Sunday, 13 September 2009

ရှရီအာသ်တရားတော်မှတားမြစ်ထားသော...ပစ္စည်းရှာဖွေနည်း

(၁)...တစ်ပါးသူ၏ပစ္စည်းကိုထိုသူ၏ကျေနပ်မှုမရရှိပဲ၊အဖိုးအခမပေးပဲ၊အဓမ္မယူခြင်း၊လုယူခြင်း။
(၂)...အကျိုးကိုမျှော်လင့်၍တံစိုးလက်ဆောင်ပေးခြင်း၊ယူခြင်း။
(၃)...ရောင်းဝယ်ရာ၌မုသားပြောခြင်း၊မုသားကစမ်ကျိန်ဆိုခြင်း။
(၄)...အလွဲသုံးစားပြုပြီးရယူခြင်း။
(၅)...ခိုးယူခြင်းနှင့်ဓါးပြတိုက်ခြင်း။
(၆)...ယသီးမ်(မိမဲ့၊ဖမဲ့)ကလေးတို့၏ဥစ္စာပစ္စည်းတို့ကိုမလိုအပ်ပဲသုံးစွဲခြင်း။
(၇)...ချိန်တွယ်ရာတွင်အတိုးအလျော့ပြုလုပ်ခြင်း။
(၈)...မဖွယ်ရာသောကိစ္စများပျံ့နှံ့စေမည့်လုပ်ငန်းများပြုလုပ်ခြင်း။
(၉)...အရက်သေစာရောင်းဝယ်ဖောက်ကားခြင်း။
(၁၀)..ဇိနာမှုဖြင့်စီးပွားရှာခြင်း။
(၁၁)..မူးယစ်ဆေးဝါးပြုလုပ်ရောင်းဝယ်ခြင်း။
(၁၂)..လောင်းကစားမှုဖြင့်ငွေရှာခြင်း။
(၁၃)..ရုပ်တု၊ရုပ်ပုံ၊အရုပ်ပြုလုပ်၍ရောင်းဝယ်ခြင်း။
(၁၄)..ဗေဒင်လက္ခဏာလုပ်ငန်းလုပ်ကိုင်ခြင်း။
(၁၅)..အတိုးပေး၊အတိုးယူခြင်း။

Saturday, 12 September 2009

The Qur'an was revealed on Laylatul-Qadr

Allah tells us that He revealed the Magnificent Qur'an on a blessed night, Laylatul-Qadr (the Night of Decree), as He says elsewhere:

﴿إِنَّا أَنزَلْنَـهُ فِى لَيْلَةِ الْقَدْرِ ﴾


(Verily, We have sent it down in the Night of Al-Qadr) (97:1). This was in the month of Ramadan, as Allah tells us:

﴿شَهْرُ رَمَضَانَ الَّذِى أُنزِلَ فِيهِ الْقُرْآنُ﴾


(The month of Ramadan in which was revealed the Qur'an) (2:185). We have already quoted the relevant Hadiths in (the Tafsir of) Surat Al-Baqarah, and there is no need to repeat them here.

﴿إِنَّا كُنَّا مُنذِرِينَ﴾

(Verily, We are ever warning.) means, telling them what is good for them and what is harmful for them, according to Shari`ah, so that the proof of Allah may be established against His servants.

﴿فِيهَا يُفْرَقُ كُلُّ أَمْرٍ حَكِيمٍ ﴾


(Therein (that night) is decreed every matter, Hakim.) means, on Laylatul-Qadr, the decrees are transferred from Al-Lawh Al-Mahfuz to the (angelic) scribes who write down the decrees of the (coming) year including life span, provision, and what will happen until the end of the year. This was narrated from Ibn `Umar, Mujahid, Abu Malik, Ad-Dahhak and others among the Salaf.

﴿حَكِيمٌ﴾

(Hakim) means decided or confirmed, which cannot be changed or altered. Allah says:

﴿أَمْراً مِّنْ عِنْدِنَآ﴾


(As a command from Us.) meaning, everything that happens and is decreed by Allah and the revelation that He sends down -- it all happens by His command, by His leave and with His knowledge.

﴿إِنَّا كُنَّا مُرْسِلِينَ﴾


(Verily, We are ever sending,) means, to mankind, sending Messenger who will recite to them the clear signs of Allah. The need for this was urgent.

﴿رَحْمَةً مِّن رَّبِّكَ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ رَّبُّ السَّمَـوَتِ وَالاٌّرْضِ وَمَا بَيْنَهُمَا﴾


((As) a mercy from your Lord. Verily, He is the All-Hearer, the All-Knower. The Lord of the heavens and the earth and all that is between them,) means, the One Who sent down the Qur'an is the Lord, Creator and Sovereign of the heavens and the earth and everything in between them.

﴿إِن كُنتُمْ مُّوقِنِينَ﴾

(if you (but) have a faith with certainty.) Then Allah says:

﴿لاَ إِلَـهَ إِلاَّ هُوَ يُحْىِ وَيُمِيتُ رَبُّكُمْ وَرَبُّ ءَابَآئِكُمُ الاٌّوَّلِينَ ﴾


(La ilaha illa Huwa. He gives life and causes death -- your Lord and the Lord of your forefathers.) This is like the Ayah:

﴿قُلْ يَأَيُّهَا النَّاسُ إِنِّى رَسُولُ اللَّهِ إِلَيْكُمْ جَمِيعًا الَّذِى لَهُ مُلْكُ السَّمَـوَتِ وَالاٌّرْضِ لا إِلَـهَ إِلاَّ هُوَ يُحْىِ وَيُمِيتُ

(Say: "O mankind! Verily, I am sent to you all as the Messenger of Allah -- to Whom belongs the dominion of the heavens and the earth. La ilaha illa Huwa. He gives life and causes death...) (7:158)

Monday, 7 September 2009

အီးဒွလ်ဖွသွာရ်..မိတ်ဆုံစားပွဲ..ဖိတ်ကြားလွှာ..


အပ်စလာမ်မို့အာလိုင်းကွမ်း...

အီးဒွလ်ဖွသွာရ်..မိတ်ဆုံစားပွဲ..ဖိတ်ကြားလွှာ..

အလ္လာဟ်အသျှင်မြတ်၏မဟာဂရုဏာတော်ဖြင့်....
မြန်မာမွတ်စလင်(မ်)ရေးရာ..(ဂျာမဏီ)မှ..ကြီးမှူး၍..
ဂျာမဏီရောက်မြန်မာမွတ်စလင်(မ်)များ၊ဥရောပရောက်မြန်မာမွတ်စလင်(မ်)များအားလုံး..
စုပေါင်းပျော်ရွှင်ပြန်လည်ဆုံဆည်းစေရန်ရည်ရွယ်လျက်....

အီးဒွလ်ဖွသွာရ်..မိတ်ဆုံစားပွဲ...ကို

အောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါ၍ကြွရောက်ကြပါရန်
လေးစားစွာဖိတ်ကြားအပ်ပါသည်။



အစီအစဉ်....


နေ့ရက်....ဟစ်ဂျရီ..၁၄၃၀ခုနှစ်၊ရှောင်ဝလ်လ(၈)ရက်
၂၀၀၉ခုနှစ်စက်တင်ဘာလ(၂၆)ရက်၊စနေနေ့

အချိန်....နံနက်(၁၀း၀၀)နာရီ..မှ..ညနေ(၁၈း၀၀)နာရီ

နေရာ....Pfarrheim St.Josef
Schleifergasse 2-4
65929 Frankfurt(Main)Höchst
Germany.

Direction...Frankfurt(Main)ဘူတာကြီးမှ..
S1.Wiesbaden BahnhofရထားLine..(သို့မဟုတ်)
S2.Niedernhausen Bahnhof Line စီး၍..
Höchst ဘူတာ..တွင်ဆင်းပါ။

Wednesday, 26 August 2009

လမြတ်ရမ်ဇာန်၏ ဥပုသ်သီတင်း

အစ္စလာမ်သာသနာတော်၏ မဏ္ဍိုင်ငါးပါးအနက် ရိုဇာစောင့်ထိန်းမှူသည် တတိယမြောက် အရေးအကြီးဆုံးဖြစ်ပြီး ရမ်မဇာန်လမြတ်၏ ထူးမြတ်ခြင်းနှင့် စပ်လျဉ်း၍လည်း မွတ်စလင်မ်ဘာသာဝင်များ သိထားကြပြီးဖြစ်သည်။ ဤလမြတ်၌ ရဆူလ်ကိုယ်တော်မြတ်ကြီး အပေါ်သို့ ကျမ်းမြတ်ကုရ်အာန် ကျရောက်စပြုခဲ့သည်။ ထို့ပြင် ဤလမြတ်၌ပင် သောင်ရာသ်ကျမ်း အင်ဂျီလ်ကျမ်း ဇဗူရ်ကျမ်းများ ကျရောက်ခဲ့လေသည်။

ရမ်မဇာန်လတွင် ထူးခြားသော သီးခြားခ၀ပ်မှူ နှစ်ရပ်ရှိပေသည်။ တစ်မျိုးမှာ ရိုဇဟ်ဥပုသ်စောင့်ထိန်းခြင်းဖြစ်၍ ဒုတိယတစ်မျိုးမှာ သရာဝီနမာဇ် ရကအသ် (၂၀) ဖတ်ခြင်းဖြစ်ပေသည်။

ရိုဇာဟ်နှင့် ၎င်း၏ထူးမြတ်မှူ

အဘိဓာန်တွင် ရိုဇဟ်၏ အဓိပ္ပါယ်မှာ ရပ်တန့်ခြင်း၊ ကြဉ်ရှောင်ခြင်းဟု လာရှိသည်။ တရားတော်မြတ်၏ ဝေါဟာရတွင် နံနက် အာရုဏ်ဦး အချိန်မှစ၍ နေ၀င်သည်ထိတိုင် ရိုဇဟ်၏ ရည်ရွယ်ချက်ဖြင့် စားခြင်း၊ သောက်ခြင်း နှင့် သံဝါသပြုခြင်းများမှ ရပ်ဆိုင်း၍ နေခြင်းကို ရိုဇဟ်ဟုခေါ်သည်။ ရိုဇဟ်စောင့်ထိန်းခြင်းအားဖြင့် ဒုစရိုက်မှူများမှ ရှောင်ကြဉ်နိုင်ပြီး အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုကျိုးခြင်းများ ဖြစ်လာစေရန် ရည်ရွယ်ပေသည်။

ဟဇရသ် အဗုဒ်ဒရ်ဒဟ်သခင်မှ မိန့်ဆိုသည်မှာ - အရာရာတိုင်းတွင် မုခ်ဦးတံခါးရှိ၏။ အေဗာဒတ်၏ တံခါးမသည် ရိုဇဟ် ဖြစ်ပေသည်။

ဟဒီးစ်တော်တစ်ရပ်တွင်မူ - အရာရာတိုင်း၌ ဇကားသ်ရှိ၏။ ခန္ဓာကိုယ်၏ ဇကားသ်သည် ရိုဇဟ်ဖြစ်လေသည် ဟုလာရှိ၏။
သဘောမှာ ဥစ္စာပစ္စည်းအား ဇကားသ်ထုတ်လျှင် ထိုပစ္စည်းသည် ခေတ်ကာလ၏ ဘေးအန္တရာယ် အပေါင်းမှ ကာကွယ်သမှူ ဖြစ်သွား၏။
ထိုကဲ့သို့ပင် ရိုဇဟ်စောင့်ထိန်းခြင်းအားဖြင့် လူသားတို့သည် ခန္ဓာကိုယ်၏ အတွင်းအပြင် ရောဂါဘယတို့မှ ကာကွယ်သမှူ ရရှိလေသည်။

ရစူလ်ကိုယ်တော်မြတ် (စလ္လမ်) မိန့်ကြားတော်မူသည်မှာ - အမှန်စင်စစ် လူသားတို့သည် လမြတ်ရမ်မဇာန်မှ ရိုဇဟ်ဥပုသ်၏ အကျိုးဆ၀ါဗ် မည်၍မည်မျှရှိကြောင်း သိရှိသွားကြမူ တစ်နှစ်တာလုံး ရမ်မဇာန် ဖြစ်နေလျှင်ကောင်းပေစွဟု တမ်းတကြပေအံ့။

လိုရင်းအချုပ်မှာ လမြတ်ရမ်မဇာန်၏ ရိုဇဟ်သည် လွန်စွာထူးမြတ်လှကြောင်းနှင့် အရွယ်ရောက်မွတ်စလင်မ်ဘာသာဝင်များအတွက် မပျက်မကွက် စောင့်ထိန်းရမည်ဖြစ်သော ဖရပ်ဇ်တာဝန်တစ်ရပ်ဖြစ်ကြောင်း ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးစ်ကျမ်းဂန်များတွင် အတိအလင်းပါရှိထားလေသည်။

(လမြတ်ရမ်မဇာန်မှာ ရိုဇဟ်ဥပုသ်ကို တတ်အားသရွေ့စောင့်ထိန်းနိုင်ကြစေဖို့ ရည်ရွယ်ပြီး ဒီပို့စ်လေးတင်ဖြစ်ပါတယ်။ မော်လနာအဘူဘက္ကရ် ပြန်ဆိုထားတဲ့ အစ္စလာမ့်လမ်းညွန်ကျမ်းထဲမှ အနည်းငယ်ပြင်ဆင်ပြီးကူးယူဖော်ပြထားခြင်းပါ။ ရွှင်လန်းချမ်းမြေ့ကြပါစေရှင် )

Just me.

Special thanks to sister Maylaynyo.
copy from www.islam-yaungche.blogspot.com

Thursday, 20 August 2009

သြဂုတ်လ၏လပတ်အစည်းအဝေးကျင်းပခဲ့ခြင်း

မြန်မာမွတ်စလင်(မ်)ရေးရာ၊ဂျာမဏီ...M.B.M.A၏လစဉ်ကျင်းပမြဲဖြစ်သောလပတ်အစည်းအဝေးကို
ယခုလ(၁၅)ရက်၊စနေနေ့၊ညနေ(၃း၃၀)နာရီတွင်GERMANY နိုင်ငံFRANKFURT HÖCHST ၌ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင်ဆင်းရဲနွမ်းပါးသောမြန်မာနိုင်ငံရှိမွတ်စလင်များအားအလှူငွေပေးပို့လှူဒါန်းရန်ကိစ္စနှင့်
GERMANYနိုင်ငံFRANKFURTမြို့၌နှစ်စဉ်ကျင်းပသောအီးဒ်ပွဲတော်မိတ်ဆုံစားပွဲကျင်းပမည့်ကိစ္စများ
ကိုဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးကိုညနေ(၇း၀၀)နာရီတွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

Friday, 7 August 2009

အစ္စလာမ်ဆိုတာ..ငြိမ်းချမ်းရေး

အစ္စလာမ်၏တစ်ခုတည်းသောမှတ်ကျောက်..ကုရ်အာန်..(ဖုရ်ကာန်)


ရမဿွာန်လမြတ်၊ထိုလ၌ပင်ကုရ်အာန်ကျမ်းတော်မြတ်သည်လူခပ်သိမ်းတို့အတွက်၊တရားလမ်းညွှန်အဖြစ်လည်းကောင်း၊
တရားလမ်းညွှန်ရန်ခိုင်မာရှင်းလင်းပြတ်သားသောသက်သေသာဓကများအဖြစ်လည်းကောင်း၊
အမှားအမှန်ခွဲခြားသည့်...မှတ်ကျောက်(ဖုရ်ကာန်)အဖြစ်လည်းကောင်း၊ထုတ်ပြန်ပို့ချခြင်းခံခဲ့ရလေသည်။
...ကြည့်.(ကုရ်အာန်၊၂း၁၈၅)

Saturday, 1 August 2009

ကုရ်အာန်..နှင့်..ရမဿွာန်

ကုရ်အာန်ကျမ်းမြတ်နှင့်ရမဿွာန်လတို့သည်အချင်းချင်းဆက်စပ်နေ၏။
ကမ္ဘာအ၀ှမ်းရှိမွတ်စလင်(မ်)တို့သည်နေ့စဉ်နေ့တိုင်းဆွလာတ်ဝတ်ပြုရာတွင်နည်းများမဆိုကုရ်အာန်ကျမ်းမြတ်ကို
ရွတ်ဖတ်သရဇ္ဈယ်ကြသည်။
သို့ရာတွင်ရမဿွာန်လမြတ်တွင်..တရာဝီဟ်..ဆွလာတ်ဝတ်ပြုရာ၌ကုရ်အာန်ကျမ်းတော်မြတ်ကိုအစမှအဆုံးတိုင်အထူးသဖြင့်
ရွတ်ဖတ်သရဇ္ဈယ်ကြ၏။
အလ္လာဟ်အရှင်မြတ်သည်ခပ်သိမ်းကုန်သောလူသားတို့နှင့်သက်ရှိသက်မဲ့အရာအားလုံးတို့ကိုမွေးမြူဖန်ဆင်းသော
အရှင်ဖြစ်ပေသည်။
နဗီတမန်တော်မုဟမ္မဒ်(ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည်အရဗ်လူမျိုးတမျိုးတည်းအတွက်ပွင့်လာတော်မူသည်မဟုတ်၊
ခပ်သိမ်းကုန်သောလူသားတို့အတွက်ပွင့်တော်မူသည်။
ကြည့်၊ကုရ်အာန်(၇း၁၅၈၊၂၁း၁၀၇)

အာဇာနည်များ၏ မြှုပ်နှံမှုမှဖေါ်ကြူးသော စည်းလုံးညီညွတ်ရေးစိတ်ဓါတ်

ဆရာကြီးဦးရာဇတ်ကို ဒဖနာမြေမြှုပ်သဂြို င်္ဟ်သောနေသည် ဇူလိုင်လ ၂၁ ရက်နေ့ဖြစ်သည်။ ထိုနေ့သည် ရမသွာန်လ (၁) ရက်နေ့နှင့် သွားရောက်ကိုက်ညီနေပါသည်။

ရမသွာန်လဆိုသည်မှာ အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လဖြစ်ပါသည်။ ဥပုသ် စစောင့်တဲ့ ပထမရက်ဖြစ်ပါသည်။

ဤတွင် ပြဿနာတစ်ခု ရှိလာပြန်ပါသည်။ ရဲဘော်မောင်ထွေးဟာ ရှီအာမွတ်စလင်မ်တစ်ဦးဖြစ်ပါသည်။

သူ၏ ဖခင်မှာ (၃၁)လမ်းတွင်ရှိသော မဂိုရှီအာ ပလီမှ ဂေါပက လူကြီးဦးကိုလေးဆိုသူဖြစ်သဖြင့် ရှီအာ မွတ်စလင် သင်္ချိုင်းတွင် သဂြို င်္ဟ်ရန်ပထမ စီစဉ်ကြပါသေးသည်။

အဲဒီအချိန်တွင် ဗ-မ-က အထွေထွေအတွင်းရေးမှုး မစ္စတာလတစ်ခန်( ခ) ဦးခင်မောင်လတ်၊ ဗ-မ-က အဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှုး ဦးကြွယ်ဝ စတဲ့ ခေါင်းဆောင်များက ဦးကိုလေးနှင့် ဆွေးနွေးကြပါသည်။



ဆရာကြီးဦးရာဇတ်က စွန်နီသင်္ချိုင်းသွားမယ် ၊ ရဲဘော်မောင်ထွေးက ရှီအာမွတ်စလင်သင်္ချိုင်းသွားမယ်၊ အဲဒီလိုဆိုယင် မွတ်စလင်ညီညွတ်ရေးဟာ ပျက်ပြားသွားနိုင်တယ်၊ အဲဒါကြောင့်မွတ်စလင်တွေအနေနဲ့ စုစုစည်းစည်းနဲ့ပဲ တာမွေ စွန်နီမွတ်စလင် သင်္ချိုင်းမှာ ဒဖနာ (မြေမြှုပ် သဂြို င်္ဟ်) ဖို့လိုတယ် လို့ဆွေးနွေးညှိနှိုင်းကြပါသတဲ့။ တခြားဘာသာခြားတွေထဲမှာ ကိုယ့်အထုပ်ကိုယ်ဖြေပြသလိုဖြစ်နေမယ်။

စွန်နီမွတ်စလင်တွေ အနေနဲ့လဲ သူတို့စွန်နီ ( သင်္ချိုင်း ) ကဘတ်စတန်မှာ ရှီအာမွတ်စလင် တွေရဲ့ မယတ် (အလောင်း) ကို မြှုပ်ခွင့်ပြုဖို့ ဆိုတာလဲ အစဉ်အလာမရှိဘူး။ ဒီလိုမြှုပ်ခွင့်ရအောင်လဲ ဗ-မ-က ခေါင်းဆောင်တွေအနေနဲ့ စွန်နီမွတ်စလင် အိုလမာအဖွဲ့ဝင်များနဲ့ သဘောတူချက်ရယူရပါတယ်။

နှစ်ဘက်သဘောတူညီချက် ရတော့မှပဲ တာမွေ ကဘတ်စတန် (သင်္ချိုင်း) မှာ သဂြို င်္ဟ် မြှုပ်နှံလိုက်ပါတယ်။
ဒီဂျနာဇာ နမာဇ် (သရနဂုံတင်ပွဲ) ကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာအစ္စလာမ် သာသနာ့ ပညာရှင်များ အဖွဲ့ချုပ်ရဲ့ ဥက္ကဌင်္ကြီးဖြစ်တဲ့ မွတ်ဖ်သီ မာမွတ် ဒါဝတ် ယူစွတ် ကနေပြီး အီမာန်ရှေ့ဆောင် လုပ်ပြီး ဖတ်ပေးသွားမှာပါတဲ့။

ဆေးရုံကြီးကနေ အလောင်းတွေကို ယူပြီးတော့ သယ်ဆောင်သွားကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များရဲ့ အလောင်းများကို ဂျူဗလီဟောကို သယ်ဆောင်သွားတဲ့အခါမှာ ဆရာကြီး ဦးရာဇတ်နဲ့ ရဲဘော်မောင်ထွေးတို့ရဲ့ အခေါင်း ၂ခုလဲ ပါသွားတယ်၊ ဒီအခေါင်းတွေကို ရဲဘော်တွေကပဲ ထမ်းပြီး သယ်ဆောင်သွားခြင်းပါ။

နောက်တစ်ခါ ဂျနာဇာ ၂ ခုသတ်သတ်ကို အဲဒီ အာဇာနည်တွေရဲ့ ခေါင်းတွေနောက်မှာ အစ္စလာမ်ဂျနာဇာ (အလောင်းထမ်းစဉ်) ၂ ခုလဲဆက်တိုက်ထမ်းလာခဲ့ကြတယ်။ ဂျူဗလီဟောကို ရောက်တဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရဲ့ ခေါင်းတွေအားလုံးကို ဂျူဗလီဟောမှာပဲ ချထားလိုက်ပါတယ်။

အဲဒီနောက် ဆရာကြီးနဲ့ ရဲဘော်ကိုထွေးတို့ရဲ့ ဂျနာဇာ ၂ ခုကို အနောက်ဖက်ကနေ ကလေမာ ရှဟာဒတ်ကို (အလ္လာဟ် အရှင်မြတ်နှင့် တမန်တော်မြတ်ကို သက်သေထွက်ဆိုခြင်း) ကျယ်လောင်စွာ ဖတ်ရွတ်ပြီး အပြင်ဘက်ကိုထမ်းပြီးထွက်လာကြပါတယ်။ အပြင်ဘက်ကိုရောက်တဲ့အခါမှာ ၀င်းပေါက်က စောင့်ကြိုနေတဲ့ ဗမာမွတ်စလင် (မြန်မာမွတ်စလင်) ထုကြီးဟာဆီးကြိုပြီး တစ်ယောက်တစ်လက် ထမ်းသွားပါတော့တယ်။ အဲဒီ ဗမာမွတ်စလင် (မြန်မာမွတ်စလင်) လူအုပ်ကြီးထဲမှာပဲ ဆရာကြီး ဦးရာဇတ်ရဲ့ ဇနီးသည် ဒေါ်ခင်ခင်ကိုယ်တိုင်လဲ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။ ကန်တော်ကြီးလမ်းအတိုင်းသယ်ဆောင်သွားရာမှာ ဆရာကြီးဦးရာဇတ်အိမ်ရှေ့ ပဒုမ္မာလမ်း ခြံအမှတ်( ၁၀ ) အရှေ့ရောက်တော့ ဒေါ်ခင်ခင်လဲရှေ့ဆက်လိုက်မပို့တော့ဘူး၊ အိမ်မှာပဲဝင်နေလိုက်ပါတယ်။

ဒီအသုဘပို့ဆောင်ရေးလုပ်ငန်းတစ်ခုလုံးကို ဗ-မ-က အဖွဲ့ချုပ်က မစ္စတာလတစ်ဖ်ခန်း( ဦးခင်မောင်လတ်) ၊ ဦးကြွယ်ဝ အစရှိတဲ့ ခေါင်းဆောင်များက ဦးစီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဦးကြွယ်ဝ ကအရှေ့ ကဂျနာဇာကို ဦးဆောင်ပြီး အစီအစဉ်နဲ့ ရှေ့ဆောင်သွားပါတယ်၊ ကြက်ပျံမကျ စည်စည်ကားကား လိုက်ပို့ပေးကြပါတယ်။

ဒီပရိတ်သတ်ထဲမှာ ဗမာမွတ်စလင် (မြန်မာမွတ်စလင်) အမျိုးသားအမျိုးသမီးများအပြင် အခြားမြန်မာတိုင်းရင်းသားလူမျိုးများ ဘာသာကွဲများကလဲ လိုက်ပါပို့ဆောင်ကြပါတယ်။ တစ်လမ်းလုံး ကလေမာ ရှဟာဒတ်ကို (အလ္လာဟ် အရှင်မြတ်နှင့် တမန်တော်မြတ်ကို သက်သေထွက်ဆိုခြင်း) ရွတ်ဆိုသွားတဲ့ အသံကြီးဟာလဲ မိုးပြိုမတတ်ပါဘဲ။

လူတွေအားလုံးရဲ့ စိတ်ဓါတ်တွေဟာလဲ ကြေကွဲဝမးနည်းမှု တစ်ဘက်က ရှိနေသလို၊ တစ်ဘက်ကလဲ စိတ်ဓါတ်တွေဟာ ရန်သူ့အပေါ် အနိုင်မခံ အရှုံးမပေးလိုတဲ့ စိတ်ဓါတ်မျိုးနဲ့ ဒေါသရောင်တွေကလဲ လွှမ်းလျက်ရှိနေပါတယ်။ စိတ်ဓါတ်တွေဟာတက်ကြွမှုအပြည့်နဲ့ပါ။

ရွှေတိဂုံပတ်ဝန်းကျင်ရောက်တဲ့အခါမှာလဲ မြန်မာများနဲ့ တခြားမြန်မာတိုင်းရင်းသား လူထုကြီးတစ်ရပ်လုံး ဟာလဲ လှိုက်လှိုက်လှဲလှဲ ဂျနာဇာကို စောင့်ကြိုနေကြပါတယ်။ အဲဒီကနေ့တစ်ချို့လဲ လိုက်ပါပို့ဆောင် ကြပါတယ်။ တာမွေ မွတ်စလင် စွန်နီ ( ကဘတ်စတန်) သင်္ချိုင်း ရောက်တဲ့အထိပဲ တစ်ယောက်နဲ့ တစ်ယောက် ပခုံးပြောင်းပြီး ဂျနာဇာများကို ထမ်းပို့ကြပါတယ်။

ဒီအချိန်က အစ္စလာမ်ဘာသာဝင်များရဲ့ ပထမဦးဆုံး ဥပုသ်လ၀င်တဲ့ ပထမရက်။ တစ်နေ့လုံး အစားအစာ မစားရဘူး၊ ရေကြည်တစ်ပေါက်လဲ မသောက်ရတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်ပါ။ လိုက်ပါပို့ဆောင်ကြတဲ့ မွတ်စလင်အများစုဟာလဲ ဥပုသ်စောင့်သူက အများစုဖြစ်ပါတယ်။ ဒါပေမဲ့ ဂျူဗလီဟောကနေ တာမွေဆိုတဲ့ခင်္ရီးဟာ ၂ မိုင် လောက်ဝေးပါမယ်။ နေပူထဲမှာပဲ ဒီဂျနာဇာ ကိုမောတာပန်းတာကို အပထားပြီး ပို့ဆောင်ကြပါတယ်။

ကဘတ်စတန်သင်္ချိုင်း ရောက်ပြန်တော့ မျက်နှာဖြူ နိုင်ငံခြားသား တော်တော်များများလဲ ရောက်နေပါတယ်။
အင်္ဂလိပ်တွေပဲ ဖြစ်မယ်လို့ ဆရာမောင်ကို ဂဖာရီက ပြောပြပါတယ်။ သတင်းထောက်တွေ နိုင်ငံရေးသမားတွေ ဖြစ်ပါမယ်။ အဲဒီအထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အင်မတန်ရင်းနှီးခဲ့တဲ့ ဗြိတိသျှ လေဘာပါတီရဲ့ ပါလီမန်အမတ် မစ္စတာ ဘော့ထွန်လီလဲ ပါရှိပါတယ်။ ဥရောပတိုက်သားဧည့်သည်တွေထဲက တချို့တွေလဲ ဓါတ်ပုံတွေရိုက်ကြတယ်။ တချို့လဲ ရုပ်ရှင်ရိုက်ကြတယ်။

ဂျနာဇာနမာဇ်ဖတ်ရာမှာလဲ အခုခေတ် ဂျနာဇာနမဇ်ဖတ်ဖို့လုပ်ပေးထားတဲ့နေရာမှာပဲ ဖတ်ကြတယ်။ လူတွေကများလွန်းလို့ ဂျနာဇာနမာဇ်ဖတ်ရာမှာ ပြွတ်သိပ်ပြီး တန်းစီဖတ်ကြရတယ်။ ဂျနာဇာ နှစ်ခုစလုံးကို တနေရာတည်းမှာထားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာသာသနာ့ ပညာရှင်များ အဖွဲ့ချုပ် ဥက္ကဌကြီး မွတ်ဖတီ မာမွတ်ဒါဝတ်ယူစွတ်က အီမာန်ရှေ့ဆောင် လုပ်ပြီး တစ်ချိန်တည်းဖတ်ပေးပါတယ်။

(ဒီတုန်းက စွန်နီနဲ့ ရှီယာ မွတ်စလင်များရယ်လို့ ကွဲနေပေမယ့် အစ္စလာမ်ဘာသာဝင်အဖြစ် ကွဲကွဲ ပြားပြားရှိနေတဲ့ စွန်နီရှီယာရယ်လို့ခွဲတဲ့စိတ်ကို မျက်ကွယ် ပြုပြီး အစ္စလာမ်တို့ရဲ့ညီညွတ်ရေးကို ရှေးရှုတဲ့အနေနဲ့ ရှီအာနဲ့ စွန်နီ မွတ်စလင်အသိုင်းအ၀ိုင်းခေါင်းဆောင်ကြီင်္းတွေက ခွဲခြားမှုမလုပ်ပဲ ဒီ အာဇာနည်များရဲ့ ဂျနာဇာကို တစ်နေရာတည်းမှာ ပဲ ဒဖနာ (မြေမြှုပ် သဂြို င်္ဟ်) ခြင်းကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ပါတယ်။

တကယ်တော့ ဒီမြှုပ်နှံမှုကိုကြည့်ယင် မွတ်စလင်များအတွင်းမှာ စွန်နီ - ရှီအာ စုစည်းမှုတစ်ရပ်ကို တွေ့နိုင်သလို တိုင်းပြည်ကိုချစ်ကြတဲ့ မြန်မာနိုင်ငံဖွား တိုင်းရင်းသားညီနောင်များအချင်းချင်းထားရှိခဲ့တဲ့ ချစ်ခင်မှု စိတ်ဓါတ်ကို အတုယူနိုင်ကြမှာဖြစ်ပါကြောင်း (MMM media)

(၁၄-၂-၈၈) နေ့က ဆရာဦးမောင်ကို ဂဖာရီကို ကျမ်းပြုသူအိမ်မှာ ဖိတ်ကြားပြီး ဆရာကြီး ဦးရာဇတ် ဂျနာဇာ ( အသုဘ) ချတဲ့ နေ့က အကြောင်းတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းတဲ့ အခါမှာသိရတဲ့ အချက်တွေကို မြန်မာ့အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ် စာအုပ်တွင်ဖေါ်ပြနိုင်ရန် ကျမ်းပြုသူ ၀မ်းအိုဝမ်းကျော်ဝင်းမောင်မှ မေးမြန်းစုစည်းတင်ပြချက်အား ပြန်လည်ကူးယူဖေါ်ပြပါသည်။
myanmar muslim.netမှကူးယူဖော်ပြပါသည်။
)
y
n
a
m
r
e
G
(
A
.
M
.
B
.
M