Friday, 26 March 2010

U Thuzana

U Thuzana                                                            

copy from www.myanmarmuslim.net

Thursday, 18 March 2010

မြန်မာ့ရိုးရာအတာသင်္ကြန်ဖိတ်ကြားလွှာ (၁၈.၄.၂၀၁၀)

ဂျာမဏီအတာသင်္ကြန်ပွဲတော်မှာ နော်ဝေးနိုင်ငံမှထွန်းသစ်စ အနုပညာအင်အားစု နှင့်
ကျွန်တော်တို့ ဂျာမဏီနိုင်ငံမှ BLUE MOON BAND တို့ ပူးပေါင်းပြီးထူးထူးခြားခြားဖျော် ဖြေပေးမည်ဖြစ်သည့်အတွက်၊ အားပေးကြမည့် ညီအစ်ကိုမောင်နှမများ၊ အချိန်မှီလာ

ရောက်အားပေးကြဘို့ အထူးမေတ္တာရပ်ခံပါသည်။

ကျင်းပမည့်ရက်........18.04.2010

ကျင်းပမည့်အချိန်.......နံနက် ၁၀နာရီမှ ညနေ ၆နာရီ

ကျင်းပမည့်နေရာ.......SAALBAU TSG-HALLE FECHENHEIM PFORTEN STR-55


60358, FFM.

စီးရမည့်ရထား........STRASSE-BAHN 11(FECHENHEIM သွားသည့်ဘက်အခြမ်းမှစီး


၍ ဂိတ်ဆုံးမှတ်တိုင်မှာဆင်းပါ၊ ၄င်းမှတ်တိုင်မှ SAALBAU TSG-HALLE သို့ ၅မိနစ်ခန့် လမ်း


လျှောက်ရပါမည်။

မှတ်ချက်။

လက်မှတ်တစ်စောင် ၁၅ယူရို (ကံစမ်းမဲနှင့်ခေါက်ဆွဲကြော်)

မိသားစုလက်မှတ်တစ်စောင် ၂၅ယူရို (မိသားစုအားလုံး)(ကံစမ်းမဲနှင့်ခေါက်ဆွဲကြော်)

ခေါက်ဆွဲကြော်အကျွေးမွေးအစီအစဉ် (၁၁နာရီ မှ ၁၂နာရီ ၃၀မိနစ်)
                                       
post share by mingalar07.blogspot.com

Tuesday, 16 March 2010

အစ္စ္စ္စလာမ့်ဥပဒေကိုလေ့လာခြင်း။

အစ္စလာမ့်ဥပဒေကိုလေ့လာမယ်ဆို၇င်ပထမနှင့်အဓိကအဆင့်အနေနင့်ကျမ်းမြတ်ကု၇်အာန်ကိုလေ့လာ၇မှာဖြစ်ပါတယ်။
ကျမ်းမြတ်ကု၇်အာန်ကိုမူ၇င်းအာ၇ဗ္ဗီမှဘာသာပေါင်းများစွာနဲပြန်ဆိုထားတဲ့အတွက်မည်သူမဆိုလေ့လာ၇လွယ်ကူနိုင်ပါတယ်။
သို့သော်ကျမ်းမြတ်ကု၇်အာန်ကိုနားလည်တယ်ဆို၇ာတွင်အပေါ်၇ံနားလည်မှုနဲ၊အ့သျှင့်၇ဲ့၇ည်၇ွယ်ချက်ကိုနက်၇ှိုင်းစွာနားလည်
မှုဆိုတဲ့ပုံစံနှစ်မျိုးကိုယေဘူ၇အားဖြင့်တွေ့၇မှာဖြစ်တယ်။လေ့လာသူ၇ဲ့အ၇ည်အခြင်းအပေါ်မူတည်ပြီး၇လာမယ့်အသိဟာလဲ
ကွဲပြားလာမှာဖြစ်ပါတယ်။လေ့လာသူတယောက်အနေနဲ့အခြေခံအကြဆုံးအချက်က(တောင်ဟိဒ်)ကိုယုံကြည်ခြင်းဖြစ်တယ်။
(တောင်ဟိဒ်)ကိုသံသ၇၇ှိနေတဲ့လူတယောက်အနေနဲ့ကု၇်အာန်ထဲက၇လာမယ့်အသိဟာသံသ၇အသိထက်ပိုနိုင်မှာမဟုတ်ပါဘူး။
ဒီနေ့ကမ္ဘာမှာကု၇်အာန်ထဲကစာသားတချို့ကိုထုပ်ပြီးအစ္စလာမ်ကိုအမျိုးမျိုးအဓိပါယ်ဖွင့်ပြနေတာဟာ(တောင်ဟိဒ်)ကိုမယုံကြည်
တဲ့လူတွေ၇ဲ့လုပ်၇ပ်အဖြစ်သက်သေခံနေတာကိုတွေ့၇မှာဖြစ်တယ်။ဒါကြောင့်နှလုံးသားမည်းမညဲးနဲကု၇်အာန်နားကိုကပ်မယ်ဆို၇င်
၇လာမယ့်အသိဟာလည်းမည်းမည်းဘဲဖြစ်နေမယ်။
(တောင်ဟိဒ်)ကိုယုံကြည်တဲ့လူတွေအနေနဲ့လဲမိမိ၇ဲ့(တက္က၀ါ)တ၇ားအပေါ်မှာအခြေခံပြီးကျမ်းမြတ်ကု၇်အာန်ထဲက၇လာမယ့်အသိ
ဟာလဲကွဲပြားသွားမှာဖြစ်ပါတယ်။အလ္လာဟ်အသျှင်မြတ်ဟာလူသားကိုစဉ်းစားတွေးခေါ်တတ်တဲ့အသိညာဏ်ကိုပေးထားပြီးကျမ်း
တော်မြတ်ထဲမှာတွေးခေါ်မျော်မြင်ကြဖို့အကြိမ်ကြိမ်လဲတိုက်တွန်းထားပါတယ်။......အကြင်သူသည်ထိုအ၇ပ်ဒေသ(မက္ကာ)သို့ဝင်
အံ့၊ထိုသူသည်ဘေးကင်လုံခြုံအံ့။.........(စူ၇ာဟ်-၃ အာယာတ်-၉၇)နှစ်စဉ်ဟာ၈်ျခ၇ီးမှာပုံစံအမျိုးမျိုးနဲ့လူတွေသေဆုံးတာကို
ကျွန်တော်တို့တွေ့နေ၇တယ်။လက်တွေအခြေအနေနဲ့ေ၇ှ့အာယာတ်မှာပြောထားတဲ့အလ္လာဟ်၇ဲ့ဂတိစကားဟာဆန့်ကျင်ဘက်ဖြစ်
နေတယ်။အမှန်တကယ်ကဒီနှစ်ခုဟာဆန့်ကျင်ဘက်မဟုတ်ဘူး။အလ္လာဟ်ပြောနေတဲ့(ဘေးကင်းလုံခြုံမှု)ဆိုတာကိုကျွန်တော်တို့
အနေနဲ့နားလည်မှုလွဲနေတာဖြစ်ပါတယ်။ဒါကိုဆက်စပ်နားလည်နိုင်၇န်အတွက်(တက္က၀ါ)တ၇ားနဲ့(အေလာမ်)လိုအပ်ပါတယ်။ဒါ
ကြောင့်အစ္စလာမ်၇ဲ့ဥပဒေအ၇င်းအမြစ်ဖြစ်တဲ့ကျမ်းမြတ်ကု၇်အာန်ကိုနားလည်နိုင်၇န်အတွက်၊ပထဆုံးအနေနဲ့လူသားတယောက်
မှာ၇ှိသင့်၇ှိထိုက်တဲ့ပညာနဲ့အသိတ၇ားကိုတစေ့တစောင်းနားလည်နိုင်၇န်တင်ပြလိုက်၇ပါတယ်။(ဆက်လက်ဖေါ်ပြပါမည်)
မင်းသိန်း။(ေ၇ွှနီမြေ)

Saturday, 13 March 2010

ရိုဟင်ဂျာ ဘယ်သူလဲ ဘာလဲ

ရိုဟင်ဂျာ ဘယ်သူလဲ ဘာလဲ

Friday, 13 February 2009 14:12 အောင်တင်

နှစ်နိုင်ငံကမြန်မာပြည်ရဲ့ နယ်စပ်တနံ တလျားမှာိုခွပြီး နေထိုင်နေကြတဲ့ တိုင်းရင်းသားတွေ ရှိနေပါတယ်။ မြို၊ ခမီး၊ လူချိုင်း၊

မရမာကြီး၊ ရခိုင်၊ ချင်း၊ နာဂ၊ မီဇို၊ ကချင်၊ ရှမ်း၊ ၀၊ ပအို့၊ ပလောင်၊ လီဆူး၊ ပဒေါင်၊ ကရင်၊ မွန်၊ စသဖြင့် တိုင်းရင်းသားအသီး

သီးသည် မြန်မာနိုင်ငံဘက်မှာ နေထိုင်ကြသူများရှိသလို တဘက်နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ၊ တရုတ်၊

လာအို၊ ယိုးဒယားနိုင်ငံတို့မှာ နေထိုင်ကြသူများလည်း ရှိပါတယ်။ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးတွေကို

မိမိအခြေချနေထိုင်သောနိုင်ငံတွေမှာ ရရှိနေပါတယ်။ ရလဲရသင့်ပါတယ်။ ရပိုင်ခွင့်လဲ ရှိပါတယ်။

အဲဒီတိုင်းရင်းသားတွေလိုပဲ မြန်မာနဲ့ ထိုင်းနိုင်ငံ နယ်စပ်တွေမှာ နှစ်တွေရာထောင်ချီပြီး နေထိုင်ခဲ့ကြတဲ့ ပသျှူးလူမျိုးများ ရှိ

နေပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်းမှာနေထိုင်တဲ့ ပသျှူးတွေကို ထိုင်းနိုင်ငံက တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားသော်

လည်း၊ မြန်မာနိုင်ငံဘက်မှာနေထိုင်တဲ့ ပသျှူးတွေကိုတော့၊ မူလတိုင်းရင်းသား(၁၄၃)မျိုးမှာ တရားဝင်အသိအမှတ်ပြုထားခဲ့

ပေမယ့် မဆလ ခေတ်ကစပြီး ယနေ့တိုင်စစ်အစိုးရအဆက်ဆက်က တိုင်းရင်းသားအဖြစ်က ပယ်ဖျက်ပစ်လိုက်ပါပြီ။

ဘာကြောင့် ပါလဲ။

ရခိုင်ပြည်မှာနေတဲ့ ကမန်လူမျိုးတွေဟာ သမိုင်းအထောက်အထားတွေအရ ဘယ်လိုမှငြင်းမရတဲ့တိုင်းရင်းသားစစ်စစ်တွေ

ပါ။ ကမန်လူမျိုးတွေဟာ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံမှအပ တခြားဘယ်နိုင်ငံမှာမှ နေထိုင်သူများလည်း မဟုတ်ကြပါဘူး။

မဆလခေတ်အထိ တိုင်းရင်းသားအဖြစ် အသတ်မှတ်ခံထားရပေမယ့် အခု န၀တ၊ နအဖလက်ထက်ကျမှ ဒီလောက်သမိုင်း

စဉ်လာအရ အထင်ကရ တိုင်းရင်းသားတွေဖြစ်ကြတဲ့ ကမန်လူမျိုးတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုတော့

ပါဘူး။ သူတို့ကို မှတ်ပုံတင် မထုတ်ပေးတော့ဘူး။ ခရီးသွားလာခွင့် ကန့်သတ်ထားတယ်။ သေမလို့ဖြစ်နေရင်တောင်

ရန်ကုန်ကို ဆေးသွားကုဖို့ ခရီးသွားလက်မှတ်ကအစ အင်မတန်ခက်ခဲနေပါတယ်။ ဘာကြောင့်ပါလဲ။

ကိုးကန့်လူမျိုးသည် မြန်မာ့သမိုင်းတလျှောက်လုံးတွင် မည်သည့်အခါမှ တိုင်းရင်းသား မဟုတ်ခဲ့ပါ။ ရှမ်းလူမျိုး အတိုက် အခံ

ခေါင်းဆောင်တဦးက ကိုးကန့်ဟာ ရာခိုင်နှုန်းပြည့် တရုတ်လူမျိုးစစ်စစ်ဖြစ်တယ်လို့ ပြောပြခဲ့ဖူးပါတယ်။ န၀တ၊ နအဖတို့က

ကိုးကန့်ကို တိုင်းရင်းသားအဖြစ် ထပ်တိုးသတ်မှတ်လိုက်တော့၊ အမျိုးပျောက်မှာ စိုးကြောက်တတ်သူများ ကန့်ကွက်သံ

မကြားလိုက်ရပါဘူး။ ဘာကြောင့်ပါလဲ။

ကမန်နဲ့ ပသျှူးလူမျိုးတွေမှာ တူညီမှုတခု ရှိနေတာကိုတော့ ပြောဖို့လိုမယ်ထင်ပါတယ်။ သူတို့တွေဟာ အစ္စလမ်ဘာသာ ကို

သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါတယ်။ ကိုးကန့်တို့သည် အစ္စလမ်ဘာသာဝင်များ မဟုတ်ပါ။

နိုင်ငံသားတိုင်းလွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိသည်ကို လက်မခံနိုင်သေးသူများရှိနေပါသလား။ ဒါမှမဟုတ် နိုင်ငံတော်

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ အစ္စလမ်ဘာသာမှလွဲ၍ အခြားဘာသာများကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိ

သည်လို့ ပြဌာန်းဖို့လိုအပ်နေတယ်လို့ ထင်ပါသလား။ ဒါမှမဟုတ် ကျနော်တို့သည် အမေရိကန်သမ္မတ အိုဘားမားပြော

သလို ၂၁ ရာစုအတွက် အဆင်သင့် မဖြစ်သေးသူများလား။

ဒီနေရာမှာ စကားညှပ်အနေနဲ့ ထည့်သွင်းပြောကြားလိုတာက ကျနော်သည် ကိုးကန့်ဆန့်ကျင်ရေး၊ တရုတ်မုန်းတီးရေး

သမား မဟုတ်သလို တိုင်းချစ် ပြည်ချစ် မြန်မာတရုတ်များကို ချစ်ခင်လေးစားသူလည်းဖြစ်ပါတယ်။ ကျနော်တို့ မြန်မာ

မွတ်စလင်များသည် မြန်မာတရုတ်များကဲ့သို့ တိုင်းရင်းသားသွေးပါသူများဖြစ်ပြီး တိုင်းချစ်ပြည်ချစ်များ၊ တိုင်းပြည်အတွက်

အသက်စွန့်ကာကွယ်တတ်သူများ ဖြစ်ကြပါတယ်။ မြန်မာပြည်ကို မြန်မာတိုင်းရင်းသားတွေကလွဲလို့ တရုတ်ပဲဖြစ်ဖြစ်၊

ဘင်္ဂါလီပဲဖြစ်ဖြစ် လွှမ်းမိုးလာမှာကို မြန်မာမွတ်စလင်ကော၊ မြန်မာတရုတ်ကော လက်မခံနိုင်ပါဘူး။

ရိုဟင်ဂျာ ဘာလဲ

ရိုဟင်ဂျာကိစ္စကို စမပြောခင် စာဖတ်သူများကို မေတ္တာရပ်ခံလိုတာက ရိုဟင်ဂျာကိုဘယ်လိုမြင်ပါသလဲဆိုတာကို ကိုယ့်ဘာ

သာမေးပြီး ကိုယ့်ဘာသာအရင်စမ်းပြီးဖြေကြည့်ပေးစေချင်ပါတယ်။ ရိုဟင်ဂျာတွေကိုလူအဖြစ်အသိအမှတ်ပြုနိုင်ပါသလား။

မေးခွန်းက သိပ်ရင့်သီးတယ်၊ အပြစ်တင်လိုသူများရှိလျင် ယနေ့ ရိုဟင်ဂျာတွေကိုထိုင်းနိုင်ငံမှာ လှေပျက်ထဲထည့်ပြီး

ပင်လယ် ထဲမျှောချတာကို တွေ့နိုင်ပါတယ်။ အဲဒါက ထိုင်းပဲ။ ကျုပ်တို့မြန်မာပြည်မှာ ဒါလောက်တော့ မဆိုးသေးပါဘူး

ဆိုလာရင် ဆက်ဖတ်ကြည့်စေချင်ပါတယ်။

ကျနော်တို့နိုင်ငံမှာ ရိုဟင်ဂျာတွေကို ခွေးဆိုး၊ ခွေးရူးတွေထက်ပိုဆိုးတဲ့ ဗိုင်းရပ်စ်ရောဂါပိုးလိုသဘောထားတဲ့ ပညာရှင်များ၊

ခေါင်းဆောင်များ ရှိနေပါသေးတယ်။ သူတို့ရေးပြီး လူသိရှင်ကြား ကြေညာထုတ်ဝေတဲ့ ရိုဟင်ဂျာဆန့်ကျင်ရေး Influx Virus

ဆိုတဲ့စာအုပ်အမည်ဟာ ရိုဟင်ဂျာတွေကို ရွံရှာမုန်းတီးစရာ ကောင်းတဲ့၊ အင်မတန်အန္တရာယ်ကြီးတဲ့ ဗိုင်းရပ်စ်ပိုးတွေ အဖြစ်

သတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေကို မပြန့်ပွားခင်အချိန်မီအလျင်အမြန် ဖျက်ဆီးပစ်ရသလို ရိုဟင်ဂျာ

တွေကို မျိုးတုန်း ဖျက်ဆီးပစ်ရမယ်လို့ ပွင့်ပွင့်လင်းလင်း လှုံ့ဆော်လိုက်ခြင်းဖြစ်ပါတယ်။ အင်မတန် ရက်စက်ကြမ်းကြုတ် တဲ့

အတွေးအမြင်ပါ။

လူမျိုးတွေရဲ့ အမည်ပေးပုံကို ဆက်လက်ဆွေးနွေးလိုပါတယ်။

ရခိုင်လူမျိုးတွေကို မာဂဓဆိုတဲ့စကားက ဆင်းသက်လာတဲ့ မောက်လူမျိုးလို့ခေါ်ခဲ့တယ်လို့ ဖတ်ဖူးပါတယ်။ အာရကန်

လူမျိုးလို့လဲ သမိုင်းမှာ အထင်အရှားရှိနေခဲ့ပါတယ်။ သို့သော် အမျိုးကို ချစ်ခြင်း၊ အမျိုးဂုဏ်ကို စောင့်ရှောက်ခြင်းလို့

အဓိပ္ပာယ်ရတဲ့ ရခိုင်(ရက္ခိုင်)လူမျိုးလို့ခေါ်မှ နှစ်သက်ကြတာမို့ မောက်၊ အာရကန်လို့မခေါ်တော့ဘဲ အားလုံးက ရခိုင်

လူမျိုးလို့ခေါ်ကြပါတယ်။

တောင်သူက ပအို့၊ တလိုင်းက မွန်၊ ဂျိန်းဖောက ကချင်၊ ဆီရမ်(Siam)က ထိုင်း(Thai)၊ ဆီလုံ(Ceylon)က သီရိလင်္ကာ

(Srilanka)၊ အက်စကီးမိုး(Eskimo)က အိနွတ်(Inuit)လူမျိုး စသဖြင့် မိမိအမျိုးအမည်၊ မိမိနိုင်ငံအမည်ကို မိမိစိတ်ကြိုက်

ပြောင်းကြတဲ့အခါ တခြားဘယ်လူမျိုး၊ တခြားဘယ်နိုင်ငံကမှ ငါသဘောမတူရင် ပြောင်းခွင့်မရှိဘူးလို့ မကန့်ကွက်နိုင်ပါဘူး။

ကန့်ကွက်ခွင့် မရှိပါဘူး။ သဘောထားကြီးစွာ၊ နားလည်မှုထားကာ ကာယကံရှင် ကြိုက်နှစ်သက်တဲ့အတိုင်း သတ်မှတ်ခေါ်

ဝေါ်ပေးရတာပါပဲ။

ရိုဟင်ဂျာတွေဟာ တိုင်းရင်းသားလား၊ နိုင်ငံသားလား၊ နိုင်ငံခြားသားလားဆိုတာကို ခဏဘေးဖယ်ထားပြီး သူတို့က သူတို့

ကို ရိုဟင်ဂျာလို့ ခေါ်စေချင်တာကို မခေါ်နိုင်ပါဘူးလို့ ငြင်းသင့်ပါသလား။ ငြင်းခွင့်ကော ရှိပါသလား။ သူတို့ကို သမိုင်း မှာ

စစ်တကောင်းသားလို့ ခေါ်ခဲ့သည်ဖြစ်စေ၊ ဘင်္ဂါလီကုလားလို့ ခေါ်ခဲ့သည်ဖြစ်စေ၊ ခေါ်တောလို့ ခေါ်ခဲ့သည်ဖြစ်စေ၊ ဒီနာ

မည်တွေကို မကြိုက်လို့၊ ဒီနာမည်တွေဟာ နှိမ့်ချခေါ်ဝေါ်တာမို့ မခေါ်ပါနဲ့လို့ တောင်းဆိုတာကို မရဘူး၊ မင်းတို့ နာတာ၊

မကြိုက်တာ ငါဂရုမစိုက်ဘူး။ ငါခေါ်ချင်တာ ငါခေါ်မယ်လို့ တဘက်သားကို နှိမ့်ချပြီး ဆိုသင့် ဆိုထိုက်ပါသလား။

အာဖရိကန်အမေရိကန်တွေကို သမိုင်းတလျှောက်လုံးမှာ အမည်းကောင်(Nigger) လို့ပဲခေါ်ခဲ့ကြပါတယ်။ အမည်းကောင်

(Nigger)လို့ပဲ သမိုင်းမှတ်တမ်းတွေမှာ အထင်အရှား မှတ်တမ်းတင်ထားရှိခဲ့တာမို့ အမဲကောင်(Nigger)လို့ပဲ ခေါ်နိုင်မယ် လို့

ခုနေခါမှာ ပြောရဲသူများရှိပါသလား။ သူများတွေရဲ့ နှလုံးသားကို နာကျင်စေတဲ့ စကားလုံးမျိုး၊ အပြုအမူမျိုးကို ရှောင်ရှား

ခြင်းသည် စာနာတတ်ခြင်း၊ လူသားဆန်ခြင်း ဖြစ်ပါတယ်။ ဘာသာတရားတွေရဲ့ အဆုံးအမများမှာ ပါရှိပါတယ်။ မြန်မာ့ယဉ်

ကျေးမှုနဲ့လည်း ကိုက်ညီပါတယ်။

ရိုဟင်ဂျာသည် တိုင်းရင်းသားလော

မူလကသတ်မှတ်ထားသော တိုင်း ရင်းသားလူမျိုး ၁၄၃ မျိုးထဲမှာ ရိုဟင်ဂျာလူမျိုးက တရားဝင်ပါရှိထားပြီးဖြစ်တယ်။

ကျောင်းသုံးစာအုပ်တွေထဲမှာလည်း၊ တိုင်းရင်းသား ရိုဟင်ဂျာလူမျိုးဆိုပြီး ရေးသားပြဌာန်းထားတာတွေ ရှိခဲ့တယ်။ ရိုဟင်

ဂျာတွေက လွတ်လပ်စွာ မဲပေးပြီး ရွေးကောက်တင်မြှောက်ထားတဲ့ ရိုဟင်ဂျာလွှတ်တော်အမတ်တွေ လွတ်လပ်သော

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ လွှတ်တော်ထဲမှာ အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို၊ ဗဟိုအစိုးရထဲမှာ

ကျန်းမာရေးဌာန ပါလီမန်အတွင်းဝန်အဆင့် အထိ တာဝန်ယူခဲ့တာရှိခဲ့တယ်။ မြန်မာ့အသံက တိုင်းရင်းသားအသံတွေကို

လွှင့်တဲ့အခါ ရိုဟင်ဂျာအစီအစဉ်ဆိုပြီး ၁၉၆၁ ခုနှစ်ကနေ ၁၉၆၅ခုနှစ် အထိ ရိုဟင်ဂျာဘာသာစကားနဲ့ အသံလွှင့်ပေးခဲ့

တယ်။

စစ်အာဏာရှင် ဗိုလ်ချုပ်နေ၀င်းလက်ထက် မှာ မှ အသံလွှင့်အစီအစဉ်သာမက တိုင်းရင်းသားအဖြစ်ကပါ ပယ်ဖျက်ခံခဲ့ရ

တယ်လို့ အထောက်အထားများနှင့်ပြဆိုပါ တယ်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတကြီး စပ်ရွှေသိုက်က ရခိုင်ပြည်က မွတ်စလင်တွေဟာ တိုင်းရင်းသား

အစစ်အမှန်တွေဖြစ်တယ်။ မြန်မာပြည်မှာ ရာခိုင်နှုန်းပြည့် သွေးမစပ်တဲ့ လူမျိုးဆိုတာ မရှိဘူး။ သူတို့ဟာ တိုင်းရင်းသား

မဟုတ်ဘူး ဆိုရင် ငါတို့ (ရှမ်း)တွေလဲ တိုင်းရင်းသား မဟုတ်တော့ဘူးလို့ ဆိုခဲ့ပါတယ်။

တဘက်က အပြန်အလှန် တင်ပြတာက ပြည်ထောင်စုအစိုးရက ဖဆပလတွေ မဲရအောင် ရိုဟင်ဂျာတွေကို တိုင်းရင်းသား

အဖြစ် လာဘ်ထိုးတဲ့အနေနဲ့ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်တယ်။ ရိုဟင်ဂျာတွေဟာ တဘက် နိုင်ငံက မကြာသေးခင်ကာလကမှ

အလုံးအရင်းနဲ့ စီးပွားရေးအရ ပြောင်းရွှေ့လာတဲ့ ဘင်္ဂါလီများသာဖြစ်တယ်။ သူတို့ကိုလက်ခံလိုက်ရင် သူတို့နောက်က

ဘင်္ဂါလီ တွေဆက်ဝင်လာပြီး ရခိုင်တပြည်နယ်လုံးတွင်သာမက မြန်မာတပြည်လုံးမှာ ဘင်္ဂါလီတွေ လွှမ်းမိုးသွားနိုင်တယ်

ဆိုတာဖြစ်ပါတယ်။

မြန်မာပြည်ကို လူဦးရေပေါက်ကွဲမတတ်ဖြစ်နေတဲ့ အိမ်နီးချင်း လူမျိုးကြီးနှစ်မျိုးက ၀ါးမျို ဖုံးလွှမ်းသွားမှာကို မဖြစ်မနေတား

ဆီးကာကွယ်ဖို့ ကျနော်တို့အားလုံးမှာတာဝန်ရှိတာမို့ အင်မတန်သဘာဝကျပြီးစိုးရိမ်စရာကောင်းတဲ့ထောက်ပြမှုဖြစ်ပါတယ်။

ဒီတာဝန်ကို ထိရောက်စွာ အကောင်အထည်ဖေါ်နိုင်ဖို့က နယ်စပ်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေအားလုံး အထူးသဖြင့်

ရိုဟင်ဂျာနဲ့ ကိုးကန့်တို့ထံမှ ပြည့်ဝပြတ်သားသော စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်မှု (Uncompromised

Commitment to cooperate)ကို မဖြစ်မနေလိုအပ်ပါတယ်။ အုပ်ချုပ်သူအစိုးရများဘက်ကလည်း နယ်စပ်ဒေသအားလုံး

မှာ တိကျသောသန်းကောင်စာရင်း(Census)များကို ကောက်ယူ ထိန်းချုပ်နိုင်သော အနေအထား တရပ်ကို ဖေါ်ဆောင်

နိုင်ဖို့လိုပါတယ်။

နောက်အရေးကြီးတဲ့ အချက်တခုက ရိုဟင်ဂျာတွေမှာ ဘာသာရေး အစွန်းရောက်၊ လူမျိုးရေး အစွန်းရောက် အဖွဲ့အစည်း

တွေရှိခဲ့တယ်။ တိုင်းပြည်ကို ခွဲထုတ်ဖို့ ကြိုးစားခဲ့တဲ့၊ မွတ်စလင်နိုင်ငံတော် တည်ထောင်ဖို့ ကြိုးစားခဲ့တဲ့ အထောက်အထား

တွေ ရှိခဲ့တယ်ဆိုတဲ့ ထောက်ပြချက်ဖြစ်ပြန်ပါတယ်။

နိုင်ငံတော် လုံခြုံရေး၊ တိုင်းပြည်မပြိုကွဲရေးတွေနဲ့ ပတ်သက်နေတာမို့ အင်မတန်အရေးကြီးတဲ့ ထောက်ပြချက်ဖြစ်ပြန်ပါ

တယ်။ ဒီတရားမျှတတဲ့ စိုးရိမ်ချက်(Legitimate Concern)ကို ရိုဟင်ဂျာ တွေဘက်က အဖြေပေးနိုင်ဖို့လိုအပ်ပါတယ်။

ဒီလိုအဖွဲ့အစည်းမျိုးတွေ၊ ဒီလိုအစွန်းရောက် အယူအဆတွေ ရှင်သန်လှုပ်ရှား နေတုန်းပဲလား။ ရှိနေရင် ဘယ်လို ပူးပေါင်း

တိုက်ဖျက်မလဲ။ မရှိတော့ပါဘူးဆိုရင်တောင် နောင်တချိန်ချိန်မှာ ပေါ်ပေါက် လာနိုင်သလား။ မပေါ်ပေါက်လာအောင်

ဘယ်လို ပူးပေါင်းကာကွယ်သွားမလဲဆိုတာတွေ ဖြစ်ပါတယ်။

သို့သော် ရိုဟင်ဂျာဆိုတာ မိမိတသက်မှာ လုံးဝမကြားဖူးပါဘူး၊ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ စကားကုန်

ဆိုလာသူများကတော့ မိမိညံ့တာ၊ ဗဟုသုတနည်းတာ၊ မြန်မာ့နိုင်ငံရေးကို နားမလည်တာကို လူမသိ သိအောင် လူလည်

ခေါင်မှာ မရှက်မကြောက်နဲ့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပြနေသလို ဖြစ်နေပါတယ်။

မဟာပညာကျော်တချို့ကလည်း ရိုဟင်ဂျာတွေဟာ မြန်မာစကားမပြောတတ်တာကြောင့် မြန်မာတိုင်းရင်းသား၊ မြန်မာ

နိုင်ငံသားဖြစ်ဖို့နေနေသာသာ မြန်မာ ပြည်မှာတောင် နေထိုင်ကြသူများ မဟုတ်ဘူးလို့ မျက်စိစုံမှိတ် ငြင်းတတ်ပြန်ပါတယ်။

မြန်မာပြည်မှာ မြန်မာစကားကိုလူတိုင်းမပြောတတ်တဲ့တိုင်းရင်းသား ကရင်၊ ချင်း၊ ရှမ်း၊ နာဂ၊ မွန်၊ ကချင်၊ ကယား၊ပလောင်၊

လီဆူး၊ ၀၊ လူချိုင်း စတဲ့ တိုင်းရင်းသားတွေအများအပြား စေ့စေ့ပေါက်ပေါက်ဆိုရင် အမျိုးတရာကျော်လောက်တောင် ရှိနေ

နိုင်တာကို သိဟန် မတူကြပါဘူး။

ရိုဟင်ဂျာတွေ ဘယ်တုန်းက ဘယ်လို မြန်မာနိုင်ငံထဲ ၀င်ရောက်လာတယ်ဆိုတာကို ဆွေးနွေးနိုင်တဲ့ စွမ်းရည် ကျနော့်မှာ

မရှိပါဘူး။ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုသင့်၊ မပြုသင့်ဆိုတာကိုလည်း မဆွေးနွေးလိုပါဘူး။

ဆွေးနွေးသင့်သော အချိန်ကာလ ရောက်ပြီလို့လည်း မထင်သေးပါဘူး။ ရိုဟင်ဂျာတွေ တိုင်းရင်းသားဖြစ်တယ်၊ မဖြစ်ဘူး

ဆိုတာကို နောင်ဒီမိုကရေစီနိုင်ငံတော်ခေတ်ရောက်သောအခါ၊ ဒေါက်တာ ဦးအေးချမ်း၊ ဒေါက်တာ ဦးအေးကျော်တို့လို

ရခိုင်ပညာရှင်တွေ၊ ရခိုင်ခေါင်းဆောင်တွေ၊ ရိုဟင်ဂျာ ပညာရှင်တွေ၊ ရိုဟင်ဂျာ ခေါင်းဆောင်တွေ၊ တခြားလိုအပ်သော

နိုင်ငံခေါင်းဆောင်တွေ၊ ပညာရှင်တွေပါဝင်တဲ့ ကော်မရှင်အဖွဲ့ ဖွဲ့စည်းပြီး ဆွေးနွေးဆုံးဖြတ်ခြင်းကသာ အကောင်းဆုံးနှင့်

အမှန်ကန်ဆုံးဖြစ်မယ် ထင်ပါတယ်။

ရိုဟင်ဂျာသည် နိုင်ငံသားလော

ဒီနေရာမှာ လူတွေမျက်စိလျှမ်းနေတတ်တဲ့ အရေးကြီးတဲ့ အခြေအနေတရပ်ကို ထပ်ထောက်ပြဖို့လိုနေသေးတယ်လို့

ထင်ပါတယ်။

ရိုဟင်ဂျာတွေကို တဘက်နိုင်ငံက တရားမ၀င်ခိုးဝင်လာသူတွေဆိုပြီး စစ်ဆင်ရေးအမျိုးမျိုးလုပ်လာတဲ့ အပေါ်မှာ ဒီရို ဟင်

ဂျာ အမည်ခံ ဘင်္ဂါလီတွေက တဘက်နိုင်ငံသားတွေဖြစ်ကြတာမို့ အစစ်အဆေးမခံနိုင်ဘဲ တဘက်က သူတို့နိုင်ငံထဲကို

ထွက်ပြေးသွားတယ်ဆိုတဲ့ အမြင်ဖြစ်ပါတယ်။

ဒါဖြင့်ရင် ဘင်္ဂါလီတွေသာဖြစ်တဲ့ ရိုဟင်ဂျာတွေကို စစ်ဆင်ရေး အကြိမ်ကြိမ်လုပ်ပြီးတိုင်း ဘာလို့အကြိမ်ကြိမ် ပြန်လက်ခံနေ

ရတာလဲ။ ကိုယ့်နိုင်ငံသားမဟုတ်ဘူးဆိုရင် ပြန်လက်ခံစရာမလိုပါဘူး။ ပြန်လက်ခံရတယ်ဆိုကတည်းက ထွက်ပြေးသွားတဲ့

တဘက်နိုင်ငံသားဆိုသူတွေဟာ တကယ် တော့ နဂိုကတည်းက ကိုယ့်နိုင်ငံသား ဖြစ်နေလို့ပဲပေါ့။ ရှင်းရှင်းလေးပါ။ သို့သော်

ဒီနေရာမှာ တဘက်နိုင်ငံသားတွေ က တရားမ၀င် ခိုးဝင်နေထိုင်နေတာတွေလဲ ရှိနေနိုင်ပါတယ်။ မှန်မှန်ကန်ကန်ဖြစ်အောင်

တရားဥပဒေနဲ့အညီ စိစစ်နိုင်ဖို့ လိုပါတယ်။

ဒီအခါမှာ နောက်မေးခွန်းတခုက မေးစရာဖြစ်လာပါတယ်။ ပြန်လက်ခံရမှာကို သိနေရက်နဲ့ ဘာလို့ မောင်းထုတ်တာတွေကို

အကြိမ်ကြိမ်လုပ်နေရသလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ အဖြေနှစ်ချက်ကို စဉ်းစားမိပါတယ်။

တခုကတော့ စစ်အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း တတိုင်းပြည်လုံး ရန်ကုန်ကအစ နယ်စပ်တွေအဆုံး မတည်မငြိမ်မှုတွေကို

ဖန်တီးထားနိုင်မှ စစ်အာဏာရှင်ဆိုတာမျိုးက သက်ဆိုးရှည်တတ်တာမျိုးဖြစ်လို့ ဖြစ်ပါတယ်။

နောက်တချက်စဉ်းစားမိတာက၊ တိုင်းရင်းသားလူမျိုးတွေထဲက လွတ်လပ်ရေးစိတ်ဓာတ်အပြင်းထန်ဆုံး လူမျိုးစုတွေထဲမှာ

ရခိုင်အမျိုးသားက ထိပ်ဆုံးက အုပ်စုထဲမှာပါတယ်လို့ ကျနော်လေ့လာမိသလောက်အရ ထင်မိပါတယ်။ (လူမျိုးစုတွေ လွတ်

လပ်ရေးလိုချင်တာ၊ ကိုယ့်လူမျိုးကိုယ်အုပ်ချုပ်ချင်တာ အပြစ်မဟုတ်ပါဘူး။ သဘာဝပါ။ ဒါကြောင့် စစ်မှန်သော ပြည်ထောင်

စုကို ဖွဲ့လိုရင်၊ တကယ်ပဲ တိုင်းပြည်အေးချမ်းဖွံ့ဖြိုးလိုရင် တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းနိုင်ခွင့်ကို မဖြစ်မနေ အခြေခံ

ရမှာဖြစ်ပါတယ်)။

ရခိုင်ပြည်နယ်ရဲ့ ထူးခြားချက်နောက်တခုက ပြည်မကနေပြီး ဆက်သွယ်ရ အခက်ခဲဆုံး ပြည်နယ်ဖြစ်ခြင်းအပြင် မိမိဘာသာ

ရပ်တည်မယ်ဆိုရင် ရပ်တည်နိုင်တဲ့ ပထ၀ီအနေအထားရှိနေခြင်းတို့ကလည်း အထောက်အကူပြုသလိုဖြစ်နေပါတယ်။

ဒီတော့ မဆလအပါအ၀င် စစ်အစိုးရအဆက်ဆက်က ဒီရခိုင်အမျိုးသားတွေကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းစုံကို အသုံးပြုတဲ့

အခါမှာ ရခိုင်ပြည်နယ် မတည်မငြိမ်ဖြစ်ဖို့၊ ရခိုင်လူမျိုးတွေ အားနည်းစေဖို့ ဒုတိယ လူဦးရေအများဆုံးဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့

ပဋိပက္ခ(Constant in-fighting)ကို အစဉ်မပြတ်ဖြစ်ထွန်းနေအောင် ဖန်တီးခြင်း က လည်း နည်းလမ်းတခုအဖြစ် သုံးစွဲခဲ့

တယ်လို့ ထင်ပါတယ်။

ဒေါက်တာ ဦးအေးချမ်းက သူငယ်ငယ်က ဘူးသီးတောင်က ရိုဟင်ဂျာတွေထဲမှာ ကြီးပြင်းလာကြောင်း၊ အင်မတန် ချစ်

ကြည်အေးချမ်းစွာနေခဲ့ကြရကြောင်းကို ပြောပြဖူးပါတယ်။ အေးချမ်းတယ်ဆိုလို့ ရိုဟင်ဂျာနဲ့ ရခိုင်ကြားမှာ ပြဿနာလုံးဝ

မရှိဘူးလို့ပြောနေတာတော့ မဟုတ်ပါဘူး။ ဘာသာတူ၊ လူမျိုးတူ၊ စကားတူတဲ့ တရွာတည်းသားတွေတောင် ရွာတောင်ပိုင်း

နဲ့ ရွာမြောက်ပိုင်း ဓားခုတ်ပြွဲဖစ်တတ်သေးတာပါပဲ။

ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ် အကူးအပြောင်းတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တချို့ အမြင်မကျယ်မှုတွေကြောင့် ဖြေရှင်းနိုင်တဲ့

ဖြစ်ရိုးဖြစ်စဉ် လူမှုပဋိပက္ခတွေကို ထိန်းမနိုင် သိမ်းမရဖြစ်သွားအောင် တွန်းပို့လေခဲ့သလားလို့ ဆင်ခြင်မိပါတယ်။

ရိုဟင်ဂျာတွေကို နိုင်ငံသားတွေအဖြစ် အသိအမှတ်ပြု လက်ခံထားတဲ့အမြင်ပေါ်မှာ ဆက်လက်ဆွေးနွေးသွားလိပုါတယ်။

နောင်ဖြစ်ပေါ်လာမယ့် ဒီမိုကရေစီရေး၊ အခြေခံလူ့အခွင့်အရေး၊ တိုင်းရင်းသားပေါင်းစုံ တန်းတူညီမျှဖြစ်သော ဖက်ဒရယ်

ပြည်ထောင်စု တည်ထောင်ရေးဆိုတဲ့ အခြေခံအချက်ကြီး (၃)ရပ်ပေါ်မှာ အခြေခံပြီး ဆွေးနွေးချင်ပါတယ်။ ဒီအခြေခံ

အချက်ကြီး (၃)ရပ်ကို လက်မခံနိုင်သူများကတော့ ကျနော့်ဆွေးနွေးချက်တွေကို လက်ခံနိုင်မယ်မထင်ပါဘူး။

ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် လက်မခံသေးသရွေ့ လူမျိုးစုလွှတ်တော်လို လွှတ်တော်မျိုးမှာ ရိုဟင်ဂျာတွေက လူ

မျိုးစုကို ကိုယ်စားပြုပြီး တက်ရောက်ခွင့် မရှိနိုင်ပါဘူး။ သို့သော် လူဦးရေကို အခြေခံတတ်တဲ့ ပြည်သူ့လွှတ်တော်တွင်း မှာ

တော့ နိုင်ငံသားဖြစ်တဲ့ ရိုဟင်ဂျာတွေက လွှတ်တော်အမတ်တွေအဖြစ်ပါဝင်နိုင်ပြီး တိုင်းပြည်တာဝန်ကို ထမ်းဆောင်ကြ

မှာဖြစ် ပါတယ်။

လူမျိုးစုလွှတ်တော်ဆိုတာ လူဦးရေပေါ်မှာ မူမတည်ဘဲ တိုင်းရင်းသားလူမျိုးစုဖြစ်ခြင်းပေါ်မှာ အခြေခံပါတယ်။ သန်းသုံး

ဆယ်ကျော်နိုင်တဲ့ မြန်မာလူမျိုးက လူမျိုးစုလွှတ်တော်မှာ နှစ်ယောက်တက်ခွင့်ရှိရင် သိန်းဂဏန်းလောက်ရှိတဲ့ လူမျိုးငယ်

တခုကလည်း နှစ်ယောက်တက်ခွင့်ရတတ်တဲ့ လွှတ်တော်မျိုးပါ။ လူမျိုးစုတွေရဲ့ မူလရပိုင်ခွင့်တွေကို တာဝန်ခံထိန်းသိမ်း

ကာကွယ်မယ့် အထက်လွှတ်တော်ပုံစံမျိုးဖြစ်ပါတယ်။ အမေရိကန်က ဆိနိတ်(Senate)လိုအဖွဲ့မျိုးနဲ့ ဆင်တူတယ်လို့

ပြောနိုင်ပါတယ်။ ပြည်သူ့လွှတ်တော်ကတော့ လူဦးရေအချိုးအလိုက် တက်ခွင့်ရတတ်တဲ့၊ တကယ့်ကို လူထုအခြေခံတဲ့၊

တနိုင်ငံလုံးကို ကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားပြုတဲ့၊ လုပ်ပိုင်ခွင့်အာဏာပိုများတတ်တဲ့ လွှတ်တော်ဖြစ်ပါတယ်။

အနာဂတ်တိုင်းပြည်ခေါင်းဆောင်များ၊ အထူးသဖြင့် ရခိုင်အမျိုးသားခေါင်းဆောင်များအနေနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်

အောင်တည်ဆောက်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းသာယာရေး၊ အထူးသဖြင့် တရားမ၀င်နိုင်ငံခြားသားများ ၀င်

ရောက်လာမှု တားဆီးရေး၊ လုံခြုံရေးတို့ကို ရခိုင်ပြည်နယ်က့ ရိုဟင်ဂျာတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ ထောက်ခံမှုမရဘဲ

အကောင်အထည်ဖော်နိုင်မယ် ထင်ပါသလား။ ဖော်သင့်တယ်လို့ကော ထင်ပါသလား။

နောင်တိုင်းပြည်တည်ထောင်ရေးကို အရှည်မျှော်ပြီး ကိုယ်ကနိုင်ငံသားအဖြစ် အသိအမှတ်ပြုထားတဲ့၊ ကိုယ့်နိုင်ငံသားတွေ

ဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့ ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်ကိုးစားမှုကို ရနိုင်သမျှရလာအောင် အခုကတည်းက ကြိုးးစားစည်းရုံးဖို့

မသင့်ပေဘူးလား။

ရိုဟင်ဂျာပြည်သူတွေကို အစွန်းရောက် ခေါင်းဆောင်တွေ၊ အစွန်းရောက် အယူအဆတွေနှင့် ကင်းကွာသွားအောင် အကူ

အညီပေးသင့်သလား။ ဒါမှမဟုတ် သာမန်ရိုဟင်ဂျာပြည်သူတွေကို အစွန်းရောက် ခေါင်းဆောင်တွေ၊ အစွန်းရောက် အယူ

အဆတွေဆီ တွန်းပို့သင့်ပါသလား။ ရိုဟင်ဂျာပြည်သူတွေထဲက အလယ်အလတ်ကျတဲ့(Liberal and Moderate) ခေါင်း

ဆောင်တွေ ပေါ်ထွန်းလာအောင် စနစ်တကျ အကူအညီပေးသင့်ပါသလား။ ဒါမှမဟုတ် အဲဒီအလယ်အလတ်ခေါင်းဆောင်

တွေကို စိတ်ပျက်အားလျော့အောင် စိတ်ရှုပ်ထွေးအောင် စနစ်တကျ ပိတ်ဆို့ထားသင့်ပါသလား။

အစွန်းရောက် ခေါင်းဆောင်တွေ၊ အယူအဆတွေကို တိုက်ဖျက်ဖို့ အကောင်းဆုံးနည်းက သာမန်ရိုဟင်ဂျာပြည်သူတွေကို

ပညာပေး စည်းရုံးလက်တွဲရမယ်၊ အလယ်အလတ် သဘောထားရှိတဲ့ခေါင်းဆောင်တွေကို ဖော်ထုတ်ပေးရမယ်ဆိုတာ

နိုင်ငံရေး အခြေခံသင်ပုန်းကြီး ကကြီး၊ ခခွေး ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အမည်ကိုတောင် မကြားချင်တတ်တဲ့ အစွန်းရောက်ပုဂ္ဂိုလ်များကို တချက်လောက် ထပ်ထောက်ပြလိုပါ

သေးတယ်။ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်က တယောက်မကျန် မောင်းထုတ်တာမျိုးကို လုပ်နိုင်မယ် ထင်ပါသလား။

မလုပ်နိုင်ဘူးဆိုရင်တော့ ငြိမ်းချမ်းစွာအတူနေနိုင်ဖို့ ဦးဆောင်မှုပေးချင်ပါတယ်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း ဆိုတာကို အချင်းချင်းကြားမှာရှိနေတဲ့ သံသယတွေ၊ စိုးရိမ်မှုတွေကို အပြန်အလှန်

လေးစားမှုနဲ့ ဖြေရှင်းခြင်းဖြင့်သာ တည်ဆောက်နိုင်ပါတယ်။ အမိန့်ပေးခြင်းဖြင့် မတည်ဆောက်နိုင်ပါဘူး။ မိမိပြည်နယ်ထဲမှာ

ရှိတဲ့ ဒုတိယအင်အားအကြီး ဆုံးဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့ လက်မတွဲဘဲနဲ့တော့ ရခိုင်ပြည်နယ် အေးချမ်းတိုးတက်ရေး၊ လုံခြုံ

ရေးကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်မတိုးတက်ရင် ရခိုင်ပြည်သူတွေလည်းတိုးတက်လာမှာမဟုတ်ပါ။

နိဂုံးချုပ်အနေနှင့် ရိုဟင်ဂျာလှေစီးဒုက္ခသည်တဦးရဲ့ ရေဒီယိုအင်တာဗျူးကို တင်ပြလိုပါတယ်။ သူက “ဗမာပြည်မှာ ဘယ်

လိုမှလဲနေလို့ မရတော့ပါဘူး။ နေ့တိုင်းနေ့တိုင်း အစိုးရက ဒုက္ခပေးနေတာပဲ။ ပင်လယ်ထဲမှာ တခါတည်း သေရင်လည်း

သေပစေတော့ဆိုပြီး ထွက်လာခဲ့တယ်” လို့ပြောခဲ့ပါတယ်။ သာမန်ရိုဟင်ဂျာပြည်သူတွေရဲ့ နိစ္စဓူဝ ဒုက္ခကို မည်သူမဆို

စာနာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ။

စာရေးသူသည် ကနေဒါနိုင်ငံ တိုရန်တိုမြို့တွင် အခြေစိုက်နေထိုင်သော မြန်မာ့အရေး လှုပ်ရှားသူ
တဦးဖြစ်ပါသည်။
share from bma.org

ဥာဏ်ရည်ပြကိန်း (IQ)နှင့် စိတ်ခံစားချက်ပြအညွှန်းကိန်း(EQ)

ဥာဏ်ရည်ပြကိန်း (IQ)နှင့် စိတ်ခံစားချက်ပြအညွှန်းကိန်း(EQ)


IQ and EQ (Emotional Intelligence Quotient)



အလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

ချီးမွမ်းခြင်းအပေါင်းတို့သည် စကြာဝဠာ လောကခပ်သိမ်းအား ပြုစုပျိုးထောင်တော်မူသော အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ် အတွက်သာ ဖြစ်တော်မူပါ၏။ ထိုအရှင်မြတ် စေလွှတ်တော်မူသော လူသားအလင်းပြ နဗီတမန် တော်အပေါင်းနှင့် နောက်ဆုံး တမန်တော်ချုပ် မုဟမ္မဒ်သခင်(ဆွ) အပေါ်သို့ ငြိမ်းချမ်းသာယာမှုအဖြာဖြာ သက်ရောက်ပါစေ။
ညီနောင်၊ ညီအစ်မပေါင်းတို့်ခင်ဗျား-


အတ်စ္စလာမုအလိုင်းကွန်းမ် ၀ရဟ်မသုလ်လါဟိ ၀ဗရကါးသုဟ်

ဒီအပတ်မှာ ကျွန်တော့်အနေနဲ့ IQ နဲ့ EQ ဆိုတဲ့ခေါင်းစဉ်ကို တင်ပြမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အစ္စလာမ့်ကျင့်စဉ် အားလုံးရဲ့အနှစ်ချုပ်ဟာ သတ်က၀ါလို့ခေါ်တဲ့ အလ္လာဟ်သိစိတ်(God Consciouness) ရရှိရေးအတွက်သာဖြစ်ပါတယ်။

အဲဒီ သတ်က၀ါဟာလည်း ကလ်ဗ်လို့ခေါ်တဲ့ စိတ်နှလုံးသား မှာသာ တည်ဆောက်ရပါတယ်။

စိတ်(ကလ်ဗ်)က အသိဥာဏ်ကိုဦးဆောင်ပြီး နှလုံးသား(Heart) က ခံစားမှုတွေ ကိုဦးဆောင်ပါတယ်။ ဒါကြောင့် အစ္စလာမ့် ဘ၀တည်ဆောက်မှုလမ်းစဉ်မှာ ကိုယ့်ရဲ့ခံစားချက်ကိုဖြစ်စေ၊ အခြား သူတွေရဲ့  ခံစားချက်ကိုဖြစ်စေအသိဥာဏ်နဲ့ နားလည်ပြီး ဆောင်ရွက်တတ်ဖို့ အလွန်အရေးကြီးလို့ပဲဖြစ်ပါတယ်။

လူကျင့်ဝတ်

အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်က လူ့ကျင့်ဝတ်နဲ့ပတ်သက်လို့ အခုလိုလမ်းညွှန်ထားပါတယ်။

“အသင်တို့သည် တိုင်းတာရာတွင် အပြည့်အ၀တိုင်းတာပေးကြကုန်လော့။ ထို့အတူ ချိန်တွယ်ရာတွင် လည်း မှန်ကန်သောချိန်ခွင်(ဟန်ချက်)ဖြင့် ချိန်တွက်ပေးကြကုန်လော့။ ဤသည်အကောင်းဆုံးဖြစ်ပြီး အကျိုးအဆက် အားဖြင့်လည်း အလှပဆုံးဖြစ်ပေသည်။ ထို့အပြင် အသင်သည် မိမိမသိသောအကြောင်းအရာနောက်သို့ မလိုက်လေနှင့်။ မုချဧကန် အကြား အမြင်နှင့် အာရုံခံစားမှုအသီးသီးတို့နှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည်ဖြစ်ပေသည်။” (ကုရ်အာန်၊ ၁၇း၃၆)
လူ့အဖွဲ့ အစည်းတိုင်း၊ နိုင်ငံတိုင်းမှာ တာဝန်နဲ့အခွင့်အရေးဆိုတာ ဒွန်တွဲပြီးရှိကြပါတယ်။ မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့်၊ ဇနီးနဲ့ခင်ပွန်း၊ အလုပ်ရှင်နဲ့အလုပ်သမား၊ ရောင်းသူနဲ့ဝယ်သူ၊ အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံ စတဲ့ကဏ္ဍတိုင်းမှာ တာဝန်နဲ့အခွင့်အရေးတွေ အပြန်အလှန်ရှိကြပါတယ်။ ဒီကိစ္စတွေဆောင်ရွက်တဲ့အခါ မိမိရဲ့ နိမ့်ကျတဲ့ဆန္ဒ(ဟ၀ါ)နဲ့ တဏှာတပ်မက်မှု(ရှဟ၀သ်)ကင်းဖို့လိုပါတယ်။ တစ်ဖက်သားရဲ့  ခံစားချက်နဲ့ ရပိုင်ခွင့်တွေ ကို အပြည့်အ၀နားလည်ဖြည့်ဆည်းပေးဖို့ လူတိုင်းမှာတာဝန်ရှိပါတယ်။ ဘယ်သူတွေတာဝန်ကျေကျေ၊ မကျေကျေ၊ မွတ်စလင်မ်တစ်ဦးအနေနဲ့ အလ္လာဟ်သိစိတ် မပြတ်ထားပြီး တာဝန်ကျေဖို့
လိုပါတယ်။ ဒါမှ သတ်က၀ါ ရှိတယ်လို့ဆိုရမှာဖြစ်ပါတယ်။

အခုဖေါ်ပြခဲ့တဲ့ လမ်းညွှန်အာယသ်အရ မွတ်စလင်မ်တိုင်းဟာ ဘ၀ရေးရာတွေ ဖြေရှင်းတဲ့နေရာမှာ အလ္လာဟ်ရဲ လမ်းညွှန် ကုရ်အာန်ကို မှတ်ကျောက်ထားပြီး တမန်တော်မြတ်ရဲ့  ပုံဖေါ်မှုကို စံနှုန်းအဖြစ်ထားဖို့ လိုအပ်တယ်။ (ကုရ်အာန်၂း၁၈၅၊ ၃၃း၂၁) ကိုယ်မကျွမ်းကျင်တဲ့ကိစ္စရပ်တွေမှာ ၀င်ရောက်ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းတွေ မပြုအပ်ပါဘူး။ မကျွမ်းကျင်တဲ့ကိစ္စကို စီမံခန့်ခွဲရင်


တစ်ဖက်သားရဲ့  ရပိုင်ခွင့် အခွင့်အရေးတွေ ထိပါးဆုံးရှုံးတတ်တဲ့အတွက် အလ္လာဟ့်ရှေ့ တော်မှောက်မှာ ပြစ်မှုတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် အနှိုင်းမဲ့ကိုးကွယ် ရာမြတ်အလ္လာဟ်က ကြားခြင်း၊ မြင်ခြင်းစတဲ့အသိဥာဏ်အရည်အသွေးနဲ့ ခံစားမှုအချက်ပြ အညွှန်း တွေအားလုံး အလ္လာဟ့်ရှေ့ မှာစစ်ဆေးခြင်းခံရမယ်လို့ ပြင်းထန်စွာသတိပေးနှိုးဆော်ထားခြင်းဖြစ်ပါ တယ်။

 IQနှင့် EQ

အရင်တုံးကတော့ ပညာရှင်တွေက လူတစ်ယောက်ရဲ့  အောင်မြင်မှုဟာ သူ့ရဲ ဥာဏ်ရည်ဥာဏ်သွေး ပေါ်မှာသာမူတည်တယ်လို့ ယူဆပြီး သူ့ရဲ့  အလားအလာကိုအိုင်ကျူ I.Q လို့ခေါ်တဲ့ ဥာဏ်ရည်ပြကိန်းနဲ့ သာ တိုင်းတာခဲ့ကြပါတယ်။ ဒါပေမယ့် အခုတော့ ကုရ်အာန်က လမ်းညွှန်ထားတဲ့အတိုင်း “ဖုအါဒ်”လို့ခေါ်တဲ့ စိတ်ခံစား ချက်ကဏ္ဍရဲ့ အရေးပါမှုကို နားလည်လာကြပြီဖြစ်ပါတယ်။ ဥပမာ-လူတစ်ဦးရဲ့  စွှမ်းဆောင်နိုင်စွမ်းမှာ အီးအိုင်EIလို့ခေါ်တဲ့ စိတ်ခံစားချက်ဆိုင်ရာ ဥာဏ်ရည်ဥာဏ်သွေး (Emotional Intelligence)ဟာအလွန်အရေး ပါကြောင်း သိမြင်လာကြပြီး EQလို့ခေါ်တဲ့ စိတ်ခံစားချက်ပြအညွှန်းကိန်း(Emotional Intelligence Quotient) ကိုလေ့လာဖေါ်ထုတ်နိုင်ခဲ့ကြပါတယ်။
သုတေသနတွေအရ ထက်မြက်တဲ့ခေါင်းဆောင်တစ်ဦးဟာ အခြားခေါင်းဆောင်တွေထက် EQစိတ်ခံ စားချက်ပြအညွှန်းကိန်း သာလွန်နေတာကို အဓိကတွေ့ ရပါတယ်။ EQရဲ့ သဘောကတော့ ကိုယ့် ရဲ့ ခံစားချက် ကိုဖြစ်စေ၊ အခြားသူတွေရဲ ခံစားချက်တွေကို သဘောပေါက်နားလည်တယ်။ ဒါကြောင့် ကိုယ့်ခံစားချက်ကို လည်း မိမိကိုယ်တွင်းမှာ စီမံခန့်ခွဲနိုင်တယ်။ ဒီအတိုင်းပဲ ကိုယ့်ခံစားချက်တွေကို အခြားသူတွေနဲ့ဆက်ဆံတဲ့ နေရာမှာလည်း စနစ်တကျစီမံခန့်ခွဲခြင်းပဲဖြစ်ပါတယ်။
ဆိုလိုတာက ကိုယ့်ခံစားချက်တွေကို ပုံဖေါ်တဲ့နေရာမှာ ကိုယ့်ရဲ့  နိမ့်ကျတဲ့ဆန္ဒနဲ့ တပ်မက်မှုတွေကို အခြေမခံဘဲ သတ်က၀ါလို့ ခေါ်တဲ့ အလ္လာဟ်သိစိတ်နဲ့ ကိုယ့်ခံစားချက် တွေကိုစီမံခန့်ခွဲခြင်းပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် အလ္လာဟ်သိစိတ် သတ်က၀ါနဲ့
အလ္လာဟ်ချစ်စိတ်ကို ဟန် ချက်ညီစွာ တည်ဆောက်ခြင်းပဲဖြစ်ပါတယ်။
အနှိုင်းမဲ့ကိုးကွယ်ရာရှင်က လူ့အသိဥာဏ်နဲ့ ပတ်သက်လို့ အကြား၊ အမြင်နဲ့ စိတ်နှလုံးသားရှိပါလျက် ဥာဏ်ကိုစေစားသုံးစွဲခြင်းမရှိရင် လူဟာ တိရစ္ဆာန်ထက်တောင် အဆင့်နိမ့်သွားမယ်လို့ လမ်းညွှန်ထားပါတယ်။ (ကုရ်အာန်၇း၁၇၉)တွေကို မျက်စိမှိတ်မလိုက်ဖို့နဲ့ ခံစားချက်တွေထဲမှာ “အချစ်” ဟာ အမြင့်ဆုံးဖြစ်လို့ အချစ်ကိုသန့်စင်မြင့်မြတ်အောင်လုပ်ဖို့။ ဆိုလိုတ အလားတူပဲ ခံစားချက်ာက မွတ်စလင်မ်တိုင်းဟာအရာအားလုံးထက် (၁)အလ္လာဟ် (၂)တမန်တော်မြတ်(ဆွ)နဲ့ (၃)ဂျီဟါဒ်လို့ခေါ်တဲ့


အမှန်တရား အတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက် ခြင်းကို အမြင့်ဆုံးထားရမယ်လို့ သွန်သင်ထားပါတယ်။ (ကုရ်အာန် ၉း၂၄)

မိမိကိုယ်နဲ့ဆန့်ကျင်ရသည်ဖြစ်စေ၊ မိဘနှစ်ပါးနဲ့ဆန့်ကျင်ရသည်ဖြစ်စေ၊ အမှန်တရားဘက်(၀ါ)အလ္လာဟ့်ရဲ့  လမ်းညွှန် အတိုင်း ဆောင်ရွက်ဖို့ သွန် သင်ထားပါတယ်။ (ကုရ်အာန် ၄း၁၃၅)။

ဒီအပြင် ဂျိဟါဒ်ဆိုတဲ့နေရာမှာ ကိုယ်ကိုးကွယ်တဲ့ဘာသာတရားအတွက် သာမကဘဲ အခြားဘာသာဝင်တွေရဲ့ သာသနိက အဆောက် အအုံတွေနဲ့ သူတို့တွေရဲ့  လွတ်လပ်စွာကိုးကွယ် ကျင့်သုံးပိုင်ခွင့်ကိုပါ ကာကွယ်ပေးဖို့ပါ-ပါဝင်ပါတယ်လို့
အနှိုင်းမဲ့ ကိုးကွယ်ရာ မြတ်အလ္လာဟ်က လမ်းညွှန်ထား ခြင်းပဲဖြစ်ပါတယ်။

ပူးပေါင်းဆောင်ရွက်နိုင်မှုစွမ်းအား

ဒါကြောင့် လုံခြုံငြိမ်းချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်မယ်ဆိုရင် တမန်တော်မြတ်(ဆွ)ရဲ့  လက်တွေ့ ကျင့်စဉ်အရ လူအမျိုးမျိုး၊ ဘာသာတရားအမျိုးမျိုး၊ ယဉ်ကျေးမှုအမျိုးမျိုး၊ ခံယူချက်အမျိုးမျိုးရှိတဲ့သူတွေရဲ့  ခံစား ချက်တွေကို နားလည်ပေးခြင်း၊သူတို့ရဲ့  ရပိုင်ခွင့်တွေကို ကာကွယ်စောင့် ရှောက်ပေးခြင်း၊ ဘက်မလိုက်ခြင်း၊ အမှန်တရားနဲ့ တရား မျှတမှုကို ကာကွယ်ထိန်းသိမ်းခြင်း၊ လိုအပ်ပါက ကိုယ်က အနစ်နာခံခြင်း၊ သူတစ်ပါးရဲ့  အကျည်းတန်မှုတွေကို ဖြည့်ဆည်း ပေးပြီး လောကကြီးကိုအလှဆင်ခြင်း (အီဟ်စါန်)စတဲ့ တရားတွေရှိဖို့လိုပါတယ်။
ဒါမှသာ အရည်အသွေးအမျိုးမျိုးရှိနေကြတဲ့ သူတွေရဲ စွမ်းရည်တွေ ကို ပူးပေါင်းဆောင်ရွက်ခြင်း (Collective Effort)ဆိုတာ
ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာ မှာ ဦးဆောင်သူတွေဟာ IQ ရော EQ ပါ မြင့်မားဖို့လိုပါတယ်။ တစ်နည်းပြောရရင် ဥာဏ်ရည်ဥာဏ်သွေးမြင့်မား ဖို့လိုသလို ကိုယ့်ရဲ့  ခံစားချက်ကိုဖြစ်စေ၊ သူတစ်ပါးရဲ့  ခံစားချက်ကိုဖြစ်စေ၊ နားလည်တတ်ဖို့ လိုအပ်ပါတယ်။ အခက်အခဲ၊ အကြပ်အတည်းတွေ၊ ဆန့်ကျင်မှုတွေကြုံကြိုက်ရင်လည်း ဆွဗရ်ကြံ့  ခိုင်ခြင်း တရားထားပြီး ဖြေရှင်း တတ်ဖို့လိုပါတယ်။ သူတစ်ပါးကို ရန်လိုမုန်းတီးစိတ်နဲ့ အမြဲမြင်နေလို့မရပါဘူး။
ကိုယ့်ကိုဆန့်ကျင်နေတဲ့သူတွေရဲ့ နှလုံးသားကို ဘယ်လိုဖြေသိမ့်မှုတွေပေးနိုင်မလဲဆိုတာက အဓိက ကျပါတယ်။ နှလုံးသားရဲ့
ခံစားချက်တွေဆို တာ အပြောင်းအလဲ ရှိတတ်ပါတယ်။ ကမ္ဘာ့သမိုင်းကိုကြည့်ရင် ကိုယ့်နိုင်ငံရဲ့  လွတ်လပ်ရေးအတွက်
တိုက်ပွဲဝင်ကြတဲ့အခါ လူမျိုးပေါင်းစုံ၊ ခံ ယူချက်ပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်ခဲ့ကြလို့ အောင်မြင်ခဲ့ကြပါတယ်။ ဒါပေမယ့်
လွတ်လပ်ရေးရပြီးတဲ့အခါ အဲဒီပူးပေါင်းဆောင်ရွက်မှု (Collective Effort) သဘောတရားကို မထိန်းသိမ်းနိုင်ခဲ့ကြတဲ့အတွက် လွတ်လပ်ရေး ရဲ့အနှစ်သာရကို ပြည့်ဝစွာခံစားနိုင်စွမ်းမရှိတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။

သူတစ်ပါးကိုနားလည်ပေးခြင်း

အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်က ကမ္ဘာဂြိုဟ်မှာ မျိုးနွယ်စုတွေ၊ လူမျိုးတွေ မတူခြင်းဟာ အပြန် အလှန် အသိအမှတ်ပြုကြစေဖို့ဖြစ်တယ်။
တစ်ဦးနဲ့တစ်ဦးသာလွန်မြင့်မြတ်ခြင်းကို သတ်က၀ါလို့ခေါ်တဲ့ အလ္လာဟ် သိစိတ်နဲ့ တာဝန်ကျေခြင်းဖြင့်သာ တိုင်းတာမယ်လို့ ညွှန်ကြားထားပါတယ်။(ကုရ်အာန် ၄၉း၁၃)

လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးကဏ္ဍအသီးသီးမှာ ဦးဆောင်သူတွေဟာ အလွှာအသီးသီးရဲ့ ခံစားချက် (၀ါ)လိုအပ်ချက်တွေကို

နားလည်ဖြည့်ဆည်းပေးနိုင်ရင် ထောက်ခံမှုရစမြဲဖြစ်ပါတယ်။ အခြေခံအားဖြင့် လူတွေ ရဲ့ အခြေခံစိတ်ဆန္ဒများဖြစ်တဲ့ အိပ်ခြင်း၊ စားခြင်း၊ အိမ်ထောင်သားမွေးပြုခြင်းကိစ္စရပ်တွေကို အဆင်ပြေအောင်ဖြည့်ဆည်းပေးခြင်းပြီးရင် လုံခြုံရေးဆိုင်ရာလိုအပ်ချက်တွေဖြစ်တဲ့သက်တောင့်သက်သာနေထိုင်နိုင်ခြင်း၊ ခရီး သွားလာရေးကောင်းမွန်စေခြင်းနဲ့ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီအဆင့်လောက်လုပ် ပေးနိုင်ရင် နောက်လိုက်တွေရဲ့ ထောက်ခံမှုကို ရကြပါတယ်။ ဒီထက်ပိုမြင့်တဲ့ လူ့အဖွဲ့အစည်း မှာတော့ ပိုင်ဆိုင် မှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခြင်းပဲဖြစ်ပါတယ်။
ဆိုလိုတာက ရုပ်ပိုင်းဆိုင်ရာအားဖြင့်အိုးပိုင်၊ အိမ်ပိုင်၊ ကားပိုင်၊ ဖုန်းပိုင်လိုချင်ကြတယ်။စိတ်ပိုင်းဆိုင်ရာအားဖြင့် လူဝင်ဆံ့လိုတယ်။ ပါဝင်ပတ်သက်လိုတယ်။အချစ်ခံလိုခြင်းစတာတွေကို ဖြည့်ဆည်းပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ ဒီအခြေအနေရောက်လာပြီဆိုရင် လူတွေဟာ အသိအမှတ်ပြုခံလိုတယ်။ ဂုဏ်သရေလိုချင်လာကြပါတယ်။ ဒီထက်ပိုမြင့်မားလာရင်တော့ ထိုးထွင်းသိမြင်မှု၊
တီထွင်ဖန်တီးနိုင်မှုနဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်တွေလိုအပ်လာပါတယ်။

ဒါကြောင့်လူ့အဖွဲ့အစည်းကို ခေါင်းဆောင်ကြမယ့်သူတွေဟာ ခံစားချက်ကို အခြေပြုတဲ့ ဒီလိုအပ်ချက် တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ IQရော၊ EQ ပါပြည့်ဝဖို့လိုပါတယ်။ လူ့အဖွဲ့အစည်းတွေဟာလည်း ဒီလိုခေါင်းဆောင်မျိုးတွေကို အစွဲကင်းစွာရွေးချယ်တတ်ဖို့၊

ဒီလိုခေါင်းဆောင်မျိုးတွေဖြစ်လာဖို့ လေ့ကျင့်မွေးမြူဖို့ လိုအပ်ပါ တယ်။ဒါမှသာ လုံခြုံငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်လို့ရမှာ ဖြစ်ပါတယ်။

“သို့ဖြစ်ပေရာ၊ ၎င်းတို့သည် ကမ္ဘာဂြိုဟ်ပေါ်ဝယ် သွားလာကြည့်ရှုခြင်း မပြုခဲ့ကြလေသလော၊

ယင်းသို့ ပြုခဲ့ကြလျှင် ၎င်းတို့အတွက် နားလည်နိုင်သော စိတ်နှလုံးများနှင့် ကြားနိုင်သောနားများရရှိလာကြပေလိမ့်မည်။ အကြောင်းသော်မျက်စိများသည် ကန်းသွားကြသည်မဟုတ်။


သို့သော်ရင်များအတွင်းရှိ စိတ်နှလုံးသားများသာ ကန်းသွားလေ့ရှိသောကြောင့်ပင်တည်း။”

(ကုရ်အာန် ၂၂း၄၆)

အလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)       copy from Islam- Yaung.blogspot.com

Thursday, 11 March 2010

အကြမ်းဖက်မှုအပေါ် အမေ၇ိကန်တို့ စံနှစ်ခွ ကျင့်သုံးနေဟု စွပ်စွဲ

အမေရိကန် တက္ကဆက်ပြည်နယ် အော်စတင်ရှိအစိုးရ အဆောက်အအုံတစ်ခုအား လေယာဉ်ဖြင့် အသေခံတိုက်ခတ်မှု တစ်ရပ်ဖြစ်ပွါးခဲ့ရာ အမေရိကန်အစိုးရအဖွဲက ယင်းဖြစ်ရပ်ကို အကြမ်းဖက်မှု တစ်ရပ်အဖြစ် သတ်မှတ်ရန် ငြင်းဆိုလိုက်သည်။
ဤသို့အမေရိကန်အစိုးရ၏ လုပ်ဆောင်ချက်သည် မည်သည့်လုပ်ရပ်သည် အကြမ်းဖက်မှု မြောက်ခြင်း၊ မမြောက်ခြင်း သတ်မှတ်ရာတွင် စံနှစ်မျိုး ကျင့်သုံးနေသည်ကို သက်သေပြ လိုက်ခြင်းပင် ဖြစ်သည်။ အကယ်၍သာ ယင်းတိုက်ခိုက်မှုသည် မွတ်စလင်မ် တစ်ဦးက လုပ်ဆောင်ခဲ့ပါက ချက်ခြင်းပင် အကြမ်းဖက်မှု အဖြစ်တံဆိပ်ကပ်မည် ဖြစ်ကြောင်း အမေရိကန်တက္ကသိုလ် ပါမောက္ခတစ်ဥိးကဆိုသည်။
အသက် ၅၃နှစ်အရွယ် ဆော့ဖ်ဝဲလ် အင်ဂျင်နီယာ ဂျိုးဆက်စတာက်သည် အသေးစား လေယာဉ်တစ်စီးနှင့် အော်စတင်မြို့ပြည်တွင်း အခွန်ရုံးအား ၀င်ရောက်တိုက်ခိုက်ခဲ့သည်။ သူသည် အစိုးရ၏ အခွန်နှစ်ထပ် ကောက်မှုကြောင့် ဒေါ်လာ၁၀၀၀၀ ဆုံးရှုံးခဲ့ဖြင့် .....
ယခုကဲ့သို့ အသေခံဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်သည်။ ၄င်း၏လုပ်ဆောင်မှုသည် အကောင်းဆုံး ဖြေရှင်းသည့်နည်းလမ်းဟု စာရေးသားခဲ့သည်။ အဆိုပါဖြစ်ရပ်အပေါ် အိမ်ဖြူတော်နှင့် ပြည်တွင်း လုံခြုံရေးအကြီးအကဲတို့က အကြမ်းဖက်မှု မဟုတ်ကြောင်း ငြင်းဆန်ခဲ့သည်။
သို့သော်ဥပဒေနှင့် လုံခြုံရေးကျွမ်းကျင်သူများကလူအများအပြားနေထိုင်၇ာနေရာအားအစိုးရ

သို့မဟုတ် မူဝါဒအား ကိုယ်ရေးကိုယ်တာ မကျေနပ်မှုဝင်ရောက်တိုက်ခိုက်ခြင်းသည်

အကြမ်းဖက်မှု မြောက်ကြောင်း ပြောဆိုခဲ့သည်။
အိုကလာ ဟိုမားပြည်နယ် အခြေစိုက်ဥပဒေအဖွဲ့စည်းမှ တာဝန်ရှိသူတစ်ဦးကလည်း နိုင်ငံရေးဆိုင်ရာ ကြေငြာချက် လုပ်ဆောင်ချက်တစ်ခုကို ကိုယ်ထိလက်ရောက် ဟန့်တားခြင်းသည် အကြမ်းဖက်မှုဖြစ်ပါတယ်

ဟု ဥပဒေဆိုင်ရာ ရှုထောင့်ကနေသုံးသပ်ပြောဆိုသည်။
တကယ်လို့ဒီလုပ်ရပ်ကို လုပ်ဆောင်တဲ့သူဟာ မွတ်စလင်၊ အသားရောင်ကွဲပြားသည့် လူမျိုး ဖြစ်ရင်သူတို့က ချက်ခြင်း အကြမ်းဖက် လုပ်ရပ်လို့ ပြောဆိုကြမယ် တကယ်တော့ ဘာသာတရား၊ လူမျိုးးပေါ်အခြေခံပြီး အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း မသတ်မှတ်သင့်ပါဘုး ဟုအစိုးရအား ဝေဖန်ပြောဆိုလိုက်သည်။ ၄င်းဖြစ်၇ပ်နှင့်ပတ်သက်ပြီး။ အမေရိကန် အစ္စလာမ် ဆက်ဆံရေးကောင်စီညွန်ကြားရေးမှုး နီဟာဒ်အ၀ဒ်က သတင်းစာ ရှင်းလင်ပွဲတွင် ပြောကြားရတွင် ဒီတက္ကဆက်တိုက်ခိုက်မှု ကျူးလွန်တဲ့ သူရဲ့အမည်မှာ မိုဟမ္မဒ်၊ အဗ္ဗဒူလာအမည်ပါရှိခဲ့ရင် သူတို့က အကြမ်းဖက်လို့စွပ်စွဲကြမှာပါ ဒါကြောင့် ဒီတိုက်ခိုက်မှုကို လုပ်ဆောင်တဲ့ ဂျိုးဆက် အလိုအလျောက် အကြမ်းဖက်သမား ဖြစ်မသွားတာဖြစ်တယ်။
တကယ်တော့ အကြမ်းဖက်ဝါဒဟာ အကြမ်းဖက်ဝါဒပါဘဲ။ လုပ်ရပ်ကို လုပ်ဆောင်သူရဲ့ ယုံကြည်ချက်။ လူမျိုးကို လှစ်လျူရှု သတ်မှတ်ရပါမယ်” ဟုဝေဖန်ပြောဆိုခဲ့သည်
 
copy from myanmarmuslimnet.

Wednesday, 10 March 2010

ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာများအရေး စိုးရိမ်

လူ့အခွင့်အရေးဆိုင်ရာ ဆရာဝန်များအဖွဲ့ ယာယီ



ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာများအရေး စိုးရိမ်



မူရင်းသတင်း VOA

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းတွေက ရိုဟင်ဂျာ မွတ်ဆလင်တွေဟာ အစာရေစာ ရှားပါး ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့ တဖွဲ့က ပြောဆိုလိုက်ပါတယ်။မှတ်ပုံတင်ထားခြင်းမရှိတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည် နေထိုင်ရာ စခန်းတွေဟာ ‘လဟာပြင် အကျဉ်းထောင်’ တွေပါပဲလို့ ဒီနေ့ထုတ်တဲ့ Physicians for Human Rights လူ့အခွင့်အရေးအတွက် ဆရာဝန်များဆိုတဲ့ အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။ဘင်္ဂလားဒေ့ရှ် အစိုးရက လူမှုရေး အကူအညီပေးတဲ့ အဖွဲ့တွေကို ဒုက္ခသည်စခန်းတွေဆီ သွားခွင့်မပြုတဲ့အတွက် အခုလို စားရေရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံနေကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်ပေါင်း ၂၀၀,၀၀၀ ကနေ ၃၀၀,၀၀၀ အထိ ရှိတယ်လို့ ခန့်မှန်းထားပေမဲ့ အဲဒီထဲက ၂၈,၀၀၀ ကိုပဲ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးကနေ ဒုက္ခသည်အဖြစ်...
အသိအမှတ်ပြု မှတ်ပုံတင်ပေးထားပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်တွေအပေါ် မတရား ဖမ်းဆီးတာတွေ၊ ဒုက္ခသည်တွေကို စခန်းတွေထဲမှာ မတန်တဆ ကျပ်သိပ်ထည့်ထားတာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ အဓမ္မနှင်ထုတ်တာတွေ အခုတလော မကြာခဏဆိုသလို လုပ်နေတာ တွေ့ရတယ်လို့ Physicians for Human Rights အဖွဲ့က ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် မတရား ခွဲခြားဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ အခြေအမြစ် မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ငြင်းဆိုလိုက်ပါတယ်။

Monday, 8 March 2010

အကွဲအပြဲနှင့် ပူးပေါင်းဆောင်ရွက်ခြင်း - ဘာကိုရွေးမလဲ

Myanmar Muslim Association of Malaysia
သောကြာနေ့ ခွသ်ဘာ ၃၃/၂၀၀၉
Shawwal 12 1430

အကွဲအပြဲနှင့် ပူးပေါင်းဆောင်ရွက်ခြင်း - ဘာကိုရွေးမလဲ

ချီးမွမ်းခြင်းအပေါင်းတို့သည် ချီးမွမ်းခြင်းအပေါင်းတို့သည် စကြာဝဠာလောကခပ်သိမ်းအား
ပြုစုပျိုးထောင်တော်မူသော အနှိုင်းမဲ့ကိုးကွယ်ရာမြတ်အလ္လာဟ်အတွက်သာ ဖြစ်တော်မူပါ၏။ ထိုအရှင်မြတ်စေလွှတ်တော်မူသော လူသားအလင်းပြ နဗီတမန်တော်အပေါင်းနှင့် နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင် (ဆွ) အပေါ်သို့ ငြိမ်းချမ်းသာယာမှု အဖြာဖြာ သက်ရောက်ပါစေ။

ညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျားအတ်စ္စလာမု အလိုင်းကွန်းမ် ၀ရဟ်မသုလ်လာဟိ ၀ဗရကါးသုဟ်

ကွန်မြူနစ်ဝါဒကျဆုံးခြင်းနှင့် အော်တိုမန်အင်ပါယာပြိုကွဲခြင်းကိုလေ့လာခြင်းကမ္ဘာစစ်ကြီးတွေနဲ့ သွေးချောင်းစီးကာလ လွန်မြောက်တော့ အရင်းရှင်စနစ်နဲ့ ကွန်မြနစ်စနစ်ကြားမှာစစ်အေးခေတ် (Cold War) ကာလကို ရောက်ရှိလာခဲ့ကြပါတယ်။ စစ်အေးခေတ်ဆိုတာကတော့ ကိုယ်ယုံကြည် တဲ့ဝါဒအပေါ် မြဲမြဲမြံမြံရပ်ပြီး ဆန့်ကျင်ဘက်အင်အားစုတွေကို နည်းမျိုးစုံနဲ့တိုက်တဲ့နည်းပေါ့။ စနစ်တစ်ခုထဲမှာ တောင်အယူအဆကွဲလွဲချက်ပေါ်လာရင် ဖြုတ်၊ ထုတ်၊ သတ် ကျင့်သုံးလာခဲ့ကြပါတယ်။


အမေရိကန် ဦး ဆောင်တဲ့အနောက်ဥရောပက ဒီမိုကရေစီဝါဒနဲ့ ဆိုဗီယက်ပြည်ထောင်စု ဥးဆောင်တဲ့ အရှေ့ဥရောပက
ကွန်မြူနစ်ဝါဒဆိုပြီး အုပ်စုကြီးနှစ်ခုအသွင်ပေါ်ခဲ့ပါတယ်။

ဒီစစ်အေးခေတ်မှာ ဂျာမဏီကိုကြည့်ရင် (၉၆)မိုင်ရှည်လျားတဲ့ ဘာလင်တံတိုင်းကြီးက အရှေ့ဂျာမဏီ
(ဆိုဗီယက်အုပ်စ၀ုင)် နဲ့အနောက်ဂျာမဏ(ီ ဒီမိုကရေစီအုပ်စ၀ုင)်အဖြစ် ခြွဲခားပါတယ်။ ဒါပေမယ့် ဒီဘာလင် တံတိုင်းကြီးဟာ(၂၈)နှစ်တာကြာပြီးတဲ့နောက် ၁၉၈၉ခုနှစ်၊ နိုဝင်ဘာလ(၉)ရက်နေ့ညမှာ ဖြိုဖျက်ခြင်းခံလိုက် ရပြီး အရှေ့ဂျာမဏီနိုင်ငံနဲ့အနောက်ဂျာမဏီနိုင်ငံတို့ ပေါင်းစည်းသွားခဲ့ကြပါတယ်။ ဒီမိုကရေစီအုပ်စုရဲ့အောင်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒီလိုစစ်အေးကာလမှာလက်နက်နဲ့မတိုက်ဘဲ ဘာလင်တံတိုင်းကြီးဘာလို့ပြိုသွားရတာလ။ဲ
ဂျာမဏီမှာ ကန်ွမြူနစ်ဝါဒ ဘာဖြစ်လို့ကျဆုံးသွားသလဲ။ အဓိကအဖြေတစ်ရပ်ကတော့ ပြည်သူလူထုတွေဆီကို ကွန်ပျူတာတွေရောက်လာပြီး ပြူတင်းပေါက်(Window)တွေကတဆင့် ကမ္ဘာကြီးကို မျှော်ကြည့်လို့ရလာခဲ့ခြင်းပါပဲ။ နံရံတံတိုင်းနဲ့ ဘောင်ခတ်ထားခြင်းခံရတဲ့ လူတွေရဲ့အသိအမြင်တွေကို မီဒီယာစွမ်းအားက ဖွင့်ပေးလိုက် တဲ့အတွက် သက်ဆိုင်ရာပြည်သူလူထုက ပြောင်းလဲသွားခြင်းပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ဘယ်ပြည်ပစစ်တပ်ကမှ မကျူးကျော်ဘဲ ဆိုဗီယက်ယူနီယံပြိုလဲပြီး အရှေ့ဥရောပမှာလည်း ကွန်မြူနစ်ဝါဒ ကျဆုံးသွားခဲ့ပါတယ်။ တစ်ချိန်က ဆိုဗီယက်ယူနီယံထဲကိုအဓမ္မသွတ်သွင်းခြင်း ခံထားရတဲ့ မွတ်စလင်မ်နိုင်ငံ (၆)နိုင်ငံလည်း လွတ်လပ်ရေး ရသွားခဲ့ကြပါတယ်။

ဒါကြောင့် နံရံတံတိုင်း (Wall) ကို စစ်အေးခေတ်ရဲ့သင်္ကေတအဖြစ်ဖေါ်ညွှန်းခဲ့ကြပြီး မိမိကိုယ်မိမိတို့ တံတိုင်း ခတ်ပြီးအကွဲအပြဲကို ပြဆိုနေပါတယ်။ ဒါပေမဲ့ စစ်အေးအလွန်ခေတ်ရဲ့သင်္ကေတကတော့ အင်တာနက်ဝက်ဘ် ဆိုက် (Web)ဖြစ်လာပြီး ပူးပေါင်းဆောင်ရွက်ခြင်းကိုဖေါ်ညွှန်းတဲ့ ကမ္ဘာ့ပင်ကူအိမ်ကြီးပြဲဖစ်ပါတယ်။ အခုဆိုရင် ကမ္ဘာ့လူသားတွေဟာတံတိုင်း(Wall) ကနေ ကမ္ဘာ့ပင့်ကူအိမ်ကြီး (Web) ဆီကို ရွေးချယ်သွားနေကြပြီဖြစ် ပါတယ်။ တစ်နည်းဆိုရင်အကွဲအပြဲကနေ ပူးပေါင်းဆောင်ရွက်ခြင်းဆီကို သွားနေပြီဖြစ်ပါတယ်။


မွတ်စလင်မ်တို့ရဲ့အော်တိုမန်အင်ပါယာပြိုကွဲခြင်းကိုကြည့်မယ်ဆိုရင် သင်ခန်းစာယူစရာတွေ အများကြီးတွေ့ရ ပါလိမ့်မယ်။ ကမ္ဘာ့မွတ်စလင်မ်ထုဟာ တူရကီကိုဗဟိုပြုပြီး အော်တိုမင်အင်ပါယာအဖြစ် တစ်စုတစ်စည်းတည်း တည်ရှိနေတာကိုကိုလိုနီစနစ်ကျင့်သုံးချင်တဲ့ ဗြိတိသျှအစိုးရအနေန့ဲ အရဗ်တွေကို တူရကီနဲ့သေွး ခွဲပြီးအောိုမင်အင်ပါယာအောက်ကခွဲထွက်ဖို့ မြှောက်ပင့်ပေးခဲ့ပါတယ်။ အရဗ်တွေကို လွတ်လပ်ရေးရအောင်လုပ်ပေးမယ် ဆိုပြီး မြူဆွယ်ခဲ့ပါတယ်။



အရဗ်တွေကတကယ်ယုံပြီး တော်လှန်ရေးလုပ်ကြတော့ နောက်ဆုံး အော်တိုမန်အင် ပါယာကြီး ပြိုကွဲခဲ့ပါတယ်။ ဒါပေမဲ့အရဗ်တွေမျှော်လင့်ထားခဲ့သလို လွတ်လပ်ရေးမရခဲ့ကြဘဲ ဥရောပရဲ့ ကျွန်သ ဘောက်ဘ၀ကိုသာ
သက်ဆင်းခဲ့ကြရတာကိုတွေ့ရမှာဖြစ်ပါတယ်။ အရဗ်တွေအနေနဲ့ အသက်သွေးချွေးပေးပြီး လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့ကြပေမယ့် လွတ်လပ်ရေးရတဲ့အခါကျတော့ ညီညွတ်တဲ့အရဗ်နိုင်ငံအဖြစ် မ ပေါ်ပေါက်တော့ဘဲအရဗ်နိုင်ငံများစွာ ပြိုကွဲသွားခဲ့ပါတယ်။အခုအခါမှာတော့ ရအဗ်တွေ တစ်နိုင်ငံတည်းမဖြစ်နိုင်တော့ပေမဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့ အရဗ်အဖွဲ့ချုပ် (Arab League)ဖွဲ့ပြီးသာ ဆောင်ရွက်နိုင်ပါတော့တယ်။



အလားတူပဲ မွတ်စလင်မ်ကမ္ဘာဟာလည်း တစ်ခုတည်း သောအင်ပါယာမတည်ဆောက်နိုင်ကြတော့ဘဲ (၅၇)နိုင်ငံပါဝင်တဲ့ အစ္စလာမစ်ညီလာခဲ့အဖွဲ့) Organization Of Islamic Conference) (OIC)အနေနဲ့သာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အဆင့်သာရှိပါသေးတယ်။
တကယ်တော့ အစ္စလာမ်ဆိုတာ ဆုံးမစာ သာသနာအဆင့်မဟုတ်ဘဲ ဒီန်လို့ခေါ်တဲ့ ဘ၀တည်ဆောက်မှု
လမ်းစU်တစ်ရပ်ဖြစ်ပါတယ်။ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ကျောင်းတော်ဝါဒစွဲတွေကို လွန်မြောက်ပြီး “အလ်-အာ လမီယဟ်” လို့ခေါ်တဲ့ စကြ၀ဠာလောကခပ်သိမ်းနဲ့ယှU်တဲ့လမ်းစU် (Universalization) ဖြစ်ပါတယ်။ ဒါကြောင့် မွတ်စလင်မ်တွေဟာလူမျိုး၊ ဘာသာစကား၊ အ၀တ်အစား၊ ဒေသ၊ ယU်ကျေးမှု ဘယ်လိုပဲကွဲကွဲ တစ်စုတည်း သော အွမ္မသ်သားချင်း (အွမ်မသွန်း-၀ါဟိဒဟ်)အဖြစ် အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်က သတ်မှတ်ထား ခြင်းဖြစ်ပါတယ် (ကုရ်အာန် ၂း၂၁၃)။

မနာလိုမှုတွေကြောင့် ကွဲပြဲသွားကြတယ်လို့လည်း သတိပေးပါတယ်။ ဒါကြောင့်လည်းတမန်တော်မြတ်က
ကမ္ဘာ့တစ်နေရာက မွတ်စလင်မ်တစ်ဦး ဝေဒနာဖြစ်ရင် ကျန်ကမ္ဘာတစ်နေရာ က မွတ်စလင်မ်တစ်ဦးလည်း ခံစားရမယ်လို့ ဖေါ်ညွှန်းသွားခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် အစ္စလာမ့်ဘ၀တည်ဆောက်မှုလမ်းစဉ်မှာ--·

လူမျိုးစွဲ၊ ဒေသစွဲတွေနေရာမှာ သတ်က၀ါလို့ခေါ်တဲ့ “အလ္လာဟ်သိစိတ်နဲ့ တာဝန်ကျေခြင်း”
(၀ါ)မှန်သော အယူ၊ မှန်သော အကျင့်နဲ့သာ မြင့်မြတ်မှုကို တိုင်းတာနိုင်တယ်ဆိုတာနဲ့ အစားထိုးခဲ့ပါတယ်။ (ကုရ်အာန် ၄၉း၁၃)·

ပုဂ္ဂိုလ်စွဲကိုရှေ့တန်းမတင်ဘဲ “အလ္လာဟ် တမန်တော်မြတ်နဲ့ ဂျီဟာဒ်ခေါ် အမှန်တရားအတွက် သက်စွန့်
ကြိုးပမ်းဆောင်ရွက်ခြင်း” ကိုသာ အချစ်ဆုံးဖြစ်ရမယ်ဆိုတာနဲ့ အစားထိုးခဲ့ပါတယ်။ (ကုရ်အာန် ၉း၂၄)·

ဂိုဏ်းဂဏ၀ါဒစွဲနေရာမှာ အလ္လာဟ်ရဲ့လမ်းညွှန်ကုရ်အာန်ဟာ မှတ်ကျောက(် ဖုရ်ကာန)် န့ဲ တမန်တော် မြတ်ဟာစံနှုန်း(အုစ်ဝသွန်-ဟစနဟ်)နဲ့ အစားထိုးခဲ့ပါတယ်။ (ကုရ်အန် ၂း၁၈၅၊ ၃၃း၂၁)

ဒါကြောင့် မွတ်စလင်မ်များအနေနဲ့ ပုဂ္ဂိုလ်စ၊ွဲ လူမျိုးစ၊ွဲ ဒေသစ၊ွဲ ကျောင်းတောဝ်ါဒစွဲစတ့ဲ နံရံတံတိုင်းများကို ဖြိုဖျက်ပြီးတစ်စုတည်းသော အွမ္မသ်ဆိုတဲ့ စကြ၀ဠာလောကခပ်သိမ်းနဲ့ယှဉ်တဲ့ လွင်ပြင်ဆီကိုလျှောက် လှမ်းကြပါစို့။

အလ်ဟာဂ်ျ ဖုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)


Special thanks to Aunty Daw La' La' Myint

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို စစ်အစိုးရက ထုတ်ပြန်

Monday, 8 March 2010


ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို စစ်အစိုးရက ထုတ်ပြန်



ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန်ခြင်း



“ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ သည် ဥပဒေ အမှတ် ၁/၂၀၁၀ ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် ၂/၂၀၁၀ ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် ၃/၂၀၁၀ ဖြင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကိုလည်းကောင်း၊ ဥပဒေ အမှတ် ၄/၂၀၁၀ ဖြင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကိုလည်းကောင်း၊ ဥပဒေ အမှတ် ၅/၂၀၁၀ ဖြင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို လည်းကောင်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၃၇၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက်၊ ၂၀၁၀ ပြည်နှစ် မတ်လ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

Posted by aungko78 at 07:16 0 comments

Thursday, 4 March 2010

ရိုဟင်ဂျာများ အစာငတ်ခံ ဆန္ဒပြ




မူရင်းသတင်း ဧရာဝတီ




ထိုင်းနိုင်ငံတွင် အထိန်းသိမ်း ခံနေရသော မြန်မာ ရိုဟင်ဂျာများသည် ၎င်းတို့အား နေရပ်ပြန်ပို့ ပေးရန်အတွက် အစာအငတ်ခံ ဆန္ဒပြ တောင်းဆိုနေ ကြကြောင်း သိရသည်။



“အစာငတ်ခံ ဆန္ဒပြတာ ၆ ရက် လောက်ရှိပြီ။ လာမယ့်အပတ်အထိ ပြန်မပို့သေးဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည် ကြမယ်လို့ ပြောကြတယ်” ဟု မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်မှု ထိုင်း လှုပ်ရှားရေး ကော်မတီမှ လက်ထောက် ညွန်ကြားရေးမှူး ဦးမြင့်ဝေက ဧရာဝတီသို့ ပြောသည်။

ထိုင်းရှေ့နေ တဦးဖြစ်သူ Nassir က ရိုဟင်ဂျာများကို ထိုင်းအစိုးရ အနေဖြင့် နေရပ် ပြန်ပို့ပါက လူ့အခွင့်အရေး ထပ်မံ ချိုးဖောက် ခံရမည်ကို NGO အဖွဲ့အစည်း များနှင့် ရိုဟင်ဂျာ အရေး ဆောင်ရွက် ပေးနေသော ရှေ့နေများက စိုးရိမ်နေကြ သည်ဟု ဆိုသည်။



ပြီးခဲ့သည့် ဇန်န၀ါရီလတွင် ရိုဟင်ဂျာ ၂၈ ဦးကို ဘင်္ဂလားဒေရှ့် နိုင်ငံသို့ ပြန်ပို့ ခဲ့ကြောင်း သိရသည်။



“ဖမ်းမိတဲ့ အချိန်ကစပြီး အခု အချိန်အထိ သူတို့ ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းအစိုးရ ဘက်က ပျော့ပြောင်းမှု မရှိဘူး။ ကာကွယ်မှု မရှိဘူး။ ဒါကြောင့် သူတို့ ကိုယ်နှိုက် ကလည်းမနေနိုင်တော့ဘူး၊ ပြန်မယ် ဖြစ်လာတယ်” ဟု ဦးမြင့်ဝေက ဆက်ပြောသည်။




၎င်းတို့ကို ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ထိန်းသိမ်းထားစဉ် ၂ ဦးသေဆုံးသွားပြီးနောက်ပိုင်း ကျန်ရှိနေသော ၅၅ ဦးကို ယခုအခါတွင် ဘန်ကောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း (IDC) တွင် ပြောင်းရွှေ့ ထိန်းသိမ်းထားသည်ဟု သိရသည်။



ယခင်က အဆိုပါ ရိုဟင်ဂျာများသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င်သော နည်းလမ်းများဖြင့် ၀င်လာခဲ့ရာ ထိုင်းအာဏာပိုင် များက ဖမ်းဆီးရမိပြီး နေရပ်ပြန်ပို့ရန် စီစဉ်ခဲ့သော်လည်း ထိုင်းနိုင်ငံရှိ NGO များနှင့် ရိုဟင်ဂျာများကိုယ်တိုင်က နေရပ်ပြန်မပို့ရန်နှင့် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် ထိုင်းအစိုးရကို တောင်းဆိုခဲ့ဖူးသည်။



ရိုဟင်ဂျာများသည် မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ် ဒေသမှ အစ္စလမ် ဘာသာဝင်များ ဖြစ်ပြီး နိုင်ငံသားများ အဖြစ် သတ်မှတ် ခံရခြင်း မရှိပေ။ မြန်မာအာဏာပိုင်များ ထုတ်ပြန်ထားသည့် မြန်မာ နိုင်ငံရှိ တိုင်းရင်းသား လူမျိုးစု ၁၃၅ စု စာရင်းတွင်လည်း ရိုဟင်ဂျာများ ပါဝင်ခြင်း မရှိပေ။



မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအပေါ် ထားရှိသည့် တင်းကျပ်သော စည်းကမ်းချက်များကြောင့် စားဝတ်နေရေး ပိုမို ကျပ်တည်း လာရာ အများအပြားသည် ပွဲစားများ၏ အကူအညီဖြင့် နိုင်ငံပြင်ပသို့ အရဲစွန့် ထွက်ခွာကြခြင်း ဖြစ်ကြောင်း သိရသည်။



ထို့အပြင် ပြည်ပ နိုင်ငံများသို့ ရေလမ်းခရီးဖြင့် တရားမဝင် သွားရောက်ကြရာ အများစုမှာ ထိုင်းနိုင်ငံ ကမ်းရိုးတန်း ဒေသများ၊ သို့မဟုတ် မုန်တိုင်း ထန်သည့် ကပ္ပလီ ပင်လယ်ပြင်ဘက်သို့ ရောက်ရှိသွားကြသည်ဟု သတင်းများအရ သိရသည်။



ထိုင်းအစိုးရက ထုတ်ပြန်သည့် စာရင်းဇယားများအရ ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိခဲ့သည့် ရိုဟင်ဂျာ အရေအတွက်မှာ တနှစ်ထက်တနှစ် ပိုမိုများပြားလာသည်ဟု ဆိုသည်။ ၂ဝဝ၅ -၂ဝဝ၆ ခုနှစ်တွင် ၁၂၂၅ ဦးရှိပြီး ၂ဝဝ၇-၂ဝဝ၈ ခုနှစ်တွင် ၄၈၈၆ ဦးရှိသည်ဟု သိရသည်။ --> Read/Post Comment: 0 Thursday 04 March 2010 - 12:34:31
copy from myanmar muslim net



Saturday, 27 February 2010

ပင်လုံစာချုပ်၊ ပြည်ထောင်စုစိတ်ဓါတ်နှင့် မြန်မာမွတ်စလင်မ်တို့၏အခန်းကဏ္ဍPosted by Min Than Win

Pinlon Treaty, Union Spirit and the Role of Myanmar Muslim

အလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

ချီးမွမ်းခြင်းအပေါင်းတို့သည်စကြာဝဠာလောကခပ်သိမ်းအားပြုစုပျိုးထောင်တော်မူသောအနှိုင်းမဲ့ကိုးကွယ်ရာ
မြတ်အလ္လာဟ်အတွက်သာဖြစ်တော်မူပါ၏။ ထိုအရှင်မြတ်စေလွှတ်တော်မူသော
လူသားအလင်းပြ နဗီတမန် တော်အပေါင်းနှင့်
နောက်ဆုံးတမန်တော်ချုပ်မုဟမ္မဒ်သခင်(ဆွ) အပေါ်သို့ ငြိမ်းချမ်းသာယာမှု
အဖြာဖြာ သက်ရောက်ပါစေ။

ညီနောင်ညီအစ်မအပေါင်းတို့ခင်ဗျား---

အတ်စ္စလာမုအလိုင်းကွန်းမ် ၀ရဟ်မသုလ်လားဟိ ၀ဗရကားသုဟ်

မြန်မာ့လွတ်လပ်ရေးသမိုင်းမှာပါဝင်ခဲ့တဲ့ လူ့အဖွဲ့အစည်းတွေရဲ့ ပြည်ထောင်စုစိတ်ဓါတ်ကိုဖေါ်ညွှန်းနိုင် ခဲ့တဲ့ ပင်လုံစာချုပ်ချုပ်ဆိုတဲ့
ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့ကို ပြည်ထောင်စုနေ့ဆိုပြီး မြန်မာနိုင်ငံမှာဂုဏ်ယူကျင်းပ ခဲ့ကြပါတယ်။

ဒီနေ့ ၁၂-၂-၂၀၁၀ (သောကြာနေ့)ဟာ ပြည်ထောင်စုနေ့ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ “ပင်လုံ စာချုပ်၊ ပြည်ထောင်စု စိတ်ဓါတ်နဲ့ မြန်မာမွတ်စလင်မ်တို့ရဲ့အခန်းကဏ္ဍ’’ဆိုတဲ့ ခေါင်းစဉ်ကို တင်ပြလိုပါတယ်။

ရည်ရွယ်ချက်ကတော့ အတိတ်သမိုင်းမှာ မြန်မာမွတ်စလင်မ်တွေရဲ့ တိုင်းပြည်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့မှုကိုဂုဏ်ပြုရင်း ဒီနေ့ မြန်မာမွတ်စလင်မ် မျိုးဆက်တွေအနေနဲ့ ပြည်ထောင်စုစိတ် ဓါတ်ဆိုတဲ့သဘောတရားကို
မှန်ကန်စွာမွေးမြူပြီး လူသားအကျိုးပြုနိုင်ရေးအတွက်ဖြစ်ပါတယ်။



တမန်တော်မြတ်(ဆွ)က မွတ်စလင်မ်တစ်ဦးရဲ့ ယုံကြည်ချက်ရဲ့ အနိမ့်ဆုံးအရည်အသွေးဆိုတာ လမ်းပေါ်မှာရှိနေတဲ့ သူတစ်ပါးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေကို ဖယ်ရှားပေးခြင်းလို့သွန်သင်ထားပါတယ်။ ကုရ်အာန်ကျမ်းမြတ်အရတော့----
မွတ်စလင်မ်တစ်ဦးရဲ့ မြင့်မားတဲ့အရည်အသွေးမှာ အိဟ်စါန်လို့ခေါ်တဲ့ “ကောင်းကျိုးပြုအလှဆင်ခြင်း’’ ပဲဖြစ်ပါတယ်။ မိမိကိုယ်မိမိ
အလှဆင်ဖို့လိုအပ်သလို ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်၊ ဒေသ၊ လူအဖွဲ့အစည်း၊ တိုင်းပြည်၊ ကမ္ဘာဂြိုဟ်နဲ့ စကြ၀ဠာကြီးကို အကျည်းတန်စေတဲ့အရာတွေ ဖယ်ရှားပြီး ကောင်းကျိုးပြုအလှဆင်ဖို့ပဲဖြစ်ပါတယ်။

ဖ.ဆ.ပ.လ ခေါ် အမျိုးသားတပ်ဦး

၁၉၄၁ခုနှစ်၊ သြဂုတ်လဆန်းမှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားတဲ့အခါ အမျိုးသားခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း က ဖ.ဆ.ပ.လ လို့ခေါ်တဲ့ ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည့်သူ့လွတ်လပ်ရေးအဖွဲ့ ချုပ် - တစ်နည်းပြောရရင် အမျိုးသား တပ်ဦးတစ်ရပ်ကိုဖွဲ့စည်းပြီး အပြီးတိုင်လွတ်လပ်ရေးနဲ့အမျိုးသားညီညွတ် ရေး ကြိုးပမ်းတည်ဆောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးအရာရှိဖြစ်တဲ့ ဗိုလ်ထွန်းလှ(တက္ကသိုလ် နေ၀င်း)က ဒီကိစ္စနဲ့ပတ်သက်ပြီး ၁၂-၂-၁၈၈၆နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာမှာ “ပထမပင်လုံကွန် ဖရင့်” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ရာမှာ - ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ရဲ့အမျိုးသားတပ်ဦးကြီးမှာ မန်းဘခိုင် (ကရင်)၊ ဦးအောင်ဇံဝေ(ရခိုင်)၊ ဆမားဒူးဝါးဆင်ဝါးနောင်(ကချင်)၊ ဦးဝမ္မသူးမောင်(ချင်း)၊ ရှမ်းပြည်နယ်လူထု ခေါင်းဆောင်ဦးတင်အေး၊ လင်းခေးဦးထွန်းမြင့် တို့အပြင် ဗမက လို့ခေါ်တဲ့ ဗမာမွတ်စလင်မ်ကွန်ဂရက်က ဆရာကြီးဦးရာဇတ်၊ ဦးဖေခင်၊ ဦးခင်မောင်လတ်စတဲ့ ခေါင်းဆောင်များကို စည်းရုံးနိုင်ခဲ့တယ်လို့ ဖေါ်ပြပါတယ်။

ဗမက ခေါ် ဗမာမွတ်စလင်မ်ကွန်ဂရက်

မြန်မာနိုင်ငံဟာ သူ့ကျွန်ဘ၀ရောက်ခဲ့ပြီးနောက် YMBA လို့ခေါ်တဲ့ ဗုဒ္ဓကလျာဏယုဝအသင်း ပေါ်ပေါက်ခဲ့စဉ်က မြန်မာမွတ်စလင်မ်တွေက BMS လို့ခေါ်တဲ့ ဘားမားမွတ်စလင်မ်စိုစိုင်ယီတီအသင်းထောင်နိုင် ခဲ့ကြပါတယ်။ GCBA ခေါ်
မြန်မာအသင်းချုပ်ကြီး ပေါ်လာတော့ GCBMA လို့ခေါ်တဲ့ မြန်မာမွတ်စလင်မ်အသင်း ချုပ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလိုနဲ့ သခင်တွေဦးစီးတဲ့ ဒို့ဗမာအစည်းအရုံးပေါ်လာပြီး သူ့ကျွန်ဘ၀လွတ်မြောက် ရေးတိုက်ပွဲဝင်လာတော့မြန်မာမွတ်စလင်မ်အချို့က ဒို့ဗမာအစည်းအရုံးကိုဝင်ခဲ့ကြပြီး အချို့ကတော့ဗမာ မွတ်စလင်မ်နိုးကြားရေးအဖွဲ့ကို ထူထောင်ပြီး တိုင်းပြည်ရေး တစ်တပ် တစ်အား ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဆရာကြီး ဦးရာဇတ်က ဥက္ကဌ၊ ဦးသန်းရွှေက အတွင်းရေးမှူးဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာပြီး စစ်ကြီးပြီး တော့ မန္တလေးကိုရောက်ရှိလာတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဆရာကြီးဦးရာဇတ်နဲ့ ဗမာမွတ်စလင်မ်နိုးကြားရေး ခေါင်းဆောင်ဟောင်းတွေကိုခေါ်ယူပြီး တစ်တိုင်းပြည်လုံးသွေးစည်းညီညွတ်ရေးလိုအပ်နေကြောင်း၊ ဗမာမွတ်စလင်မ်တွေအနေနဲ့လည်း ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးမှာ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းပြော
ဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်ရဲ့ အကြံပြုချက်အရ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ဗမာမွတ်စလင်မ်ခေါင်းဆောင်တွေပါဝင်တဲ့ ဗမာမွတ်စလင်မ် ညီလာခံကြီးတစ်ရပ်ကို ၁၀၄၅ခုနှစ်၊ ဒီဇင်ဘာလ(၂၄ ၊ ၂၅ ၊ ၂၆)ရက်များမှာ ပျဉ်းမနားမြို့ မှာ ကျင်းပခဲ့ပြီး ဆရာကြီးဦးရာဇတ် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ ဗမက ခေါ်ဗမာမွတ်စလင်မ်ကွန်ဂရက် (Burman Muslim Congress)ဖွဲ့စည်းပေါ်ပေါက်လာခဲ့ပါတယ်။

ဗမာမွတ်စလင်မ်ကွန်ဂရက်(ဗမက)မှ ပင်လုံစာချုပ်မျိုးစေ့စိုက်ခြင်း

ဗမက ဖွဲ့စည်းပြီး ရက်(၂၀)ကျော်အကြာဖြစ်တဲ့ ၁၉၄၆ခုနှစ်၊ ဇန္န၀ါရီလ (၁၇)ရက်နေ့ကနေ (၂၃)ရက်နေ့ အထိ ရန်ကုန်မြို့ ၊ ရွှေတိဂုံအလယ်ပစ္စယံမှာ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးရဲ့ ပြည်လုံးကျွတ် ညီလာခံကြီးကို ကျင်းပခဲ့ကြပါတယ်။ အဲဒီညီလာခံကြီးမှာ “ဖဆပလ” က “ဗမက” ကို ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့ချုပ်နဲ့အတူ လူမျိုးရေးအဖွဲ့စာရင်းမှာ တပ်တစ်တပ်အနေနဲ့ ပါဝင်ခွင့်ပြုခဲ့ပါတယ်။ ၄-၂-၁၉၄၆နေ့ထုတ် ဒီးဒုတ်ဂျာနယ် စာမျက် နှာ(၂၂)မှာ “မြန်မာပြည်၏ကံကြမ္မာကို ဖန်တီးမည့်ပုဂ္ဂိုလ်များ၊
ဖဆပလညီလာခံမှ တင်မြှောက်လိုက်သော ဗဟိုဦးစီးအဖွဲ့ဝင်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖေါ်ပြခဲ့ရာ
(၁)ဗိုလ်ချုပ်အောင်ဆန်းကဥက္ကဌ
(၂)တစ်သီးပုဂ္ဂလခေါင်း ဆောင်(၁၀)ဦးထဲမှာ ဆရာကြီးဦးရာဇတ်ပါဝင်ခဲ့တယ်။
(၃)ပြီးတော့ နိုင်ငံရေးပါတီများဖြစ်ကြတဲ့ ကွန်မြူနစ်၊ ဆို ရှယ်လစ်နဲ့ မျိုးချစ်တို့က ကိုယ်စားလှယ်သုံးဦးစီပါဝင်ပါတယ်။
(၄)လူမျိုးရေးအဖွဲ့(၃)ဖွဲ့ထဲမှာ ရခိုင်၊ ကရင်နဲ့ ဗမာ မွတ်စလင်မ်တို့ပါဝင်ပြီး ဗမာမွတ်စလင်မ်ကွန်ဂရက်က ကိုယ်စားလှယ်ဦးမောင်စိန်၊ ဦးဖေခင်(နောင်-၀န်ကြီးနဲ့ သံ အမတ်ကြီး)နဲ့ မစ္စတာ လတစ်ဖ်(နောင်-၀န်ကြီး)တို့ ပါဝင်ခဲ့ကြပါတယ်။ ဆရာကြီးဦးရာဇတ်ဟာ
ဗမကရဲ့ ဥက္ကဌ ဖြစ်ပေမယ့် တစ်ဦးပုဂ္ဂလခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။

အဲဒီညီလာခံကြီးမှာ လွတ်လပ်ရေးနဲ့ပတ်သက်တဲ့ အဆိုပေါင်း(၁၈)ခုတင်သွင်းဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီအဆိုတွေအနက်
ညီညွတ်ရေးအဆိုကို ဗိုလ်ချုပ်ကိုယ်တိုင်တင်သွင်းခဲ့ပြီး အဆိုအမှတ်(၆)ဖြစ်တဲ့ တိုင်းရင်း သားလူနည်းစုအရေးကို ဒီးဒုတ်ဦးဘချိုက
တင်သွင်းခဲ့ပါတယ်။ ဗမာမွတ်စလင်မ်နဲ့ပတ်သက်တဲ့သဘောထားကို တင်ပြဆွေးနွေးပြီး ထောက်ခံရာမှာ---
• ဗမာမွတ်စလင်မ်တွေဟာ ဗမာနဲ့ခွဲလို့မရတဲ့ မြန်မာတွေဖြစ်ကြောင်း
• ပျဉ်းမနားမှာကျင်းပခဲ့တဲ့ ဗမကညီလာခံကြီးမှာ ဗမာမွတ်စလင်မ်တွေဟာ ဗမာဖြစ်ကြောင်း ကြွေးကြော်ဆုံးဖြတ်ခြင်းကို ဒီ ဖ.ဆ.ပ.လညီလာခံကြီးက အထူးချီးကျူးဝမ်းမြောက်ကြောင်း
• ဗမာမွတ်စလင်မ်တို့ကို တိုင်းရင်းသားလူနည်းစုတို့ရထိုက်တဲ့အခွင့်အရေးတွေ ပေးမယ်ဖြစ်ကြောင်း
• ဗမာမွတ်စလင်မ်တွေကို မြန်မာလူမျိုးတို့အခွင့်အရေးကိုပေးမှာဖြစ်ကြောင်း ဖ.ဆ.ပ.လညီလာခံကြီး က ကြွေးကြော်ကြောင်း
ဖေါ်ပြပါရှိခဲ့ပါတယ်။အကြောင်းအသေးစိတ်ကို ဒီးဒုတ်ဂျာနယ် (၄-၂-၁၉၄၆)၊ စာမျက်နှာ(၃၁-၃၃)မှာ “ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးက
တိုင်းရင်းသားလူနည်းစုပြဿနာကို ရှင်းလိုက်ပြီ’’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။

ဗမာမွတ်စလင်မ်တွေ ဂုဏ်ယူဖို့ကောင်းတာက “ဗမက”က အဆိုအမှတ်(၇)တင်သွင်းခဲ့ရာမှာ လွတ်လပ်ရေး ယူတဲ့အခါ ရှမ်းပြည်နယ်အပါအ၀င်တောင်တန်းဒေသအားလုံးကို တစ်ပေါင်းတည်းပေါင်းစည်းရေးအဆိုပဲ ဖြစ်ခဲ့ပါတယ်။
တစ်နည်းပြောရရင် ဗမာမွတ်စလင်မ်တွေဟာ ပြည်ထောင်စုစိတ်ဓါတ်(၀ါ)ပင်လုံမျိုးစေ့ကိုသမိုင်းဝင်စိုက်ခဲ့ခြင်းပဲဖြစ်ပါတယ်။

ဒီဂုဏ်ယူဖွယ်ဖြစ်ရပ်ကို ဒီအဆိုကိုတင်သွင်းခဲ့တဲ့ ဦးဖေခင်ကိုယ်တိုင် ရေး သားပြုစုပြီး နိုင်ငံတော်က ထုတ်ဝေခဲ့တဲ့ “ကိုယ်တွေ့ပင်လုံ’’ဆိုတဲ့စာအုပ် (၁၉၉၀)မှာလည်း အသေးစိတ် လေ့လာနိုင်ကြပါတယ်။

မြန်မာမွတ်စလင်မ်တို့သည် မိမိတို့အရေးထက် တိုင်းပြည်လွတ်လပ်ရေးကို ဦးစားပေးခဲ့ကြခြင်း

အခုလို ဗမာမွတ်စလင်မ်ကွန်ဂရက်ကို ဖ.ဆ.ပ.လညီလာခံကြီးက လူမျိုးရေးအဖွဲ့စာရင်းမှာထည့်သွင်း လက်ခံပြီး တိုင်းရင်းသား လူနည်းစု အခွင့်အရေးပေးမယ်၊ မြန်မာတွေရဲ့ လူများစုအခွင့်အရေးကိုလည်း ရမယ် ဆိုတဲ့ သဘောထားဆုံးဖြတ်ချက်ဟာ
ဗမာမွတ်စလင်မ်တွေ အတွက် ထူးခြားချက်ဖြစ်ခဲ့ပါတယ်။ ဗမာမွတ်စလင်မ်တွေဟာ ကရင်လို တိုင်းရင်းသား လူနည်းစု အခွင့်အရေး ယူမလား။ ဗမာနဲ့ရောပြီး ဗမာအဖြစ် လူများစုအခွင့်အရေးလူနည်းစုယူမလားဆိုတဲ့ ကိစ္စဆုံးဖြတ်ဖို့ ဗမကရဲ့
ပြည်လုံးကျွတ်ညီလာခံကြီး ၁၉၄၆ခုနှစ်၊ ဒီဇင်ဘာလမှာ ရန်ကုန်မြို့မှာ ကျင်းပဖို့ဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့လွတ်လပ်ရေးကြိုးပမ်းမှုအပေါ် အချို့သော လူမျိုးစုခေါင်းဆောင် တွေက ဗိုလ်ချုပ်ဟာ
ငါတို့ကိုယ်စားလှယ်မဟုတ်ဘူးဆိုပြီး ကန့်ကွက်မှုတွေ ပေါ်ပေါက်လာနေခဲ့ပါတယ်။ဒါကြောင့် ဗမာမွတ်စလင်မ်တွေဟာ ကိုယ့်လူမျိုးစု အရေးထက်တိုင်းပြည်လွတ်လပ်ရေးကိုဦးစားပေးပြီး ဗမာမွတ်စလင်မ်တွေဟာ ဗမာဖြစ်တယ်ဆိုပြီး ဗိုလ်ချုပ်ကို အပြည့်အဝေ ထောက်ခံအားပေးခဲ့ကြပါတယ်။

ဒါကြောင့်လည်း ၁၉၄၇ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာရော၊ ၁၉၄၈ခုနှစ်ခုနှစ် လွတ်လပ် ရေးရတဲ့အခါမှာပါ မွတ်စလင်မ်တွေဟာ ဂုဏ်ပြုခံရပြီး ထိုက်တန်တဲ့အခွင့်အရေးအတွေ အပြည့်အ၀ရခဲ့ကြပါ တယ်။ ၀န်ကြီးတွေ၊ အမတ်တွေ ဖြစ်ခဲ့ကြပြပါတယ်။ ဒါပေမယ့် ကာလကြာပြီး ခေတ်စနစ်တွေတစ်စစပြောင်း လဲလာမှုနဲ့အတူ သမိုင်းတွေမေ့ပြီး ပြည်ထောင်စု စိတ်ဓါတ်ဆိုတာ ဗမာမွတ်စလင်မ်တွေနဲ့ မသက်ဆိုင်သလို ထင်ခံလာရခြင်းပဲဖြစ်ပါတယ်။



ပင်လုံညီလာခံ (သို့မဟုတ်) ပြည်ထောင်စုစိတ်ဓါတ်သင်္ကေတ

ပထမပင်လုံညီလာခံကို ၁၉၄၇ခုနှစ်၊ မတ်လ(၁)ရက်နေ့ကနေ (၁၂)ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ ဗိုလ် ချုပ်အောင်ဆန်း မတက်ရောက်နိုင်ခဲ့တဲ့အတွက် ဖ.ဆ.ပ.လက ဒု-ဥက္ကဌဦးနု ဦးဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည် တောင်ကြီးက ဦးဖေခင် (ဗမာမွတ်စလင်မ်) ကို တက်ရောက်စေခဲ့ပါတယ်။ ဦးဖေခင်ဟာ ဖ.ဆ.ပ.လရဲ့တောင်တန်းဒေသဌာနခွဲ အတွင်းရေးမှူးဖြစ်နေပါပြီ။

ဒီလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ လန်ဒန်မြို့မှာ ၀န်ကြီးချုပ် အက်တလီနဲ့ မြန်မာ့ လွတ်လပ်ရေး ယူတဲ့အခါ ရှမ်းပြည်အပါအ၀င် တောင်တန်းဒေသတွေနဲ့ ပြည်မပူးပေါင်း ရေးအစီအစဉ်ဆွေးနွေးချိန်မှာ ရှမ်းစော်ဘွား နှစ်ဦးအမည်နဲ့ “အောင်ဆန်းဟာ ရှမ်းပြည်ကိုယ်စားမပြု၊ ပြည်မမှ မြန်မာခေါင်းဆောင်တစ်ဦးသာဖြစ်သည်”
ဆိုတဲ့ ကြေးနန်းစာတစ်စောင် ဗြိတိသျှအစိုးရဆီကို ရောက်လာခဲ့တဲ့အတွက် အနှောင့်အယှက်တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ အဲဒီအခါ ဖ.ဆ.ပ.လအဖွဲ့ချုပ်က ဦးနုက တောင်တန်းဒေသအတွင်းရေးမှူး ဦးဖေခင်ကို ရှမ်းပြည်ကိုအမြန်သွားပြီး ရှမ်းစော်ဘွားတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့စီစဉ်စေခဲ့ပါတယ်။ ဦးဖေခင်ကလည်း ဦးတင်အေး၊ ဦးထွန်းမြင့်အစရှိတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ တိုင်ပင်ပြီး
တောင်ကြီးမြို့မှာ လူထုအစည်းအဝေးကြီးတစ်ရပ် ကျင်းပခဲ့ပါတယ်။

အဲဒီလူထုအစည်းအဝေးကြီး ကနေ ရှမ်းပြည်နယ်လွတ်မြောက်ရေးအဖွဲ့ချုပ်က ဗမာပြည်မနဲ့ အတူ ရှမ်းပြည်နယ်ကို လွတ်လပ်ရေး ချက်ခြင်းပေးဖို့နဲ့ လန်ဒန်ရောက်ဗိုလ်ချုပ်အောင်ဆန်းနဲ့အဖွဲ့ကိုထောက်ခံကြောင်းအဆိုကို တစ်ခဲနက်ထောက်ခံ အတည်ပြု ခဲ့ကြပါတယ်။ မြို့တွင်းမှာလည်း ကြွေးကြော်ပြီးစီတည်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ ဗမာမွတ်စ လင်မ်ဦးဖေခင် အနေနဲ့ ဒီလိုရှမ်းပြည်သူလူထုက ဗိုလ်ချုပ်အောင်ဆန်းကို အပြည့်အ၀ထောက်ခံကြောင်းကို ဖ.ဆ.ပ.လအဖွဲ့ချုပ်ကို ကြေးနန်းတစ်စောင်၊
လန်ဒန်ကိုကြေးနန်းတစ်စောင်ပို့နိုင်ခဲ့တဲ့အတွက် မြန်မာလွတ် လပ်ရေးကိုအာမခံချက်ပေးတဲ့ အောင်ဆန်း-အက်တလီစာချုပ်ကို
ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုနဲ့ ဗိုလ်ချုပ်ဟာ လန်ဒန်ကပြန်ရောက်လာပြီး ရက်အနည်းငယ်အတွင်းမှာ တိုင်းရင်းသားလူမျိုးစု တွေရဲ့ တရားဝင်ဆန္ဒရယူဖို့
ပင်လုံညီလာခံခရီးဆက်ခဲ့ရပါတယ်။ ဒါပေမယ့် ၁၉၄၇ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၁) ရက်နေ့ညအထိ ကိုယ်စားလှယ်အားလုံး လက်မှတ်ရေးထိုးဖို့မသေချာဘဲ လိပ်ခဲတည်းလည်းဖြစ်နေခဲ့ပြန်ပါ တယ်။ ဗိုလ်ချုပ်လည်းစိတ်ပျက်ပြီးအပါးတော်မြဲ ဗိုလ်ထွန်းလှကို
ရန်ကုန်ပြန်ဖို့လေယာဉ်လက်မှတ်မှာခိုင်းတဲ့ အခြေအနေဆိုက်ရောက်လာပါတော့တယ်။ ဒါပေမယ့် ဦးဖေခင်နဲ့ ဗိုလ်ထွန်းလှ တို့တိုင်ပင်ပြီး လူမျိုးစုခေါင်း ဆောင်တွေကို တစ်ဖက်ကစည်းရုံးရင်း ကျန်တစ်ဖက်ကလည်းဗိုလ်ချုပ်ကိုရန်ကုန်မပြန်ဖို့ ဖြောင်းဖျ ခဲ့ကြပါ တယ်။ ဒါကြောင့် ဗိုလ်ထွန်းလှက ဦးဖေခင်ရဲ့ ကိုယ်တွေ့ ပင်လုံစာအုပ်အမှာစာမှာ ဦးဖေခင်နဲ့ သူတို့နှစ်ဦး ဒီလို မဆောင်ရွက် နိုင ခဲ့ရင် မြန်မာပြည်ရဲ့ ကံကြမ္မာတစ်မျိုးဖြစ်ပြီး နယ်ချဲ့ အကြိုက်ဖြစ်သွားမယ်လို့ ရေးခဲ့ပါ တယ်။

အလားတူ ဦးတင်ဧ(ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သူနဲ့အငြိမ်းစားနိုင်ငံတော်ကောင်စီဝင်)က လည်း သူ့ရဲ့အမှာစာမှာ - ပင်လုံစာချုပ်ကြီး အောင်မြင်စွာချုပ်ဆိုနိုင်ဖို့ ဦးဖေခင်ဟာ ဖ.ဆ.ပ.လ အဖွဲ့ချုပ်နဲ့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ ချုပ်ကြားမှာ
အောင်သွယ်တော်ကြီးသဖွယ်ဖြစ်ခဲ့တယ်လို့ ဂုဏ်ပြုရေးသားခဲ့ပါ တယ်။ ဒီလိုနဲ့၁၉၄၇ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့မှာ
သမိုင်းဝင်ပင်လုံစာချုပ်ကြီးအောင်မြင်စွာချုပ်ဆို နိုင်ခဲ့ပြီး ဧပြီလမှာ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကြီးကိုလည်း
အောင်မြင်စွာကျင်းပနိုင်ခဲ့ကြ ပါတယ်။



ပြည်ထောင်စုစိတ်ဓါတ်မရှိရင် နိုင်ငံရေရှည်တည်တံ့ခြင်း၊စစ်မှန်တဲ့တိုးတက်ဖွံ့ဖြိုးခြင်းဆိုတာလည်း မရှိ နိုင်ပါဘူး။ ပြည်ထောင်စု စိတ်ဓါတ်ကို ဖျက်ဆီးနိုင်တာဟာ မျက်ကန်းမျိုးချစ်စိတ်ဓါတ်(၀ါ)အစွန်းရောက်တဲ့ လူမျိုးရေးဝါဒပဲဖြစ်ပါတယ်။
မြန်မာမွတ်စလင်မ်များ အနေနဲ့ သမိုင်းကိုသင်ခန်းစာယူပြီး စစ်မှန်တဲ့ပြည်ထောင် စုစိတ်ဓါတ်နဲ့ လောကကြီးကို အလှဆင်ကြဖို့
တိုက်တွန်းအပ်ပါတယ်။

အလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)


copy from http://noorullah.ning.com

Friday, 26 February 2010

Prophet MOHAMMAD (s.a.w)`s Birthday

Dear Brothers and Sisters,


Today is our beloved prophet Mohammad (S A W)'s birthday. So let's call Prophet Day (Yom-An- Nabi).

Please don't forget to recite Salwaat as much as you can today and everyday.



Regards,

KZ (B.M.A)

Wednesday, 17 February 2010

လူ့ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား (၁၄) ချက်




၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။



၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။



၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။



၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ်ကြောင့်ဖြစ်သည်။



၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။



၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။



၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။



၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်း

သည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ်သည်။



၉။ လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။



၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး ကောင်းမွန်ခြင်းဖြစ်သည်။



၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေးသံသရာဖြစ်သည်။



၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။



၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ်ဖြစ်သည်။



၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။



Friendly,



MZS...