Thursday 8 October 2009
ငါတို့သည် မွတ်စလင်(မ်)များ၊ဖြစ်ခဲ့ကြလေလျင် ကောင်းစွဟု ၊ကာဖိရ်များကတမ်းတကြမည်ဖြစ်ခြင်း။
အတိတ်ခေတ်များတွင်လည်းကာဖိရ်များကတမန်တော်များအား( မဂ်ျနူန် ၊ ရှာအစ်ရ် ၊ စာဟစ်ရ် ၊ ကာဟင်န်၊ မုအလ္လမ် ) စသည်ဖြင့်မဟုတ်မမှန်လုပ်ကြံ၍အမျိုးမျိုးစွပ်စွဲပြောဆိုခဲ့ကြပေသည်။
အတိတ်ခေတ်များတွင်အချို့မြို့၊ရွာများနှင့်အမျိုးသားများသည်မိမိတို့၏ပြစ်မှုများကြောင့်ကွပ်မျက်ဖျက်ဆီးခြင်းခံခဲ့ကြရ၏။
၎င်းတို့ကိုကွပ်မျက်၊ဖျက်ဆီးခြင်းခံကြရမည့်အချိန်ပိုင်းကိုလည်းအလ္လာဟ်အသျှင်မြတ်သိရှိတော်မူပြီးဖြစ်၏။
ထိုအသျှင်မြတ်၌မေ့မှားမှု၊သတိလစ်ဟင်းမှုဟူ၍ကားအလျင်းမရှိ။
ထိုအသျှင်မြတ်ထားရှိတော်မူသောကတိတော်သည်ပျက်ပြားသည်ဟူ၍လည်းအလျင်းမရှိ။
လူမျိုးတစ်မျိုးအဖို့သတ်မှတ်ထားသည့်အချိန်ပိုင်းစေ့၍၊ပြစ်ဒဏ်သက်ရန်အချိန်ကျရောက်လာသောအခါထိုအမျိုးသားများသည်မလွဲဧကန်ပျက်ဆီးခြင်းခံကြရ၏။
လက်ရှိကာဖိရ်များသည်လည်းယခုကဲ့သို့ပြစ်ဒါဏ်မသင့်သေးဘဲ၊အချိန်ရနေသည့်အတွက်အယူအဆမမှားသင့်ကြပေ။မမောက်မာသင့်ကြပေ။
လက်ရှိကာဖိရ်များအဖို့သတ်မှတ်ထားသည့်အချိန်ပိုင်းစေ့၍ပြစ်ဒါဏ်တော်သင့်ရန်အချိန်ကျရောက်လာသောအခါ
၎င်းတို့သည်လည်းထိုအသျှင်မြတ်၏ပြစ်ဒါဏ်တော်မှအလျဉ်းလွတ်မြောက်နိုင်ကြမည်မဟုတ်ပေ။
အားလုံးကွပ်မျက်ဖမ်းဆီးခြင်းခံကြရမည်သာဖြစ်သည်။
ယခုကဲ့သို့၎င်းတို့အားခွင့်ပြုတော်မူထားခြင်းမှာအကြောင်းမဲ့မဟုတ်။အကြောင်းအမျိုးမျိုးရှိသည်။
ဥပမာ.....ယင်းကာဖိရ်များအနက်မှသော်၎င်း၊
အီမာန်ယုံကြည်ကြမည်ဖြစ်သည်။ဤသည်ရေးမှတ်ထားပြီးဖြစ်သည်။
အကယ်၍သာယင်းကာဖိရ်များအားရုတ်တရက်၊ချက်ချင်းကွက်မျက်တော်မူလိုက်ပါကအီမာန်ယူရန်အချိန်ရရှိနိုင်မည်မဟုတ်ပေ။
ထို့အတွက်လည်းအနည်းငယ်အချိန်ဆွဲထားတော်မူခြင်းဖြစ်သည်။
ကည့်...ကုရ်အာန် (၂၆း၂၇ ။ ၃၇း၃၆ ။ ၄၄း၁၄ ။ ၅၁း၃၉ ။၅၁း၅၂ ။၅၄း၉ ။၆၈း၅၁ )။