံ တော် ( ၁၃၀၀ - ၁၅၀၀ အကြား)


(၂) သူရဲကြီး အလံ (၁၃၀၀ - ၁၈၈၅ အကြား)


(၃) ကုန်းဘောင်ခေတ်အလံ (၁၇၀၀ - ၁၈၈၅)
 (၄) ၁၉ ရာစု အလယ် မင်းတုန်းမင်း ခေတ်အလံ

(၅) ဒေါင်းအလံများ



အပိုင်း (၂)


 (၁) Uncertain flag, 1937-1939

 (၂) 9 February 1939 (introduced 6 February) - 1941

 (၃)  Governor's Flag 1939-1941

(၄)  1940 - 1945: Japanese rule

(၅) 1942 Synyethe-Wunthann party

 (၆) Japanese puppet state 1 August 1943 - 1945

(၇) Anti-Japan movement 1943 - 1945





(၈)  1948-1974 Flag of Burma

(9)  1974 - 2010


(၁၀) ၂၀၀၆ - ၂၀၀၇ မှာ အဆိုပြုပြီး အတည်မပြုနိုင်ခဲ့သော အလံ

 http://flagspot.net/images/m/mm-pro07.gif

 

(၁၁) အသစ်စက်စက် အလံတော်

 

အပိုင်း (၃)

၃ ရောင်ချယ် အလံများနဲ့ ပတ်သက်လို့ ၀ီကီထဲမှာ တွေ့ရတဲ့ ပုံတွေ

[edit] Green, red, and yellow

[edit] Horizontal tricolors


အပိုင်း (၄)

အရွယ်တူ ကြယ်ဖြူ ၁၄ လုံး နဲ့ ကြီးပြင်းလာခဲ့ရတာမို့ အဲဒီအလံတွေမီးရှို့ရမယ်လို့ရုတ်တရက်ကြီး ကြားလိုက်ရတော့ အလန့်တကြား ဖြစ်မိရပါတယ်..။

အနီရောင်သည် ရဲရင့်ခြင်း၊ အပြာရောင်သည် ငြိမ်းချမ်းခြင်း တည်ကြည်ခြင်၊ အဖြူရောင်သည်သန့်စင်ခြင်း ရိုးသား ခြင်း၊ အရွယ်တူ ကြယ်ဖြူ ၁၄ လုံး သည် ပြည်နယ်နှင့်တိုင်း ၁၄ ခု အား တန်းတူညီမျှသည်ဟု ကိုယ်စားပြုခြင်း၊ စပါးနှံ နှင့် စက်သွား သည် မြန်မာပြည်၏ အခြေခံအင်အားဖြစ်သော အလုပ်သမား နှင့် လယ်သမားထုအား ကိုယ်စားပြုခြင်း.................ဤသည်တို့ မှာကား.. ကျမ တို့ ငယ်စဉ်က ရင်းနှီးကျွမ်းဝင်ခဲ့ရသော ပြည်ထောင်စု နိုင်ငံတော် အလံ အကြောင်းပင်ဖြစ်ပေသည်။


ကြာသပတေးနေ့ က ရုတ်တရက်ကြီး သင်္ခါ ရသဘောတရား နဲ့ မီးလောင်တိုက်သွင်းခံလိုက်ရသော ကြယ် ၁၄ ပွင့်ရံ နိုင်ငံတော် အလံ ၏ အကြောင်း အား အကြောင်းကြောင့် ကျမ စနေနေ့ ညနေက မှ သိခဲ့ရပြီး.. စိတ်ပျက် လက်ပျက် ဖြစ်နေသော ကျမ . ကို ကျမတို့ PD က မင်း နှယ် . မင်းတို့ တိုင်းပြည်မယ် အစိုးရသစ် ပါလီမန်ဖွဲ့ပြီးတဲ့ချိန် ပြန်ပြင် ရင် ရတဲ့ ကိစ္စတွေပဲ Take it easy. လို့ ပြောလိုက်တာမို့ .. ဟုတ်သား ပဲလေ.. လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဖြေသိမ့်မိပါတယ်. ...ဒါပေမဲ့..  ပြည်သူကို အမှန်တကယ် ကိုယ်စားပြုနိုင်တဲ့ အခြေအနေက ဘယ်လိုမှန်း မသိ နိုင်သေးတာကတော့ တပိုင်း ပေါ့လေ... ပြီးတော့ .. အလံ အသစ်လဲ တာနဲ့ အလံ အဟောင်းက မီးရှို့ စရာ လိုလို့ လား...

လာမဲ့မျိုးဆက် သစ်က လူငယ်လေး တွေ သူတို့ အလံ တော်ကို ဘယ်လို ပုံ ဖော်ကြမလဲ.. ဆက်လက်တွေးတောနေမိပါတယ်.

အားလုံးကိုခင်မင်လေးစားတဲ့


မမသီရိ


မမသီရိ..၀ဘ်ဆိုဒ်မှကူးယူဖော်ပြပါသည်။


Tuesday, 28 September 2010

နိုင်ငံရေးအကျဉ်းကျခံနေရသော..ကိုမြအေး သမီး..မဝေနှင်းပွင့်သုန် ..ရဲ့ ကြိုးပမ်းမှုရုပ်သံမှတ်တမ်း

ဝေနှင်းပွင့်သုန် (နိုင်ငံရေးအကျဉ်းသား ကိုမြအေး သမီး) ရဲ့ အမှာစကား
ရုပ်သံသတင်း
စက်တင်ဘာ ၂၈၊ ၂၀၁၀
ဗြိတိန်နိုင်ငံရောက် မဝေနှင်းပွင့်သုန်က မန်ချက်စတာမြို့တွင် ပြုလုပ်သော လေဘာပါတီ နှစ်ပတ်လည် အစည်းအဝေးသို့ ယမန်နေ့က တက်ရောက်ပြီး မိန့်ခွန်း ပြောခွင့် ရခဲ့သည်။

ထိုမိန့်ခွန်းမှာ အလွန် ပြည့်စုံကောင်းမွန်ပြီး အစည်းအဝေးတက်ရောက်သူများ၊ အင်တာနက်မှ ကြည့်ရှုသူများ စိတ်ဝင်တစား နားထောင်ကြသော မိန့်ခွန်း ဖြစ်သည်။

ဗြိတိသျှ အင်္ဂလိပ် အသံထွက်ဖြင့် ပြောကြားသော ထိုမိန့်ခွန်းတွင် မြန်မာပြည်နိုင်ငံရေး အခြေအနေကို ထိထိမိမိ ဖော်ပြသွားသည်။

မဝေနှင်းပွင့်သုန်၏ ဖခင် ကိုမြအေးသည် ၂၀၀၇ ခုနှစ်က အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရရာမှ မကြာသေးမီက ကယားပြည်နယ်၊ ရှမ်းပြည်နယ် ထောင်များသို့ ပို့ဆောင်ခံရသည်။ ကျန်းမာခြင်းမရှိဟု သိရသည်။


လေဘာပါတီ အစည်းအဝေး မိန့်ခွန်းပြောရာတွင် မဝေနှင်းပွင့်သုန်က ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခံထားရသော ဖခင်နှင့် လုပ်ဖော်ကိုင်ဘက် ၈၈ မျိုးဆက် ခေါင်းဆောင်များ အထိမ်းအမှတ် အဖြစ် အဖြူရောင် အင်္ကျီကို ၀တ်ဆင်ထားသည်။
၆ မိနစ်ကျော်ကြာ မိန့်ခွန်းကို ဘီဘီစီ သတင်းဌာနက တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။ (ဤနေရာ http://enigmaimages.wordpress.com/2010/09/27/waihnin-pwint-thon-speaks-for-burma-and-political-prisoners-at-the-uk-labour-party-conference/ တွင် ကြည့်ရှုနိုင်သည်)

ဗြိတိန် အစိုးရ၏ နိုင်ငံခြားရေးနှင့် ဓနသဟာယဆိုင်ရာရုံး (FCO)က စီစဉ်သည့် ၆ မိနစ်ကြာ မှတ်တမ်းရုပ်ရှင်တခုတွင်လည်း မဝေနှင်းပွင့်သုန် အကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားကြောင်း တွေ့ရသည်။ My Burma, My Voice: Waihnin's Story ဟု အမည်ပေးထားသည့် ထိုမှတ်တမ်းကို http://www.youtube.com/watch?v=gfzylYuz62Q&feature=related ကို တွေ့နိုင်သည်။

မဝေနှင်းပွင့်သုန်သည် BCUK ခေါ် မြန်မာ့အရေးလှုပ်ရှားသည့် Burma Campaign UK တွင် တာဝန်ယူ လုပ်ကိုင်နေသည်။

Tuesday, 14 September 2010

ကျုပ်တို့ လက်ပိုက်ကြည့် နေကြမလား ?

နိုင်ငံသားကောင်းပီသစွာမြန်မာမွတ်စလင်မ်တိှု့လဲသမိုင်းပေးတာဝန်ကိုအုတ်တချပ်သဲတပွင့်ပါဝင်လက်တွဲကြပါစို

အသိပေးနှိုးဆော်ချက်

ဗမာပြည်ဖွားညီအကိုမောင်နှမများခင်ဗျား.... နအဖအလိုတော်ရိများဟာ ၁၇ စက်တင်ဘာ ၂၀၁၀ ဘာလင်မြို့ မှာ ဝါဒဖြန့်ချီရေး ဆွေးနွေးပွဲတခုကိုကျင်းပပါတော့မယ်။ သူတို့ တွေကတော့(ဦး)ခင်ဇော်ဝင်း နဲ့ (ဦး)နေဝင်းမောင် တို့ ဖြစ်ပါတယ်။သူတို့ တွေဟာ နအဖ ရဲ့ အသံ ကို မီဒီယာ တချို့ ရဲ့ အားကိုးနဲ့ ဝါဒဖြန့် ချီဘို့ ဂျာမဏီ မြေပေါ် ကို ရောက်ရှိလာခဲ့ ကြပြီ။ `၂၀၁၀ ရွေးကောက်ပွဲဟာ ဗမာ့ဒီမိုကရေစီပြောင်းလဲရေးအတွက် အခွင့်လမ်းတခုဖြစ်တယ် ` ဆိုတဲ့ ခေါင်းစဉ်အပါအဝင် တခြားသော နအဖ လှည့် ကွက်ခေါင်းစဉ်များကို ဆွေးနွေးကြပါလိမ့်မယ်။ ဒါတွေနဲ့ ဂျာမန်အစိုးရဂျာမန်လူထုကိုလှည့် စားပါတော့မယ်။ ဒါကို ကျုပ်တို့ လက်ပိုက်ကြည့် နေကြမလား ? ရွှေဗမာများနဲ့ ဂျာမန်မိတ်ဆွေများ ဘာလင်တွင် စုပေါင်းကန့် ကွက်ကြမည်။
  • အချိန်........ နံနက် ( ၁၀ ) နာရီ မှ ( ၁၂ ) နာရီခွဲ
  • နေ့ ရက် .... ၁၇ ရက် စက်တင်ဘာလ 2010 ( သောကြာနေ့  )
  • နေရာ Friedrich-Ebert Stiftung
  • Hiroshimastr. 17
  • 10785 Berlin
ညီညွတ်ကြပါစို့ !!!!! ဆက်သွယ်ရန်..........
  • ကိုအောင်သူ 02212 053 974 begin_of_the_skype_highlighting              02212 053 974      end_of_the_skype_highlighting
  • ကိုဆန်နီ 01735 347 534 begin_of_the_skype_highlighting              01735 347 534      end_of_the_skype_highlighting
  • ကိုမင်းမင်း 06940 036 073 begin_of_the_skype_highlighting              06940 036 073