Monday, 31 May 2010

သမိုင်းပျောက်က ဇာတိပျောက်မည်၊ ဇာတိပျောက်က မျိုးချစ်စိတ်ပါ ပျောက်မည်

လူ ၏မျိုးရိုးဇစ်မြစ်
သုတေသနပြုချက်အရ လူ ၏ပင်ရင်းဇစ်မြှစ်အစစ်သည် အာဖရိကတိုက်မှစ၍ပေါ်ပေါက်လာကြောင်းသုတေသနရှင်အများစုကသဘောတူထားသည်။
လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ၀၀၀ နှင့် ၂၀၀ ၀၀၀ ကျော်ကြားတွင် လူ ၏မျိုးရိုးသည် ထိုအာဖရိကတိုက်မှ ကမ္ဘာအနှံ့သို့ပြန့်သွားခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်း ၄၀ ၀၀၀ ကျော်တွင် ပထမဦးဆုံး ဥရောပ၏ လူ မျိုးရိုးဇစ်မြှစ်သည်အာဖရိကမှဆင်းသက်လာခဲ့သည်။
နှစ်ပေါင်း ၁၄ ၀၀၀ ဝန်းကျင်တွင်ကမ္ဘာ၏မြောက်ပိုင်းမှ ရေခဲများပျော်ကျလာသောအချိန်၌ ယခု Scandinavian တွင် အာဖရိကတိုက်မှပထမဦးဆုံး လူသားများရောက်ရှိလာခဲ့သည်။
သုတေသနပညာရှင်အများစုမှတွေ့ရှိခဲ့သည်မှာ လူ ၏အစ မျိုးရိုးဇစ်မြှစ်သည် အာဖရိကတိုက်မှတစ်ဆင့် အရှေ့အလယ်ပိုင်းဒေသ (အာရပ်)သို့လည်းကောင်း၊ ဥရောပသို့လည်းကောင်း၊ အာရှသို့လည်းကောင်းရောက်ရှိလာပြီးနောက် လွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀ တွင် ထိုအုပ်စုမှ အချို့အမေရိကတိုက်သို့ ခွဲထွက်ပြီးရောက်ရှိခဲ့သည်။
အာဖရိကတိုက်မှ Ethiopia မျိုးဆက်ကို “Lucy” ဟုသုတေသနပညာရှင်များကအမည်ပေးထားပါသည်။ သုတေသနပညာရှင်များ၏အဆိုအရ လူသားမျိုးနွယ်သည် “Lucy” မှတိုက်ရိုက်ဆင်းသက်လာခဲ့သည်။ ရှေးအကျဆုံးလူသားမျိုးနွယ်၏ကျောက်ဖြစ်ရုပ်ကြွင်းများကိုသုတေသနပြုလုပ်ရာ လူ ၏မျိုးရိုးဇစ်မြှစ်ဖြစ်သော Homo erectus နှင့် Homo sapiens တို့ကိုတွေ့ရှိခဲ့သည်။ Lucy မှ Homo erectus သို့တိုက်ရိုက်ဆင်းသက်ခဲ့ပြီး Homo sapiens, Homo sapiens neanderthalensis သို့တစ်ဖန် လူသားမျိုးနွယ်များဆင်းသက်ခဲ့သည်။ Homo erectus များသည်ကျောက်တုံးများကို လက်နက်အဖြစ်အသုံးပြုခဲ့သော ကျောက်ခေတ် လူများဖြစ်သည်။
မြန်မာနိုင်ငံအပါအဝင်၊ ဂျာဗားကျွန်းဆွယ်၊ တရုတ်၊ ဥရောပမှ မျိုးရိုးဇစ်မြှစ်တို့သည် လွန်ခဲ့သောနှစ်ပေါင်း ၁၁ ၀၀၀ ကျော်က Homo erectus မှဆင်းသက်လာကြသည်။ Homo erectus သည် မူရင်းမှာ အာဖရိက Ethiopia ကဆင်းသက်လာသောမျိုးနွယ်ဖြစ်သည်။
အဖရိကတိုက်မှ ရှေးအကျဆုံးလူသားများသည် ကမ္ဘာအနှံ့ပြန့်နှံ့သွားခဲ့ပြီးနောက် မိမိ နေထိုင်ရာဒေသ၊ အစားအသောက်၊ ရာသီဥတုတို့အပေါ်မှာ အခြေခံပြီး ရုပ်ဆင်းအင်္ဂါ၊ အသားအရောင်၊ အရပ်အမောင်းများပြောင်းလဲခဲ့ကြသည်။
ယနေ့ကမ္ဘာ့လူ့အိမ်ထောင်စုကြီးတွင် မှီခိုနေထိုင်နေကြသော လူများသည်တောင်ပေါ်မှာနေတဲ့လူ၊ မြေပြန့်မှာနေတဲ့လူ၊ ကျွန်းပေါ်မှာနေတဲ့လူ၊ အသားအရောင်၊ ကိုးကွယ်သည့်ဘာသာ၊ မိရိုးဖလာဓလေ့ထုံးတမ်း၊ ဘာသာစကားများမတူကြသော်လည်း အားလုံးသော လူ များသည် ကျောက်ခေတ် အာဖရိကမှ မျိုးနွယ်များဖြစ်ကြသည်။
လူ၏သဘာဝသည် ရေကြည်ရာမြက်နုရာသို့ရွှေ့ပြောင်းနေထိုင်တတ်သောကြောင့် ကမ္ဘာဦးလူအစမှ ယနေ့ထိတိုင် တစ်ရွာမှတစ်ရွာ၊ တစ်နယ်မှနောက်တစ်နယ်၊ တစ်နိုင်ငံမှ နောက်ထပ်နိုင်ငံများဆီသို့ ရွှေ့ပြောင်းနေထိုင်အသက်မွေးခဲ့ကြပါသည်။

Prehistory ခေတ်တွင် အာဖရိကမျိုးနွယ်များသည် ယနေ့မြန်မာနိုင်ငံတည်ရှိသောကုန်းမြေဒေသ ဧရိယာအတွင်းသို့ ရောက်ရှိလာပြီးနောက်၊ Homo erectus နှင့် Homo sapiens များဖြစ်ကြသော တိဗက်၊ တရုတ်၊ ပါရှန်း၊ မွန်ဂိုလ်၊ အာရဗ်၊ အန္ဒိယ၊ မလေး၊ ထိုင်ဝမ်၊ ဂျပန် နှင့် ဩစတေးလျသားတို့ သည် ၁၂ ရာစုနှစ်၊ ၁၃ ရာစုနှစ်၊ ၁၄ ရာစု၊ ၁၇ ရာစု၊ ၁၈ ရာစု၊ အထူးသဖြင့် ပုဂံခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ် များ၌ မြန်မာနိုင်ငံသို့ ကုန်းလမ်း၊ ရေလမ်းမှရောက်ရှိလာခဲ့ ကြသည်။ ထိုကူးလာကြသူများသည် ကုန်ကူး၍သော်လည်းကောင်း၊ စစ်ကြောင့်သော်လည်းကောင်းရောက်လာ
ကြသောလူများဖြစ်သည်။ ထို သူများသည် မူလနေရင်း တိုင်းရင်းသူ တိုင်းရင်းသားများနှင့် လူ့သဘာဝအလျောက် အိမ်ထောင်ကျခဲ့ကြသည်။
Prehistory ခေတ်မှမြန်မာနိုင်ငံ ဧရိယာသို့အရင်ရောက်နှင့်နေပြီဖြစ်သော ရှေးကျဆုံးလူသားမျိုးနွယ်များနှင့် နောက်မှရောက်လာသော လူများ၏မျိုးနွယ်များတို့ပေါင်းစပ်၍ မြန်မာနိုင်ငံသည် ဘာသာတရားများ၊ ယဉ်ကျေးမှုအမွေအနစ်များ၊ နည်းပညာများ၊ အစားအသောက်များ၊ သဘာဝအလှတရားများနှင့် ကမ္ဘာ့အလယ်တွင်ခန့်ညားသောနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။
ခေတ်အဆက်ဆက်တိုင်းတွင် အမိမြန်မာနိုင်ငံအတွက် ဘာသာပေါင်းစုံ လူမျိုး ပေါင်းစုံတို့ နှင့်အတူ ပတ်
ဝန်းကျင်နိုင်ငံများနှင့် စစ်မက်ဖြစ်ပွားခဲ့ရာမှာသော်လည်းကောင်း၊ ဗြိတိသျှတို့၏ သုံးကြိမ်တိုင်တိုင် ကျူးကျော်မှုများကို ခုခံတွန်းလှန်ရာမှာသော်လည်းကောင်း၊ ဖက်ဆစ်ဂျပန်ကိုတော်လှန်ရာမှာသော်လည်းကောင်း၊ လွတ်လပ်ရေး ကြိုးပမ်းကြရာမှာသော်လည်းကောင်း ဘာသာပေါင်းစုံ လူမျိုး ပေါင်းစုံတို့ အညီအညွတ်ပေါင်းစည်းဆောင်ရွက်ခဲ့တာမှာ သမိုင်းမှာထင်ရှားခဲ့ပါသည်။

လူမျိုးရေး ဘာသာရေး နိုင်ငံရေးလှည့်ကွက် (အကျဉ်းချုပ်)
၁၉၄၈ - ၁၉၅၈ ကြားကာလ၌ ဦးနုသည်မြန်မာနိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်ခဲ့သည်။၁၉၅၈ နောက်ပိုင်းတွင် မြန်မာနိုင်ငံရေးမှာ မငြိမ်မသက်ဖြစ်၍ ဗိုလ်ချုပ်နေဝင်းသည် အိမ်စောင့်အစိုးရအနေဖြင့် မြန်မာနိုင်ငံရေးစင်မြင့်ပေါ်သို့ ရောက်ရှိလာခဲ့သည်။
ဗိုလ်ချုပ်နေဝင်းသည်တပ်မတော်တွင် နံပတ် ၁ နေရာဖြစ်ပြီး ဗိုလ်မှူးချုပ်အောင်ကြီးမှာ တတ်မတော်၏ နံပတ် ၂ နေရာတွင်ရှိခဲ့သည်။ ဗိုလ်ချုပ်နေဝင်းသည်ထိုအချိန်ကာလတွင် အာဏာ၌မမြဲသေးပေ။ ဗိုလ်ချုပ်နေဝင်းသည် သူ့အာဏာမြဲရန်အတွက် နံပတ် ၂ နေရာတွင်ရှိသည့် ဗိုလ်မှူးချုပ်အောင်ကြီးကိုရာထူးမှ ဖြုတ်ချခဲ့သည်။
၁၉၆၂ - ၁၉၇၀ ကြားမှဗိုလ်ချုပ်နေဝင်း၏လုပ်ရပ်များ ၁၉၆၂ - ဗိုလ်ချုပ်နေဝင်းသည် အာဏာသိမ်းသည်။၁၉၆၄ - ပြည်သူပိုင်သိမ်းသည်။၁၉၆၈ နောက်ပိုင်းမှစ၍ စစ်တပ်မှ ခရစ်ယာန်၊ မူစလင်မ်၊ တရုတ် နှင့် အချို့တိုင်းရင်းသား ဗိုလ်မှူးကြီးများကို သံအမတ်အဖြစ်နိုင်ငံခြားသို့ပို့လိုက်သည်။ (တစ်နည်းပြည်နှင်ဒဏ်ပေးလိုက်ခြင်းဖြစ်သည်) သံအမတ်အဖြစ်နိုင်ငံခြားသို့အပို့ခံရသူများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်လည်းပါသည်။ သဘောမှာဗိုလ်ချုပ်နေဝင်း နေရာကို လုယူနိုင်မည့်သူများ သူ့အနားမှာမရှိရန်ဖြစ်သည်။
၁၉၇၀ နောက်ပိုင်းဗိုလ်ချုပ်နေဝင်းအာဏာခိုင်မြဲလာပြီး ၁၉၇၄ တွင်အခြေခံဥပဒေသစ်ရေးဆွဲခဲ့သည်။ ထိုဥပဒေအတည်ပြုသုံးပြီးနောက်ပိုင်းတွင် ဘာသာခြားများကိုစစ်တပ်မှ အသစ်လက်ခံခြင်းမရှိတော့ပါ။ ရှိနေသော ဘာသာခြားများကိုလည်း စစ်ရာထူးတိုးမြှင့်ပေးခြင်းမရှိတော့ပါ။ အခြေခံဥပဒေဆွဲပြီးနောက် မူဆလင်၊ ဟင်ဒူ၊ ပန်ချာပီ နှင့် အချို့တရုတ် တို့အား မြန်မာနိုင်ငံသားမပေးတော့ဘဲ ဧည့်နိုင်ငံသားအဖြစ်သတ်မှတ်ခဲ့သည်။
မှတ်ချက် : မျိုးဆက်တစ်ရပ်ကို သက်တမ်း(၇၀) ထားတွက်လျှင် ရှေးခေတ်မှမြန်မာနိုင်ငံသို့ပြောင်းရွှေ့လာခဲ့ကြသောတိုင်းတစ်ပါးသားတို့၏ မျိုးဆက်မှာ (၅)ဆက်ကျော်ရှိပြီဖြစ်သည်။ သိပ္ပံနည်းအရ မျိုးဆက်သုံးဆက်မှာ မူလဗီဇသွေး မရှိတော့ပါ။ ထို့ကြောင့် မျိုးဆက်သုံးဆက်နှင့် သုံးဆက်အထက်နေထိုင်ခဲ့သောမြန်မာပြည်ဖွားများသည် မြန်မာနိုင်ငံသားများသာဖြစ်သည်။
မဆလ - နအဖ စစ်အစိုးရ၏ မတရားသဖြင့်တိုင်းပြည်ကို နှစ်ရှည်လများ အာဏာသိမ်းထားသောကာလတွင်း၌ တိုင်းရင်းသားများနှင့်ထားရှိသော ကတိကဝတ်များ ချိုးဖောက်ခြင်း၊ လူမျိုးရေး ခွဲခြားခြင်း ဘာသာရေး နှိပ်ကွပ်ခြင်း၊ စီးပွါးရေးကျပ်တည်းခြင်းများဖြစ်၍ တိုင်းရင်းသားများမှ နယ်မြေခွဲထွက်ရေး သီးခြားအုပ်ချုပ်ရေးအတွက်တောင်းဆိုခဲ့ကြသည်။ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားတို့ကြား ပြည်တွင်းစစ် အဖန်ဖန် အလဲလဲဖြစ်ပွါးခဲ့ရသည်။
ယနေ့မြန်မာနိုင်ငံသည် ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပဋ္ဌိပက္ခ၊ စီးပွါးရေးကျပ်တည်းမှု၊ သစ်တောများပြုန်းတီး၍ရာသီဥတုဖေါက်ပြန်မှု၊ ပညာရေးချို့တဲ့မှု၊ ကျန်းမာရေး ချို့တဲ့မှု၊ လူ့အခွင့်အရေးဆုံးရှုံးမှုများနှင့် အစိတ်စိတ်အမွှာမွှာကွဲအက်နေပါသည်။
မြန်မာစစ်အစိုးရက ပြည်သူတစ်ရပ်လုံးကို အမှန်တကယ်ကောင်းစားစေချင်ရင်၊ တိုင်းပြည်ငြိမ်းချမ်းစေလိုလျှင် မိမိတို့လူတစ်စုချမ်းသာရုံတင်မဟုတ် မြန်မာတစ်မျိုးသားလုံးကိုခွဲခြားနှိပ်ကွပ်ခြင်းမရှိဘဲ လူ့အခွင့်အရေးပေး၍တိုင်းပြည် တိုးတက်ရာတိုးတက်ကြောင်းကြိုးပမ်းဆောင်ရွက်ရမည်။းဆောင်ရွက်ရမည်။
MANPOWER
မြန်မာလူ့ဘောင်အဖွဲ့အစည်းတစ်ရပ်လုံးလွတ်လပ်ရန်၊ တိုးတက်ရန်၊ ဒီမိုကရေစီရရန် MANPOWER လိုအပ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည်ဘာသာစုံနှင့်တိုင်းရင်းသားများကိုစည်းလုံးနိုင်ခဲ့ပြီးလွတ်လပ် ရေးကိုရယူခဲ့သည်ကိုပြန်လည်သတိရစေချင်ပါသည်။ လူတိုင်းမှာထူးခြားသော အရည်အချင်းကိုယ်စီရှိကြသည်။
ဥပမာ : လူမျိုးတစ်မျိုးတိုင်းဆီမှအရည်အချင်းတစ်ခုစီကိုထုတ်ပြလျှင်
မြန်မာလူမျိုးတို့သည်သတ္တိရှိကြသည်။မူဆလင်တို့သည် သစ္စာရှိကြသည်။ခရစ်ယာန်တို့သည် ညီညွတ်မှုရှိကြသည်။ တရုတ်တို့သည် စီးပွါးရေးကျွမ်းကျင်ကြသည်။
လူ့အရည်အချင်း၊ လူ့တန်ဖိုးကိုသိလျှင်၊ သုံးတတ်လျှင်တစ်နေ့မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင်ခေတ်မှီတိုးတက်သောနိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်မည်။ (Respect in humanity)
စင်ကာပူတွင် နိုင်ငံသစ်ထူထောင်ခဲ့စဉ်က ၎င်းတို့သည် လူမျိုးခြား၊ ဘာသာခြား၊ အသားအရောင်မတူကြသော်လည်း စည်းလုံးညီညွတ်ကြသည်။ MANPOWER သုံးပြီး အောင်မြင်ခဲ့ကြသည်။
DEVELOPMENT BASE ON KNOWLEDGE AND FOUNDATION
Foundation of human life
1) Beleif
2) Knowledge
3) Attitude
4) Practice
5) Status

တိုင်းပြည်အုပ်ချုပ်သော နိုင်ငံ့ခေါင်းဆောင်သည် ပညာ ကြွယ်ဝသူဖြစ်ရမည်။ အလိမ္မာစာမှာရှိ ဆိုရိုးလည်းရှိသည်။ သို့မဟုတ်လျှင်တိုင်းပြည် ဆင်းရဲသထက်ဆင်းရဲပြီး အနစ်နာဆုံးမှာမြန်မာပြည်သူများပင်ဖြစ်သည်။ ယခုလည်းမြန်မာနိုင်ငံသည် ၁၉၈၇ခုနှစ်မှစ၍ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းတွင်ပါသည်။
မိမိ မျိုးရိုးဇစ်မြှစ် သမိုင်းကိုသိလျှင် မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်ကြီးစိုးသောစနစ်ဆိုတာလည်းမရှိနိုင်ပါ။
ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့အရည်အချင်းရှိသော၊ စိတ်ဓါတ်ပြည့်ဝမှုရှိသော နိုင်ငံ့ခေါင်းဆောင်များ၊ ပြည်သူလူထုများကို မြန်မာ နိုင်ငံတော်တွင် အထူးလိုအပ်နေပါသည်။
အရေးကြီးဆုံးအချက်မှာ '' သမိုင်းပျောက်က ဇာတိပျောက်မည်၊ ဇာတိပျောက်က မျိုးချစ်စိတ်ပါ ပျောက်မည် ''
http://www.forshwemyanmar.co.cc/ မှကူးယူဖော်ပြသည်။
ကဲ မြန်မာလူမျိုးရဲ့ မျိုးရိုးဇစ်မြှစ်ကိုက ကပ္ပလီ အာဖရိကန်။ သူများကိုကုလားလို့သွားနှိမ်နေတာ ရှက်စရာတောင်ကောင်းသေးတယ်။ အထွေထွေဗဟုသုတဟာ လူတိုင်းအတွက် အရေးကြီးတယ်။

အစ္စလာမ်ရောင်ခြည် (I.Y.S) မှကူးယူမျှဝေပါသည်။

ဗလီကျောင်းတွင်းသို့ ဖိနပ်စီးဝင်သော နအဖ အရာရှိများ အပေါ် ဒေသခံ မူဆလင်များ ဒေါပွ

5/30/2010
------------
တာကလူး
------------
Moquesမြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် မောင်တောမြို့ရှိ မြို့မ ဗလီတွင်း သို့ ဖိနပ်စီးပြီး ၀င်ရောက်ခဲ့ကြသည့် နအဖ အရာရှိကြီးများ အပေါ် ဒေသခံ မူဆလင်များက မကျေမနပ် ဖြစ်နေကြသည်ဟု အီမမ် ခေါ် မူဆလင် တရားဟော ဆရာတစ်ဦးက ပြောသည်။

မောင်တော ခယက ဥက္ကဌ ထွန်းနိုင်လင်း နှင့် မယက ဥက္ကဌ အောင်ကျော်ဦး တို့သည် ဗလီတာဝန်ရှိ ပုဂ္ဂိုလ်များကို တစုံတရာ အကြောင်းကြားခဲ့ခြင်း မရှိပဲ လွန်ခဲ့သော ကြာသပတေးနေ့ နံနက်ပိုင်း အချိန်တွင် ဗလီထဲသို့ ဖိနပ်စီး ၀င်ခဲ့ ကြပြီး ဓါတ်ပုံများ ရိုက်ယူ သွားခဲ့သည်ဟု ဆိုသည်။

အစ္စလာမ် ကျင့်ဝတ်အရ အိုဇူ ခေါ် မျက်နှာ ခြေလက် ဆေးကြောပြီးမှ ၀င်ကြရသည့် ဘာသာရေးအရ အထွတ် အထိပ်ထားသည့် ဗလီဝတ်ပြု ကျောင်းထဲသို့ ဖိနပ်စီး၍ ၀င်ရောက် ခဲ့ကြခြင်းမှာ ၄င်းအရာရှိများ အနေဖြင့် အစ္စလာမ်ဘာသာကို မလေးမခန့် စော်ကား လိုက်ခြင်းဖြစ်သည်ဟု ၄င်း အီမမ်က နိရဉ္စရာကို ယခုကဲ့သို့ ပြောသည်။

“အစ္စလာမ် ကျင့်ဝတ်အရဆိုရင် အိုဇူ လို့ခေါ်တဲ့ မျက်နှာ ခြေလက်တွေ ဆေးကြောပြီးမှ ဗလီကျောင်းထဲကို ၀င်ကြရတာပါ။ ဒီလောက် အထွတ် အမြတ် ထားရတဲ့ ဘုရားကျောင်းထဲကို ဖိနပ်စီးပြီး လာဝင်တာဟာ အာဏာရှိတယ်ဆိုပြီး သက်သက် စော်ကားတာ ဖြစ်ပါတယ်။ ဘာသာမတူ ဆိုပြီး မလေးမခန့် လာလုပ်တာလည်း ဖြစ်ပါတယ်။ ဘယ်သူမှ မကျေနပ် ကြပါဘူး” ဟု ပြောသည်။

ထိုသို့ ခယကနှင့် မယက ဥက္ကဌများက ဗလီထဲသို့ ဖိနပ်စီး၍ ၀င်ရောက် ခဲ့ကြခြင်း အပေါ် ဒေခံမူဆလင်များမှာ မကျေမနပ် ဖြစ်နေကြပြီး “ ဖိနပ်စီး၍ မ၀င်ရ” ဟု ရေးသားထားသော ဆိုင်းဘုတ်တစ်ခုကိုလည်း ဗလီကျောင်း လမ်းဝ တည့်တည့်၌ ထိုနေ့တွင်ပင် ချိတ်ဆွဲ ထားလိုက်ကြကြောင်း သူက ပြောသည်။

မောင်တောမြို့ အမှတ် (၄)ရပ်ကွက်ရှိ မြို့မ ဗလ်ီမှာ မောင်တောခရိုင်အတွင်း အကြီးဆုံး ဗလီတစ်ခုဖြစ်သည်။ ခယကနှင့် မယက ဥက္ကဌများ ကိုယ်တိုင် လာရောက်ပြီး မည်သည့် အတွက်ကြောင့် ဗလီကို ဓါတ်ပုံ ၀င်ရိုက်ယူခဲ့ကြ သည်ကို ဗလီတာဝန်ရှိသူများ အနေဖြင့် တိတိကျကျ မသိ ကြ သော်လည်း မယကနှင့် နီးစပ်သူ တစ်ဦးက ဗလီကို ပြန်လည် တည်ဆောက် ပေးမည့် အစီအစဉ်ဖြင့် ဓါတ်ပုံ သွားရိုက်ခြင်း ဖြစ်နိုင်သည်ဟု ယခုကဲ့သို့ ပြောသည်။

“ဒု ပြည်ထဲရေးဝန်ကြီး ဖုန်းဆွေ လာတိုင်း ဗမာပြည်ကနေ ခေါ်ယူလာတဲ့ မူဆလင် သူဌေးတွေက ဒီမှာရှိတဲ့ ဗလီတွေကို ပြုပြင်ပေးဖို့ တောင်းဆို ကြတယ်လေ။ အထူးသဖြင့် ဒီ မောင်တော မြို့ထဲမှာရှိတဲ့ မြို့မ ဗလီကြီးကို မြို့အင်္ဂါနဲ့ အညီ ခမ်းခမ်းနားနား ဖြစ်အောင် ပြန်လည် တည်ဆောက်ခွင့် ပေးဖို့ တောင်းဆို နေကြတယ်လို့ ကြားတယ်။ ဒါကြောင့် အပေါ်က ညွှန်ကြားတဲ့ အတိုင်း သူတို့နှစ်ဦးက ဓါတ်ပုံ သွားရိုက်တာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

နအဖ အာဏာသိမ်းသည့် အချိန်မှ စ၍ မောင်တော ခရိုင်အတွင်း ဒေသန္တရ ဥပဒေ အမျိုးမျိုးဖြင့် မူဆလင်များ လက်ထပ်ခွင့် နှင့် ခရီးသွားခွင့် အပါအ၀င် ဗလီကျောင်းများ ပြန်လည်ပြုပြင်ခွင့်ကို တင်းကျပ် ထားခဲ့သည်။

သို့သော်လည်း လွန်ခဲ့သော ၂၀၀၉-ခု နှစ်လယ်ပိုင်းတွင် ဒုဝန်ကြီး ဖုန်းဆွေသည် ရန်ကုန်မှ မူဆလင် စီးပွားရေး သမားများနှင့် အတူ ရခိုင်ပြည်သို့ ပထမဆုံး အကြိမ် လည်ပတ်ခဲ့စဉ်ကပင် မောင်တောရှိ ဗလီ ၁၁ လုံးကို ပြန်ပြင်ခွင့် ပေးမည်ဟု ကတိပြု ပြောကြားခဲ့ကြောင်း ဒေသခံ မူဆလင် များက ပြောဆိုသည်။
----------------------------------- ----------------------------------- ----------------------------------- -----------------------------------
(နိရဉ္စရာသတင်းမှကူးယူပါသည်။

Monday, 24 May 2010

မြန်မာမွတ်စလင်(မ)အစည်းအရုံး (ဂျာမဏီ) ဖွဲ့စည်းတည်ထောင်ခြင်း

၂၇၊၀၃၊၂၀၁၀ (တော်လှန်ရေးနေ့) အခါသမယတွင်၊Frankfurt မြို့၌ကျင်းပခဲ့သော ပဏာမနှီးနှောဖလှယ်ပွဲမှ မြန်မာမွတ်စလင်(မ)အစည်းအရုံး (Burmese Muslim Association Germany) ဌာနခွဲ၊ွဲအားစတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။B.M.A သည်နိုင်ငံပေါင်း ၁၁ နိုင်ငံမှမြန်မာမွတ်စလင်(မ)ကိုယ်စားလှယ်များပါဝင်ဖွဲ့စည်းထားသောအစည်းအရုံးဖြစ်သည်။
                       မြန်မာပြည်တွင်စစ်မှန်သောဒီမိုကရေစီစနစ်ပေါ်ပေါက်လာရေး၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု၌ှမြန်မာမွတ်စလင်(မ)တို့ တန်းတူအခွင့်အရေးရရှိရေး၊ မြန်မာနိုင်ငံရှိလူနည်းစုတို့အပေါ် ဘာသာရေး၊လူမျိုးရေးခွဲခြားဖိနှိပ်ခံရမှု များပပျောက်စေရေးစသည့်ခံယူချက်၊ယုံကြည်ချက် တူညီသော မြန်မာမွတ်စလင်(မ)တို့၏စုစည်းမှုအလံတစ်ခုအဖြစ် ဂျာမဏီရောက်မြန်မာမွတ်စလင်(မ)တို့မှလည်းတတ်စွမ်းသမျှပူးပေါင်းပါဝင်ရန်ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်သည်။
                                                              ဆုံးဖြတ်ချက်ခိုင်မာပြီး၊ခံယူချက်တူညီသူမြန်မာမွတ်စလင်(မ)တိုင်းအား နွေးထွေးစွာဖိတ်ခေါ်ကြိုဆိုပါသည်။
                       မြန်မာမွတ်စလင်(မ)ဟုခေါ်ဆိုရာတွင်မြန်မာနိုင်ငံတွင်မွေးဖွားကြီးပြင်းသူအစ္စလာမ်ဘာသာဝင်တိုင်းကို (လူမျိုးစုမခွဲခြားပဲ) ဆိုလိုသုံးနှုံးပါသည်။B.M.A သည်ူမြန်မာမွတ်စလင်(မ)တို့၏အင်အားတစ်ရပ်အဖြစ်အခြား မြန်မာပြည်ဖွားတိုင်းရင်းသားညီအကိုများနှင့်ပူးပေါင်းလက်တွဲတိုက်ပွဲဝင်သွားရန်ရည်ရွယ်သည်။
                                                                                                                                                                                    မြန်မာမွတ်စလင်(မ)အစည်းအရုံး (ဂျာမဏီ)

၈၈ ရဲ့ကြယ်ကြွေည

ဗိုလ်အောင်ကျော်က ကိုလိုနီရဲ့မြင်းခွာအောက်မှာကျခဲ့ချိန်
ကိုဗဟိန်းက မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်မယ် ကြွေးကြော်ခဲ့။
သခင်အောင်ဆန်းနဲ့ အာဇာနည်တွေလောက် မစွမ်းပေမယ့်
ဒို့မျိုးဆက်တွေ ပေးဆပ်ခဲ့ရတာလဲမနည်းလှဘူး။
သမိုင်းကိုပြန်ကြည့်ရင် 7.ဂျူလိုင် မှိုင်းရာပြည့် ဒါတွေပြီးရင်
၈၈ ရဲ့ကြယ်ကြွေညတွေ မေ့နိုင်မယ်မထင်ဘူး။
ငါ့နိုင်ငံသာကောင်းခဲ့ရင် ငါလဲဂျာမဏီမရောက် မင်းလဲမင်းအရည်အချင်းနဲ့လျှောက်လို့ လူလားမြောက်လောက်ပြီ။ တိုင်းပြည်ကိုချစ်ပေမယ့် အမျိုးကိုပြစ်ပြီးပြေးခဲ့ရတဲ့ငါတို့ လွတ်လပ်မှုအရသာအောက်မှာ ပြည်ကိုစွန့် အမျိုးကိုမေ့ပြီး ကွဲသူကကွဲ၊အော်သူကအော်၊ဖောက်ပြန်သူကပြန်နဲ့ လောကငရဲဘုံမှာ ငါတို့တွေသမိုင်းမသိ ငုတ်လျှိုးခဲ့ရတယ်။ ၈၈ မှာကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက်တော့ နောင်သေနတ်သံတချက်ဖောက်ရင် မီးဟုန်းဟုန်းတောက်စေမယ်လို့ ကြွေးကြော်ရဲကြရမယ်။

ဖေချစ်မိုး။

Burma Today မှစိတ်ဝင်စားဖွယ်ကြေးမုံသတင်းစာမျက်နှာဖုံး



Than
 Shwe

Tuesday, 18 May 2010

ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမူအပေါ် စစ်အစိုးရ၏ မတရား

စွပ်စွဲမူ အပေါ် ရန်ကုန်ရှိ ပြည်သူများမှ ပေးပို့သော E-Mail

သတင်း
 
&khin_yi.jpgတခုခုတော့ မှားနေပြီဗျ။ .........

ခင်ရီကပြောတော့ လူကြားထဲ ဗုံးကို ပစ်သွင်းတယ်တဲ့ ။ ဗုံးပစ်တဲ့သူက သင်္ကြန်မှာ onduty နဲ့ သူ့ အလုပ်ထဲမှာ ။
မျက်မြင်သက်သေ (အလီဘိုင်ပြစရာ)တွေ လည်းရှိတယ်။

မူဆလင်အကြမ်းဖက်..ဘာညာပြောချင်လို့ ခေတ်မှီအောင် တမင် မူဆလင် ပညာ တတ် အင်ဂျင်နီယာကို တမင်ဆွဲပြ တာလား. ဒါမှ လည်း အယ်ကိုင်ဒါ ဘာညာ..စွပ်စွဲရတာ လွယ်မယ် ။

ကမ္ဘာပေါ် အစ္စလာမ် ပညာတတ်တွေ ဗုံးခွဲနေတာကြောင့် တရားခံ မပေါ်ပေါ်အောင် ဖော်ရမဲ့ခင်ရီက. မူလဆင် ပညာတတ် အင်ဂျင်နီယာပါ ဆိုပြီး.ရမ်းဖြီးချတာပေါ့ဗျာ။

ခါတိုင်းဗုံးခွဲတဲ့ သူတွေက အခုလို အဆင့်မြင့်မြင့် ပိပိရိရိ..စစ်တပ်က well train တွေလို ဖောက်မှ မဖောက်တတ် တာ ကိုး ခင်ဗျ...

မဲဆောက်ဘက်က ပြန်ဝင်လာတယ်ဆိုတဲ့ စွမ်းအားမြှင့် ဘာညာ စွပ်စွဲခံရတဲ့သူတွေ ဖောက်တာကလည်း..မတတ်ဘဲ မိမိ ဖာသာ ပေါက်သေတာ တွေများတော့..




ဒီလို အဆင့်မြင့် လူသေအောင်ဖောက်နိုင်တဲ့အမှုကျ..တော်ရုံလူလုပ်နိုင်ဖို့ မလွယ်တာ...သူတို့ ဖာသာသူတို့ လည်းသိပါရဲ့
ဒါကြောင့် အဖုံးနဲ့အပိတ်ဖြစ်အောင်..
အခုဘဲ အယ်ကိုင်ဒါ ဖြစ်လိုက်...အခုဘဲ စွမ်းအားမြှင့်ပြောလိုက်။
ပါးစပ်ထဲတော်ရာပြောနေတာ..အခုတော့ ဘာမှလည်းမလုပ်..သူ့ အလုပ်သူလုပ်နေတဲ့ အင်ဂျင်နီယာကို မူဆလင်ဘာသာကိုးကွယ်တာနဲ့ 
တမင်ဘာသာရေးအစွန်းရောက်စွပ်စွဲဖို့  တမင်ချကြွေးနေတယ်။
မျက်မြင်သက်သေ က ကိုဖြိုးဝေအောင် ပစ်သွင်းတဲ့ဗုံးမြင်တယ်ဆိုတော့..
ဒီအင်ဂျင်နီယာက..ဆူပါမင်းဗျ..ဇော်ဂျီဖိုဝင်သားစားထားတဲ့ ကိုဗျတ်ဝိမှတ်တယ်။ မြေသျှိုးမိုးပျံ ကိုယ်ဖျောက်ပြီး အလုပ်ကနေ
ဗုံးပေါက်တဲ့နေရာရောက်သွားသကိုးဗျ..ကိုခင်ရီခမြာ ဒီ ကိုဗျတ်ဝိကို ဘုန်းနိုမ့်အောင် မီးနေထမီ လည်ရှာနေတယ်တယ်ဗျ..
ဒါးနဲ့ ထိုး ဒါးက ကျိုး လှံနဲ့ ထိုး လှံခွေလို့ တဲ့..တော်ကြာ သောက်ရူး ဘုရင်ရူးက ဒီလူ့ အသားဇော်ဂျီဖိုဝင်သားဆိုပြီး..အ၀ှါဖြတ်ပြီး
ကင်စားနေပါဦးမယ်..သူ ကလည်း မကြီးမကျယ် ဆူပါမင်းရူးလေ.အော်...အရူးတွေဘုံမြောက်နေတဲ့ ကျုပ် တို့  တိုင်းပြည်..၀မ်းနည်းစရာတော့
ကောင်းလှပါပြီ။
ုပြီးတော့လည်း..အံမယ်မင်း..သောက်ကျိုးနည်းလောက်အောင်တော်ပါတဲ့ ဂျိမ်းစဘွန်း ဂျွမ်းစဘိန်း ခင်ရီ..(ဘဘရေ..ကိုဗျတ်ဝိ ကို
အနော်..ဖမ်းထားဘီတဲ့) ခွိခွိ..ကြည့်လည်းယုံပါ အရပ်ကတို့ ခင်ဗျား..

စစ်အစိုးရ အာဏာပိုင်များမှ သင်္ကြန်ရက် ဗုံးခွဲမှုတွင် လုံခြုံရေးများအား စောင့် ကြည့်တာဝန် ယူခဲ့သူ ဟု မတရားစွပ်စွဲခံထား ရသောကိုဖြိုးဝေအောင်၏ ကိုယ်ရေး အကျဉ်း ....

အမည် - ကိုဖြိုးဝေအောင်
အခြားအမည် - မိုဟာမက်ယှာဗန်
အဘအမည် - ဦးဆန်းဝင်းဦး
အမိအမည် - ဒေါ်မာမာဆွေ
မွေးသက္ကရာဇ် - (၈)ရက်၊ ဇူလိုင်လ၊ ၁၉၇၉ ခုနှစ်
လူမျိုး - ကုလား-ဗမာကပြား
ကိုးကြယ္သည့္ဘာသာ - အစၥလာမ္ဘာသာ
မှတ်ပုံတင်အမှတ် - ၁၂/သဃက(နိုင်) - - - - - - - - - -
ပညာအရည်အချင်း - အေဂျီတီအိုင် (လျှပ်စစ်စွမ်းအား)
ဖမ်းဆီးခံရစဉ် နေထိုင်သည့် လိပ်စာ - အမှတ် (၂၇)၊ ၃-လွှာ၊ (၅၅) လမ်း၊ (၂) ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။

ကိုဖြိုးဝေအောင်သည် ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာ ဇာတိဖြစ်ပြီး မွေးချင်း ညီအစ်ကို (၃) ယောက်တွင် အကြီးဆုံးဖြစ်ပါသည်။ လူချမ်းသာများဟု မဆိုသာသည့်တိုင် ပြည့်စုံသော မိသားစုအသိုင်းအ၀ိုင်း၊ ပညာတတ်အသိုင်းအ၀ိုင်းမှ မွေးဖွားလာသူတဦးဖြစ်သလို ညီအစ်ကို (၃) ယောက်စလုံးလည်း ပညာတတ် များဖြစ်ကြပါသည်။ ညီဖြစ်သူ ထက်ဝေအောင်ဆိုလျှင်
ဆရာဝန်တယောက်ဖြစ်ပါသည်။ ကိုဖြိုးဝေအောင်သည် တောင်ကြီးမြို့ အေးသာယာ စက်မှုလက်မှုသိပ္ပံတွင် လျှပ်စစ်စွမ်းအား(EP) ဘာသာရပ်ဖြင့်
အင်ဂျင်နီယာ ဘွဲ့အတူရရှိခဲ့သည့် မဌေးဌေး (AGTI-EP) နှင့် လက်ထပ်ခဲ့ပါသည်။ ဖမ်းဆီးခံရချိန်တွင် သမီးတယောက်၊ သားတယောက်ရှိပါသည်။
ဆာကူရာ ဆောက်လုပ်ရေးကုမ္ပဏီ၏ ချယ်ရီဥယျာဉ်အိမ်ယာစီမံကိန်း (တောင်ဥက္ကလာပမြို့နယ်) တွင် တာဝန် ခံ လျှပ်စစ်အင်ဂျင်နီယာ အဖြစ်
လုပ်ကိုင်ခဲ့ပြီး ခပေါင်းရေအားလျှပ်စစ် ထုတ်လုပ်ရေးစီမံကိန်း၊ ရဲရွာရေအားလျှပ် စစ်ထုတ်လုပ်ရေးစီမံကိန်း ၊ ကျိုင်းတောင်းရေအားလျှပ်စစ် ထုတ်လုပ်ရေးစီမံကိန်း ၊ ကွန်းချောင်း ရေအားလျှပ် စစ်ထုတ်လုပ်ရေးစီမံကိန်းတို့တွင် တာဝါကရိန်းတပ်ဆင်ခြင်း လုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခဲ့သည်။

၂၀၀၈ ခုနှစ်မှစ၍ “ELTRON” Engineering Group အမည်ဖြင့် လျှပ်စစ် သွယ်တန်း ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်း များနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ ကိုပါ ကန်ထရိုက်ယူလက်ခံခြင်း စသော (ကိုယ်ပိုင်လုပ်ငန်း) များကို သူ ငယ်ချင်းများနှင့် အကျိုးတူလုပ်ကိုင်ခဲ့သည်။

၂၀၁၀ ခု၊ ဧပြီလ (၁၃) ရက်နေ့မှစ၍ ရန်ကင်းစင်တာတွင် သံပန်းလုပ်ငန်းများ၊ ဆေးသုတ်လုပ်ငန်းများကို ကန် ထရိုက်အတူ လုပ်ဖော်ဖြစ် သော
ကိုမျိုးမြင့်အောင် ခေါ် ကိုမျိုးကြီး(BE-Civil) နှင့် နေ့/ညလုပ်ကိုင်နေခဲ့ပါသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော သင်္ကြန်အကြတ်နေ့ ဧပြီလ (၁၅) ရက်နေ့တွင် ပေါက်ကွဲမှုဖြစ်ချိန်သာမက တနေ့လုံး တချိန်လုံး ရန်ကင်းစင်တာတွင် ရှိနေသည်ကို ကိုမျိုးကြီး (BE-Civil) နှင့် အလုပ် သမားများ၊ ရန်ကင်းစင်တာမှ ၀န်ထမ်းများနှင့် လုံခြုံရေးများ အားလုံးသိရှိကြပါသည်။

ကိုဖြိုးဝေအောင်သည် ဘာသာရေးကိုင်းရှိုင်းသူတယောက်ဖြစ်ပါသည်။ သို့သော် အစွန်းရောက် မဟုတ်ပါ။ ၂၀၀၇ခုနှစ်က ဆာကူရာ ဆောက်လုပ်ရေးမှ တောင်ဥက္ကလာပမြို့နယ်၊ ငွေကြာရံပရိယတ္တိစာသင်တိုက်သို့ ထ ရန်စဖော်မာ လှူဒါန်းရာ ငွေကြာရံကျောင်းဝန်းအ တွင်း တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်စဉ် ကိုဖြိုးဝေအောင် ကိုယ်တိုင် တာဝန်ယူဆောင်ရွက်ခဲ့ပြီး သံဃာတော်များနှင့် ဆက်ဆံခြင်း၊ ကျောင်းဝန်းအတွင်း နေထိုင်သွားလာ ခြင်းတို့ကို ဗုဒ္ဓဘာသာဓလေ့ ထုံးစံနှင့်အညီ ပြုမူခဲ့ပါသည်။ အများနှင့် လိုက်လျောညီထွေ နေတတ်သူဖြစ်ပြီး
(ဆေးလိပ်/ကွမ်း/အရက်များ သောက်စားခြင်းမရှိ) အနေအေးသူ တယောက် လည်းဖြစ်ပါသည်။ ပရဟိတလုပ် ငန်များ၊ အလှူအတန်းများတွင်အားတက် သရော ပါဝင်ဆောင်ရွက်တတ်သူတယောက်ဖြစ်ပြီး ဇာတိ မယ်ဇလီ ကုန်းရှိ (ဗိုလ်အောင်ကျော်) စာကြည့်တိုက်၏ လိုအပ်ချက်များအား နိုင်သလောက် ပါဝင်ဖြည့်ဆည်းနေသူတ ယောက်ဖြစ်ပါသည်။

အများပြည်သူကြားတွင် စစ်ဆေးခံပိုင်ခွင့်မရှိ၊ သက်သေပြ ဖြေရှင်းပိုင်ခွင့်မရှိဘဲ စစ်အစိုးရ၏ တဖက်သတ်စွပ် စွဲမှုဖြင့် မတရားဖမ်းဆီးခံ အကျဉ်းကျ နေရသည့် ကိုဖြိုးဝေအောင်ကဲ့သို့သော ပြည်သူပြည်သားများ၊ ကျောင်း သားလူငယ်များ၊ ရဟန်းသံဃာများ၊မြန်မာပြည်အကျဉ်းထောင်များတွင် မနည်းတော့ပြီ ဆိုသည်ကို ...။ ။


post copy from myanmar muslim net

Monday, 17 May 2010

လျှာ၏အလို.....ပြည်မြန်ပြို

ကြက်နဲ့ကြက်ဥ     စကားရေလု    ကြက်ကင်သာမြင်    ကြက်ဥချဉ်စပ်    ထင်မှတ်မှား၍    ငပိနဲ့နည်    ပဲချိုနဲ့ပေါင်း    စားကောင်းအောင်စား    ကြက်ဥမင်းသား။  

ပဲဟင်းချဉ်ချက်    အမဲနှပ်နဲ့    ငံပြာရည်ချက်    ထမင်းနပ်ကို    အာသာတောင့်တ    စိတ်မြင်မှတ်က    ထမင်းကြမ်းခဲ    ပဲနဲ့နွှဲလဲ    ရဿမည်မှာ    ဓမ္မတာ။

ကန်ဇွန်းချဉ်ဟင်း    ပုဇွန်ထုပ်မင်း    ပေါင်းစပ်ဖြေဖျော်    ငါးသလောက်ပေါင်း    စပ်သီးထောင်းနဲ့    ယဉ်စေစိတ်ကူး    ကြိတ်မယ်မြူးတော့    ငါတို့ပြည်ပြို    မြန်ပြည်အိုသာ    ပြန်ရအုံးမှာ။

မြန်ပြည်ပြန်လဲ    စိတ်ကူးနဲ့လွဲ    ယူရို€မွဲတော့    ငါးခြောက်နဲ့တွဲ    ခရမ်းသီးနှပ်လဲ    မြိန်အုံးမည်မှာ    ပြည်ပြန်ပျို့လျှာ။                   

(လူပျိုဘဝ ၊ထမင်းစားမကောင်းသောညတစ်ည၊ အမှတ်တရ)

ဖေချစ်မိုး။

Wednesday, 28 April 2010

“စလာမ်”မေတ္တာ


အစ္စလာမ်ဝါဒီ မွတ်စလင်များသည် တစ်ဦးနှင့်တစ်ဦးတွေ့ဆုံကြသည့်အခါ (အတ်စ္စလာမုအလိုင်ကွန်မ်) “အသင်တို့အပေါ်၌ ငြိမ်းချမ်းသာယာမှု အစုစုသက်ရောက်ပါစေ”ဟုမေတ္တာပို့သကြသည်။မေတ္တာပို့သခြင်း ခံရသူများကလည်း (ဝအလိုင်ကု မုစ္စလာမ် ဝ-ရဟ်မတုလ္လာဟ်၊ ဝ-ဗုရကာတူဟူ)၊ “အသင်တို့အပေါ်၌လည်းငြိမ်းချမ်းသာယာမှုအစုစုသက်ရောက်ပါစေ။အလ္လာဟ်အရှင်မြတ်၏ဂရုဏာတော်နှင့်မင်္ဂလာတော်များလည်းသက် ရောက်ပါစေ”ဟုမေတ္တာတုံ့ပြန်ကြပေသည်။ဤသို့ဖြင့်မွတ်စလင်တို့စုဝေးရာဌာနများတွင်မေတ္တာသံများသည်ပဲ့တင်ထပ်မျှဖြစ်ရှိနေပေသည်။ “ကျွန်ုပ်သည်မိမိ၏အရှင်အားတိုင်တည်ပြောအံ့။အသင်တို့သည်အလ္လာဟ်အရှင်မြတ်အားမယုံကြည်သမျှကာလပတ်လုံးအလ္လာဟ်အရှင်မြတ် အားယုံကြည်နိုင်ကြမည်မဟုတ်။ကျွန်ုပ်သည် အသင်တို့အား အသင်တို့အချင်းချင်း ချစ်ခင်ရန်လမ်းစဉ် ညွှန်ပြမည်။ ထိုလမ်းစဉ်ကား အခြားမဟုတ်။ အသင်တို့ အချင်းချင်း ဖြူစင်ပွင့်လင်းစွာ စလာမ်မေတ္တာကို ပို့သကြကုန်” (တမန်တော်မြတ်၏ ဩဝါဒတော်)

copy from myanmarislam.com

သီအိုရီအကျိုးအပဲ့တချို့###

  •     နေထွက်ရင်ထ  ညရောက်ရင်အိပ်  ငါ့ဘဝတိတ်ဆိတ။်  ငွေရရင်ရှာ  အချိန်ရတိုင်းလုပ်  တန်ဖိုးမဲ့ဘဝမှာ ငုတ်တုတ်။  ဖြစ်ချင်ရာဖြစ်  လုပ်ချင်ရာလုပ်  ငါလူမိုက်မဟုတ်။  လူ့တန်ဖိုးကို  လူကအလုပ်လုပ်  လူဖြစ်တိုင်းသာ  တန်ဖိုးရှိရင်   လူ။။။။။။လူ  တန်ဖိုးရှင်။  စိတ်ရဲ့စွမ်းအား  ပြဋ္ဌန်းမထား  စိတ်ရှိတိုင်းသာ  လုပ်ဖြစ်ရင်လဲ  စိတ်၏အရှင်  ငါသာပင်။  ဘာသာတရား  ခံစားနားလည်  စိတ်လိုကိုထိမ်း  ငါချုပ်ငြိမ်းဖို့  ငါနဲ့ငါ့စိတ်  တိုင်ပင်ကြပြီ။  လောကဝဲလည်  ငါ့စိတ်ငါနိုင်  ငါပိုင်ပြီးမှ  ငါသာလူကောင်းဖြစ်လတ္တံ။   အပြောနဲ့အလုပ်  ငုတ်တုတ်ထိုင်နေ  လဲလျောင်းကျောခင်း  ငါလူ့ငပျင်း။  အိပ်ရမည်မှာ  ဓမ္မတာမို့  ဓမ္မတ္တာနောက်လိုက်  လူ့အကြိုက်ကို  ငါကလဲလုပ်  မဟုတ်တရုတ်တွေ  ဒါကိုလူသား  နားလည်ထားစမ်း။                                                 ဖေချစ်မိုး။

Wednesday, 14 April 2010

သူငယ်ချင်းဖတ်ဖို့ ..........

(၁) "ငါ မဆိုးဘူး" လို့ ကိုယ့်ကို တနေ့တခါ ပြောပေးပါ။
(၂) ဒေါသထွက်တယ် ဆိုတာ တခြားလူရဲ့ အမှားကို ယူပြီး ကိုယ့်ကို အပြစ်
ပေးနေတာပဲ။
(၃) ဘ၀မှာ သူငယ်ချင်းဆိုတာ မရှိရင် ဘ၀မှာ နေရောင်ခြည်ဆိုတာ မရှိဘူး။
(၄) မနက်ဖြန်အတွက် မျှော်လင့်ချက်ဟာ ဒီနေ့ရဲ့ နာကျင် ၀မ်းနည်းမှုကို မေ့
စေတယ်။
(၅) အိပ်မက်၊ စိတ်ကူးနဲ့ အတွေးတွေ မရှိတဲ့ ဘ၀ဟာ အကိုင်း၊ အခက်၊ အ
ရွက်မရှိတဲ့ သစ်ခြောက်ပင်နဲ့ တူတယ်။
(၆) နေကပဲ အလင်းဖြာနိုင်တာ မဟုတ်ပါဘူး။ ငါတို့လဲ အလင်း ဖြာနိုင်ပါ
တယ်။
(၇) ချစ်ခြင်းမေတ္တာနဲ့ တကမ္ဘာလုံးကို ပိုင်ဆိုင် စေနိုင်သလို အမုန်းရန်ငြိုးနဲ့
တကမ္ဘာလုံးကို ဆုံးရှုံးစေနိုင်တယ်။
(၈) လူ့တန်ဖိုး ဆိုတာ ဖြားယောင်း မြူဆွယ်ခံရတဲ့ တခဏမှာ အဆုံးအဖြတ်
ပေးလိမ့်မယ်။
(၉) ကြင်နာမှု မရှိတဲ့ စကားလုံးတိုင်းဟာ အရသာ ကင်းမဲ့လှတယ်။
(၁၀) တခါခါ အချစ်ရဲ့ အင်အားဟာ အရာရာကို မေ့စေနိုင်အောင် ကြီးမား
တယ်။ တခါခါ မနာလို ၀န်တိုမှုဆိုတဲ့ သဲလေး တပွင့်တောင် ၀င်မဆန့်နိုင်
အောင် သေးငယ်တယ်။
(၁၁) ဘယ်အချိန်မှာ စတင်ခဲ့တာပဲ ဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီး
နောက် မရပ်နားဖို့ပါပဲ။
ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီး
နောက် နောင်တ မရဖို့ပါပဲ။
(၁၂) ပျင်းရိခြင်းသည် လူရဲ့ အသိဥာဏ်ကို သံချေး တက်စေပါတယ်။
(၁၃) ပျော်ရွှင်ခြင်း ဆိုတာကို မျှဝေတတ်ရမယ်။ ဒါမှ ပျော်ရွှင်ခြင်းတွေ ဆင့်
ပွားလိမ့်မယ်။
(၁၄) လိမ်လည်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို လိမ်တာဟာ အဆိုးဆုံးပဲ။
(၁၅) လူတွေဟာ လက်ရှိပိုင်ဆိုင်တဲ့ အရာကို မေ့ပြီး မရသေးတဲ့ အရာကိုမှ
ပိုတန်ဖိုး ထားတတ်တယ်။
(၁၆) အရာရာကို အောင်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို အောင်နိုင်တာနဲ့ နိုင်းရင်
မဖြစ်စလောက်လေးပါ။
(၁၇) အရာရာကို ဆုံးရှုံးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ဆုံးရှုံးတဲ့ အရှုံးနဲ့
နိုင်းရင် မ
ဖြစ်စလောက်လေးပါ။
(၁၈) ဦးတည်ရာ မပျောက်ခဲ့ရင် ကိုယ့်ကိုယ်ကို မဆုံးရှုံးတော့ဘူး။
(၁၉) နေ့သစ်ကိုကြိုတဲ့ သီချင်းတွေ ဆိုခဲ့ဖူးရင် အမှောင်ကိုလဲ ပွေ့ဖက်ရဲရမယ်။
(၂၀) ပျံသန်းနိုင်တဲ့ အချိန်မှာ ပျံသန်းခြင်းကို လက်မလွှတ်ပါနဲ့။
အိပ်မက် မက်နိုင်တဲ့ အချိန်မှာ အိပ်မက်ကို လက်မလွှတ်ပါနဲ့။
အချစ်ကို ခံစားမိတဲ့ အချိန်မှာ အချစ်ကို လက်မလွှတ်ပါနဲ့။
ဘ၀ဆိုတာ တိုတောင်းလွန်းပါတယ်။ ဒီနေ့ လက်လွှတ်လိုက်ရင် မနက်ဖြန် ပြန်
ရမယ်လို့ မပြောနိုင်ပါဘူး။
(၂၁) လောကမှာ အပင်ပန်းဆုံးအရာဟာ မရေမရာနဲ့ ဘ၀ကို ဖြတ်သန်းနေခြင်း
ပါပဲ။
(၂၂) လူ့ဘ၀ရဲ့ အကြီးမားဆုံး အမှားဟာ "အမှားကိုများ လုပ်လိုက်မိပြီလား" လို့
အမြဲ စိုးရိမ်ပူပန်နေတဲ့ စိတ်ပါပဲ။
(၂၃) လုပ်မယ်၊ မလုပ်ဘူးဆိုတဲ့ ရွေးခြယ်မှု နှစ်ခုမှာ မလုပ်ဘူးဆိုတာကို ရွေးချယ်
လိုက်ရင် သင့်အတွက် အခွင့်အရေးဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။
(၂၄) လုံးဝ ပြီးပြည့်စုံတဲ့ သူငယ်ချင်းမျိုးကို သင်လိုချင်ရင် ဒီတသက် သင် သူငယ်
ချင်းရှိတော့မှာ မဟုတ်ဘူး။
(၂၅) အမုန်းနောင်တ နည်းနည်းနဲ့ အတိတ်ကို ထားခဲ့ပါ။
ဖြုန်းတီးမှု နည်းနည်းနဲ့ ပစ္စုပ္ပန်မှာ နေထိုင်ပါ။
အိပ်မက် များများနဲ့ အနာဂတ်ကို ကြိုဆိုပါ။
(၂၆) ကိုယ့်ကို လူတုံး၊ လူအလို့ သဘောထားပြီး မသိတာရှိရင် မေးပါ။ ဒါမှ သင်
များများတတ်မယ်။ (ပညာရှာပမာ သူဖုန်းစား)
(၂၇) နေရောင်ရှိတဲ့ ဘက်ကိုပဲ မျက်နှာမှုရင် အရိပ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။
(၂၈) အရှုံးနဲ့ ရင်ဆိုင်ရမှာကို ကြောက်ပြီး မလုပ်ခဲ့ရင် အောင်မြင်မှုဆိုတာ ဘယ်
တော့မှ ရှိတော့မှာ မဟုတ်ဘူး။
(၂၉) သတ္တိရှိတယ်ဆိုတိုင်း ကြောက်ရွံ့ခြင်း မရှိတာ မဟုတ်ပါဘူး။ ကြောက်ရွံ့ခြင်း
ကို ရင်ဆိုင်ရဲမှ၊ ဖြေရှင်းရဲမှ သတ္တိရှိတာပါ။
(၃၀) လူတွေ မသိမိုက်မဲတာကို ဘုရားသခင်က ဘယ်တော့မှ အပြစ်မယူခဲ့ဘူး။
လူတွေကသာ ဘုရားသခင်ကို မသင့်မြတ်ဘူးလို့ ပြောကြတာပါ။
(၃၁) အရာဝတ္ထု တခုတိုင်းကို ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။
 

Friday, 2 April 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆုံးဖြတ်ချက်အပေါ်သဘောထားကျေညာချက်

၂၀၁၀ခုနှစ် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်မည်မဟုတ်ကြောင်း သမိုင်းတွင်မည့်ဆုံးဖြတ်ချက်တစ်ရပ်ကို မတ်လ(၂၉) ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ)မှ ဆုံးဖြတ်ချမှတ်လိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက တခဲနက် မဲပေးရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသော်လည်း အငန်းမရ အာဏာမက်သော စစ်အစိုးရမှ အာဏာကို ဆက်လက် သိမ်းပိုက်ထားခဲ့ခြင်းကြောင့် အဲန်အယ်လ်ဒီမှာ လွှတ်တော်ခေါ်ယူကျင်းပနိုင်ခွင့် မရရှိခဲ့ပေ။ ထိုမျှမက စစ်အစိုးရ၏ မတရားကန့်သတ် ပိတ်ပင်မှုများ၊ ပါတီ ခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်း ခံရမှုများစသည့် အနိုင်ကျင့်လုပ်ရပ်များကို အနှစ် ၂၀ လုံးလုံး စိတ်ရှည်သည်းခံလျှက် ဒီမိုကရေစီဖေါ်ဆောင်ရေးလမ်းကြောင်းပေါ်တွင် ကြံ့ကြံ့ခံရပ်တည်ခဲ့သည်။
မြန်မာ့နိုင်ငံရေးအကြပ်အတည်းမှ လွန်မြောက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရေကို အဲန်အယ်လ်ဒီမှတစိုက်မတ်မတ် တောင်းဆိုခဲ့သော်လည်း စစ်အစိုးရက လစ်လျူရှု့ခဲ့ရုံမက စစ်အာဏာရှင်စနစ် ရေရှည်တည်မြဲရေးအတွက် ၂၀၀၈ အခြေခံဥပဒေကို တဖက်သတ် ရေးဆွဲပြဌာန်းခဲ့သည်။
နအဖစစ်အစိုးရမှ ကျင်းပသည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်ရေး အတွက်သာဖြစ်ပေမည်။ သို့ဖြစ်၍ အဲန်အယ်လ်ဒီမှ ယခုကဲ့သို့ ရွေးကောက်ပွဲတွင်ပါဝင်ရန် လိုအပ်ချက်ဖြစ်သော မှတ်ပုံတင်ရေးကို ငြင်းပယ်ကြောင်း ဆုံးဖြတ်ချက်သည် လျှော်ကန်သော ဆုံးဖြတ်ချက်ဖြစ်သည်ဟု မြန်မာမွတ်စလင်အစည်းအရုံးမှ အခိုင်အမာ ယူဆသည်။
အဲန်အယ်လ်ဒီသည် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် မှတ်ပုံမတင်သော်လည်းပြည်သူလူထု အကျိုးရှေ့ရှူ့လျှက် မြန်မာနိုင်ငံ ဒီမိုကရေစီ ဖေါ်ဆောင်တည်ဆောက်ရေးအတွက် ဆက်လက်တည်ရှိ လှုပ်ရှားနေမည်ဟု မိမိတို့ ယုံကြည်သည်။ ထို့အပြင် အဲန်အယ်လ်ဒီ၏ မှန်ကန်သော ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်များအပေါ် မြန်မာမွတ်စလင်အစည်းအရုံးက ပြည်သူလူထုကြီးနှင့်အတူ အစဉ်တစိုက် လှိုက်လှိုက်လှဲလှဲ ထောက်ခံပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကျေညာ လိုက်ပါသည်။

မြန်မာမွတ်စလင် အစည်းအရုံး ဧပြီလ (၂)၊ ၂၀၁o
ဆက်သွယ်ရန် ကိုကျော်စွာ kyawzwa@b-m-a.org +44 7828426801 (UK)
Ms. Yasmin yasnohana@sbcglobal.net +1 408 250 6227 (USA)

Tuesday, 30 March 2010

ဒီမိုကရေစီဘက်တော်သားတို့အတွက် မြန်မာနိုင်ငံက အဆုံးအဖြတ်အခါသမယ

၃၀ မတ် ၂၀၁၀
မြန်မာပြည်ကစစ်အစိုးရဟာ ကျနော်တို့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်ဆက်လက်ရပ်တည်လှုပ်ရှား မယ် မလှုပ်ရှားဘူးဆိုတာနဲ့ပတ်သက်ပြီး ခက်ခဲတဲ့ဆုံးဖြတ်ချက်တရပ် ချဖို့အခြေ ဆိုက်စေခဲ့ပါတယ်။
နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီလို့ ခေါ်တဲ့ အာဏာရဗိုလ်ချုပ်တွေဟာ ဒီလထဲမှာ မတရားတဲ့ ရွေး ကောက်ပွဲဥပဒေတစုံကို ထုတ်ပြန်ခဲ့ပြီး ကျနော်တို့ပါတီကို ရွေးကောက်ပွဲကော်မရှင်မှာ ရက် ၆၀ အတွင်း အသစ်ပြန်မှတ်ပုံမတင်ရင် ဖျက်သိမ်းမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ကျနော်တို့ဟာ စစ်အစိုးရရဲ့ ရက်စက်ယုတ်မာတဲ့သဘာဝကို သိထားပါတယ်။ သူချမှတ်တဲ့ရွေးကောက်ပွဲဥပဒေတွေဟာ တရားမျှတမှု စိုးစဉ်းလောက်ပြလိမ့်မယ်လို့ ကျနော်တို့ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ စစ်အစိုးရဟာ အဲဒီဥပဒေတွေသုံးပြီး ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို နိုင်ငံရေးလုပ်ငန်းကနေ ဖယ်ထုတ်ပစ်လိမ့်မယ်လို့လည်း မမျှော်လင့်မိခဲ့ပါဘူး။ စစ်အစိုးရဟာ ပါတီအားလုံးပါဝင်တဲ့ ပွင့်လင်းမြင်သာ လွတ်လပ် တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပေးဖို့ တောင်းဆိုချက်ကို လျစ်လျူရှုလိုက်ခြင်းအားဖြင့် မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆန္ဒကို အာခံလိုက်ပြန်ပါပြီ။
နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေက နိုင်ငံရေးအကျဉ်းသားအားလုံးကို မဲပေးခြင်း၊ ယှဉ်ပြိုင်ခြင်း၊ နိုင်ငံရေးပါတီထောင်ခြင်း ဒါမှမဟုတ် ပါတီဝင်ဖြစ်ခြင်းတို့အားဖြင့် ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်မှုကို ပိတ်ပင်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ကိုယ့်ပါတီဝင်အဖြစ် ရှိမနေအောင် ပါတီတွေက အာမခံရမှာဖြစ်ပြီး နိုင်ငံ့ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာ စောင့်ရှောက်ပါ့မယ်၊ ရွေးကောက်ပွဲဥပဒေတွေကို လိုက်နာပါ့မယ်ဆိုတဲ့ ခံဝန်ချက်ကိုလည်း လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲကိုလည်း မဖြစ်မနေ ဝင်ပြိုင်ဖို့လိုပါတယ်။ ဒီကန့်သတ်ချုပ်ချယ်ချက်တွေကို လိုက်နာဖို့ပျက်ကွက်ရင် ပါတီဖျက်သိမ်းခံ ရမှာဖြစ်ပါတယ်။
ကျနော့်အတွက်တော့ ဆုံးဖြတ်ရတာ လွယ်ကူရိုးစင်းလှပါတယ်။ ဒါကတော့ ဘူး ဆိုတာပါဘဲ။ ကျနော်တို့ဟာ ဖောက်ပြန် ခြစားပြီး မတရားတဲ့ ဒီတရားရေးစနစ်အောက်မှာ အကျဉ်းချခံနေရ အကျဉ်းချခံခဲ့ရဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလူတွေကို မထုတ်ပစ်နိုင်ပါဘူး။ သူတို့မပါရင် ကျနော်တို့ပါတီဟာ အလကားဖြစ်သွားပါလိမ့်မယ်။ သူတို့ဟာ ဒီမိုကရေစီနဲ့ တရားဥပဒေ အာဏာပိုင်စိုးမှုကို ယုံကြည်လို့ ထောင်ထဲရောက်နေတာဖြစ်ပါတယ်။ ယုံကြည်လက်ခံလောက်ဖွယ် ဒီမိုကရေစီလုပ်ငန်းဖြစ်ဖို့ဆိုရင် သူတို့ကို ချက်ခြင်းလွှတ်ပေးပြီး ဗမာပြည်ရဲ့ နိုင်ငံရေးလုပ်ငန်းထဲ ပါဝင်ဆောင်ရွက်စေဖို့လိုပါတယ်။
ထာဝရ စစ်အာဏာရှင်စနစ်ကို တရားဝင်အောင်လုပ်ဖို့ ရည်ရွယ်ပြီး စစ်အစိုးရ တဖက်သတ်ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ကျနော်တို့ လက်မခံပါဘူး။ ဒီအခြေခံဥပဒေ အတည်ပြုဖို့ ဆန္ဒခံယူပွဲကို ၂၀၀၈ ခု နာဂစ်မုန်တိုင်းအပြီးမှာ ကျင်းပခဲ့ပြီး အဓမ္မဖိအားနဲ့ မသမာမှုနဲ့ "အတည်ပြုခဲ့"တာ ဖြစ်ပါတယ်။ ကျနော်တို့ရည်မှန်းချက်ကတော့ ဒီအခြေခံဥပဒေအတုအယောင်ကို ပယ်ချပစ်ပြီး အားလုံးပါဝင်တဲ့ စစ်မှန်တဲ့နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုကတဆင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ တရားဥပဒေ အာဏာပိုင်စိုးမှုနဲ့ တိုင်းရင်းသားလူမျိုးအားလုံး တန်းတူညီမျှမှု ကိုအာမခံမယ့် အခြေခံဥပဒေတရပ် ဖန်တီးဖို့ဖြစ်ပါတယ်။ အတု အယောင်အခြေခံဥပဒေကို လိုက်နာပါ့မယ်လို့ ကျနော်တို့ ခံဝန်ချက်မထိုးနိုင်ပါဘူး။ ဒီလုပ်ငန်းကနေ စစ်မှန်တဲ့ဒီမိုကရေစီ ပေါ်ထွက် လာမှာမဟုတ်ပါဘူး။
အဖွဲ့အစည်းတခုအဖို့ ဒီလိုဆုံးဖြတ်ချက်မျိုးချနိုင်ဖို့ ဆိုတာ မလွယ်လှပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က သူမပါတီ ရွေး ကောက်ပွဲအတွက် မှတ်ပုံတင်ဖို့ "စဉ်းတောင်မစဉ်းစားဘူး" လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီမိုကရေစီကို သက်ဝင်ယုံကြည်တဲ့ ခေါင်းဆောင်တယောက်ပီပီ ပါတီကဘဲ ကိုယ့်ဖာသာကိုယ် ဆွေးနွေးဆုံးဖြတ်ဖို့ကို အလေးပေးခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ ကျနော့်ရဲဘော်အားလုံးက ဒီမတရားမှုတွေကို အတူတကွရင်ဆိုင်ဖို့ သဘောတူခဲ့ကြပါတယ်။
တချို့ကတော့ ကျနော်တို့ပါတီ ဆက်လက်ပြီး တရားဝင်အနေအထားရှိဖို့ ပိုအရေးကြီးတယ်လို့ ယူဆကြပါတယ်။ သူတို့စဉ်း စားချက်အရ ကျနော်တို့ပါတီ တရားမဝင်ဖြစ်သွားရင် မြန်မာနိုင်ငံပြည်သူတွေအတွက် ဘယ်လိုအလုပ်လုပ်နိုင်တော့မှာလဲတဲ့။ ကုလ သမဂ္ဂနဲ့ တချို့နိုင်ငံတွေကလည်း စစ်အစိုးရကို ဒီမတရားဥပဒေတွေ ပြောင်းလဲပေးဖို့ ပန်ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ ရေးအကျဉ်းသားအားလုံးကို ရွေးကောက်ပွဲမှာပါဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းဟာ ဗမာပြည် အခြေအနေ ဆွေးနွေးနိုင်အောင် သူ့ရဲ့ "မြန်မာ့မိတ်ဆွေများအုပ်စု" အစည်းအဝေးတခု ခေါ်ယူကျင်းပခဲ့ပါတယ်။ အမေရိကန်အစိုးရ ဟာ ကျနော်တို့တိုင်းပြည်ထဲက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ဆန့်ကျင်ရေးရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ "စုံစမ်း ရေးကော်မရှင်"တရပ်ကို ကုလသမဂ္ဂကနေထူထောင်ဖို့ အကြံပြုချက်အပါအဝင် ကုလ အထူးစုံစမ်းရေးသမား တောမတ်စ်အိုဟေး ယားကွင်တားနား မကြာခင်ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာနဲ့ အကြံပြုတိုက်တွန်းချက်တွေကို "အလေးအနက်စဉ်းစား" နေတယ် လို့လည်း ကျနော်တို့ကြားရပါတယ်။ ဒီလိုနောက်ကွယ်က နိုင်ငံတကာ့အသံတွေရဲ့ ထောက်ခံအားပေးမှုနဲ့တင် မလုံလောက်နိုင်ပါ။ နိုင်ငံတကာ့အသံတွေ ကြေညာချက်တွေကို ဗမာပြည်နိုင်ငံရေးအကျပ်အတည်း ပြောင်းလဲပစ်ဖို့ ထိရောက်တဲ့လုပ်ဆောင်ချက်တွေနဲ့ အားမဖြည့်တဲ့အတွက် ကျနော့်ရဲဘော်တွေ ပူပန်ကြောင့်ကြမိတာ ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။
ကျနော်တို့ပါတီဟာ လွတ်လပ်ရေး၊ တရားမျှတရေးနဲ့ ဒီမိုကရေစီအတွက် အသက်ပေးလှူသွားခဲ့ကြသူတွေရဲ့ မပြီးဆုံးသေးတဲ့ လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ဖို့ဆိုတဲ့ မြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့ ၁၉၈၈ ခု ဒီမိုကရေစီရေး လူထုအုံကြွမှုကနေ ပေါက်ဖွားလာ တာဖြစ်ပါတယ်။
ကျနော်တို့ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရခဲ့ပြီး နှစ် နှစ်ဆယ်ကျော်တိုင်အောင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီး ရဲ့ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီမတရားတဲ့ ရွေးကောက်ပွဲ"ဥပဒေတွေ"ကို ဒူးထောက်ဖို့ငြင်းဆန်တဲ့အတွက် မကြာခင်မှာ စစ် အစိုးရကနေ ဖျက်သိမ်းတာကို ခံရတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲင်အယ်လ်ဒီ ဟာ ပျောက်ကွယ်သွားမှာ မဟုတ်ပါ။ ကျနော် တို့ဟာ ပြည်သူတွေအကြားမှာ ပြည်သူတွေနဲ့အတူ ရှိနေမှာဖြစ်ပါတယ်။ ကျနော်တို့ဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်း သားလူမျိုးစုများတန်းတူရေးအတွက် ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။
နိုင်ငံတကာ့အသိုင်းအဝိုင်းအနေနဲ့ ကျနော်တို့နဲ့အတူ ရပ်တည်ဖို့ ကျနော်မျှော်လင့်ပါတယ်။ နိုင်ငံတကာကအစိုးရတွေဟာ စစ်အစိုးရရဲ့ရွေးကောက်ပွဲနဲ့ ကြိုတင်စီစဉ်ထားတဲ့ရလဒ်ကို လက်မခံကြောင်း ကြေညာဖို့လိုပြီး စစ်အစိုးရအနေနဲ့ ဗမာပြည်အတွက် သိသာထင်ရှားပြီး တိုးတက်တဲ့အပြောင်းအလဲလုပ်ဖို့ ဖိအားပေးသင့်ပါတယ်။ အပြောင်းအလဲဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ခြင်းလွှတ်ပေးတာနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် စစ်ဆင်ရေးတွေ ရပ်စဲတာက အစချီရမှာဖြစ်ပါတယ်။ ဒီနောက် စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ စေ့စပ်ဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ဒီမိုကရေစီပေါ်ထွန်းရေးအတွက် ငြိမ်းချမ်းစွာအဖြေရှာရမှာဖြစ်ပါတယ်။



ဦးဝင်းတင်



မတ်လ ၃၀ ရက် ၂၀၁၀ ထုတ် ဝါရှင်တန်ပို့စ်သတင်းစာမှ Decision Time in Burma for Democracy's Advocates ဆောင်းပါး



ဦးဝင်းတင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် စတင်တည်ထောင်သူလည်းဖြစ်ပြီး ၁၉၈၉ ခုကနေ ၂၀၀၈ ခုအထိ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပါတယ်။

Friday, 26 March 2010

U Thuzana

U Thuzana                                                            

copy from www.myanmarmuslim.net