Wednesday 25 January 2012

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် နေ့တွင်ကျင်းပမည့် ..၆၄ ကြိမ်မြောက် ချင်းအမျိုးသား နေ့ ဖိတ်ကြားလွှာ

မြန်မာမူဆလင်သည် ဘင်္ဂါလီ မဟုတ်ပါ (၁)



သြဂုတ်လ  ၂၉ရက်နေ့ ပထမအကြိမ် အမျိုးသားလွတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဌမနေ့တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) မှ ဦးဇာယာဒ် ရော်မ (ခ) ဦးဌေးဝင်း ၏မေးခွန်းကို

“မြန်မာ မွတ်စလင် ဟု သုံးနှုံးသွား သူများသည် ရခိုင်ပြည်နယ် ၊မောင်းတော ဒေသအတွင်းမှာ နေထိုင်ကြသည့် ဘင်္ဂါလီ လူမျိုးများကို ရည်ညွန်းပြော ဆိုခြင်းဟု ယူဆ ပါကြောင်း..”

ဟု ဖြေကြားချက်ကို ကြားမိ၍ မြန်မာမွတ်စလင် ဟူသည်မည်သူများနည်းဟု ဆိုသည်ကို သမိုင်း အထောက် အထား  များရှာဖွေ ၍ ပြည်သူ ထဲမှ ပြည်သူ တစ်ဦး က ပြည်သူ့အသံဖြင့် တင်ပြ လိုပါသည်။

အစ္စလာမ်၊ မွတ်ဆလင်မ်၊ မဟာမေဒင်

“ အစ္စလာမ်”ဟုသည် အရဘီစကား ဖြစ်ပါသည်။ “ငြိမ်းချမ်းစေခြင်း၊ အမိန့်နာခံခြင်း”ဟု အဓိပ္ပါယ်ရပါသည်။ (အလ်-ဖရာအိဒ် အရဗီ-အင်္ဂလိပ် အဘီဓါန် ၊ဘေရွက်မြို့ထုတ်)

“မွတ်ဆလင်မ် ”ဟူသည်အရဘီသာသာစကားဖြစ်သည်။ “ငြိမ်းချမ်းစေသူ၊ အမိန့်နာခံသူ ” ဟု အဓိပ္ပါယ်ရပါသည် ။ (အထက်ပါ အဘိဓါန်)

လက်တွေ့အသုံးချတွင် အစ္စလာမ် ဟူသည် ဘာသာတရားတစ်ခုဖြစ်၍ ယင်းဘာသာတရားကို သက်ဝင်ယုံကြည်သူ မည်သူကိုမဆို  မွတ်ဆလင်မ် ဟု ခေါ်ပါသည်။ ထို့ကြောင့် “မွတ်ဆလင်မ် ” ဟူသည်မှာ “အစ္စလာမ်” ဘာသတရားကိုကိုးကွယ် သူမည်သည့်လူမျိုးမဆိုခေါ်ပြီးလူမျိုးတစ်မျိုး ၏ အမည်မဟုတ်ပါ။

“မဟာမေဒင်” ဟူသည် ဗြိတိသျှနယ်ချဲ့တို့ က ခရစ်တော် ၏သာသနာ “ခရစ်ယာန်” ဟုခေါ်သကဲ့သို့ အစ္စလာမ် ဘာသာ၏ ခေါင်းဆောင်ကြီး “တမန်တော် မုဟမ္မဒ်” ကိုအစွဲပြု၍ “မဟာမေဒင်” ဘာသာတရားဟု မှားယွင်းစွာ အမည်ပေးထားခြင်းဖြစ်သည်။ (ဗြိတိသျှတို့သည် မြန်မာ ကိုဘားမား ၊ ရန်ကုန်ကို ရဲန်ဂူးန် ဟု မှားယွင်းစွာ အမည်ပေးသကဲ့သို့ ဖြစ်ပါသည်။ ) (စာရေးသူ၏ ဥပဒေဘွဲ့စာတမ်း)

မြန်မာနိုင်ငံ သို့ အစ္စလာမ်ရောက်ရှိလာပုံ

(၁) ခရစ်သက္ကရာဇ် (၇၀၀-မှ ၁၅၀၀) အတွင်းအင်္ဂလန် နိုင်ငံတွင် နှင်းဆီစစ်ပွဲ (War of Rose ) စစ်ပွဲကြီးများ ဖြစ်ပွားနေဆဲ ရခိုင်ပြည်နယ်၊ရမ်းဗြဲကျွန်းအနီး အာရဘ် သဘောင်္တစ်စီး ပျက်ခဲ့ပြီး ၊ သဘောင်္ပေါ်ပါ အာရဘ် များသည် ရမ်းဗြဲ ကျွန်းတွင် အခြေစိုက် နေထိုင်ခဲ့ကြပါသည်။ (British Burma Gazatte , 1897)

အေဒီ (၆၅၂-၆၆၀) ပုဂံ၊ ပိတ်သုံမင်း ခေတ်တွင် အာရဗ်ကုန်သည် သဘောင်္များ သထုံ မုတ္တမ ဆိပ်ကမ်း မျာသို့ မကြာခဏ ၀င်ရောက်ကြကြောင်း ၊ အေဒီ (၈၀၀) ကျော်တွင်ရေးသား ခဲ့သော အာရဗ် မှတ်တမ်းများတွင် တွေ့ရပါသည်။

(ဦးကြည် (ဘီအေ) ရာဇ၀င်ဂုဏ်ထူး၊ မြန်မာ့ရာဇ၀င်မှ သိမှတ်ဘွယ်ရာအဖြာဖြာ -စာ ၁၅၆၊၁၅၇)

ထိုအာရဗ် များမှာ အစ္စလာမ်ဘာသာဝင် မွတ်ဆလင်မ် များဖြစ်ကြပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ (ရခိုင်ဒေသ၊ မွန်ဒေသ)အတွင်းဦးစွာရောက်ရှိလာသော အစ္စလာမ်ဘာသာဝင်များမှာ ဘင်္ဂါလီများ မဟုတ်ပဲ အာရဗ် မွတ်ဆလင်မ်များ သာဖြစ်ပါသည်။

(၂) ထို့နောက် မြန်မာနိုင်ငံအတွင်းအခြေချနေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များမှာ (အီရန် )ပါရှား နိုင်ငံသားများဖြစ်သော ဖာရစီ လူမျိုးနွယ်များ ဖြစ်ကြပါသည်။ ဖာရစီမှ ပါရသီ၊ ပါရသီ မှ ပါသီ၊ ပါသီမှ ပသီ ဟု မြန်မာ အသံဖလှယ်ခဲ့ကြပါသည်။ အထောက်အထားများမှာ ……..

ကောဇာသက္ကရာဇ် (၅၈၃) ခုနှစ်မှစ၍ ကုလား-ပသီ မင်း (၃)ဆက် ပုသိမ်မြို့ကို ၁၂နှစ်တိုင် အုပ်ချုပ်ခဲ့ကြ၍ ပုသိမ်မြို့မှာ “ ပသီ”မြို့ဖြစ်ခဲ့ဖူးပါသည်။

(မြန်မာ့စွယ်စုံကျမ်း ၊ အတွဲ ( ၆) စာ -၃၅၀ ) (၁၉၅၅ -၅၆ ခုနှစ်ထုတ် ပုသိမ်တက္ကသိုလ်ကျောင်းသား ကျောင်းသူများ မဂ္ဂဇင်း ၊ စာ-၅) (ဦးမာဃ ၊ပုသိမ် ရာဇ၀င် ၊စာ- ၁၃၇)

ထိုဖာရစီ -ပသီများမှာ အစ္စလာမ်ဘာသာဝင် အီရန်အနွယ် ၀င်များဖြစ်ကြပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းတွင် ဦးစွာ အခြေချ နေထိုင်သူများမှာ ဘင်္ဂါလီများမဟုတ်ပဲ အီရာန် နွယ်ဖွား ပသီ မွတ်ဆလင်မ်များသာ ဖြစ်ပါသည်။

ထို့အတူ မြန်မာနိုင်ငံမြောက်ပိုင်းသို့လည်း အစ္စလာမ် ဘာသာဝင်များ ၀င်ရောက်နေ၍ အခြေချနေထိုင်သည်များရှိပါသည်။

(၃) အေဒီ (၁၂၅၅-၁၂၈၅) ပုဂံမင်းဆက် ၊ နရပတေ့မင်း လက်ထက်တွင် တရုတ်တို့နှင့် စစ်ဖြစ်ပွားခဲ့ပါသည်။ တရုတ်စစ်တပ် (တာတာ စစ်တပ်) ၏ အကြီးအမှူးမှာ ဗိုလ်မှူးနဇရွတ်ဒင်း (အစ္စလာမ်အာရဗ်အမည်) ဖြစ်ပါသည်။ (၁၃၇၃-၇၄ ခုနှစ်တွင် စိုက်ထူခဲ့သော ရတနာစေတီ ကျောက်စာ)

ရတနာစေတီကျောက်စာ တွင် “မြင်းစိုင်းရောက် ခန်းတရက် မင်းကြီး ”ဟု ရေးထားပါသည်။ “ခန်း” ဟူသည် (တရုတ် ဧကရာဇ်) “ ကုဗလိုင်ခန်း” ကို ဆိုလိုဟန်တူပါသည် ။“တရက်”ဟူသည် “တူရကီ” ဟူသောစကားမှာ ပျက်လာဟန်တူသည်။ “တရက်”လူမျိုး တို့ကို မောင်ဂို (မောင်းဂွတ်) မန်ချူးရီးယန်းလူမျိုး၊ မဟာမက်ဘာသာဝင်များ၊ တရုတ်ပန်းသေးများ စသည်ဖြင့် အမျိုးမျိုးခေါ်ကြပါသည်။

(ဦးဘသန်း ၊ ကျောင်းသုံးမြန်မာရာဇ၀င် ၊ စာ- ၈၇-၉၆ )

ထိုတရုတ် / မောင်ဂို/ မောင်းဂွတ် / မန်ချူးရီးယား (ယခုအခေါ်)ပန်းသေး များမှာ အစ္စလာမ်ဘာသာဝင် တရုတ်လူမျိုးများ ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် မြောက်ပိုင်းသို့ ၀င်ရောက်လာသော အစ္စလာမ် ဘာသာဝင်များမှာ ဘင်္ဂလီများမဟုတ်ကြပဲ တရုတ်မွတ်စလင် များသာဖြစ်ပါသည်။

(၄) (၁၄)ရာစုနှစ်များအတွင်း မြန်မာနိုင်ငံမြိတ်မြို့သို့ အာရဘ်ကုန်သည် များရောက်ရှိရုံသာမက ၊မြိတ်မြို့နောက်လယ်ရပ်တွင်အခြေစိုက်နေထိုင်ခဲ့ကြပါသည်။

(မောရစ်ကောလစ် Into Hidden Burma ) (ဦးခင်မောင်ကြီး ၊ဗြိတိသျှ သံဖနောင့်အောက်မှ မြန်မာပြည် ၊ဒုတိယတွဲ -စာ ၂၀၇)

ထို့ကြောင့် မြန်မာနိုင်ငံ တောင်ဘက် မြိတ်ဒေသသို့ ၀င်ရောက်အခြေစိုက်နေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များမှာ ဘင်္ဂလီများမဟုတ်ကြပဲ အာရဗ် မွတ်ဆလင်များသာဖြစ်ပါသည်။

ထို့နောက်ရခိုင်ဘုရင်များနဲ့ အစ္စလာမ်ဘာသာ ဆက်စပ်ပုံကိုတင်ပြပါမယ်။

  (၅) အေဒီ ( ၁၄၀၄ မှ ၁၆၀၂) အထိ ရခိုင်ဘုရင်များသည် မွတ်ဆလင်မ်ဘွဲ့ အမည်များတပ်ခဲ့ပါသည်။

(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ထုတ် ၊ အခြေပြ မြန်မာ့ နိုင်ငံရေး သမိုင်း၊ ပ-တွဲ။ စာမျက်နှာ -၃၈၇ )

(၁၄၅၉ -၈၂) တွင်မင်းဖြစ်ခဲ့သူ ဘစောဖြူလက်ထက်တွင်ရခိုင်ပြည်သုံး ကျပ်ဒင်္ဂါများတွင် အစ္စလာမ် ယုံကြည်ချက် အာရဗီစာသားများ ဖေါ်ပြခဲ့ပါသည်။ ရခိုင်ဘုရင် အတော်များများ ၏ အင်အားမှာ မသေးသောကြောင့် ဘင်္ဂလား ၁၂မြို့မှ  ရခိုင် ဘုရင်များကို လက်ဆောင်ပဏ္ဍာ များဆက်သခဲ့ကြကြောင်း သမိုင်းအထောက်အထား များတွေ့ရပါသည်။

(၁၆၆၀) ခုနှစ်တွင် ရခိုင်ဘုရင်ဖြစ်လာသော စန္ဒဓမ္မမင်းလက်ထက်တွင် အိန္ဒိယ ပြည်မဂို ဘုရင် သြရန် ဂဇစ် နှင့် ညီတော် ရှာရှုဂျာ မင်းသားတို့ နန်းလုခဲ့ကြရာမှ ရှာရှုဂျာ မင်းသား အရေးနိမ့်ပြီ ချွေယံသင်းပင်းများနှင့် ရခိုင် ဘုရင်ထံ ခိုလှုံခဲ့ကြပါသည်။ ထိုသူများ ၏ အဆက်အနွယ်များမှာ “ကမန်” တိုင်းရင်းသားများဖြစ်လာပါသည်။ (ပသီ ဦးကိုလေး၊ မြန်မာပြည်နှင့် အစ္စလာမ်သာသနာ)

ထိုကမန်တို့မှာလည်း ဘင်္ဂါလီများမဟုတ်ပဲ မဂိုအနွယ် အစ္စလာမ် ဘာသာဝင်များ သာဖြစ်ပါသည်။

(၆) အေဒီ (၁၅၃၀-၁၅၅၀) တွင်တောင်ငူ ဘု၇င်တပင်ရွှေထီးလက်ထက်တွင် ၄င်း၏ တပ်များက မွန်တို့ဌာနေ ဟံသာဝတီ ကို ချီတက်တိုက်ခိုက်ခဲ့သည်။ မွန်တို့ဘက်မှ ပသီပန်းသေးများ က မြို့ထိပ်မှ စိန်ပြောင်း မြတပူ တို့ဖြင့် ပစ်လွတ်နေ၍ အရှအနာများပြီးရှေ့မတိုးနိုင်အောင်ဖြစ်ခဲ့ရသည်

(မှန်နန်းရာဇ၀င် တော်ကြီး၊ ဒုတိယတွဲ ၊စာ-၁၈၆ )တောင်ငူရာဇ၀င် စာ-၂၉၆)

ထို ပသီပန်းသေးတို့မှာ အစ္စလာမ်ဘာသာဝင် တရုတ်အနွယ်မွန်နိုင်ငံသားများဖြစ်ကြပါသည်။  ၄င်းတို့ ဘင်္ဂါလီများ ဟုတ်ကြပဲ မွန် မွတ်ဆလင်မ်များ ဖြစ်ပါသည်။

(၇) အေဒီ ( ၁၆၀၅-၁၆၈၂)အတွင်း တောင်ငူဘုရင် အနောက်ဘက်လွန်မင်း ခေတ်ဖြစ်ပါသည်။ ထိုခေတ်တွင် သန်လျင်မြို့မှ ပေါ်တူကီလူမျိုး ငဇင်ကာ ပုန်ကန်ခြားနားလာသဖြင့် အနောက်ဘက်လွန်မင်းတပ်များ သန်လျင်ကို ချီတက်တိုက်ခိုက်ခဲ့သည်။ ငဇင်ကာ က အိန္ဒိယ မှ အစ္စလာမ် ဘာသာဝင် စစ်သားများ ပါဝင်သော စစ်သင်္ဘော ၅စင်း ကို ငှားရမ်းခေါ်ယူခဲ့ပါသည်။ ဘုရင့်စစ်သည် များအောင်နိုင်၍ ငဇင်ကာ အသတ်ခံရပါသည်။ စစ်သင်္ဘော ၅စင်းအနက် ၄စင်းကို စစ်သားများဖမ်းမိခဲ့သည်။ လှေတပ်ဝန်မင်း ရဲကျော်ထင် ၏လျှောက်ထားခဲ့ရာ မင်းကြီး က ပသီ တို့ကို မသတ်မညှစ်ရ ဟု အမိန့်ထုတ်ပြီး ဖမ်းဆီခေါ်ဆောင်လာစေခဲ့ပြီး ယင်းသုံ့ပန်းများ ကို ရွှေဘို မြို့မြောက်ဘက်ရပ်နှင့် အင်းဝ မြောက်ဘက်တို့တွင် အစုခွဲ ပြီးနေရာချထားပေးခဲ့ပါသည်။

 (မှန်နန်း ရာဇ၀င်၊ တတိယတွဲ၊စာ ၁၇၂ )

အနောက်ဘက်လွန်မင်း လွန်ပြီးနောက် (၁၆၂၉-၁၆၄၈) တွင်နန်းတက်သော သာလွန်မင်း လက်ထက်တွင် ဘုရင့် အမိန့်တော်နှင့် ဖမ်းဆီးရမိလာသော အစ္စလာမ်ဘာသာဝင် တို့ကို ရွှေဘိုနယ်၊ စစ်ကိုင်းနယ်၊ ကျောက်ဆည်နယ်၊ တို့တွင် လုပ်မြေ၊နေမြေ များပေး၍ အတည်တကျနေရာချထားပေး၏  ။ ဘုရင့်ကိုယ်ရံတော်တပ်တွင် လည်းသေနက်ကိုင် စစ်မှုထမ်းများ အနေဖြင့် ခန့်ထားခဲ့၏။

(ဦးဘသန်း၊ ကျောင်းသုံးမြန်မာ ရာဇ၀င်) စာ-၂၇၀)

ယင်းသို့ မြန်မာနိုင်ငံအထက်ပိုင်းတွင် အခြေတကျ နေထိုင်ခွင့်ရသူများမှာ ဘင်္ဂါလီများ မဟုတ်ပဲ မြန်မာ ဘုရင့် သစ္စာခံ အစ္စလာမ် ဘာသာဝင်များဖြစ်ပါသည်။

(၈) အေဒီ (၁၆၉၈-၁၇၁၄) အတွင်း စနေမင်းထံသို့ အိန္ဒိယနိုင်ငံသား (၃၀၀) ကျော်သည် ရခိုင်ဒေသမှ တဆင့် ၀င်ရောက်ခိုလှုံလာကြသည်။ ၄င်းတို့အထဲတွင်စစ်ရေးကျွမ်းကျင် သူ ဗိုလ်မှူး စစ်မှူးများပါလာကြသည် ။ ထို့ကြောင့် ၄င်းတို့ကို တစ်စုတစ်ဝေး ထဲမထားသင့် ဟု မှူးမတ်များက ဘုရင့်ကိုလျှောက်တင်ကြသည်။ ထို့ကြောင့် ၁၇၀၉ ခုနှစ်တွင် ၄င်းတို့ကို ဘုရင့်အမိန့်တော်နှင့် လူစုခွဲပြီးနေရာ ချထားပေးခဲ့ပါသည်။ ချထားသော နေရာများမှာ တောင်ငူ၊ရမည်းသင်း ၊ ညောင်ရမ်း၊ ယင်းတော်၊ မိတ္ထီလာ   ပင်းတလဲ ၊ ဗောဓိ ၊ စည်သာ၊ စည်ပုတ္တရာ ၊မြေတူး၊ ဒီပဲယင်း စသော ၁၂မြို့မှာ ပသီ ၁၂ အုပ်စု နေရာခွဲချထားပေးပါသည်။

(ဇေယျကျော်ထင် ဗိုလ်မှူးဘရှင် ၊ Come of Islam of Burma ) (ဆရာ ဦးဘိုးချယ် ဗမာမွတ်စလင်တို့ ၏ ရှေးဟောင်းအထုပ္ပတ္တိ)

ယနေ့ ရွှေဘို မြောက်လက်မှာ ရှိကြသော (၃၇၀၀) အနွယ်များမှာ ဤအနွယ်များဖြစ်သည်။ ၄င်းတို့သည် ဘင်္ဂလီ များ မဟုတ်ပဲ မြန်မာနိုင်ငံ သားခံယူလာကြသူ အိန္ဒိယ အနွယ် အစ္စလာမ် ဘာသာဝင်များ သာဖြစ်ပါ သည်။

ရေးသားတင်ပြသူ  မောင်ဝတ်လုံ (မြောင်းမြသား)

မှတ်ချက်

သီပေါမင်းလက်ထက် အမြောက်တပ်မှူး ဦးဘိုးကာ ၏ ဓါတ်ပုံကို www.mmsy.org မှ ကူးယူးဖေါ်ပြပါသည်။

Tuesday 18 October 2011

ဒေါ်အောင်ဆန်းစုကြည် သို့ အိတ်ဖွင့်ပေးစာ

သို့/-

ဒေါ်အောင်ဆန်းစုကြည်
အထွေထွေ အတွင်းရေးမှူးချုပ်၊
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊
ရန်ကုန်မြို့။
                                                                              ရက်စွဲ့။         ။အောက်တိုဘာ (၁)၊ ၂၀၁၁ ခုနှစ်။
                                                                             စာအမှတ်။      ။ Ref : frc‐rec 04/03/2011


ဒီမိုကရေစီ သူရဲကောင်း၊ အမျိုးသား ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား… မင်္ဂလာအပေါင်းနဲ့ ခညောင်းနိုင်ပါစေဟု နုတ်ခွန်းဆက်သလိုက်ပါသည်။

ကျွန်တော်များ လွတ်လပ်သော ရိုဟင်ဂျာ လှုပ်ရှားမှုအဖွဲ့မှ အောက်ပါအတိုင်း စာရေးတောင်းဆိုလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ပြည်သူများဖက်မှ မားမားမတ်မတ် ရပ်တည်ကာ စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေးနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ကာလကြာရှည်စွာ အနစ်နာခံ တိုက်ပွဲဝင်လျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ခေါင်းဆောင်ကောင်း၊ သူရဲကောင်းတစ်ဦး ရှိနေသည့်အတွက် မိမိတို့ အလွန်ကံကောင်းသည်ဟု ခံယူပါသည်။ ထို့အပြင် ထိုကဲ့သို့ ထူးချွန်ပြောင်မြောက်သည့် ခေါင်းဆောင်ရှိသော မြန်မာ့မြေပေါ်တွင် ရိုဟင်ဂျာအမျိုးသားများ ဖြစ်ရသည်အတွက်လည်း ၀မ်းမြောက်၊ ဂုဏ်ယူမဆုံး ဖြစ်နေပါသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တိုက်ပွဲတလျှောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို ကျွန်တော်များ အဖွဲ့ အစည်းမှ လုံးဝထောက်ခံပြီး၊ ဤတိုက်ပွဲတွင် ရိုဟင်ဂျာတစ်မျိုးသားလုံးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တသွေး တသားတည်းဖြစ်ပါကြောင်း၊ ထို့အပြင်၊ မိမိတို့အနေဖြင့် ဤဒီမိုကရေစီတိုက်ပွဲတွင် ကျရာတာဝန်နှင့် ၀တ္တရားများကို ကျေပြွန်စွာထမ်းဆောင်ရင်း ကျွန်ုပ်တို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း အသိပေးလိုက်ပါသည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက် တိုင်းရင်းသား လူမျိုးစုများအရေးကို ဖြေရှင်းရေးနှင့် ဒုတိယအ ကြိမ် ပင်လုံညီလာခံ ဖြစ်မြောက်ရေးကို ရိုဟင်ဂျာ အမျိုးသားထု တစ်ရပ်လုံးကိုယ်စား ထောက်ခံကြိုဆိုပါကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်သွားပါရန် ဆန္ဒပြုပါကြောင်း အသိပေးလိုပါသည်။

နိုင်ငံတ၀ှန်းလုံး ယခုကဲ့သို့ နိုင်ငံရေး၊ စီးပွါးရေး ကိစ္စရပ်များ၊ တရားဥပဒေရေးနှင့် လူ့အခွင့်အရေးကိစ္စရပ်များ စသည့် အကျပ်အတည်းများ ရင်ဆိုင်နေရသည့်အချိန်တွင်၊ ယခုကဲ့သို့ စာမျိုးရေးရသည်မှာ မလွှဲရှောင်နိုင်၍သာ ဖြစ်ပြီး၊ နိုင်ငံ့အရေးအရာကို လစ်လျူရှုခြင်း၊ အချိန်အခါမဟုတ်ဘဲ ကိုယ့်ကိစ္စရပ်များကို အတ္တဆန်ဆန် နိုင်ငံရေးစင်ပေါ် ဆွဲတင် ခြင်း… အစ ရှိသည့် ရည်ရွယ်ချက်များ ရှိသည်ဟု မယူဆပါရန် အထူး တောင်းပန်လိုပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး အား အောက်တိုဘာ (၂) ရက်နေ့ က  RFA မြန်မာပိုင်း အသံလွှင့် ဌာနမှ အင်တာဗျူးလုပ်ရာ၊ ဦးတင်ဦးမှ ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော ရိုဟင်ဂျာများအား တဖက်နိုင်ငံမှ ခိုးဝင် နေထိုင်သူများဟု ပြောဆိုပြီး၊ ယင်းအာဏာရှိတုန်းက တဖက်နိုင်ငံမှ ခိုးဝင်လာသူ ဘင်္ဂါလီးများ၏ရန်မှ တိုင်းရင်းသား ညီအစ်ကို ရခိုင်အမျိုးသားများအား အကာအကွယ်ပေးသည်ဟု ပြောဆိုဖြေကြားသွားသည်ကို နား ထောင်လိုက်ရပါသည်။

အမှန်မှာ ရခိုင်ပြည်နယ်အတွင်းနေ ရိုဟင်ဂျာများသည် ထိုဒေသတွင် ပင်မ တိုင်းရင်းသားတစ်ရပ်အဖြစ် အခြေတကျ နေထိုင်လာခဲ့သည်မှာ နှစ်ရာစုချီနေပြီဖြစ်၍ ပါလီမန် ဒီမိုကရေစီခေတ်တွင် အစိုးရအသီးသီး၏ အသိအမှတ်ပြုမှုများ ရှိခဲ့သည့်အပြင်၊ န၀တ-နအဖ အစိုးရလက်ထက် ကျင်းပခဲ့သော ရွေးကောက်ပွဲ အသီးသီးများတွင်လည်း မဲပေးပိုင်ခွင့် နှင့် ၀င်ရောက်ရွေးချယ်ခံပိုင်ခွင့်များ အခြားတိုင်းရင်းသားများနည်းတူ ရရှိခဲ့သူများဖြစ်ပါသည်။ ဗြိတိသျှခေတ် ဒိုင်အာခီ အုပ်ချုပ်ရေးကာလ ရွေးကောက်ပွဲမှ သည် ၂၀၁၁ ရွေးကောက်ပွဲအထိ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်း များအရ ရိုဟင်ဂျာတို့၏ အခန်းကဏ္ဍကို လေ့လာသော်၊ နိုင်ငံခြားသားများနည်းတူမဟုတ်ဘဲ၊ တိုင်းရင်းသားနည်းတူ အခွင့်အရေးများ ပေးခြင်းခံရသည်ကို တွေ့ရှိနိုင်ပါသည်။

မြန်မာပြည် လွတ်လပ်ရေး ရခါနီးအချိန်အတွင်း ရိုဟင်ဂျာခေါင်းဆောင်အချို့က မိမိတို့၏ပိုင်နက်ကို ပါကိစ္စတန်နှင့် တွဲပေးရန် လှုပ်ရှားမှုများ အနည်းငယ်ရှိခဲ့သောအခါ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ”အောင်ဆန်း-အက်တလီ စာချုပ်” လက်မှတ်ရေးထိုးရန် လန်ဒန်သွားနေခိုက်၊ လမ်းခရီးတွင် ထိုရိုဟင်ဂျာခေါင်းဆောင် များအပါအ၀င် ပါကိစ္စတန် အမျိုးသားခေါင်းဆောင် မိုဟာမတ် အာလီ ဂျိန္နား နှင့် တွေ့ဆုံ၍ ထိုကိစ္စရပ်များအတွက် ပြေလည်မှုများ ရယူခဲ့သည့်အပြင်၊ ရိုဟင်ဂျာခေါင်းဆောင်များအား နောင်ကျင်းပမည့် ပင်လုံညီလာခံသို့ တက်ရောက် ရန် ဖိတ်စာတစ်စောင်ကိုလည်း သူကိုယ်တိုင် ရေးသား၍ လက်မှတ်ရေးထိုး ပေးခဲ့လေသည်။

ဦးတင်ဦး၏ ယင်းကဲ့ ထုတ်ဖော်ပြောဆိုချက်များသည် ရိုဟင်ဂျာတို့၏ သမိုင်းနောက်ခံနှင့် မျက်မှောက်အနေအထားကို လစ်လျူရှုခြင်း ဟု ခံယူရမည်ဖြစ်ပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေသူ လူတစ်ဦးချင်း (သို့) လူမျိုးစုတစ်ခု၏ ဒီမို ကရေစီ လူ့အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ငြင်းပယ်ရာ ရောက်ပါသည်။

ထို့အပြင် စစ်အစိုးရအသီးသီးတို့၏ ရခိုင်ပြည်နယ်အပေါ် ထားရှိသည့် သွေးခွဲပေါ်လစီနှင့် အစွန်းရောက် ရခိုင်အမျိုး သား တစ်ချို့၏ လုပ်ကြံဖန်တီး ပြောဆိုမှုများကြောင့်၊ မြန်မာတိုင်းရင်းသား ပြည်သူ အများအပြားက ရိုဟင်ဂျာတို့အ ပေါ် မိမိတို့နိုင်ငံသား ဟုတ်လေသလားဟု သံသယများ ရှိနေသည့် အချိန်အခါမျိုးတွင် အများကြည်ညိုခြင်း၊ ယုံကြည် ကိုးစားခြင်း၊ ထောက်ခံအားပေးခြင်း ခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်ပိုင်းမှ ဦးတင်ဦး ကဲ့သို့ အထင်ကရ ခေါင်းဆောင်တစ်ဦးအနေဖြင့် ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုမှုများသည် လူမျိုး၊ ဘာသာ ခွဲခြား ဆက်ဆံရေးကို အရှိန်၊ အဟုန် မြင့်မားရာ ရောက်သည့်အပြင် အများ၏ သံသယကိုလည်း ယုံကြည်မှုသို့ တိုးမြှင့်ရာ ရောက်နေပါသည်။

ဦးတင်ဦးမှ ပြောဆိုခဲ့သည့်အတိုင်း ယင်းအာဏာရှိစဉ်က ရိုဟင်ဂျာတို့၏ ဌာနေတွင် ကျူးလွန်ခဲ့သည့် ပြစ်မှုများမှတ် တမ်းကို လေ့လာသော်…

-      ကျေးရွာပေါင်း (၂၆) ခုကို မီးရှို့ မောင်းထုတ်ခြင်း၊
-      ရာနှင့်ချီ ရိုဟင်ဂျာ အမျိုးသားများအား သတ်ဖြတ်ခြင်း၊
-      အမျိုးသမီးထုအား မတရားပြုကျင့်ခြင်း၊
-      သိန်း၊ သန်းချီ ရိုဟင်ဂျာတို့၏ ဥစ္စာဓနများကို သိမ်းပိုက်ခဲ့ခြင်း …စသည့်တို့ကို တွေ့ရှိရပါသည်။
အထက်ပါ ပြစ်မှုများကို ဦးတင်ဦး ကိုယ်တိုင် ပါဝင်၍၄င်း၊ ယင်း၏ လက်ထောက် ဗိုလ်အောင်ဒင် အားဖြင့်၎င်း၊ လက် အောက်ခံ စစ်တပ်သားများ အားဖြင့်၎င်း ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း တင်ပြလိုပါသည်။

ဦးတင်ဦးအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရခိုင်ပြည်နယ် စည်းရုံးရေး ခရီးစဉ်အတွင်း ယင်းကျူးလွန်ခဲ့သော ပြစ်မှုများနှင့် စပ်လျဉ်း၍ ရိုဟင်ဂျာအမျိုးသားများက မေးမြန်ခဲ့ရာ၊ ယင်းက ”ထိုအချိန်တွင် ကျွန်ုပ်အနေဖြင့် ဦးနေ၀င်း ခိုင်းရာ လုပ်ရသည် ရခိုင်တိုင်း တိုင်းမှု ဦးတင်ဦးသာ ဖြစ်ခဲ့ပါကြောင်း၊ သို့သော် ယခုမူကား ဒီမိုကရေစီဘက်တော်သား ဖြစ်ကြောင်း” အစရှိသည်အတိုင်း ဖြေကြားခဲ့သည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။

မည်သို့ပင်ဆိုစေကာမူ ရိုဟင်ဂျာလူထုသည် ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ စစ်တွေ ခရီးစဉ်တွင် မိန့်မှာ ခဲ့သည့် ”လူမျိုးနှစ်မျိုး သင့်တင့်အောင် ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံး နေကြရန်” ဆိုဆုံးမမှုအပေါ် ယနေ့တိုင် အားရ ကျေနပ်လျက် ရှိနေပါသည်။ တနည်းအားဖြင့် ၁၉၆၂-ခုနှစ် နေ၀င်းအုပ်စိုးသည့် ကာလမှစ၍ လူသားမဆန်သော၊ လူလူ ချင်း စာနာမှုကင်းမဲ့သော နှိက်ကွပ်မှုဒဏ်များ အဆက်အပြတ် အလူးအလဲ ခံနေကြရသော ရိုဟင်ဂျာတို့မှာ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် ယင်းတို့ခံစားနေရမှုများ နိဂုံးချုပ်မည်ဟု ကြီးမားသည့် မျှော်လင့်ချက်များ ရှိနေပါသည်။ AFK Jilani (NLD-မောင်းတော ရွေးကောက်ပွဲ ကိုယ်စားလှယ်-၂၀၀၁) ၏ ”Aung San Suu Kyi, The lady of Destiny”  စာအုပ်ကို လေ့လာပါက ရိုဟင်ဂျာတို့ ဒေါ်အောင်ဆန်းစုကြည် အားမည်မျှ ထောက်ခံသည်ကို သုံးသပ်နိုင်ပါသည်။


စက်တင်ဘာ အစောပိုင်းက ဦးသန်းစိန် အစိုးရ ပါလီမန်အတွင်း၊ ရိုဟင်ဂျာနဲ့ပတ်သက်၍ တာဝန်မဲ့ လိမ်လည်ဖြေကြား မှုများ မရှေ့မနှောင်းမှာပင် ရခိုင် ရွေးကောက်ပွဲ အနိုင်ရပါတီ တစ်ခုမှ ဦးဆောင်ပြီး ရန်ကုန်တွင် ရိုဟင်ဂျာဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်လာသကဲ့သို့၊ ပြည်ပရောက် အစွန်းရောက် ရခိုင်အမျိုးသား အချို့ကလည်း အမျိုးမျိုး၊ နည်းပေါင်း စုံသုံး တိုက်ခိုက်လျက်ရှိနေပါသည်။ ဤကဲ့သို့ကာလမျိုးတွင် NLD ဒု-ဥက္ကဋ္ဌ ဖြစ်သူမှ ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်း သည် ရိုဟင်ဂျာလူမျိုးစုအား စိတ်အားငယ်စေခြင်း၊ ၀မ်းနဲစေခြင်း စသည့် ရသပါသည့် ခံစားမှုဝေဒနာများ များစွာဖွား ပေးလျက်ရှိနေပါသည်။

နကိုယ်ကပင် စစ်အစိုးရ၏ ပဟေဠိဆန်သော လူမျိုးဆိတ်သုဉ်းရေးဒဏ်ကြောင့်  အိုးအိမ်းစွန့်ကာ ကမ္ဘာ့အနှံ့ မိတကွဲ၊ ဖတကွဲ လှည့်လည်နေရသည့် ရိုဟင်ဂျာတို့၏ လူသားတစ်ပိုင်းဘ၀အပေါ် ဘ၀တူနီးပါးခံစားခဲ့ရသူ ဒေါ်အောင်ဆန်း စုကြည်ကလွှဲ၍ မည်သူမျှ အကောင်းဆုံး နားလည်ပေးနိုင်မည်မဟုတ်ဟု ရိုဟင်ဂျာများ  ယုံကြည်ပါသည်။ ထို့အတွက် ကြောင်း ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်များက ယင်းတို့အနေဖြင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာရောက်ခေါ်ယူမှ နေရပ်သို့ ပြန်ပါ့မည်ဟု ပြောဆိုခဲ့ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းမိပါသည်။

သို့ရာတွင် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးမှ ယခုကဲ့သို့ ဒီမိုကရေစီနှင့် စံနှုန်းနှင့် ဆန့်ကျင်သည့် ထုတ်ဖော်ပြောဆိုမှုကြောင့် ထိုကဲ့ သို့ အကြောင်းအရာသည် NLD ၏ အတွင်းပေါ်လစီဟူ၍ ယူဆမှုများရှိနေပါသည်။

သို့ဖြစ်ပါ၍ ဦးတင်ဦး၏ တာဝန်မှုပြောဆိုမှုများအပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အထွေထွေ အတွင်းရေးမှူး၊ ပြည်သူ့အချစ်တော် ဒေါ်အောင်ဆန်းစုကြည်မှ လိုအပ်သည့်အတိုင်းအတာဖြင့် ရိုဟင်ဂျာတို့အား ကျေနပ်စေလိမ့်မည် ဟု ကျွန်တော်များ လုံးဝဥဿုံ ယုံကြည်ပါကြောင်း တင်ပြလိုက်ပါသည်။
အမှုဆောင်အဖွဲ့ကိုယ်စား-




(ကိုကိုလင်း)
တွဲဖက် တည်ထောင်သူ
လွတ်လပ်သော ရိုဟင်ဂျာ လှုပ်ရှားမှုအဖွဲ့

Tuesday 6 September 2011

မြန်မာနိုင်ငံသို့ပါတော်မူခဲ့သော.. နောက်ဆုံးအိန္ဒိယနန်းကျဘုရင်.. မဂိုဧကရာဇ် ဗဟာဒူးရှားဇဖားရ်



တချိန်က ရွှေနန်းတော်၌ မင်းစည်းစိမ်ခံစားခဲ့ရသော အိန္ဒိယနိုင်ငံ၏ မဂိုဧကရာဇ်သည် ရေခြားမြေခြား မြန်မာနိုင်ငံ၌ ရန်သူ၏လက်တွင်းတွင် နတ်ရွာစံခဲ့ပုံကို တွေးမိရင်း ကျွန်ုပ်တို့၏ မြန်မာဘုရင်သီပေါမင်းတရား အိန္ဒိယပြည်ရတနာဂီရိအရပ်၌ ဆင်းရဲချို့တဲ့စွာ နတ်ရွာစံခဲ့ရပုံကို ပြန် လည်ယှဉ်တွဲ အတွေးပွားနေမိပါတော့သည်။

ဤပါတော်မူ ဘုရင်နှစ်ပါး၏ဘ၀ကံကြမ္မာမှာ တနည်းတဖုံ ဆင်တူယိုးမှားတူညီနေပေ၏။ အိန္ဒိယပြည် ဒေလီမြို့တော်၌ အိန္ဒိယပြည့်ရှင် မဂိုဘုရင်အား အင်္ဂလိပ်တို့ကဖမ်းဆီး၍ ဇာတိနေပြည်တော်နှင့်ဝေးသော မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြည်နှင်ဒဏ်ပို့လိုက်သည်။ အကျဉ်းစံ နန်းကျဘုရင်တပါးအဖြစ်နေထိုင်ရင်း ရန်ကုန်မြို့ဒဂုံအရပ်၌ နတ်ရွာစံခဲ့ရလေသည်။


ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းတရားအားလည်း ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဖမ်းဆီး၍ နယ်ချဲ့ အင်္ဂလိပ်တို့သည် ရေကြောင်းခရီးဖြင့် ပထမ အိန္ဒိယနိုင်ငံမဒရပ်မြို့၊ ယင်းနောက် အိန္ဒိယနိုင်ငံအနောက်ဘက်ပင်လယ်ကမ်းခြေရှိ ရတနာ ဂီရိသို့ ၁၉၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြောင်းရွှေ့ခဲ့သည်။ မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင်ဖြစ်သည့် သီပေါမင်းတရားသည် အိန္ဒိယနိုင်ငံ၌ အကျယ်ချုပ်ဘ၀ဖြင့် နှစ် ၃၀ နီးပါး နေထိုင်ခဲ့ရပြီးနောက် ၁၉၁၆ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် နတ်ရွာစံခဲ့သည်။

သို့ကလို မြန်မာဘုရင်အား အိန္ဒိယပြည်၌ခွေထားပြီး အိန္ဒိယဘုရင်အား မြန်မာနိုင်ငံ၌ခွေထားခြင်းမှာ အင်္ဂလိပ်နယ်ချဲ့တို့၏ နည်းပရိယာယ် တခုပင်ဖြစ်သည်။

မြန်မာနိုင်ငံသို့ ပါတော်မူခဲ့ရသော အိန္ဒိယနိုင်ငံ၏နောက်ဆုံး မဂိုဧကရာဇ်မဟာဒူးရှားဇဖားရ် (Bahadur Shah Zafar) သည် ခရစ်နှစ် ၁၇၇၅ ခုနှစ်တွင် ဒေလီမြို့တော်ရှိ ရှားဂျဟန်းဘုရင်ကြီး၏ လာလ်ကီယာနန်းတော်တွင် ဖွားမြင်ခဲ့သည်။ ခမည်းတော် ဒုတိယမြောက် အက္ကဘာရ်ရှား (Emperor Akbar Shah II) က သားတော်အား ‘မိုဟာမက်စေရာဂျွန်ဒင်း’ ဟု မှည့်ခေါ်ခဲ့၏။ အရွယ်ရောက်လာသောအခါ ‘အဘူဇဖားရ်’ ဘွဲ့အမည်ဖြင့် အိမ်ရှေ့စံအပ်နှင်းခဲ့သည်။

ခမည်းတော်သည် သားတော်အား ငယ်စဉ်ကပင် နန်းတွင်း၌ပင် အကြီးတော်ဆရာများခန့်အပ်၍ မင်းသားတို့တတ်အပ်သော ပညာရပ်များကို သင်ကြားစေသည်။ အဘူဇဖားရ်သည် ဘာသာရေးအဆုံးအမတို့ကို လေးစားလိုက်နာသူလည်းဖြစ်သည်။ ဘာသာရေးစာပေကို ကြိုးစား သင်ယူသည်။ သူသည် ငယ်စဉ်ကပင် ကဗျာလင်္ကာများဖတ်ရှုခြင်း၊ ရေးသားသီကုံးခြင်းကို အထူးပင်ဝါသနာပါသည်။ နန်းတွင်းကဗျာစာဆို များဖြစ်ကြသော အီဘရာဟင်ဇောက်၊ ဟာဆန်နွလ်လာခန်းဂါလစ်တို့သည် သူ့အား ကဗျာဆရာတဦးအဖြစ်သို့ရောက်အောင် ဆရာစားမချန် သင်ကြားပြသပေး ခဲ့ကြသည်။ ထို့ပြင် အာရေဗီ (အာရပ်ဘာသာစကား)၊ ဖာရစီ (အီရန်ဘာသာစကား) နှင့် အူရဒူ (ပါ ကစ္စတန်ဘာသာစကား)များနှင့် စာပေများကို ဂရုတစိုက်သင်ကြားခဲ့ရာ အဘူဇဖားရ်သည် ဖာရစီဘာသာ၊ အူရဒီဘာသာတို့ဖြင့် ကဗျာလင်္ကာတို့ကို ရသမြောက် အောင် ဖွဲ့ဆိုသီကုံးနိုင်ခဲ့သည်။

အသက် ၄၀ တွင် အိမ်ရှေ့စံမင်းသားအဘူဇဖားရ်မင်းသားသည် ကြင်ယာတော်မိဖုရားလေးပါးဖြင့် သားတော်၊ သမီးတော်များထွန်းကားနေပြီဖြစ်သည်။

ထို့နောက် ဇဖားရ်ရှားဘုရင်၏အဘိုး ‘ဒုတိယမြောက်ရှားအာလမ်’ (Shah Alam II) သည် ၁၈၀၆ ခုနှစ်တွင် နတ်ရွာစံ၍ ခမည်းတော် အက္ကဘာရ်ရှားသည် နန်းတက်ခဲ့လေသည်။ နန်းတက်ပြီးမကြာမီမှာပင် သားတော်အားအိမ်ရှေ့နှင်းခဲ့သည်။ ခမည်းတော် ဒုတိယမြောက် အက္ကဘာရ်ရှားသည် နှစ် ၃၀ နီးပါးနန်းစံခဲ့ပြီးနောက် ၁၈၃၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် နတ်ရွာစံခဲ့သည်။

ဗဟာဒူးရှားသည် ခမည်းတော်နတ်ရွာမစံမီ ၁၀ ရက်အလို ၁၈၃၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့၌ပင် ‘အဘူဇဖားရ် မိုဟာမက်စေရာဂျွန် ဒင်းမဟာဒူးရှား’ ဘွဲ့အမည်ဖြင့် ရာဇဘိသေကခံခဲ့သည်။ နန်းတက်စဉ် မဟာဒူးရှားသည် အသက် (၆၂) ရှိနေပြီဖြစ်သည်။

စိတ်သဘောထားနူးညံ့သိမ်မွေ့သော၊ ဘာသာတရားကိုလေးစားလိုက်နာသော၊ ဘာသာရေးကျင့်စဉ်နှင့် ကဗျာလင်္ကာများတွင် မွေ့လျော် သော မဂိုဘုရင်ကြီးဗဟာဒူးရှားသည် ထီးနန်းစည်းစိမ်ကိုရရှိသော်လည်း စိတ်ကျေနပ်ပျော်ရွှင်မှုကို အပြည့်အ၀မရခဲ့ပေ။

သူသည် အသက်၂၀ ကျော်လောက်ကပင် ‘တစပ်ဝမ်’ ခေါ် မဖောက်ပြန်သော တရားလမ်းစဉ်ဘက်သို့ လေ့လာလိုက်စား၍ အသက် (၄၀) ကျော်အရွယ်တွင် ကိုယ်တိုင်ကျမ်းစာများပြုစုခြင်း၊ တရားပြဆရာအဖြစ် ဆောင်ရွက်ခြင်းတို့ကို ပြုခဲ့သည်။

ဗဟာဒူးရှားသည် အိန္ဒိယပြည့်ရှင် မဂိုဧကရာဇ်ဟုဆိုသော်လည်း အမှန်စင်စစ်အားဖြင့် အမည်ခံဘုရင်တပါးမျှသာဖြစ်သည်။ သူနန်းစံသည့် ၁၈၃၇ ခုနှစ်သို့မရောက်မီကပင် ဗြိတိသျှအရှေ့ကုမ္မဏီကြီးသည် အိန္ဒိယပြည်၏အချက်အခြာဒေသများ၊ အထူသဖြင့် ပင်လယ်ကမ်းရိုးတမ်း ဆိပ်ကမ်းမြို့များကို သိမ်းပိုက်ထားပြီးဖြစ်လေသည်။ သြဇာအာဏာတိက္ကိမကြီးမားသော နယ်စားပယ်စားစော်ဘွားများကိုလည်း စည်းရုံး သိမ်းသွင်းထားပြီဖြစ်သည်။ ထိုစဉ်က အိန္ဒိယဘုရင်ခံချုပ်မှာ လော့ဒ်အောက်လန်(Lord Auk-Land) ဖြစ်သည်။

ဘင်္ဂလားပြည်နယ် ကာလကတ္တားမြို့ (ယခုကိုးလ်ကတ္တား) ကို ဖို့ဒ်ဝီလျံဟုသမုတ်၍ ကုမ္မဏီဌာနချုပ်ရုံး စိုက်ကာ အိန္ဒိယပြည်ရှိ မိမိပိုင်နက် များကို အုပ်ချုပ်နေလေပြီ။ ဗဟာဒူးရှားအား တလလျှင် ရူးပီးငွေတစ်သိန်းကျ ကုမ္မဏီကထောက်ပံ့ထား၏။ သူသည် မြို့တော်ရှိ အချို့စံ အိမ်တော်များမှလည်း အိမ်ငှားခရရှိသည်။

တဖက်ကလည်း ဒေလီပြည့်ရှင် မဂိုဧကရာဇ်ဟု ဆက်လက်အသိအမှတ်ပြုထားလေသည်။ သို့သော်လည်း ဗဟာဒူးရှားမှာ မိမိနေထိုင်ရာ လာလ်ကီယာနန်းတော်တွင်း၌ရှိသော မောင်းမမိဿံနှင့်မင်းမှုထမ်းများအပေါ် သြဇာမရှိပေ။ မရှိအောင်လည်း အင်္ဂလိပ်တို့က ဖန်တီးထား သည်ကို တွေ့ရှိရသည်။

ဗဟာဒူရှားကို လောကီစည်းစိမ်ခံစားနိုင်စေရန် ငွေကြေးထောက်ပံ့ထားသော်လည်း အိန္ဒိယပြည်တ၀န်းလုံးကို သွားလာမှုမပြုနိုင်အောင် တားမြစ်ထားသည်။ မြို့စား၊ နယ်စားများနှင့်လည်း ဆက်သွယ်မှုမပြုနိုင်အောင် ဖြတ်တောက်ထားသည်။ မြို့စား၊ နယ်စားများကို ဗြိတိသျှ အရှေ့အိန္ဒိယ ကုမ္မဏီနှင့်သာ ဆက်သွယ်ရန် ဖန်တီးထားသည်။ အချို့မြို့စား၊ စော်ဘွားများကို ‘ဆာ’ (Sir) ဘွဲ့များချီးမြှင့်၍ သူကောင်းပြု ထားသည်။ ၎င်းတို့၏ အကူအညီဖြင့် ပြည်တွင်းမှပုန်ကန်သူအင်အားစုများ ကို အစွမ်းကုန် ဖြိုခွဲပစ်သည်။

ထိုစဉ်က အိန္ဒိယပြည်၏ နာမည်ကြီးပုဆိန်ရိုးများမှာ ဂွါလီဝါမှဘင်အင်ကာရောင်း၊ ဟိုက်ဒါရာဘတ်မှ ဘာဆလာဂျန်၊ နီပေါလ်မှ ဆာဂျန် ဗဟာဒူးတို့ဖြစ်လေသည်။

ထို့နောက် ဗြိတိသျှတို့ အိန္ဒိယကိုသိမ်းပိုက်ပြီး အိန္ဒိယနိုင်ငံသားတို့ အုံကြွတော်လှန်ခဲ့သည့် ပထမဆုံးလွတ်လပ်ရေးစစ်ပွဲ ၁၈၅၇ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့ရာ ဗြိတိသျှတို့က ထိုအုံကြွမှုကို ရက်စက်စွာနှိမ်နင်းခဲ့ပြီးနောက် ၁၈၅၈ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ဇဖားရ်ရှားဘုရင်အား အိန္ဒိယဘုရင်ခံချုပ်က ဖမ်းဆီး၍ စစ်ခုံရုံးတွင်စစ်ဆေးကာ မြန်မာနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးလိုက်သည်။ ပါတော်မူစဉ် မဂိုဘုရင်ကြီးသည် အ သက် ၈၅ နှစ်ရှိပြီဖြစ်သည်။ သူနှင့်အတူဆွေတော်မျိုးတော်အပါအ၀င် နန်းတွင်းမင်းမှုထမ်း (၃၅) ဦး လိုက်ပါလာခဲ့သည်။ ဇဖားရ်ရှားပါ တော်မူစဉ်က မင်းတုန်းမင်းတရားကြီး အမရပူရမြို့တော်မှ မန္တလေးမြို့စံနန်းတော်၌ စံမြန်းနေစဉ်က ဖြစ်သည်။

နန်းကျဘုရင် ဇဖားရ်ရှားသည် ပါတော်မူခံရပြီးနောက် ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်ခြေတော်ရင်း ဒဂုံမြို့နယ်၊ ဇီဝကလမ်း (ယခင် ဇဖားရ် ရှားလမ်း) ရှိ သစ်သားအဆောက်အအုံတခုတွင် နတ်ရွာစံသည်အထိ ဆင်းရဲကျပ်တည်းစွာ နေထိုင်ခဲ့ရ၏။ ထောက်ပံ့ငွေမလောက်ငှ၍ သား တော်များက မြင်းလှည်းမောင်းခဲ့ရသည်ဟု ဆိုသည်။

ဗဟာဒူးရှားဇဖားရ်နှင့်အတူ နေထိုင်ခဲ့သူများမှာ မိဖုရားခေါင်ကြီး ဇိနတ်မဟာလ်ဘီဂမ် (The Nawab Zinath Mahal Begum)၊ သားတော် ဂျဝမ်ဘတ်၊ သမီးတော် ကုလ်စွန်ဇမာနဘေဂမ်၊ ရောင်နတ်ဇမာနိဘေဂမ်၊ နို့စို့အရွယ်သားတော် ဂျမ်ရှစ်ဘတ်၊ ဂျဝမ်ဘတ်၏ဆရာ ဟာဖွဇ်အီ ဘရာ ဟင်ဇောက်တို့နှင့် အစေအပါးအခြွေအရံများဖြစ်ကြသည်။

ဇဖားရ်ရှား၏စံအိမ်တော်သည် လက်ရှိ ဇီဝကလမ်း (မြန်မာနိုင်ငံဆေးဝါးသုတေသနဌာနဘေး) ရှိ သင်္ချိုင်းတော်ရှိသည့်နေရာပင် ဖြစ်သည်။ ထိုစဉ်က ထိုလမ်း၏အမည်မှာ စီဒါးရ်ဘဇားလမ်း၊ အိမ်အမှတ် ၅၈ ဖြစ်၏။ ၁၉၃၈ ခုနှစ်တွင် ရှေ့နေဒါဝတ်ဂျီ (M.E. Darwood Je) က ရန် ကုန်မြို့မြူနီစီပါယ်၌ အဆိုတရပ်တင်သွင်း၍ စီဒါးရ်ဘဇားလမ်းကို ဇဖားရ်ရှားလမ်းဟု အမည်ပြောင်းရန် တင်ပြခဲ့သည်။

ဤသို့ဖြင့် အိန္ဒိယနိုင်ငံ၏နောက်ဆုံး မဂိုဘုရင်ဗဟာဒူးရှားဇဖားရ်အမည်အစား သူ၏ကလောင်အမည် ‘ဇဖားရ်ရှား’ အမည်ဖြင့် ကျော်ကြား သွားလေသည်။

ထို့နောက်အိန္ဒိယနိုင်ငံ၏ နန်းကျဘုရင်ဗဟာဒူးရှားသည် ၁၈၆၆ ခုနှစ် နိုဝင်ဘာလ ၇ ရက် သောကြာနေ့တွင် သက်တော် ၈၉ နှစ်အရွယ်၌ နတ်ရွာစံခဲ့လေသည်။ ဇဖားရ်ရှားဘုရင်နတ်ရွာစံပြီး နောက်နှစ်၂၀ အကြာ ၁၈၆၆ ခုနှစ်ဇူလိုင်လ ၁၇ ရက်နေ့တွင် မိဖုရားကြီး ဇိနတ်မဟာလ် ဘီဂမ်သည် နတ်ရွာစံခဲ့လေသည်။

မိဖုရား၏ကြွင်းကျန်သော ရုပ်ကလာပ်ကို သူ၏ကြင်ရာတော် ဗဟာဒူးရှား၏သင်္ချိုင်း၌ပင် သဂြုင်္ိလ်ခဲ့လေသည်။ သို့သော် ထိုစဉ်က ဗြိတိသျှ အစိုးရသည် မဂိုနန်းကျဘုရင်နှင့် မိဖုရားတို့၏မြှုပ်နှံထားရာအုတ်ဂူသည် နောင်တချိန်တွင် အိန္ဒိယနိုင်ငံသားတို့အတွက် ကိုလိုနီစနစ်ကို တော်လှန်ရေးအထိမ်းအမှတ်သင်္ကေတသဖွယ် အသုံးပြုလာမည်ကို စိုးရိမ်၍ အုတ်ဂူနေရာအစစ်ကို စနစ်တကျဖုံးကွယ်၍ လျှို့ဝှက်စွာ မြှုပ်နှံ ခဲ့သည်။ လူအများက ယခင်သိရှိခဲ့သော အုတ်ဂူဗိမာန်သုံးလုံးတွဲကိုသာ ဘုရင်ဟောင်းဇဖားရ်ရှား၊ မိဖုရားနှင့် မြေးတော်တို့၏အုတ်ဂူအစစ်ဟု ထင်မြင်ခဲ့ကြသည်။ သို့သော် ယခုအခါ ကဗျာစာဆိုဘုရင်၏ အုတ်ဂူအစစ်ကို ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းသင်္ချိုင်းဂူဗိ မာန်အနီးနေ ရာ၌ပင် ၁၉၉၁ ခုနှစ်တွင် အဆောက်အအုံသစ်ဆောက်လုပ်ရန် မြေကြီးတူးဖော်ရာမှ ရှာဖွေတွေ့ရှိခဲ့သည်။ အုတ်ဂူအစစ်ကို အလွယ်တကူ ရှာဖွေ၍ မတွေ့နိုင်စေရန် ဗြိတိသျှတို့က သေသပ်ပိရိစွာ ဖုံးကွယ်ထားခဲ့ခြင်းကြောင့် မဂိုနန်းကျဘုရင်ကြီး နတ်ရွာစံပြီးနှစ် ၁၃၀ အကြာတွင်မှ မြေတူးလုပ်ငန်းပြုလုပ်စဉ်အတွင်း တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံထုတ် ဟင်ဒူစတန်တိုင်း (Hindustan Time) သတင်းစာက ဖော်ပြခဲ့သည်။
.၁။ ဦးသန်း (မြန်မာပြန်)၊ မဂိုဘုရင် ဘဟာဒူးရှားဇဖားရ်၊ ပြည်သူ့အလင်းပုံနှိပ်တိုက်၊ ပကြိမ် ၁၉၈၇၊ စက်တင်ဘာလ။
၂။ အေးသိန်း၊ ရန်ကုန်မြို့ရောက် အိမ်နိမ့်စံဘာဟာဒူးရှားဇဖားရ်ဘုရင်၊ ဂုဏ်ထူးစာပေ၊ ပကြိမ်၊ ၂၀၀၄။
၃။ ကောင်းထက်၊ နန်းကျဘုရင် နှစ်ပါး ၊ အားမာန်သစ်စာပေ၊ ပကြိမ် ၂၀၀၉။
၎။ “ပါတော်မူသော ဘုရင်နှစ်ပါး” ၊ သွေးသောက်မဂ္ဂဇင်း၊ အမှတ် ၂၂၅ (၁၉၄၆ အောက်တိုဘာလ) စာ ၁၀၉-၁၁၂။

Saturday 6 August 2011

ဇကားသ်ပေးထိုက်သူ..... မပေးထိုက်သူများ


ဇကားသ် ထိုက်သော ဥစ္စာပစ္စည်း(၃)မျိုးရှိပါသည်။
၁။ ရွှေ-ငွေ
၂။ ရောင်းဝယ်ဖောက်ကားသော ဥစ္စာပစ္စည်း။
၃။ အိမ်တွင်းမွေးမြူထားသော ကျွဲ-နွား-သိုး-ဆိတ် တိရစ္ဆာန်များ။

ဇကားသ်ပေးထိုက်သော ပုဂ္ဂိုလ် (၇)ဦးရှိသည်။
၁။ ညီအကိုမောင်နှမများ
၂။ တူ-တူမများ
၃။ ဦးလေး-ဦးကြီးများ
၎။ အရီးလေး-အရီးကြီးများ
၅။ မိထွေး-ဖထွေးများ
၆။ မိထွေး-ဖထွေး၏မိဘများ
၇။ ယောက္ခထီး-ယောက္ခမများ

ဇကားသ် မပေးပိုင်သော ပုဂ္ဂိုလ်(၈)ဦးရှိသည်။
၁။ မိဘ။
၂။ အဘိုးအဘွားများ
၃။ သား-သမီးများ
၎။ မြေ-မြစ်များ
၅။ မိမိ၏ဇနီးမိန်းမများ
၆။ မိမိ၏ခင်ပွန်းသည် လင်ယောက်က်ျား
၇။ စိုင်ယာဒ် အမျိုးအနွယ်
၈။ ဟာရှီမီအမျိုးနွယ်တို့ဖြစ်သည်၊( ဟာရှီမီဆိုသည်မှာ )


၁၊ ဟဇရသ်ဟာရစ်ဗင်န်အဗ္ဗဒွလ် မွတ်တွလစ်ဗ်သခ်င
၂၊ ဟဇရသ်ဂျအ်ဖရ်သခင်
၃၊ ဟဇရသ်အုကိုင်လ်သခင်
၎၊ ဟဇရသ်အဗ္ဗားစ်သခင်
၅၊ ဟဇရသ်အလီသခင်တို့မှ ဆင်းသက်လာသူများကို ဟာရှီမီ အမျိုးနွယ်ဟုခေါ်ဆိုပါသည်။

စာအုပ်အမည် ။.....။သအ်လီမုလ် အတ်ွဖလ်
ပြုစုသူ ။.......။ အလ်ဟာဂ်ျ မော်လာနာ ကာရီ ဟာဖစ် မုဟမ္မဒ် ယဟ်ယာ ( ဘင်န် )
အလ်ဟာဂ်ျ မော်လာနာ မွတ်ဖ်သီ ရှမ်စွဒ်ဒိုဟာ-မဇွာဟေရီ
ဟဒီးစ်ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ဆရာကြီး ဆူဖီယတ် အစ္စလာမ်သာသနာ့တက္ကသိုလ်

Sunday 17 July 2011

လိုင်လသွလ်ကဒရ်ညမြတ်အကြောင်း



ရမဇာန်လမြတ်၏ ညဥ့်များအနက် တစ်ညဥ့်သည် လိုင်လသွလ်ကဒရ် မည်၏။ ထိုညဥ့်သည် ဗရကသ် မင်္ဂလာ နှင့် ကောင်းကျိုးများ ပြည့်စုံ သော ညဥ့်ဖြစ်၏။ ကုရ်အာန်ကျမ်းတော်မြတ်၌ ထိုညဥ့်ကို လပေါင်း တစ်ထောင်ထက်ပင်ထူး မြတ် သောညဥ့်ဖြစ်ကြောင်း မိန့် ကြား ထားတော်မူ၏။ လပေါင်းတစ်ထောင်သည် ၈၃ နှစ်၊ ၄ လ ဖြစ်၏။ ထိုညဥ့် တစ်ညဥ့် ကို အေဗာဒသ်ပြုရင်း ကုန်လွန်စေသော သူသည် ၈၃ နှစ်၊ ၄ လ ထက်ပိုသော ကာလကို အေဗာဒသ်ပြုရင်း ကုန်လွန်စေဘိသကဲ့သို့  ဖြစ်ပေရာ၊ ယင်းည၌ အေဗာဒသ်ပြုခွင့် ရသူမှာ နဖူးစာကောင်းသူပင်ဖြစ်၏။ ပိုသည်ဟု ဆို ခြင်း မှာလည်း လပေါင်းတစ်ထောင်ထက် မည်မျှပိုသည်ကို မသိနိုင်ပေ။ တန်ဖိုးထားတတ်သူတို့ အဖို့  အတိုင်း မရှိသော ကျေးဇူးတော်ကို ချီးမြှင့် တော်မူခြင်း ဖြစ်ပေရာ ဤဆုလာဘ်သည် အလ္လာအရှင်မြတ်၏ ကြီးလှ စွာသော ဆုလာဘ်ပင် ဖြစ် ပေသည်။

တမန်တော်မြတ်သခင် (စ) က မည်သူမဆို အီမာန်သက်ဝင်ယုံကြည်မှုနှင့် အကျိုးစဝါဗ်ကို ရည်စူးလျက် ကဒရ် ညဥ့်၌ အေဗာဒသ် ဝတ် ပြုခဲ့သော်၊ ထိုသူ၏ အတိတ်မှ ပြစ်မှုဒုစရိုက်များသည် ခွင့်လွှတ်ခြင်းခံရ သည် ဖြစ်ကြောင်း မိန့် ကြား တော်မူခဲ့၏။ အကျိုးစဝါဗ်ကို ရည်စူးခြင်းဟူသည် ဟန်ဆောင်မှုမှအစ မလို လားအပ် သည့် ရည်ရွယ်ချက်မျိုးတွေ မပါ ပဲ ဖြူစင်စွာ အလ္လာအရှင်မြတ်၏ နှစ်မြို့ မှု၊ အကျိုး စဝါဗ်ရလိုမှုကို ရည်စူးရ မည်ဖြစ်သည်။
ကဒရ်ညမြတ်အား မည်ကဲ့သို့  ရှာဖွေကြမည်နည်း


အာအိရှဟ်သခင်မသည် တမန်တော်မြတ် (စ) ၏ မိန့် ကြားချက်ကို တဆင့်အမိန့် ရှိခဲ့၏။ "အသင်တို့ သည် ကဒရ်ညဥ့် ကိုရမဇာန်လ၏ နောက်ဆုံး (၁၀) ရက်တွင် မ, ကျသော ညများ၌ ရှာဖွေကြလော့"

သာသနာ့ ပညာရှင် အများစု၏ ယူဆချက်အရ ရမဇာန်လသည် (၂၉) ရက်နှင့် ကုန်ဆုံးသည်ဖြစ်စေ၊ ရက် ပေါင်း (၃၀) နှင့် ကုန်ဆုံး သွားသည်ဖြစ်စေ၊ နောက်ဆုံး (၁၀) ရက်ကား (၂၁) ရက်ညမှ အစပြုသည်။ ဤ တွက်ကိန်းနှင့်အညီ အထက် ဖော်ပြပါ သြဝါဒတော် အရ ကဒရ်ညဥ့်ကို (၂၁၊ ၂၃၊ ၂၅၊ ၂၇၊ ၂၉) ရက်ညဥ့်များ တွင် ရှာဖွေရမည်ဖြစ်သည်။

ကဒရ်ညဥ့် ရှာဖွေခြင်းအတွက် အဆိုပေါင်းများစွာရှိပါသဖြင့် လိုရင်းကိုသာ တင်ပြသွားမည် ဖြစ်ပါသည်။ နားလည် ပေးပါရန် မေတ္တာ ရပ်ခံပါသည်။ (တူးတူးလေး)


ထိုကဲ့သို့  ကဒရ်ညဥ့်အား ရှာဖွေရန် ရည်ရွယ်ချက်မှာ လူများသည် တညဥ့်တည်းနှင့် ရောင့်ရဲမနေကြရန် ရည်ရွယ် ခြင်း ဖြစ်ကြောင်း အမိန့် ရှိလေသည်။ ထို့ နောက် ကဒရ်ညဥ့်မှာ (၂၇) ရက်ညဖြစ်ကြောင်း အူဗိုက် ယစ်ဗ်နုကအ်ဗ် သခင်သည် ကျိန်၍ပြောကြား လေ သည်။ အလားတူပင် များစွာသော သာဝကကြီးတို့  သည် ကဒရ်ညဥ့်သည် (၂၇) ရက်ညဖြစ်ကြောင်း ယူဆကြ၏။
ကဒရ်ညမြတ်အား ရက်ကန့် သတ် သတ်မှတ်ပေးမှု ထာဝရရုပ်သိမ်းခံရခြင်း အကြောင်းရင်း


အုဗါဒဟ်သခင် အမိန့် ရှိ၏။ နဗီတမန်တော်မြတ် (စ) သခင်သည် ကျွန်ုပ်တို့ အား ကဒရ်ညဥ့်၏သတင်းကို မိန့် ကြား တော်မူရန် အပြင်သို့  ထွက်တော်မူခဲ့ရာ မွတ်ဆလင်နှစ်ဦးတို့ မှာ စကားများရန်ဖြစ်နေကြလေ၏။ ကိုယ်တော်မြတ် သခင် (စ) က "ငါ ကိုယ် တော်မြတ်သည် အသင်တို့ အား ကဒရ်ညဥ့်နှင့် စပ်လျဉ်း၍ သတင်း ပေးတော်မူရန် ထွက်ခဲ့ သော်လည်း မည်သူမည်ဝါတို့  နှစ်ဦးမှာ စကားများနေကြသောကြောင့် ကဒရ်ညဥ့်၏ ကန့် သတ်ပေးမှုအား ရုပ်သိမ်း ခြင်းခံရလေပြီ။ ဤသည်လည်း အသင်တို့ အဖို့  အရှင်မြတ် ထံတော်မှ အကောင်းဖြစ်တန်ရာ၏။ သို့ ဖြစ်ရာ ယခုမူ ထိုညဥ့်ကို (၉) ရက်မြောက်၊ (၇) ရက်မြောက်၊ (၅) ရက် မြောက်ည များတွင် ရှာဖွေကြလော့" ဟု မိန့် ကြားတော်မူ၏။

အထက်ပါ သြဝါဒတော်တွင် အချက်သုံးချက် စဉ်းစားသင့်သည်။

(က) ပထမဆုံးနှင့် အရေးကြီးဆုံးသောအချက်မှာ စကားများခြင်းပင် ဖြစ်၏။ ယင်းသည် အဘယ်မျှလောက် ဆိုးရွားသည်မူ ယင်း ကြောင့် ကဒရ်ညဥ့် ကန့် သတ်ပေးမှုကို ထာဝရရုပ်သိမ်းခြင်းခံ လိုက်ရ၏။ အမှန်စင် စစ် သော် ကား စကားများ ရန်ဖြစ်ခြင်းမှာ ဗရ ကသ် မင်္ဂလာများ လက်လွတ်အောင် ပြုစမြဲပင်ဖြစ်၏။ နဗီတမန် တော်မြတ်သခင် (စ) က အချင်းချင်းသင့်မြတ်စွာ ဆက်ဆံခြင်းသည် နမာဇ်၊ ရိုဇာနှင့် ဆဒကဟ်တို့ ထက် အထူးမြတ်ဆုံးဖြစ်ကြောင်း၊ အချင်းချင်းစကားများရန်ဖြစ်ခြင်းသည် သာသနာတော်ကို တုံးပစ် သည်ဖြစ် ကြောင်း မိန့် ကြားတော်မူ၏။ လောကီ ရေး အား အဓိကထားသူတို့ ကို ဖယ်ထားဘိဦး အလွန်ရှည်လျား သော သတ်စ်ဗီ စိပ်သူများနှင့် သာသနာရေးကို အဓိကထားပါသည်ဟု ဆိုသူတို့ သည်ပင်လျင် အချင်းချင်း အမြဲမပြတ်ရန်ဖြစ်လျက် ရှိကြသည်။ ၄င်းတို့ အနေနှင့် ကိုယ်တော်၏ မိန့် ကြားချက်ကို ဦးစွာပထမ လေး လေးနက်နက်သုံးသပ်သင့်သည်။ ထို့ နောက် မိမိတို့  ဂုဏ် မောက် လျက်ရှိသော မိမိတို့ ၏ သာသနာ အတွက် တွေးတောကြရမည်။ မိမိတို့ မှာ သာသနာ့ဂုဏ်မောက် နေ၍သာ သင့်မြတ်မှုရယူရန် ကမ်း လှမ်းခြင်းများကို မသိကျိုးကျွံပြုနေကြသည် မဟုတ်ပါလော။ ကျွန်ုပ် တို့ သည် ရန်ဖြစ်လိုဇော ကြောင့် မွတ်ဆလင်တစ်ဦး၏ ဂုဏ်သိက္ခာကိုလည်း ဂရုမစိုက်ကြပေ။ အလ္လာအရှင် မြတ်နှင့် တမန် တော်မြတ် (စ) ၏ မိန့် ကြား ချက်တို့ ကိုလည်း သတိမမူကြတော့ပေ။

ယနေ့  သူတစ်ပါးတို့ ၏ ဂုဏ်သိက္ခာကျဆင်းအောင် ကြံစည်နေသူများသည် မိမိတကိုယ်တည်း ရှိနေ ချိန် တွင် မိမိတို့ ကိုယ်တိုင် မိမိတို့ ၏ သိက္ခာကို မည်မျှထိခိုက်စေကြသည်၊ ၄င်းအပြင် မိမိတို့ ၏ ယုတ်ညံ့သိမ် ဖျင်း သော အပြုအမူများ ကြောင့် အရှင်မြတ်၏အမြင်၌ အဘယ်မျှလောက် ဂုဏ် သရေ ကျဆုံးနေကြ သည် ကို လေးနက်စွာစဉ်းစားသင့်ကြသည်။

(ခ) ဒုတိယအချက်မှာ အရှင်မြတ်၏ နက်နဲသိမ်မွေ့ သော ကျိုးကြောင်းဆင်ခြင်တုံတရားကို ကျေနပ်စွာ သဘောတူ လက်ခံခြင်းပင် ဖြစ်သည်။ စင်စစ်မှာ ကဒရ်ညဥ့်သတ်မှတ်ခြင်းကို ရုပ်သိမ်းလိုက်ခြင်းသည် အမြင် အားဖြင့် ကြီးစွာ သော ကောင်းကျိုးကို ရုပ်သိမ်းခံ ရခြင်းဖြစ်သည်။ သို့ ရာတွင် ဤကိစ္စမှာ အရှင်မြတ် စီရင် အပ်သော ကိစ္စဖြစ်ခြင်း ကြောင့် ကိုယ်တော်မြတ် (စ) က ဤသည်ပင် အသင် တို့ အဖို့  အကောင်းဖြစ် တန်ရာ၏ဟု မိန့် ကြားတော်မူခဲ့သည်။

(ဂ) တတိယတစ်ချက်မှာ လိုင်လသွလ်ကဒရ်ကို ရှာဖွေရန် (၉) ရက်မြောက်၊ (၇) ရက်မြောက်၊ (၅) ရက် မြောက်ညများ ဟူ၍ ညွှန်ကြား တော်မူခြင်းဖြစ်၏။ အခြား သြဝါဒတော်များကိုပါ စုပေါင်းလေ့လာခြင်း အားဖြင့် ဤဖော်ပြပါသုံးညလုံး မှာ နောက်ဆုံး (၁၀) ရက်၏ ညဥ့်များ၌သာ ရှိကြောင်း သေချာလှ၏။

ထို့ ကြောင့် ပညာရှင်တို့ က ကဒရ်ညဥ့်ကို လျှို့ ဝှက်ထားခြင်း၌ အချို့ သော ကောင်းကျိုးများရှိကြောင်း ဖော်ပြကြ၏။
(၁) အကယ်၍ သတ်မှတ်ရက် ရှိနေလျင် များစွာသော ပေါ့ဆသူများသည် အခြားညဥ့်များကို လုံးဝလစ်လျူရှု့ ကြ မည်။ ယခုသော် ရှာဖွေလိုသူများအနေနှင့် ယနေ့ ညပင် ကဒရ်ညဥ့်ဖြစ်ကောင်းဖြစ်နိုင်သည်ဟု မျှော်လင့် သောအား ဖြင့် တစ်ညဥ့်ထက်ပို၍ အေဗာဒသ်ပြုရန် အကြောင်းညီညွတ်နိုင်၏။

(၂) များစွာသောသူတို့ မှာ ပြစ်မှုမကျူးလွန်ပဲ မနေနိုင်ကြချေ။ ကဒရ်ညဥ့်သတ်မှတ်ထားသည်ဖြစ်မူ သိလျက် နှင့်ပင် ယင်းည၌ ပြစ်မှု ကျူးလွန်ခဲ့သော် အလွန်အမင်း စိုးရိမ်ဖွယ်ဖြစ်၏။ (တရံရောအခါ ကိုယ်တော်မြတ် (စ) ဗလီကျောင်း တော်သို့  ကြွရောက် တော် မူခဲ့ ရာ ဆဟာဗီတစ်ပါး အိပ်ပျော်နေသည်ကို တွေ့  ၏။ ကိုယ် တော်က အလီသခင်အား ဝူဒူ ပြုရန် နှိုးခိုင်းတော်မူ၏။ အလီသခင် သည် အမိန့် တော်အရ နှိုးပြီးနောက် ကိုယ်တော်အား "ကိုယ်တော်သည် ကောင်း မှု ကို လက်မနှေးပဲ ပြုလုပ်တော်မူလေ့ရှိပါလျက် အဘယ် ကြောင့် ကိုယ်တော် ကိုယ်တိုင်မနှိုးပါသနည်း" ဟုလျှောက် တင်ရာ "မတော်တဆ ထိုသူ ငြင်းခဲ့လျင် ငါ ကိုယ်တော်မြတ် နှိုးသည်ကို ငြင်းပယ်သောကြောင့် ကာဖရ်ဖြစ်သွား မည် ကို စိုးရိမ်သဖြင့် သင့်အားနှိုးခိုင်း တော်မူခြင်းဖြစ်၏။ သင်နှိုးသည်ကို ငြင်း ပယ်ခြင်းအားဖြင့် ကာဖရ် မဖြစ်ပေ" ဟုပြန် ကြား တော်မူ၏။ ထိုနည်း တူစွာ အလ္လာအရှင်မြတ်၏ ဂရုဏာတော်သည်လည်း ဘုန်း ကျက်သရေနှင့် ပြည့်စုံလှစွာ သော ထိုညဥ့်၌ သိပါလျက် တစုံတယောက်သည် အတင့်ရဲစွာ ပြစ်မှုကျူးလွန်သည်ကို မလိုလားပေ။

(၃) ထိုညဥ့်သည် သတ်မှတ်ပြီးဖြစ်လျင် အကယ်၍ တစုံတယောက်သည် အကြောင်းအားလျော်စွာ ထိုညဥ့် ကို လက် လွှတ်ခဲ့ရ သည် ရှိသော် အေဗာဒသ်ပြုခွင့် မရလိုက်ဟု အားငယ်နေပေလိမ့်မည်။ ယခု သတ်မှတ် မထားခဲ့၍ လူတိုင်း သည် ရမဇာန်လအတွင်းအနည်း ဆုံး တစ်ည နှစ်ညတော့ အေဗာဒသ် ပြုခွင့်ရသွား သည်သာ။

(၄) ကဒရ်ညဥ့်ကို ရှာဖွေရန် ကုန်လွန်စေခဲ့သော ညဥ့်များ၏အရေအတွက်နှင့်အမျှ အကျိုးစဝါဗ်ကို သက်သက် ရဦး မည်ဖြစ်သည်။

(၅) ရမဇာန်လ၌ အေဗာဒသ်ပြုကြသောကြောင့် အရှင်မြတ်သည် ကောင်းကင်တမန်များ ရှေ့ ဝယ် ဂုဏ်ယူ လေ့ရှိ တော် မူကြောင်း သိရှိရ၏။ ယခုကဲ့သို့  အခြေအနေ၌ပို၍ အခွင့်ကောင်းရှိပေသည်။ အကြောင်းသော် ကား အတိ အကျ မသိပဲ ဖြစ်ကောင်းဖြစ်တန် သည်ဟူသော ထင်မြင်ယူဆချက်နှင့် ညဥ့်လုံးပေါက် အေဗာဒသ် ပြုရာ၌ လုံးပမ်း နေကြသောကြောင့် ဖြစ်သည်။


ထိုမှတပါးလည်း ကောင်းကျိုးများရှိနေပေသေးသည်။ ဤကဲ့သို့ သော အကြောင်းများကြောင့်ပင် အရှင်မြတ် သည် ယခုကဲ့သို့ အရေး ပါ အရာရောက်သော ကိစ္စမျိုးကို လျို့ ဝှက်ထားတော်မူလေ့ရှိသည်။ အစ္စမေ အအ်ဇမ် ကို လျို့ ဝှက်ထားတော်မူ၏။ အလားတူပင် သောကြာနေ့  တွင် ဆုမွန်ဒိုအာကို ကဗူလ်ဖြစ် သော သီးသန့် အချိန်တချိန်ရှိရာ ယင်းအချိန် ကို လည်း လျို့ ဝှက်ထားတော်မူ၏။ အလားတူပင် အခြားများစွာသော ကိစ္စများလည်း ပါဝင်၏။ အကျိုးစဝါဗ်ကို မျှော်ကိုးသော သူ အနေ ဖြင့် ထူးမြတ်သော ရမဇာန်လ၏ ထူးမြတ် သောည တစ်ညရှာဖွေရန် ၁၀ ရက် ၁၁ ရက် မအိပ်ပဲ အေဗာဒသ်ပြုခြင်းသည် ခဲယဉ်း လှ မည်မဟုတ်ဟု ထင်ပါသည်။


မှတ်ချက်။ ။ ရှေခွလ်ဟဒီစ် ဟဇရသ် မော်လာနာ မုဟမ္မဒ် ဇကရီးယား ရဟ်မသွလ္လာဟိ အလိုက်ဟ် ထုတ် ဝေ သော ဖဇာအိလေ ရမဇာန် စာအုပ်မှကိုးကား၍ ကောက်နှုတ်ဖော်ပြပါသည်။
မြန်မာမွတ်စလင်မ်...Website..မှကူးယူဖော်ပြပါသည်။

ရမသွာန်လမြတ် နှင့်လိုင်လသွလ်ကဒရ်ညမြတ်အကြောင်း








ရမသွာန်လမြတ်သည် မင်္ဂလာ ဗရကတ် အဖြာဖြာနှင့် အထူးပြည့်စုံသော ထူးကဲ မွန်မြတ်သည့် လ ဖြစ် သည်။ ထိုလ မြတ်တွင် ကျမ်းတော်မြတ် ကုရ်အာန်ကျ ရောက်ခဲ့ သည်။ ထိုလမြတ်တွင် (စွေယာမ်) ဥပုသ် စောင့်ထိန်းခြင်းသည် အရွယ်ရောက် ပြီးသူ မွတ်စလင်မ်အမျိုးသား၊ အမျိုးသမီးများအပေါ်တွင် ဖွရသ် တာဝန်ဖြစ်သည်။ ထိုလမြတ် သည် အခြားလများထက်ကောင်း မှုကုသိုလ် ရရှိနိုင်ရန် မြောက်မြားစွာ သော အကြောင်း များကို အလ’ာဟ်အရှင်မြတ် သတ်မှတ်ပြဌာန်း ထားရှိပေသည်။ တမန်တော်မြတ်သည် ထိုလမြတ်ရမသွာန်နှင့် ပတ် သက် ၍ (မွတ်စလင်မ်) လူသားထုတစ်ရပ်လုံးအား ထိုလ မြတ် ၏ ထူးကဲမြင့်မြတ်မှုများနှင့် မင်္ဂလာ အဖြာဖြာကို ရယူခံစားရန်အတွက် လမြတ် ရမသွာန် မရောက်မီ ယှအ်ဗါန်လ၏ နောက်ဆုံး နေ့ရက်တွင် တင်ဝကိ၍ တရားတော် များကို ဟောကြားညွှန်ပြတော်မူခဲ့ပေသည်။ တမန်တော်မြတ်ဟောကြားညွှန်ပြမိန့်ကြားခဲ့သော လမြတ်ရမသွာန်၏ ထူးမြတ်မှုမိန့်ခွန်း တော်ကို စွဟာဗါသာဝကကြီး စလ်မာန်က တင်ပြခဲ့သည်မှာ ----
အို-- လူသားအပေါင်းတို့ ကြီးကျယ်မွန်မြတ်လှသော လတစ်လသည် မကြာမီ အသင်တို့ ထံသို့ ရောက်ရှိလာတော့ မည်။(ထိုလမြတ် သည်) မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော လ ဖြစ်သည်။ ထိုလမြတ်အတွင်း၌ လပေါင်း တစ်ထောင်ထက် ထူးကဲ ကောင်းမြတ်သည့် (လိုက် လတုလ်ကဒ်ဒရ်) ညတစ်ညပါရှိသည်။ အလ’ာဟ်အရှင်သည် ထိုလမြတ်၌ စွေယာမ် ဥပုသ် စောင့်ထိန်းခြင်းကို (ဖွရ်သ်) တာဝန်အဖြစ်သတ်မှတ်ပြဌာန်းထား တော်မူ ခဲ့သည်။ ညအချိန်တွင် နိုးကြားလျက် တရားအားထုတ်ဉပကျင့်ဆောက်တည်ခြင်းကို (သစောင်ဝုအ်) အကျိုးကုသိုလ် (ဆွဝါဗ်) ရရှိစေရန်အတွက် ဉပပေးထားတော်မူခဲ့သည်။ မည်သူမဆို ထိုလမြတ်၌ ကောင်းမှုတစ်ခု ဉပကျင့်ဆောင်ရွက်ခဲ့မည်ဆိုလျှင် အခြားလ များ၌ (ဖွရသ်) တာဝန်ရှိသော ကျင့်ဆောင်မှုတစ်ခုကို တာဝန်ကျေပွန်စွာ ဆောင်ရွက် ဉပကျင့် သည်ကဲ့သို့ အကျိုး(ဆွဝါဗ်) ရရှိပေမည်။ မည်သူမဆို ထိုလမြတ်၌ တာဝန်ရှိ သော (ဖွရသ်) ကျင့်ဆောင်မှုတစ်ခုကို ကျေပွန်စွာ ဉပကျင့်ဆောက်တည်ခဲ့မည်ဆို လျှင် ထိုသို့ဉပကျင့်ဆောက်တည်သူသည် အခြားလများတွင် (ဖွရသ်) ကျင့်ဆောက်တည်မှု ပေါင်း (၇၀) ခုနှစ်ဆယ် ဉပကျင့် ဆောက်တည်ခြင်းကဲ့သို့ပင် (အကျိုးတူ) ရရှိမည်ဖြစ် ပေသည်။ ထိုလမြတ်သည် (စွဗရ်)သည်း ခံခြင်းတရား ထားရှိရမည့် လဖြစ်သည်။ (စွဗရ်) သည်းခံခြင်းတရား၏ (ဆွဝါဗ်) အကျိုး သည် ဂျန္နတ်သုခဘုံပင်ဖြစ်သည်။ ထိုလမြတ်သည် သနား ကရုဏာ ထားရှိရသော လမြတ်ဖြစ်၏။ ထိုလမြတ်တွင် မုအ်မင်န် ယုံကြည်သူများ အတွက် စားနပ်ရိက္ခာများပြားစွာ လလည်းဖြစ်သည်။
မည်သူမဆို ထိုလမြတ်၌ (စွေယာမ်)ဥပုသ်စောင့်ထိန်းသူ တစ်ဦးတစ်ယောက်အား (အိဖ်တာရ်) စွေယာမ်ဥပုသ်ထွက် ချိန်တွင် ကျွေးမွေး ခဲ့မည်ဆိုလျှင် ထိုသို့ကျွေးမွေးသူ၏ ပြစ်မှုများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ဂျဟန္နမ်ငရဲမီးမှလွတ်မြောက် မှု ရရှိမည်ဖြစ် ပေ သည်။ စွေယာမ်ဥပုသ်ထွက်ချိန် (စွေယာမ်)ဥပုသ်စောင့်ထိန်းသူအား ကျွေးမွေးသူသည် (စွေယာမ်) ဥပုသ်စောင့်ထိန်းသူ၏ အကျိုး(ဆွဝါဗ်) ပမာတူ ရရှိပေမည်။ (စွေယာမ်) ဥပုသ်စောင့်ထိန်းသူတွင်လည်း အကျိုး(ဆွဝါဗ်)အနည်းငယ်မျှပင် လျော့နည်း သွားမည် မဟုတ်ပါ ဟု တမန်တော်မြတ်မိန့်ကြားတော်မူခဲ့၏။
စွဟာဗါ သာဝကကြီးများက အထက်ပါ တမန်တော်မြတ်၏ မိန့်ခွန်းတော်ကို ကြားနာခဲ့ကြသည့်အခါလျှောက်ထား တင်ပြကြ သည်မှာ-အိုအလ’ာဟ်၏ တမန်တော် ကျွန်တော်မျိုးတို့သည် (စွေယာမ်) ဥပုသ် စောင့်ထိန်းသူအား (အိဖ်တွာရ်) စွေယာမ်ဥပုသ် ထွက် ချိန် တွင် လှူဒါန်းကျွေးမွေးနိုင်သော အခြေအနေမျိုး မရှိကြပါဟု လျှောက်ထား တင်ပြခဲ့ကြ၏။ (ထိုအခါ) တမန်တော်မြတ်က ဆက် လက်မိန့်ကြားတော်မူခဲ့သည်မှာ မည်သူမဆို (စွေယာမ်) ဥပုသ်စောင့်ထိန်းသူအား (အိဖ်တာရ်) (စွေယာမ်) ဥပုသ်ထွက်ချိန်တွင် နို့တစ် ကျိုက်သို့မဟုတ် စွန်ပုလွံသီးတစ်လုံးသို့မဟုတ် ရေတစ်ကျိုက် ဖြင့်သော် လည်းကောင်း ကျွေးမွေးခဲ့ မည်ဆိုလျင်လည်း ထိုသို့ကျွေးမွေး သူအား အလ’ာဟ် အရှင်မြတ်သည် ထိုအကျိုးကုသိုလ် (ဆွဝါဗ်)ကို ပေးတော်မူမည်ဖြစ်သည်။ မည်သူမဆို (စွေယာမ်) ဥပုသ်စောင့်ထိန်း သူအား ဗိုက်ပြည့်ဝအောင် ကျွေးမွေးခဲ့မည်ဆို လျှင် အလ’ာဟ်အရှင်သည် ထို သူအား ငါတမန်တော်မြတ်၏ (ကောင်စရ်) ရေကန် တော်မှ ရေကို တိုက်ကျွေးတော်မူပေမည်။ ထိုရေကန်တော်မှ ရေကို သောက် ပြီးလျှင် ထိုသူသည် ဂျန္နတ်သုခဘုံသို့ ၀င်ရောက်သည်ထိ ရေဆာ လောင်ငတ်မွတ်ခြင်း ရှိတော့ မည် မဟုတ်ပေဟု မိန့်ကြားတော် မူခဲ့၏။ ထိုလမြတ်၏ ပထမ ဆယ်ရက် ပိုင်းသည် (ရဟ်မတ်) ကရုဏာ တော် ရရှိခံစားကြရမည် ဖြစ်သည်။ဒုတိယ ဆယ်ရက် ပိုင်းသည် လွတ်ငြိမ်းချမ်းသာခွင့် ဉပခြင်းခံကြရမည် ဖြစ်သည်။ တတိယပိုင်း ဆယ်ရက်သည် ဂျဟန္နမ်ငရဲမီးမှ လွတ်မြောက် အာင်မြင်မှု ဉပခြင်း ခံကြရမည် ဖြစ်သည်။မည်သူမဆို မိမိပိုင် (မမ်လူက်) လုပ်သားအား ထိုလမြတ်တွင် လုပ်ငန်းတာဝန်များ အား လျော့ပေါ့၍ ခိုင်းစေခဲ့မည်ဆိုလျှင် ထိုသူအား အလ’ာဟ်အရှင်သည် (မဂ်ဖွေရတ်) ပြစ်မှု ဒုစရိုက် များမှ လွတ်ငြိမ်းချမ်းသာ ခွင့် ပေးတော်မူမည်။ ထိုနောက်ထိုသူအား ဂျဟန္နမ် ငရဲမီးမှ ကင်းဝေး လွတ်မြောက်စေ တော်မူ ပေ မည်ဟု မိန့်ခွန်း>မက်ကြားတော် ကင်းဝေးလွတ် မြောက် စေ တော်မူပေမည်ဟု မိန့်ခွန်း>မက်ကြားတော် ကင်းဝေးလွတ် မြောက် စေ တော် မူပေ မည်ဟု မိန့်ခွန်း>မက် ကြားတော်မူခဲ့၏။တမန်တော်မြတ် မုဟမ္မဒ်(ဆွ)သည် အရေး ပေါ် ကိစ္စများပေါ်ပေါက်လာပါက အခြေ အနေနှင့် စပ်မိ ဟပ်မိသော သြ၀ါဒ တော်များကို မိမိ နောက်လိုက်တပည့် (စွဟာဗါ) သာဝကကြီးများအား တရားတော်များ ဟောကြား
ညွှန်ပြတော်မူလေ့ရှိခဲ့သည်။တမန်တော်မြတ်လက်ထက်တော်တွင်နေကြတ်မှုဖြစ်ပေါ်ခဲ့၏။ အတိတ်ခေတ် အာရဗ်လူမျိုးတို့သည်
နေကြတ်ခြင်း သည် ကမ္ဘာမြေပေါ်တွင် ထူးကဲမြင့်မြတ်သော ပုဂ္ဂိုလ်ထူး တစ်ဦးတစ် ယောက် မွေးဖွားခြင်းသို့မဟုတ် သေဆုံး ခြင်း ကြောင့်ဖြစ် သည်ဟု အစဉ်အလာအားဖြင့် လွဲမှားစွာ ထင်မှတ်ယုံကြည်ခဲ့ကြ၏။ တမန်တော်မြတ်၏သားတော် အီဘရာဟီမ် ကွယ်လွန်သေ ဆုံးသောနေ့တွင် နေကြတ်သောနေ့နှင့် တိုက်ဆိုင်ခဲ့၏။ထိုကဲ့သို့ နေကြတ်ခြင်းသည် တမန်တော်မြတ်၏သားတော် အီဘရာဟီမ် ကွယ်လွန် သေဆုံး ကြောင့် ဖြစ်သည်ဟု အချို့ကပြောဆိုခဲ့ကြ၏။ ထိုကဲ့သို့ လွဲမှားစွာ ထင်မှတ်ယုံကြည် ပြောဆိုသော စကားများကို တမန်တော်မြတ်ကြားသိတော်မူ သောအခါ ဤကဲ့သို့ မှားယွင်းသော အစွဲလွဲမှားသော ထင်မှတ်ယုံကြည်မှုများသည် မမှန်ကန်မှားယွင်း ကြောင်း ကို မိမိ၏ နောက်လိုက်တပည့် (စွဟာဗါ) သာဝကကြီးများအား တရားတော် များဟောကြား၍ အမှားကို အမှန်ဖြင့် ဉပပြင်ပေး တော်မူခဲ့၏။ တမန်တော်မြတ်သည် အလ’ာဟ်အရှင်မြတ်အား ဂုဏ်တော်မွှမ်းပြီးနောက် အိုလူသားတို့ မုချဧကန် ထိုနေနှင့်လ တို့ သည် အလ’ာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များအနက်မှ သက်သေ လက္ခဏာတော် နှစ်ပါးသာဖြစ်သည်။ လူသား တစ်ဦးတစ် ယောက် (မွေးဖွား)သေဆုံး သည့်အတွက် နေနှင့်လကြတ်ရသည် မဟုတ်ပေ။ ယခင်တစ်ကြိမ် တစ်ခါမျှ ငါမမြင်ခဲ့ဘူး သော အရာကို ငါ၏ရပ်တည်သော ဤနေရာမှပင် မြင်တွေ့ခဲ့ရသည်။ ငါသည် ဂျန္နတ်နှင့် ဂျဟန္နမ်တို့ကိုလည်း မြင်တွေ့ခဲ့သည်။ငါ့ထံ သို့ဗျာဒိတ် တော် ကျရောက်ခဲ့သည်မှာအသင် တို့သည်သင်္ချိုင်းတွင်း၌ဒဂ်ျဂျာလ်၏အစမ်းအသပ်ခံကြရသည် ကဲ့သို့ အစမ်းသပ်ခံကြ ရ မည်။ အသင်တို့ အနက် လူတိုင်းထံသို့ (စစ်ဆေးမေးမြန်းသူ) ရောက်ရှိလာမည်။ ထိုစစ် ဆေးမေးမြန်း သူက ဤပုဂ္ဂိုလ် (တမန်တော်မြတ်မုဟမ္မဒ်)နှင့် ပတ်သက်၍ အသင်၏ အသိတွင် ဘာများသိမြင်ယုံကြည်ထားပါသလဲဟု မေး မြန်းတော်မူလိမ့်မည်။ အီမာန် ယုံကြည်သူ (မုအ်မြင်န်) ဖြစ်ခဲ့ပါက ဤပုဂ္ဂိုလ်သည် အလ’ာဟ်အရှင်မြတ်၏ (ရစူလ်) တမန်တော် မုဟမ္မဒ်ဖြစ်ပါသည်။ ထင်ရှားသော သက်သေလက္ခဏာ အထောက် အထားများနှင့်အတူ တရားတော်များကို ယူဆောင်လာခဲ့ပါ သည်။ ကျွန်တော်^ကျွန်မတို့သည် လက်ခံနာယူကျင့်မူ ခဲ့ကြပါသည်ဟု ဖြေကြားပေမည်။ ဒွိဟသံသရှိသူ မယုံကြည်သူကမူ ကျွန်တော်^ကျွန်မသည် လူများပြောဆိုနေကြသည်ကို ကြား ခဲ့ပါ သည်။ ကျွန်တော်^ ကျွန်မလည်း သံယောင်ဖမ်းပြောဆိုခဲ့ခြင်းသာ ရှိပါသည်။ ကျွန်တော်^ကျွန်မဘာမျှမသိပါဟု ဖြေကြား ပြော ဆိုမည်။
တမန်တော်မြတ်ဆက်လက်မိန့်ကြားတော်မူသည်မှာ ပြဿနာအရပ်ရပ် ငါ့ရှေ့ သို့ရောက်ရှိလာသည်။ယင်းပြဿနာများ တွင် အသင် တို့ လည်းပါဝင် ပတ်သက်နေကြ သည်။ ငါ့ရှေ့မှောက်ဂျန္နတ်လည်း ရောက်ရှိခဲ့သည်။ ငါအလိုဆန္ဒရှိခဲ့လျှင် ဂျန္နတ် မှ (အသီးအနှံ) အခိုင်များ ကိုပင် ငါဆွတ်ခူးယူနိုင်သည်။ သို့ရာတွင် ငါသည် ငါ၏လက်ကို ဆုတ်ဆိုင်းထားခဲ့သည်။ ငါ၏ရှေ့ မှောက်တွင် ဂျဟန္နမ်ငရဲလည်း ရောက် လာသည်။ ထိုဂျဟန္နမ်ငရဲတွင် ငါသည် အမျိုးသမီးတစ်ဦးကို မြင်တွေ့ရသည်။ ထိုအမျိုး သမီးသည် ကြောင်ကလေး တစ်ကောင်နှင့် ပတ်သက်ပြီး ပြစ်ဒဏ်ခံနေရသည်။ ထိုအမျိုးသမီးသည် အဆိုပါကြောင်ကလေးကို တုပ်နှောင်ထားခဲ့သည်။ အစာလည်းမကျွေး၊ ရေ လည်း မတိုက် သဘာ ၀အလျောက် မြေပေါ်တွင်ရှိနေသော ပိုးမွှားများကို စားသောက်နိုင်ရန် လွှတ်လည်းမပေးခဲ့ပေ။ ငါသည် ဂျဟန္နမ် ငရဲတွင်းမှ အဘူဆိုမာမဟ်နှင့် အမရ်အိဗ်နုမာ လိက် တို့ကို လည်းမြင်တွေ့ခဲ့ရသည်။ သူသည် သူ၏အူ များကို ဆွဲထုတ်၍ ငရဲမီးထဲသို့ ပစ်ချနေသည်။ သူတို့သည် နေကြတ်လကြတ်ခြင်းမှာ မြင့်မြတ်ထူးကဲသည်။ ပုဂ္ဂိုလ်ထူးတစ်ဦး တစ်ယောက် (မွေးဖွားခြင်း)သေဆုံးခြင်း အတွက်ကြောင့် ဖြစ်သည်ဟု ပြောဆို(ယုံကြည်)ကြသူများ ဖြစ်ကြသည်။ အမှန်မှာ နေနှင့်လမှာ အလ’ာဟ်အရှင်မြတ်၏ သက်သေ လက္ခဏာတော်များအနက်မှ သက်သေလက္ခဏာတော်နှစ်ပါး သာဖြစ်သည်။ ထိုအရှင်မြတ်သည် ထိုလက္ခဏာတော်နှစ်ပါးကို အသင်တို့ အား ပြထားတော်မူထားသည်။ သို့ဖြစ်ရာ အသင်တို့ သည် နေကြတ်လကြတ်သည်ကို တွေ့မြင်ကြလျှင် နေကြတ်လကြတ်ရာမှ ကြည် လင် သွားသည် (လွတ်မြောက်သွားသည်) အထိ စွလာသ်ဆောက်တည်မှု ပြု့ကြကုန်။ (စွဟီဟ် မွတ်စလင်မ်ကျမ်း ပထမတွဲ)

Thursday 7 July 2011

ဂျာမဏီနိုင်ငံ လူ့ အခွင့်အရေးအဖွဲ့ ဥက္ကဌ မြန်မာ့အရေး လှုပ်ရှားသူများနှင့် တွေ့ဆုံ

သာသနာ့ဦးသျှောင် အပြည်ပြည် ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် ကိုယ်စားလှယ်နဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေဟာ ဇွန်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက ဂျာမဏီ နိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Mr. Markus Loning ကို သွားရောက် တွေ့ ဆုံခဲ့ပါတယ်။
ဒီအဖွဲ့မှာ သာသနာ့ ဦးသျှောင် အပြည်ပြည် ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ ချုပ် ဥရောပ ကိုယ်စားလှယ် အရှင် ကောဝိဒ၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အတွင်းရေးမှုး ဦးအောင်ထူး နဲ့  Burma Euro Germany မှ ဦးအောင်သူ တို့ ပါဝင်ပြီး ဂျာမဏီ အစိုးရ ရုံးစိုက်ရာ ဘာလင်မြို့  နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ဂျာမဏီ နိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးကို သွားရောက် တွေ့ ဆုံခဲ့တာပါ။

Mr. Markus Loning ဟာ ပြီးခဲ့တဲ့ လအတွင်း မြန်မာနိုင်ငံကို သွားရောက်ြပီး ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အပါအ၀င် တခြား အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ရာမှာ လေ့လာ တွေ့ရှိချက်တွေကို သိလိုတဲ့ အတွက် အခုလို သွားရောက် တွေ့ဆုံရတာ ဖြစ်တယ်လို့ ဆွစ်ဇာလန် နိုင်ငံမှာ သီတင်းသုံး နေထိုင်သူ မြန်မာ ရဟန်းတော် အရှင် ကောဝိဒ က ရှင်းလင်း မိန့်ကြားပါတယ်။

၂ နာရီခန့် ကြာမြင့်ခဲ့တဲ့ အဲဒီ ဆွေးနွေးပွဲမှာ ကလေး အကျဉ်းထောင် အတွင်းမှ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင် ဆရာတော် ဦးဂမ္ဘီရ ရေးသားပေးပို့တဲ့ မေတ္တာ လမ်းစဉ် ကျင့်သုံးကြဖို့ တိုက်တွန်း နှိုးဆော်စာ ကိုလည်း အင်္ဂလိပ် ဘာသာ ပြန်ဆိုကာ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ အရှင်ဂမ္ဘီရ ရဲ့စာမှာ ဖေါ်ပြပါရှိချက်တွေကို ဦးကောဝိဒ က အခုလို ရှင်းပြပါတယ်။

"အာဃာတ မထားကြဖို့၊ ကိုယ့်နိုင်ငံရဲ့ ကောင်းကျိုးကို ရှေ့ရှုပြီး စကားပြောကြဖို့၊ ဒီလို စကားတွေ ပြောမှလည်း ပြဿနာတွေကို ဖြေရှင်းနိုင်မယ်။ ဘယ်အချိန်မှာ စရမလဲဆိုတဲ့ မေးခွန်းကတော့ အခုဘဲ စလိုက်ပါဆိုတဲ့ အကြောင်းပေါ့။ စတာက နောက်ကျမယ်ဆိုရင် ပြဿနာတွေဟာ ပိုပြီး ကြီးထွားလာမယ်။ အဲဒီလို မေတ္တာကို အခြေခံပြီးတော့ ဦးဂမ္ဘီရ က ရေးတာပေါ့။ ဒါကို ဦးပဉ္စင်းတို့က ဘာသာပြန်ပြီးတော့ သူ့ကို ပေးခဲ့တယ်။"

မြန်မာဘာသာနဲ့ ရေးသားထားတဲ့ အရှင်ဂမ္ဘီရရဲ့ မူရင်းစာကို ဘာလင်မြို့ရှိ ဂျာမဏီ နိုင်ငံဆိုင်ရာ မြန်မာသံရုံး ကိုလည်း ပေးပို့ ခဲ့တယ်လို့ သိရှိရပါတယ်။
RFA..မှ..ကူးယူဖော်ပြပါသည်။

Tuesday 5 July 2011

ကဒ်ရ်ညဥ့်မြတ်အကြောင်း

ရမသွာန်လမြတ်၏ ညများအနက် ညတစ်ညကို ကဒ်ရ် ညမြတ်ဟုခေါ်လေသည်။ ထိုညကား အလွန်ပင်မွန်မြတ် "ဘရ်ကတ်" ရှိသော ညဖြစ်ပေသည်။ ကုရ်အာန်ကျမ်းတော- မြတ်၌ ထိုညကို လပေါင်းတစ်ထောင်ထက်သာမြတ်သည်ဟုမိန့်ဆိုထားပေသည်။ လပေါင်းတစ်ထောင်သည် ၈၃ နှစ်. ၄ လဖြစ်ပေသည်။

ကဒ်ရ် ညဥ့်ဖြစ်ပေါ်လာပုံ

* ဟဒီးသ်တော်များတွင်လာရှိသည်မှာ ရစူလွလ္လာဟ် (ဆွလလ္လာဟု) ကိုယ်တော်သည် လွန်လေပြီးသော သူများ၏ သက်တမ်းကို ကြည့်တော်မူလေရာ၊ အသက်ရှည်လွန်းနေသည်ကို တွေ့ရပေသည်။ ကိုယ်တော်၏ အွမ္မတ်သားမျာသည် ထိုပုဂ္ဂိုလ်များနှင့်စာလျှင် သက်တမ်းအလွန်တိုတောင်းလှပေသည်။ ကောင်းမှုကုသိုလ်များကို လွန်လေပြီးသော ပုဂ္ဂိုလ်များနှင့်တန်းတူပြုမူကြသော်လည်း ၎င်းတို့က အသက်ပိုရှည်နေသဖြင့် တန်းတူမဖြစ်နိုင်ေ ပ။ ဤသည်ကို အစားထိုးရန် ကဒ်ရ် ညမြတ် ကျရောက်လာခဲ့သည်။ ဤည ၁ဝ ည ရရှိလိုက်သူသည် တတ်က်ဒီးရ် ကောင်းသူပင်ဖြစ်ပေ သည်။ ထိုညကို အေဗာဒတ် ပြုခြင်းဖြင့် ကုန်လွန်စေလျှင် ပမာဆိုသော် ၈၃၃-နှစ်၊ ၄-လ ထက်ပိုသောပြည့်ဝသော အေဗာဒတ်၏ အကျိုးကို ရရှိပေမည်။

* အချို့ဟဒီးတော်များအရ သိရသည်မှာ.. ရစူလွလ္လာဟ် (ဆွလ္လာဟု) ကိုယ်တော်က ဗနီအစ္စရာအီလ် အနက် နှစ်ပေါင်းတစ်ထောင်တိတိ ဂျေဟာဒ် အသျှင်မြတ်လမ်းတော်တွင်တိုက်ခိုက်
သည့် ပုဂ္ဂိုလ်တစ်ပါးအကြောင်းကို ပြောပြတော်မူလေရာ ဆွဟာဗဟ် (ရသွေ့ကလ္လာဟုအန်တွ-်မ်) သခင်များသည် စိတ်မကောင်း ဖြစ်သွားကြလေသည်။ ထို့ကြောင့် ကြီးကျယ်နိုင်နင်းတံခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအလ္လာဟ်အရှင်မြတ်က ကဒ်ရ် ညကို ချပေးသနားတော်မူခြ င်းဖြစ်လေသည်။

ဤသို့ပင် မြောက်များစွာသော ရေ၀ါယတ် များလာရှိပေသေးသည် ။ မည်သို့သော အကြောင်းကြောင့် ကျရောက်သည်ဖြစ်စေ ဤညသည် ကျွန်ုပ်တို့အတွက် အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်သော ဆုလာဘ်တော်ပင်ဖြစ် သည်။ ဤညသည် အလ္လာဟ်အရှင်မြတ် အသနားတော်ဖြစ်သည်- ထိုည၌ အမလ် ပြုရန်စွမ်းအားသည် လည်း အရှင်မြတ်ပေးသနား တော်မူမှသာလျှင် ရမည်ဖြစ်လေသည်။

* "အင်န်နာ အန်ဇလ်နာဟို့ ဖီးလိုင်း လသေ့လ် ကဒ်ရ်"… ဧကန်အမှန် ငါအသျှင်မြတ်က ကုရ်အာန်ကျမ်းတော် မြတ်ကို ကဒ်ရ်ညဥ့်မြတ်၌ ချပေးတော်မူခဲ့သည် ။

ဤညကား ချမ်းမြေ့ခြင်းအတိ ပြီးလေသည်။ ဆိုလိုတော်မူသည်မှာ.. တစ်ညတာလုံး ဖွရစ်ရှတဟ် များဘက်မှ မုအ်မင်န်များအတွက် ချမ်းမြေ့ခြင်းများ သက်ရောက်နေပေသည်။ တစ်သုတ်လာ၍ ပြန်သွားကြလေရာ တစ်သုတ်က ဆင့်ကဲရောက်လာကြပေ သည်။

ထိုညသည် (ထိုဘရ်ကတ်များဖြင့်) တစ်ညလုံး ဖွဂျရ်အချိန်ထိနေလေသည်။

ကဒ်ရ်ညဥ့်၌ အေဗာဒတ်ပြုသူသည် တစ်သက်လုံးပြုခဲ့သော ဂိုနာဟ်များမှချမ်းသာရခြင်းအကြောင်း

ရစူလွလ္လာဟ် (ဆွလလ္လာဟု) ကိုယ်တော်က မိန့်တော်မူသည်မှာ .. အကြင်သူသည် ကဒ်ရ်ညမြတ်၌ အီမာန်နှင့်တကွ သဝါဗ်၏ မက်ဖြင့် (အေဗာဒတ် ခဝတ်ရန်အတွက်) ရပ်လျှင် ထိုသူနောက်နောင်က ကျူးလွန်ခဲ့သော ဂိုနာဟ်များကို လွတ်ငြိမ်းချမ်းသာ ခွင့် ပေးတော်မူလေသည်။

* ရပ်လျှင်ဟူ၍ မိန့်ဆိုခြင်းမှာ …. နမာဇ်ဝတ်ပြုနေခြင်း၊ ၎င်းအခြားသော အေဗာဒတ် ကုရ်အာန်ကျမ်းတော် မြတ်ကို ဖတ်ခြင်း၊ သစ်က်ရ် စသည်များ၌ မွေ့လျော်နေခြင်းဖြစ်ပေသည်။

သောင်ဗဟ် ဆိုသည်မှာ နောက်နောင်က ပြုမူခဲ့သည်များကို သံဝေဂရ၍ ရှေ့တွင် မကျူးလွန်တော့ကြော င်း ဝန်ခံချက် ပေးခြင်းပင် ဖြစ်ပေသည်။ ထို့ကြောင့်အကြင်သူသည် ဂိုနာဟ်ကဗီရဟ်များ ကိုလည်း ကျူးလွန်ခဲ့သူဖြစ်လျှင် ကဒ်ရ်ညမြတ် ၎င်း မည်သည့် အေဗာဒတ် ပြုရာ၌ မဆို မိမိကျူးလွန်ခဲ့သည်များကို စိတ်ရောကိုယ်ပါ ဝန်ချတောင်းပန် သောင်ဗဟ်ပြုရန် သင့်ပေသည်။ သို့မှသာ အလ္လာဟ်အရှင်မြတ်၏ ပြည့်စုံသော ရဟ်မဟ် သက်ရောက်ပေမည်။ ဂိုနာဟ်အကြီးအငယ်များလည်း ချမ်းသာပေးမှုရရှိေ ပမည်။

ကဒ်ရ်ညဥ့်ကို မရသူသည် လက်မဲ့ဖြစ်ခြင်း

ရစူလွလ္လာဟ် (ဆွလလ္လာဟု) ကိုယ်တော်က မိန့်တော်မူသည်မှာ .. သင်တို့အပေါ်၌ လတစ်လရောက်လာပေပြီ ။ ထိုလထဲမှ ညတစ်ညသည် လပေါင်းတစ်ထောင်ထက် သာမြတ်ပေသည်။ အကြင်သူသည် ထိုညကို လက်လွတ်သွားလျှင်- ဥပမာဆိုသော်.. ကောင်းမှုအပေါင်းများ လက်မဲ့ဖြစ်သူပင်ဖြ စ်ပေသည်။ ထိုည၏ ကောင်းမှုများမရရှာ ပေ။ သို့သော် ထိုသူသည် အမှန်ပင် မရထိုက်ခြင်းကြောင့် လက်မဲ့ဖြစ်ခြင်းဖြစ်ပေသည်။ အမှန်မှာ ထိုသူသည်ဤမျှကြီးကျယ်သော စည်းစိမ်ကို လက်လွှတ်ခဲ့သဖြင့် ထိုသူ လက်မဲ့ဖြစ်နေခြင်း မှာ စဉ်းစားတွေးတောနေရ န်မလိုပေ။ မီးရထားအလုပ်သမားများသည် ငွေအသာပြာအနည်းငယ် အတွက် တစ်ညလုံးမအိပ်စက်ပဲကုန်လွန်စေကြသည်- အကယ်၍ နှစ်ပေါင်း ၈၀- အေဗာဒတ် အတွက် တစ်ညမအိပ်ပဲနေလျှင်ခဲယဉ်းဖွယ်ရာမရှိေ ပ။

* ရှဒ်ဒါဒ် (ရသွေ့) သခင်သည် တစ်ညလုံး လူးလွန့်၍ကုန်လွန် စေသည်။ အို.. အသျှင် မီးလျှံကို ကြောက်ရွံ့မှုက ကျွန်တော်မျိုးအား သက်သက်သာသာအိပ်စက်မှုကို ပျက်စီးစေပါသည် ဟုမိန့်တော်မူလေသည်။

* စွေလဟ်ဗင်အသီမ် (ရဟေ့) သခင်သည် တစ်ညလုံးနမာဇ်များ ဖတ်တော်မူပြီး နံနက်တွင် ဒိုအာတောင်းသည်မှာ ၊ အို… အလ္လာဟ်အသျှင်မြတ် ကျွန်တော်မျိုးသည်ဂျန္နတ်ကို တောင်းနိုင်သော စွမ်းအားမရှိပါ။ ကျွန်တော်မျိုးကိုမီးလျှံ၏ ဘေးမှ ချမ်းသာပေးတော်မူပါရန်ကိုပင် တောင်းဆိုအသနားခံပါ၏။

* အေမာမ်ရှာဖွေအီ (ရဟမတွလ္လာဟ်) သခင်သည် ရမသွာန်လမြတ်၌ နေ့-ည နမာဇ် များတွင် ကုရ်အာန် ကျမ်းတော်မြတ်ကို အစအဆုံး အကြိမ် (၆၀) ဖတ်တော်မူလေသည်။

ကဒ်ရ်ညမြတ်၌ ကောင်းမှုပြုသူ၏ ဂိုနာဟ် ချွတ်ကယ်တော်မူခြင်းအကြောင်း

ရစူလွလ္လာဟ် (ဆွလလ္လာဟု) ကိုယ်တော်က မိန့်တော်မူသည်မှာ .. လိုလတွလ်ကဒ်ရ် ညဥ့်မြတ်၌ ဂျစ်ဗ်ရာအီလ် (အလိုင်ဟစ္စလာမ်) သခင်သည် ဖွရစ်ရှတဟ် ကောင်းကင်တမန်တော်- များနှင့်အတူလောကကိုဆင်းသက်လာတော်- မူလေသည်။ ထိုင်လျက်ဖြစ်စေ၊ ရပ်လျက်ဖြစ်စေ၊ အိပ်လျောင်းလျက်ဖြ စ်စေ အေဗာအတ် နှင့် သစ်က်ရ်ပြုနေသူများကို အလ္လာဟ်အရှင်မြတ်၏ ရဟ်မတ် မဟာကရုဏာ သက်ရောက်စေရန် ဒိုအာ ဆုမွန်များပြုကြပေသည်။

ရှိုင်ခ်အဗ်ဒွလ်က- ဒင်ရ်ဂျီလာနီ (ရဟမတွလ္လာဟ်) သခင်က ဂွန်ယဟ် ကျမ်းတွင် အစ်ဗ်နိုအဗ်မာစ် (ရသွေ့) သခင်၏ ဆင့်ပြန်ချက်ကို ရေးသားထားသည်မှာ … ဖွရစ်ရှတဟ်များ သည် ဂျစ်ဗ်ရာအီလ် ( အလိုင်ဟစ္စလာမ်) သခင်၏အမိန့်အရ မြို့၊ ရွာ၊ တော၊ တောင်၊ ပင်လယ်၊ သမုဒ္ဒရာ စသည့်မူစလင်များရှိသရွေ့ နေရာတိုင်း၌အီးဒ်ေ န့တွင် သွားရောက် လက်ဆက်ကြပေသည်။ သို့သော် ခွေး၊ ဝက်၊ ဇေနာမူကြောင့်ရေချိုးရန်ရှိသူ၊ သက်ရှိသတ္တဝါပုံရှိသော အိမ်များသို့မူ မဝင်ရောက်ကြပေ။

* ကဒ်ရ်ညသည် ရမသွာန်လ နောက်ဆုံး ၁၀ ရက်၏ 'မ'ရက်များတွင်ရှိသည်။ ၂၁၊ ၂၃၊ ၂၅၊ ၂၇၊ ၂၉ ။

ကဒ်ရ်ညဥ့်မြတ်တွင် တောင်းဆိုရန် ဒိုအာအကြောင်း

"အလ္လာဟ်ဟွမ်မ အန်န်နက အဖုဝွန် တို့ဟစ်ဗွလ် အဖ်ဝ ဖအ်ဖို့အန်နီ" ..

အဓိပ္ပာယ်မှာ၊ "အို… အလ္လာဟ်အသျှင်မြတ် ဧကန်မုချအသျှင်သည် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးတော်မူသောအရှင်ဖြစ်တော်မူပါ သည်။ ၎င်းချမ်းသာပေးမှုကိုလ ည်း နှစ်သက်တော်မူသော အရှင်ဖြစ်တော်မူပါ သည်။ သို့ရှိရာ ကျွန်တော်မျိုး/ မ ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ" ။

စွဖ်ယာန်သောင်ရီ ( ရဟမတွလ္လာဟ်) သခင်က မိန့်တော်မူသည်မှာ … ထိုည၌ အခြားသော အေဗာဒတ်များ ဆောက်တည်မည့်အစား ဒိုအာ၌ ပင် မွေ့လျော်ခြင်းက သာကောင်းလေသည်။

အစ်ဗ်နို့ရဂျမ် (ရဟမတွလ္လာဟ်) သခင်က မိန့်တော်မူသည်မှာ… ဒိုအာသက်သက်ပင်မဟုတ်ပဲ အခြားသော အေဗာဒတ်များ ဆောက်တည်ခြင်းက ပို၍မြတ်လေသည်။ ဥပမာ။ ။ ကုရ်အာန် ကျမ်းတော်မြတ် သရဇ္ဈာယ်ခြင်း၊ နမာဇ်ဝတ်ပြုခြင်း- ဒိုအာဆုမွန်တောင်- ခြင်း၊ မိုရာကဗဟ် စသည်များဖြစ်လေသည်။

ရစူလွလ္လာဟ် (ဆွလလ္လာဟု) ကိုယ်တော်က မိန့်တော်မူသည်မှာ.. ဤသည်သော ကုသိုလ်များပွားကြရန် လာရှိသဖြင့် အားလုံးသော အေဗာဒတ်များပြုမူကြရန် အကောင်းဆုံး ဖြစ်ပေသည်။

Thursday 30 June 2011

ရမဿွာန်လမြတ်မှာ ပျော်ရွှင်နိုင်ကြပါစေ။


ကျမ်းမြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်မြတ် မိန့်တော်မူထားသည်မှာ

အို- “မုအ်မင်န်” ယုံကြည်ခြင်းသဒ္ဓါတရား ရှိကြကုန်သောသူအပေါင်းတို့၊ အလ္လာဟ်အသျှင်မြတ်သည် အသင်တို့ထက် အလျင်ရှိခဲ့ကြသော သူတို့အပေါ်ဝယ် ဥပုသ်သီတင်းဆောက်တည်ရန် ပညတ်တော်ကို ပြဋ္ဌာန်းတော်မူသကဲ့သို့ပင် အသင်တို့အပေါ်၌လည်း ဥပုသ်သီတင်းဆောက်တည်ရန် အမိန့်တော်ကို ပြဋ္ဌာန်းအတည်ပြုတော်မူခဲ့လေပြီ။ သို့ (ဥပုသ် သီတင်းဆောက်တည်) မှသာလျှင် အသင်တို့သည် ပြစ်မှု ဒုရိုက်တို့မှ ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာ၏။

(အသင်တို့ ဆွိယာမ် ဥပုသ်သီတင်းဆောက်တည်ကြရမည့်နေ့ရက်များကား) ရေတွက်ထားသော (အနည်းငယ်မျှသော) နေ့ရက်များပင်တည်း။ သို့ရာတွင် အသင်တို့အနက်မှ တဦးတယောက်သောသူသည် ဝေဒနာစွဲကပ်၍ မကျန်းမာသော ကြောင့်ဖြစ်စေ၊ သို့တည်းမဟုတ် ခရီးထွက်လျက်ရှိနေသောကြောင့်ဖြစ်စေ၊ (ဥပုသ်သီလမဆောက်တည်နိုင်ဘဲ ပျက်ကွက် ခဲ့ပါလျှင်) ထိုသူ့အပေါ်၌ အခြားသောနေ့ရက်များကို တွက်စစ်၍ ဖြည့်စွက်(ဆောက်တည်)ရန် တာဝန်ရှိပေသည်။ တဖန် အကြင်သူတို့သည် ခဲယဉ်းစွာ သီလဆောက်တည်ကြရပါမူ ယင်းသူတို့သည် (ထိုပျက်ကွက်သောနေ့ရက်များ) အစား (တရက်လျှင်) သူဆင်းရဲတဦးကို (ထမင်း တရက်စာ) ကျွေးမွေးကြရမည်။ သို့ရာတွင် အကြင်သူသည် မိမိစိတ်စေတနာ အလျောက် တစ်စုံတစ်ခုသော ကောင်းမှုကုသိုလ်ကို ပြုလုပ်ခဲ့သည်ရှိသော် ယင်းသို့ပြုလုပ်ခြင်းကား ထိုသူ၏အဘို့အရာ ပို၍ ပင် ကောင်းမြတ်ပေသည်။ သို့(ခွင့်ပြုချက်ရှိ)သော်ငြားလည်း အကယ်စင်စစ် အသင်တို့သည် (ဥပုသ်သီလဆောက်တည် ခြင်း၏ အကျိုးအာနိသင်တို့ကို ကောင်းမွန်စွာ) သိနားလည်သူများဖြစ်ကြပါလျှင် အသင်တို့အဘို့အရာ ဥပုသ်သီလ ဆောက်တည်ခြင်းသည်သာလျှင် ပို၍ကောင်းမြတ်(သော အမှု)ပင် ဖြစ်ပေသတည်း။

( “ဆွိယာမ်” ဥပုသ်ဆောက်တည်ရန်အတွက် သတ်မှတ်ထားသည့် အနည်းငယ်မျှသော နေ့ရက်များသည်) ရမ်ဿွန်လမြတ်ပင် ဖြစ်သည်။ (ထိုလ၌ အလ္လာဟ်အသျှင်မြတ် အထံတော်မှ) ကုရ်အာန်ကျမ်းတော်မြတ်သည် ကျရောက်လာခဲ့လေသည်။ (ယင်း ကုရ်အာန်ကျမ်းတော်မြတ်သည်) လူသားခပ်သိမ်းတို့အဘို့ တရားဓမ္မအဖြစ်လည်းကောင်း၊ တရားလမ်းမှန် ရစေ သော အမှားအမှန်ကို ခွဲခြားသိစေသော ထင်ရှားလှသည့် သက်သေခံလက္ခဏာများအဖြစ်လည်းကောင်း (ကျရောက်လာ သောကျမ်းတော်မြတ်ပင်တည်း)။ သို့ဖြစ်လေရာ အသင်တို့အနက်မှ မည်သူမဆို ထို(ရမ်ဿွာန်)လမြတ်နှင့် ကြုံကြိုက် ခဲ့ပါလျှင် ထိုသူသည် ယင်းလမြတ်၌ (တစ်လပတ်လုံး) ဥပုသ်သီတင်းဆောက်တည်ရပေမည်။ သို့ရာတွင် အကြင်သူ တစ်ဦးတစ်ယောက်သည် တစ်စုံတစ်ရာ ဝေဒနာ စွဲကပ်၍ မကျန်းမမာဖြစ်ခဲ့သော်၊ သို့တည်းမဟုတ် ခရီးထွက်လျက် ရှိနေခဲ့သော် ထိုသူ့အပေါ်ဝယ် အခြားသောနေ့ရက်များတွင် (မိမိပျက်ကွက်ခဲ့သော ဥပုသ်ရက်များကို) တွက်စစ်၍ (ဖြည့်စွက်) ဆောက်တည်ရန် တာဝန်ရှိပေသည်။ အလ္လာဟ်အသျှင်မြတ်သည် အသင်တို့အဘို့ သက်သာချောင်ချိမှုကို အလိုရှိတော်မူပေသည်။ အသင်တို့အဘို့ ခက်ခဲမှုကိုကား (အလျင်း) လိုလားတော်မူသည် မဟုတ်ချေ။ ထို့ပြင်တ၀ (အလ္လာဟ်အသျှင်မြတ်သည်) အသင်တို့ (ပျက်ကွက်ခဲ့သော နေ့ရက်) အရေအတွက်ကို ပြည့်စုံအောင်ပြုစေရန် လည်းကောင်း၊ အလ္လာဟ်အသျှင်မြတ်အား ထိုအသျှင်မြတ်ညွှန်ပြတော်မူသော နည်းလမ်းအတိုင်း ကြီးကဲမြင့်မြတ်တော် မူကြောင်း ရွတ်ဆိုကြရန် လည်းကောင်း (အလိုဆန္ဒエ ရှိတော်မူသည်)၊ သို့မှသာလျှင် အသင်တို့သည် (ထိုအသျှင်မြတ်၏) ကျေးဇူးကို သိသောသူများ ဖြစ်ကြရာသည်။

ထို့ပြင်တ၀ (အို-နဗီတမန်တော်မုဟမ္မဒ်(صلي الله عليه و سلم)) ငါအသျှင်မြတ်၏ကျွန်များသည် ငါအသျှင်မြတ်နှင့် ပတ်သက်၍ အသင့်ထံ မေးမြန်းကြသောအခါဝယ် (အသင်သည် ဤကဲ့သို့ ဖြေကြားပါလေ) မုချဧကန် ငါအသျှင်မြတ်သည် (ယင်းသူတို့နှင့်) နီးကပ်စွာပင် ရှိတော်မူ၏။ ငါအသျှင်သည် ဆုတောင်းပတ္တနာပြုသူ၏ ဆုတောင်းပတ္တနာပြုချက်ကို သဘောတူ လက်ခံ တော်မူ၏။ သို့ဖြစ်လေရာ ယင်းသူတို့သည် ငါအသျှင်မြတ်၏အမိန့်တော်များကို လက်ခံနာယူ၍ ငါအသျှင်မြတ်ကိုသာ ယုံကြည်မြတ်နိုးကြရမည်။ သို့မှသာလျှင် ယင်းသူတို့သည် ဖြောင့်မတ် မှန်ကန်သောတရားလမ်းကို ရရှိကြသူများဖြစ်တန် ရာ၏။

(အို-မုစ်လင်မ်အပေါင်းတို့၊ အလ္လာဟ်အသျှင်မြတ်သည်) အသင်တို့အဘို့ရာ ဥပုသ်နေ့၏ညဥ့်၌ မိမိတို့ဇနီးမိန်းမများနှင့် သံဝါသပြုခြင်းကို ခွင့်ပြုတော်မူလေပြီ။ ယင်းဇနီးမိန်းမများသည် အသင်တို့အဘို့ရာ (အရှက်အိနြေ္ဒကို လုံခြုံစွာ ဖုံးကွယ်သော) ၀တ်စားတန်ဆာများ(ကဲ့သို့) ဖြစ်ကြ၏။ ထိုနည်း တူစွာ အသင်တို့သည်လည်း ထိုဇနီးမိန်းမများအဘို့ အရာ (အရှက်အိနြေ္ဒကို လုံခြုံစွာဖုံးကွယ်သော) ၀တ်စားတန်ဆာများ(ကဲ့သို့)ပင် ဖြစ်ကြလေသည်။ အသင်တို့သည် (အမိန့် မကျရောက်မီ ညဥ့်များ၌ မိမိတို့ဇနီးမိန်းမများနှင့် ပုန်းလျှိုး၍ သံဝါသပြုခြင်းအားဖြင့်) မိမိတို့ကိုယ်ကို မိမိတို့ပင် လှည့်စားလျက် ရှိနေခဲ့ကြသည်ကို အလ္လာဟ်အသျှင်မြတ်သည် သိရှိပြီးဖြစ်တော်မူ၏။ သို့ပင်တစေ ထိုအသျှင်မြတ်သည် အသင်တို့ အပေါ်ဝယ် ကရုဏာတော်ဖြင့် ပြန်လှည့်တော်မူ၍ အသင်တို့ (ပြုခဲ့ပြီးဖြစ်သော အပြစ်တို့)ကို ခွင့်လွှတ်တော်မူပြီး (နောင် အဘို့လည်း ဇနီးမိန်းများနှင့် ဥပုသ်နေ့၏ညဥ့်များတွင် သံဝါသပြုရန် ခွင့်ပြုထားတော်မူလေပြီ)။သို့အတွက်ကြောင့် ယခုမှစ၍ သင်တို့သည် ထိုဇနီးမိန်းမတို့နှင့် သံဝါသပြုကြ၍ အသင်တို့အဘို့ အလ္လာဟ်အသျှင်မြတ် ပြဋ္ဌာန်းထားတော်မူသော အရာများ ကို ရှာဖွေကြလေကုန်။ ထိုမှတပါးတုံ အသင်တို့သည် ချည်မျှင်အနက် (တည်းဟူသော ညဥ့်၏အမှောင်)မှ ချည်မျှင်အဖြူ (တည်းဟူသော) နံနက်မိုးလင်း အာရုဏ်တက်ချိန်၏ အလင်းရောင် ပေါ်လွင်ထင်ရှားလာလေသည့်တိုင်အောင် (အစာ အာဟာရများကို) စားသောက်ကြကုန်လော့။ တဖန် အသင်တို့သည် (ယင်းအလင်းရောင်ပေါ်လာသည်မှ နေ၀င်၍ ညဥ့်အချိန် (ကျရောက်လာသည့်) တိုင်အောင် အချိန်ပြည့် ဥပုသ်သီလဆောက်တည်ကြကုန်လော့။ သို့ရာတွင် အသင်တို့သည် ဗလီ ကျောင်းတော်များတွင် အေတိကာဖ် သီတင်းသုံး နေထိုင်ကြစဉ်အခါ၌ ထိုဇနီးမိန်းမတို့နှင့် သံဝါသပြုခြင်းကို အလျင်း မပြုကြကုန်လင့်။သည်တို့သည် အလ္လာဟ်အသျှင်မြတ် သတ်မှတ်ထားတော်မူသော နယ်နိမိတ်များပင်ဖြစ်ရကား အသင်တို့ သည် ထိုနယ်နိမိတ်များ၏အပါးသို့ပင် မချဉ်းကပ်ကြကုန်လင့်။ အလ္လာဟ်အသျှင်မြတ်သည် ဤနည်းအတိုင်းပင် မိမိအမိန့်ဒေသနာတော်များကို လူခပ်သိမ်းတို့ (သိစိမ့်သောငှါ) ရှင်းလင်း ဖော်ပြတော်မူလေသည်။ သို့မှသာလျှင် ယင်းသူတို့ သည် ပြစ်မှုဒုစရိုက်တို့မှ ရှောင်ကြဉ်သောသူများ ဖြစ်တန်ကြရာကုန်သတည်း။ ကျမ်းတော်မြတ်ကုရ်အာန်၊ စူရာဟ်ဗကရာဟ်၊ အာယသ်တော် – ၁၈၃ မှ ၁၈၇ အထိ)
7
Dr.လှလှဝင်းစာမျက်နှာမှဖော်ပြပါသည်။

Sunday 26 June 2011

မလေးရှားနိုင်ငံတွင် တရားဝင်နေခွင့် စတင်တော့မည်

မလေးတွင် တရားဝင်နေခွင့် စတင်တော့မည်
ဟိန်းသူ Friday, 24 June 2011 19:07
E-mail Print
မလေးရှားတွင် တရားမ၀င် ရောက်ရှိနေသူများအား စိစစ်ပြီး နေထိုင်ခွင့် ပြုရေး အစီအစဉ်ကို ဇူလိုင်လ ၁၁ ရက်နေ့တွင် စတင် ဆောင်ရွက်မည်ဟု မလေးရှားအစိုးရက ကြေညာလိုက်သည်။

“ကိုယ်ရေး အချက်အလက် ရယူခြင်း၊ လက်ဗွေနှိပ် မှတ်တမ်းတင်ခြင်းတွေကို စပြီး လုပ်ပါတော့မယ်” ဟု မလေးရှား ပြည်ထဲရေး ၀န်ကြီး ဟစ်ဆန်မူဒင် ဟူစိန်က ကြာသပတေးနေ့ထုတ် မလေးရှား သတင်းစာ The Star ကို ပြောသည်။

ဤကြေညာချက်က မလေးရှားတွင် တရားမ၀င် နေထိုင်လျက်ရှိသော သိန်းနှင့်ချီသည့် မြန်မာပြည်သားများ စိတ်ဝင်စားကြသည့် သတင်း ဖြစ်သည်။

စိစစ်ရေးအတွက် ၀န်ဆောင်မှုလုပ်ငန်းများကို မလေးရှားနိုင်ငံရှိ သတ်မှတ် ကုမ္ပဏီများကသာ လုပ်ခွင့်ရမည်ဟု မြန်မာအလုပ်သမား အေးဂျင့် ကုမ္ပဏီ ဖြစ်သော ပုဂံနက်မှ ကိုသန့်ဇင်က ရှင်းပြသည်။

“လာမယ့် တနင်္လာနေ့နဲ့ အဂါင်္နေ့မှာ ကျနော်တို့ ကုမ္ပဏီက လက်ဗွေနှိပ်တဲ့သင်တန်း သွားတက်ရမှာပါ။ တရားဝင် ခွင့်ပြုထားတဲ့ အေးဂျင့်တွေမှာပဲ စာရင်းသွင်း၊ လက်ဗွေနှိပ်ရမှာပါ” ဟု ကွာလာလမ်ပူမြို့တော်တွင် နေထိုင်သော ကိုသန့်ဇင်က ပြောသည်။

အလုပ်သမားတဦး အတွက် ၀န်ဆောင်ခ အဖြစ် ရင်းဂစ် ၃၀၀ ထက် ကျော်လွန်၍ မယူရန် မလေးရှားအစိုးရက သတ်မှတ်ပေးထားသည်ဟု သိရသည်။

ဝန်ဆောင်မှု ပေးလိုသော ကုမ္ပဏီများ ထောင်နှင့်ချီ ရှိနေသည့်အတွက် တရားဝင် လုပ်ခွင့်ရမည့် ကုမ္ပဏီများ စာရင်း မကြာမီ ထွက်ပေါ်လာဖွယ် ရှိသည်ဟု မဟာနန်း ကုမ္ပဏီမှ တာဝန်ခံတဦးက ပြောသည်။

“မလေးရှားမှာ အေးဂျင့် လုပ်ချင်တဲ့ ကုမ္ပဏီတွေက များလာတယ်။ ကြိုတင်ငွေတောင်းပြီး လုပ်နေတဲ့ ကုမ္ပဏီတွေက ရှိနေတော့ Black list ပြခံလိုက်ရတဲ့ ကုမ္ပဏီတွေလည်း ရှိနေတယ်။ ဒါကြောင့် တရားဝင် စာရင်းထုတ်ပြန်ဖို့ မလေးရှားအစိုးရက စီစဉ်လိုက်တာပါ” ဟု မဟာနန်း ကုမ္ပဏီမှ ကိုမျိုးက ပြောသည်။

စိစစ်ပြီး တရားဝင်နေထိုင်ခွင့် ရမည့် နိုင်ငံခြားသား တဦးသည် အခွန်၊ တရားမ၀င် နေထိုင်ခဲ့မှု အတွက် ဒဏ်ကြေး၊ စသည်တို့ အတွက် ရင်းဂစ် ၈၀၀ ပေးဆောင်ရမည် ဖြစ်ပြီး စာရင်းပေးသွင်းပြီးသော သူများမှာ Yellow Card ဟုခေါ်သော တရားဝင် သွားလာခွင့် ကတ် ရရှိမည်ဟု သိရသည်။

ဘဏ်အာမခံကြေး၊ ဆေးရုံ အာမခံကြေးများ၊ ကျန်းမာရေး ဆေးစစ်ချက်များ အတွက် အခြား ကုန်ကျစရိတ် အနည်းငယ်လည်း ပေးဆောင်ရန် လိုအပ်ကြောင်း သိရသည်။

လအနည်းငယ် အကြာတွင် ပါမစ်ကြေး (Levy ကြေး) ပေးသွင်းပြီးနောက် တရားဝင် နေထိုင်ခွင့် လက်မှတ် ရရှိမည် ဖြစ်သည်ဟု သိရသည်။

ပါမစ်ကြေးများမှာ မတူညီဘဲ လယ်ယာ လုပ်ငန်း အတွက် ရင်းဂစ် ၃၆၀၊ ဥယျာဉ်ခြံ လုပ်ငန်း အတွက် ရင်းဂစ် ၅၄၀၊ စက်ရုံနှင့် ဆောက်လုပ်ရေး လုပ်ငန်း အတွက် ရင်းဂစ် ၁၂၀၀၊ စားသောက်ဆိုင်နှင့် ၀န်ဆောင်မှု လုပ်ငန်း အတွက် ရင်းဂစ် ၁၈၀၀ စသည်ဖြင့် သတ်မှတ်ထားသည်ဟု ဆိုသည်။

နိုင်ငံခြားသားများ တရားဝင် နေထိုင်ခွင့်ပြုရေး အတွက် စိစစ်ခြင်း အစီအစဉ် မည်သည့် အချိန်တွင် အဆုံးသတ်မည်ကို မသိရသေးပေ။

၆ လ ကြာမည့် ယခု စီမံကိန်း ကာလပြီးနောက် မလေးရှား နိုင်ငံအတွင်း တရားမ၀င် နေထိုင်သော နိုင်ငံခြားသားများကို ဖမ်းဆီးရမိပါက ထောင်ဒဏ် ၅ နှစ် အထိ ချမှတ်မည် ဖြစ်ကြောင်း မလေးရှား အစိုးရက ကြေညာထားသည်။

မလေးရှားအစိုးရက ယခုကဲ့သို့ စီစဉ်နေသော်လည်း ငွေကြေး မတတ်နိုင်သည့် မလေးရှားရောက် မြန်မာပြည်သားများ အတွက် အခက်အခဲ ဖြစ်နေဦးမည်ဟု မလေးရှားရှိ မြန်မာ အလုပ်သမားများနှင့် နီးစပ်သူတဦးက သုံးသပ်သည်။

“တနေ့မှ ၁၈ ရင်းဂစ်ပဲ ရပြီး တလ လုံးမှ ၅၀၀ ၀န်းကျင်ပဲ ရတဲ့ အလုပ်သမားတွေ ရှိနေသေးတယ်။ မြန်မာသံရုံးကလည်း အထောက်အကူ မပေးဘူး။ မလေးရှား အစိုးရက မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အပေါ် ဘာမှ အကာ အကွယ် မပေးနိုင်ဘူး ဆိုရင် အခုလို တရားဝင်အဖြစ် လုပ်ပေးနေတာတွေဟာ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။ နောက်ပိုင်း ပြန်ပြီး တရားမ၀င် ဖြစ်သွားကြဦးမှာပါပဲ” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (မလေးရှား) မှ ကိုကျော်ထူးအောင်က ပြောသည်။

မလေးရှားတွင် မြန်မာပြည်သား အလုပ်သမား အရေအတွက် ၆ သိန်း နီးပါး ရှိသည်ဟု မလေးရှား အခြေစိုက် Burma Campaign Malaysia (BCM) အဖွဲ့၏ စာရင်းများ အရ သိရသည်။ ၅ သိန်း ၀န်းကျင်မှာ တရားမ၀င် အလုပ်သမားများ ဖြစ်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီး နယ်စပ်မှ တဆင့် ၀င်ရောက်သော မြန်မာပြည်သား အရေအတွက်မှာ နှစ်စဉ် ငါးထောင် ၀န်းကျင် ရှိသည် ဟုလည်း BCM က ဆိုသည်။
ဧရာဝတီသတင်းစာမျက်နှာမှဖော်ပြပါသည်။

Tuesday 22 March 2011

တာလီဘန် ပြဿနာသည် လူထုအုံကြွမှု ပေါ်ပေါက်လျှင် ကဒါဖီ စတိုင်ဖမ်းရန် ဇာတ်ပျိုးထားခြင်း သာဖြစ်

ပြီးခဲ့သည့် သီတင်း ပတ် အတွင်း ရခိုင်ပြည် နယ် နှင့် ဘင်္ဂလား ဒေရှ် နယ်စပ် ဉ် တာလီဘန်ဟု
ယူဆ ရသူ ၁၀၀ ခန့် ဖမ်းဆီး ရမိသည် ဆိုခြင်း သည် မြန်မာ နိုင်ငံ ဉ် လူထု အုံကြွမှု များ ပေါ်
ပေါက်လာ ပါက လစ်ဗျား ခေါင်းဆောင် ကဒါဖီ ကဲ့ သို့ အယ်(လ)ခိုင်ဒါ အကြမ်းဖက် အဖွဲ့ ၏
လက်ချက် ဟု စွပ်ဆွဲ ၍ ရအောင် ဗိုလ်ချုပ်မှုးကြီး ၏ ရူးကြောင်ကြောင် အစီအစဉ် ဖြစ်သည်
ဟု နေပြည်တော်မှ အမည် မဖော်လို သည့် စစ်အရာရှိ တစ်ဦး က FNG သို့ ပြောသည်။

၂၀၀၁ ခုနှစ် အာဖဂန် နစ္စတန် နိုင်ငံ ဉ် အမေရိကန် နှင့် နိုင်ငံ တကာတပ်များ ၏ ထိုးစစ်ကြောင့်
တာလီဘန် အစိုးရ အဖွဲ့ ပြိုကွဲသွားပြီး ဒေသတွင်း နိုင်ငံ များ သို့ ပျံ နှံ သွားရာ တွင် မြန်မာ နိုင်ငံ
သည် လည်း တာလီဘန် တို့ ခိုအောင်းရာ ဟု နိုင်ငံ တကာ စစ်ရေး အကဲခတ် တို့ သုံးသပ် ခဲ့စဉ်
က မြန်မာ နိုင်ငံ တွင် မည်သည့် တာလီဘန် မှာ မရှိ ပါ ဟု စစ်အစိုးရ က ဖင်ပိတ်ငြင်း ခဲ့သည်။

၂၀၀၄ ခုနှစ် မေလ ရန်ကုန် မြို့  မင်္ဂလာတောင်ညွှန့် မြို့ နယ် ကုန်သွယ်ရေး ဗဟိုဌာန နှင့် အခြား
နေရာများ တွင် ဆက်တိုက် ဗုံးခွဲ ခံရစဉ် ထိုင်းတောင် ပိုင်း သို့ မဟုတ် အခြား နိုင်ငံတကာ အကြမ်း
ဖက် အဖွဲ့ များ ၏ လက် ချက် ဟု ထိုင်း တာဝန် ရှိသူများ က သုံးသပ် ခဲ့စဉ် က လည်း မြန်မာ
စစ်အစိုးရသည် ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားသူများ ဟု သာ ခေါင်းစဉ် တပ်ခဲ့သည်။

ယခင် က ရခိုင် ပြည်နယ် တွင် မူဂျာဟေဒင် သူပုန်များ လေ့ကျင့် ပေးထားသည့် ရခိုင်-မွတ်စလင်
လက်နက် ကိုင် အဖွဲ့ များ ရှိသော် လည်း ထိုသူပုန်များ မှာ အိုစမာဘင် လာဒင် ၏ ကျောထောက်
နောက် ခံ လုပ်မှု ဖြင့် အာဏာရရှိလာသည့် တာလီဘန် အဖွဲ့  နှင့် တိုက် ရိုက် ဆက်စပ် ခြင်း မရှိ
ချေ။

နိုင်ငံတကာဉ် ဖြစ်ပွားသည့် လူထု အုံကြွမှု များ တွင် အာဏာရှင်များက ဆန္ဒပြသူများ ကို အကြမ်း
ဖက် သမားအဖြစ် စွပ်ဆွဲရာ အနောက် နိုင်ငံ အစိုးရများ တွေဝေမှုများ ရှိခဲ့သည် ကို ရိပ်စား မိသည့်
စစ်အစိုးရက ယခု ကဲ့ ဇာတ်ပျိုးထား ခြင်း ဖြစ်သည် ဟု ကာကွယ်ရေး ၀န်ကြီးဌာန မှ အရာရှိတစ်
ဦး ကပြောသည်။

အကယ်၍ လူထု အုံကြွမှု များ ဖြစ်ပေါ်လာပါက စစ်အစိုးရ က ဆန္ဒပြသူများ ကို ထိုသို့ စွပ်ဆွဲ ပါက
ကဒါဖီ ထက် ပို၍ ဟာသ မြောက် သည့် ဗီဒီယို ကလစ် တစ်ခု ကို ရှု စားရအုံး မည် ဟု မြန်မာ
နိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်း မှ အဖွဲ့ ဝင် တစ်ဦးက Freedom News Group
သို့ ပြောသည်။
Copy from Freedom News Group

တာလီဘန်ဟု ယူဆရသူ ၁၀၀ ခန့် မောင်းတော၌ ဖမ်းထား

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်းတောမြို့နယ် အတွင်း၌ တာလီဘန် အကြမ်းဖက် သမားများဟု သင်္ကာမကင်းသူ အစ္စလမ်ဘာသာဝင် ၁၀၀ ၀န်းကျင်ကို မောင်းတော အခြေစိုက် နအဖအစိုးရ၏ နယ်စပ်ဒေသ ကွပ်ကဲရေး ဌာနချုပ်(နစက) စစ် တပ်မှ ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးထားကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူများသည် ယခုလဆန်းပိုင်းတွင် မောင်းတောမြို့နယ်အတွင်းရှိ နစက တပ်ဖွဲ့တည်ရှိရာ ခမောင်းဆိပ်ကျေးရွာ အနီး၌ ဖောက်ခွဲရေးနှင့်ပတ်သက်သော အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ဖမ်းဆီးမိခြင်းဖြစ်သည်ဟု နစက နှင့် နီးစပ်သူ တဦးက ဧရာဝတီကို ပြောသည်။

“သူတို့ဆီက ဖမ်းမိတဲ့ပစ္စည်းတွေမှာ တာလီဘန် အစ္စလမ်မစ် အဖွဲ့ဆိုတဲ့ တံဆိပ်တွေ၊ စာရွက်စာတမ်း အထောက်အထား တွေကြောင့် တာလီဘန်လို့ ယူဆပြီးဖမ်းထားတာပါ၊ မောင်းတောက နစက တပ်မှာ စစ်ဆေးနေတုန်းပါ”ဟု ၎င်းက ပြောဆိုသည်။

နစက နှင့် နီးစပ်သူက ဆက်လက်ပြီး“တာလီဘန်တွေ အစည်းအဝေးလုပ်တာကို စစ်တပ်က မသိလိုက်တော့ ဗျူဟာမှူးက မယက ဥက္ကဋ္ဌနဲ့ ရယက ဥက္ကဋ္ဌတွေကို အရေးယူမယ်ဆိုပြီး ဆူပူကြိမ်းမောင်းထားတယ်၊ ဆက်စပ်သူတွေကိုလည်း ဆက်တိုက် ရှာဖွေဖမ်းဆီးနေတယ်”ဟုလည်း ဆိုသည်။

တာလီဘန်များသည် ခမောင်းဆိပ်၊ အောင်သပြေ၊ ကွမ်းသီးပင် စသည့် ကျေးရွာများမှ ရွာသားများကို အာဖကန်နစ္စတန် တာလီ ဘန် အဖွဲ့မှ စေလွှတ်ခြင်းခံရသူဟု ယူဆရသော မော်လဗီဟာရုဒ်က ဖောက်ခွဲရေး သတင်တန်းများကို လျှို့ဝှက်ပေးခဲ့ ကြောင်း၊ ထိုကိစ္စကို ၎င်းတို့အဖွဲ့ဝင်တဦးက စစ်တပ်အား သတင်းပေးခဲ့ကြောင်း၊ ယခုအခါ မော်လဗီဟာရုဒ် မှာ ထွက်ပြေး လွတ်မြောက်နေကြောင်း နိရဉ္စရာ သတင်းတွင် ရေးသားထားသည်။

“မော်လဗီဟာရုဒ် က ဘင်္ဂလားနယ်စပ်က၀င်ပြီးတော့ သင်တန်းတွေပေးနေတာကို ဒေသခံ နစက က တဆင့်သိရတာပါ၊ အသေးစိတ် အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ”ဟု နိရဉ္စရာ၏ အယ်ဒီတာ ကိုခိုင်မြတ်ကျော်က ဧရာဝတီကို ပြောသည်။

ထိုဒေသများ၌ ယခုအခါ ခရီးသွားလာရေးခက်ခဲနေပြီး စစ်ဆေးမေးမြန်းမှုလည်း များပြားနေကြောင်း ဒေသခံများက ပြောဆိုကြ သည်။

“မောင်းတောမြို့ပေါ်နဲ့ရွာတွေမှာ ည ၁၀ နာရီထိုးရင် ညမထွက်ရ အမိန့်ထုတ်ထားတယ်၊ ၁၀ နာရီခွဲမှာထွက်ရင် ပစ်မိန့်ပေးထား တယ်၊ အမိန့်ထုတ်တာ တပတ်ရှိပြီ”ဟု မောင်းတောမြို့ခံ တဦးက ပြောသည်။

ဖမ်းမိသူများတွင် မောင်းတောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာ ဥက္ကဋ္ဌဟောင်း ဦးစိန်ဝင်းနှင့်လက်ရှိ ဥက္ကဋ္ဌ ၎င်း၏ညီ ဦးဇော်ဝင်းတို့ ပါဝင်ကြောင်း၊ ၎င်းတို့ ညီအစ်ကိုသည် အကြမ်းဖက်လုပ်ဆောင်နေသူများကို နောက်ကွယ်မှ ကူညီထောက်ပံ့ပေးနေသူများ ဖြစ် ကြောင်း ဒေသခံ တဦးက ပြောသည်။

“အခုလုပ်တဲ့အစည်းအဝေးမှာ သူတို့တွေပါတာရယ်၊ အကုန်လုံးက အစ္စလမ်ဘာသာဝင်တွေဖြစ်နေတော့ တာလီဘန်တွေနဲ့ဆက်စပ်မှန်း စစ်တပ်က သတိမထားမိလိုက်ဘူးပေါ့”ဟု ဒေသခံက ဆိုသည်။

မောင်းတောမြို့ပေါ်တွင် လုံခြုံရေးထူထပ်စွာချမထားသော်လည်း နယ်စပ်သို့သွားရာ လမ်းတလျှောက်နှင့်တောင်ကြားလမ်းများ၌ စစ်တပ်များ ထူထပ်စွာချထားကာ တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

ဘူးသီးတောင်၊ မောင်းတောနယ်စပ်တလျှောက်တွင် နအဖအစိုးရ၏ တပ်များထူထပ်စွာချထားသော်လည်း ထိုဒေသတ၀ိုက်၌ ဓားမြတိုက်ခြင်း၊ ၊ မုဒိမ်းကျင့်ခံရခြင်း၊ အကြမ်းဖက်ခြင်း ကိစ္စရပ်များ မကြာခဏဖြစ်ပေါ်လျှက်ရှိသည်ဟု ဒေသခံများကဆိုသည်။

ထိုတာလီဘန်ဟုဆိုသော အဖွဲ့သည် နယ်စပ်၌တာဝန်ကျနေသော နအဖ စစ်တပ်ကိုအခကြေးငွေ အများအပြားပေးကာ နယ် စပ် ဖြတ်ကျော်ဝင်ရောက်၍ ဘူးသီးတောင်၊ မောင်းတော ဒေသတ၀ိုက်တွင် အခြေပြုကာ ဓားမြတိုက်ခြင်း၊ အကြမ်းဖက်ခြင်း စသည်လုပ်ရပ်များကို လုပ်ဆောင်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ၎င်းတို့ကို မြန်မာနိုင်ငံသားဟု နအဖအစိုးရက သတ်မှတ်
ပေးထားခြင်းမရှိသော်လည်း နအဖအစိုးရ အသိအမှတ်ပြုထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားကို ကိုင်ဆောင်ကာ ခရီးသွားလာနေကြသူများရှိသည်ဟု ဒေသခံများထံမှ သိရသည်။
Copy from IRRAWADDY WEBSITE

Tuesday 15 March 2011

ချာနိုဘိုင်းထက် ကြီးမားတဲ့ နျူကလီးယား အန္တရာယ် တကယ် ကျရောက်ပြီ

ယနေ့ တိုကျိုမြို့ နံနက် ၁၁ နာရီတွင် ဂျပန်ဝန်ကြီးချုပ် နာအိုတိုခန် က ဖူကူရှိမာ စက်ရုံတစ်ခုမှ နျူကလီးယား ဓာတ်ရောင်ခြည်တွေ အမြင့်ဆုံးအဆင့် ရောက်သွားပြီး အဲဒီနေရာနဲ့ ကီလိုမီတာ ၃၀ ပတ်လည်ရှိ လူတွေ

အိမ်တံခါး ပိတ်နေကြဖို့ ကြေငြာလိုက်သည်။

ဖူကူရှိမာ ဒိုင်အိချိ စက်ရုံမှ ဓာတ်ပေါင်းဖို အမှတ် (၂) အင်္ဂါနေ့ မနက် အစောပိုင်းတွင် ပေါက်ကွဲခဲ့သည်။ သောကြာနေ့ နေလည် ငလျင်နဲ့ ဆူနာမီ ပြီးကတည်း လေးကြိမ်မြောက် ပေါက်ကွဲခြင်းဖြစ်သည်။ မကြာခင် ပေါက်ကွဲတော့မှာက ရေနွေးငွေ့ပိုက်တွေ ဟိုက်ဒရိုဂျင်ဘူးတွေ မဟုတ်တော့ဘဲ နျူကလီးယား ဓာတ်ပေါင်းဖိုကြီး ကိုယ်တိုင် ဖြစ်သည်။ ဓာတ်ပေါင်းဖိုတွေကို ပြင်ဆင်ဖာထေး အအေးဖျန်းနေတဲ့ လုပ်သားအများစု စွန့်ခွာခဲ့ကြပြီ။

အရဲစွန့် လုပ်ဆောင်ခဲ့တဲ့ အလုပ်သမားတွေက အမှတ် (၂) ဓာတ်ပေါင်းဖိုကို ရေဒီယိုဓာတ်တွေ ယိုစိမ့်ပြန့်နှံ့မှု မဖြစ်အောင် ဟိုက်ဒရိုဂျင် ပေါက်ကွဲမှု လျှော့ချပေးနိုင်ပေမဲ့၊ ဒီနေ့မနက် ၆ နာရီမှာ အမှတ် (၄) ဓာတ်ပေါင်းဖို ပေါက်ကွဲပြီး မီးလုံးကြီးတွေ တက်လာသည်။ အမှတ် (၄) ဓာတ်ပေါင်းဖို မီးစလောင်နေပြီလို့ ၀န်ကြီးချုပ်က ကြေငြာလိုက်သည်။ လူသားထုကို အန္တရာယ်ပေးဖို့ ရေဒီယို ဓာတ်တွေ မကြာခင် ပြန့်နှံ့တော့မည်။ အမှတ် (၃) ဓာတ်ပေါင်းဖိုလည်း ရေဒီယို ဓာတ်ရောင်ခြည် မြင့်တက်ပြီး ပေါက်ကွဲဖို့ ဆိုင်းပြင်းနေပြီ။

၁၉၈၆ ခုနှစ် ဆိုဗီယက်လက်ထက် ယူကရိန်းမှ ချာနိုဘိုင်း ဓာတ်ပေါင်းဖို ပေါက်ကွဲမှုမှာ ကမ္ဘာ့ အဆိုးရွားဆုံး နျူကလီယား မတော်တဆ ဖြစ်ရပ်ကြီး ဖြစ်သည်။ အခု ပေါက်မယ့် ဓာတ်ပေါင်း ဖိုတွေကြောင့် ဂျပန်မြောက်ပိုင်း ငလျင်နဲ့ ဆူနာမီမှာ အသက်ချမ်းသာရာ ရခဲ့သူ တွေ လုံးပါး ပါးတော့မယ့် အန္တရာယ် ဆိုးကို ထပ်ရင်ဆိုင် နေရပြန်ပြီ။

ဖူကူရှီမာ ပတ်လည် ကီလိုမီတာ ၂၅၀ ပတ်လည်အတွင်း နျူကလီးယား ဓာတ်ရောင်ခြည်တွေ ၁၀ နာရီ ပြန့်နှံနေမှာ ဖြစ်သည်။ တရုတ် အစိုးရက တိုကျိုနဲ့ ပေကျင်း၊ ရှန်ဟိုင်း ပြေးဆွဲတဲ့ လေကြောင်းလိုင်းတွေ ရပ်ပစ်လိုက်သည်။

ဒါပေမဲ့ ၀န်ကြီးချုပ်ခန် က နျူကလီးယား အန္တရာယ်ဆိုးကို ထိန်းချုပ်ဖို့ အလုပ်သမားအချို့ ဆက်လက် ကြိုးစားနေဆဲဖြစ် ကြောင်း ပြောဆိုခဲ့သည်။

Friday 11 March 2011

အင်အားပြင်း ငလျှင် ကြောင့် ဂျပန် တွင် စုနမိ လှိုင်းများ ဖြစ်ပေါ်

စုနမိ ကြောင့် ဂျပန် တွင် ၉ ဦးသေဆုံး ၊တို ကျို လေယာဉ် ကွင်း ကို ပိတ်ထား၊ ဆက်သွယ် ရေး စနစ်အချို့ ပြတ်တောက်

စုနမိ ကြောင့် ပျက်စီး ဆုံးရှုံးမှု များ
class="separator" style="clear: both; text-align: center;">

ဂျပန်နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတမ်းဒေသတွင် ဒေသစံတော်ချိန် ညနေ ၂နာရီ ၃၃မိနစ်အချိန်က အင်အားရစ်ချပ်
တာစကေး၈.၉အဆင့်ရှိအင်အားပြင်းထန်သော ငလျင်လှုပ်သွားပြီး ၁၀မီတာအမြင့်ရှိဆူနာမီလှိုင်းများတိုက်ခတ်ဖြစ်ပွားခဲ့သည်။

ကမီရှီဆိပ်ကမ်းမြို့မှာအဓိက ဆူနာမီငလျင်ရေလှိုင်းတိုက်ခတ်မှုဖြစ် ပွားသောနေရာဖြစ်ပြီးပင်လယ်တွင်းမှသဘောင်္များဆူနာ
မီလှိုင်းအရှိန်ကြောင့် မြို့ပေါ်လမ်းမများပေါ်ရောက်ရှိပြီးလမ်းမပေါ်ရှိကားများ၊အဆောက်အဦးများပျက်စီးရခြင်းများ
ရှိကြောင်းနှင် မြို့  တော်တိုကျိုတွင်လည်းငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးတချို့တွင်မီးလောင်မှုအချို့ဖြစ်ပွားနေကြောင်း
NHK ရုပ်သံမှာထုတ်လွှင့်ကြေညာခဲ့သည်။

ဂျပန်နိုင်ငံရဲ့မိုးလေဝသသတင်းဌာနမှ ဆူနာမီအရေးပေါ်ကြေညာချက်ကိုထုတ်ပြန်ထားပြီဖြစ်သည်။ အရှေ့ဘက်ကမ်းရိုးဒေသ
ကိုတနာရီလျင် ၁၂၅ကီလိုမီတာနှုန်းတိုက်ခိုက်နိုင်ကြောင်း အသိပေးနိုးဆော်ထားပြီး ဒေသခံများကို ကမ်းခြေမှ၁၀ကီလိုမီတာ
အတွင်းနေထိုင်သောဒေသခံများကို မိမိတို့နေရပ်မှထွက်ခွာသွားကြရန်နှိုးဆော်ထားပြီးဖြစ်သည်။

ဟာဝိုင်အီငလျင်စောင့်ကြည့်လေ့လာရေးဌာနမှ ပစိဖိတ်ဆူနာမီသတိပေးထုတ်ပြန်ကြေငြာခဲ့သည်။ ပစိဖိတ်ဆူနာမီကျရောက်နိုင်သောဒေသများမှာရုရှား၊မာကပ်စ်ကျွန်းစု(ဂျပန်ကျွန်းစုများ)တွင်ပြင်းထန်နိုင်ကြောင်းနှင့် ဂူအမ်၊ထိုင်ဝမ်၊ဖိလစ်ပိုင်၊အင်ဒိုနီးရှား၊ဟာဝိုင်အီ ဒေသများတွင်လည်း အထူးသတိပေးချက်ထုတ်ပြန်အသိပေးထားကြောင်း
သတင်းများတွင်ဖေါ်ပြထားသည်။

ဂျပန် နိုင်ငံ အရှေ့ မြောက် ပိုင်း တွင် 8.9 မဂ္ဂနီကျု အဆင့် ရှိသည့် ငလျှင် ယနေ့ ထပ်မံ လှုပ်ခတ် သွား သည့် အတွက်
ကြောင့် ပျက်စီးဆုံး ရှုံးမှု များ ဖြစ်ပေါ်ပြီး ရှစ်မီတာ အမြင့် ရှိသည့် စုနမိ လှို င်းများ ဖြစ်ပေါ်က ကမ်းခြေများ သို့ 
လာရောက် ရိုက်ခတ် လျှက်ရှိသည်။

ယခု လှုပ်ခတ် သည့် ငလျှင်မှာ ၁၉၆၀ ခု နှစ် က ချီလီ နိုင်ငံတွင် လှုပ်ခတ် ခဲ့သည့် အင်အား ၉.၅ အဆင့် ရှိ ငလျှင်ပြီးလျှင်
အပြင်းထန် ဆုံးဖြစ်သည်။ ငလျှင် ကြောင့် တိုကျိုမြို့  ရှိ လူနေအိမ် လေးသန်း ကျော် လျှပ် စစ်မီး များ ပြတ်
တောက်ကာ အဆောက်အဦ အချို နှင့် တံတားများ ပျိုကျ ပျက်စီးခဲ့သည်။

စုနမိ ငလျှင် သည် ရုရှား နှင့် ထိုင်ဝမ် အပါအ၀င် ပိစိဖိတ် သမုဒ္ဒရာ အတွင်း ရှိ နိုင်ငံ ၂၀ ကျော် ကို ရိုက်ခတ်မှုရှိနိုင်
သည် ဟု U.S. Geological Survey မှ သတင်း ထုတ်ပြန်ထားသည်။

ဂျပန်အစိုးရသည် ဒေသခံပြည်သူများကို ဆူနာမီကြိုတင်ကာကွယ်ရေးအစီအစဉ် များကြိုတင်လုပ်ဆောင်နိုင်ခဲ့ပြီး
ဆူနာမီ ရိုက်ခတ်မှုကြောင်း လူ၉ဦးသေဆုံးရကြောင်းသတင်းထုတ်ပြန်ထားသည်။

ကာလီဖိုး နီးယား စသည့် အမေရိကန် အနောက် ဘက် ကမ်းခြေ ဒေသများတွင် စုနမီ သတိပေးချက် များ ထုတ်ပြန်
ထားသည် ။ ဟာဝိုင်ယီ ကျွန်း တွင် စုနမီ အဆင့် မြင့် သတိပေးချက် များ ထုတ် ပြန်ထားသည်။