Thursday 29 October 2009

ကုရ်အာန်ကျမ်းတော်မြတ်သည်..အစမှအဆုံးတိုင်..ကရုဏာချည်းသာတည်း...


ကုရ်အာန်ကျမ်းမြတ်၏အစဦး၌ပင်အလ္လာဟ်အသျှင်မြတ်၏ဂုဏ်တော်ဖွင့်ရာတွင်၊
ပထမဆုံးသောဂုဏ်တော်ကားဤ(ကရုဏာရှင်)တည်းဟူသောဂုဏ်တော်ပင်ဖြစ်ပေသည်။
အလ္လာဟ်အသျှင်မြတ်သည်မိမိ၏ကရုဏာတော်များကိုထင်ပေါ်စေသည်ထက်၊
ထင်ပေါ်စေရန်အလို့ငှာကုရ်အာန်ကျမ်းတော်မြတ်တွင်ကဏ္ဍစဉ်..၅၅(အနန္တကရုဏာရှင်)မည်သောကဏ္ဍကို
အထူးတလည်ထုတ်ပြန်ပို့ချတော်မူ၏။
ယင်းကဏ္ဍတွင်အလ္လာဟ်အသျှင်မြတ်သည်မိမိကိုယ်တော်တိုင်၊ရက်ရောစွာပေးကမ်းတော်မူထားသောဂုဏ်ကျေးဇူးများကို၊
အနည်းနည်းအဖုံဖုံထုတ်ဖော်လျက်”အို..ဂျင်နှင့်လူ..အသင်တို့နှစ်စုသည်မိမိတို့၏အရှင့်ဂုဏ်ကျေးဇူးများအနက်
အဘယ်ကျေးဇူးကိုငြင်းပယ်နိုင်ကြပါသနည်း။”..ဟုအကြိမ်ပေါင်း(၃၁)ကြိမ်မျှသတိပေးနှိုးဆော်၍
မိမိ၏ကရုဏာတရားတော်များကိုပေါ်လွင်ထင်ရှားစေသည်။
ဤမျှမကသေး၊အလ္လာဟ်အသျှင်မြတ်သည့်ကရုဏာတရားကိုအမြတ်တနိုးရှေ့ရှုတော်မူ၍၊ဝေနေယျသတ္တ၀ါများပေါ်၌၊
ကရုဏာတရားထား၇ှိတော်မူကြောင်းကို..ကုရ်အာန်ကျမ်းတော်မြတ်တွင်မိန့်ဆိုထားလေသည်။
ကြည့်..ကုရ်အာန်..(၆း၁၂..၇း၁၅၆..၂၁း၁၀၇..၄၈း၂၉..၁၆း၈၉)