Sunday, 8 November 2009
မြန်မာမွတ်စလင်(မ်)ရေးရာ..(ဂျာမဏီ)..အသင်း(၇)နှစ်ပြည့်..မိတ်ဆုံစားပွဲကျင်းပခြင်း
ဂျာမဏီနိုင်ငံရောက်မြန်မာမွတ်စလင်(မ်)များဖွဲ့စည်းထားသောသာရေးနာရေး၊နှင့်လူမှုရေးကူညီမှုအသင်းဖြစ်သည့်..မြန်မာမွတ်စလင်(မ်)ရေးရာ..ဂျာမဏီ)၊
Minority Of Burmese Muslim Affair (Germany)..(M.B.M.A)..အသင်း(၇)နှစ်ပြည့်အထိမ်းအမှတ်..မိတ်ဆုံစားပွဲကို..၇.၁၁.၂၀၀၉ (စနေနေ့)၊တွင်၊Germanyနိုင်ငံFrankfurt am Main Höchstမြို့Pfferrheim St.Josef Kath Kirchengemeinde ခန်းမ၌နေ့လည်(၁၂း၀၀)နာရီမှစတင်၍ညနေ(၅း၀၀)ထိကျင်းပခဲ့ပါသည်။
ဤမိတ်ဆုံစားပွဲအခန်းအနားသို့..ဂျာမဏီနိုင်ငံရောက်မြန်မာတိုင်းရင်းသားအဖွဲ့အစည်းအသီးသီးမှတက်ရောက်ချီးမြင့်ခဲ့ကြပါသည်။ပထမဦးစွာ
မြန်မာမွတ်စလင်(မ်)များ၏သမိုင်းအကျဉ်းနှင့်ဘာသာပေါင်းစုံချစ်ကြည်ရေးမှသည်..တိုင်းရင်းသားစည်လုံးညီညွတ်ရေးဆီသို့...ရည်ရွယ်ချက်ဖြင့် ယခုမိတ်ဆုံစားပွဲကိုကျင်းပရခြင်းအကြောင်းကိုမြန်မာမွတ်စလင်(မ်)ရေးရာ(ဂျာမဏီ)အသင်းကိုယ်စား၊ကိုဝေဇင်ဦးမှ..အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက်အခန်းအနားသို့တက်ရောက်လာသောတိုင်းရင်းသားအဖွဲ့အစည်းများ၏ကိုယ်စားလှယ်များမှအသင်းအတွက်အမှတ်တယစကာများပြောကြားကြသည့်အပြင်၊
ဂျာမဏီနိုင်ငံသို့ရောက်ရှိနေသောအင်္ဂလန်နိုင်ငံမှဧည့်သည်တော်သာသနာ့ရံသီဥက္ကဌဆရာတော်ဦးဥတ္တရမှတက်ရောက်ပြီး၊
တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စေရန်မှတ်သားဖွယ်သြ၀ါဒများကိုဟောကြားခဲ့ပါသည်။
မြန်မာမွတ်စလင်(မ်)ရေးရာ(ဂျာမဏီ)အသင်းမှတိုင်းရင်းသားအဖွဲ့အစည်းကိုယ်စားလှယ်များထံချစ်ကြည်ရေးမှတ်တမ်းလွှာများပေးအပ်ခဲ့ပါသည်။
တက်ရောက်လာသူများမှတစ်ဦးချင်းမိတ်ဆက်ကြပြီး၊
ရင်းနှီးမှုဖလှယ်ခဲ့ကြပါသည်။မိတ်ဆုံစားပွဲကိုစုပေါင်းစားသောက်ပြီးအောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။
Thursday, 29 October 2009
ကုရ်အာန်ကျမ်းတော်မြတ်သည်..အစမှအဆုံးတိုင်..ကရုဏာချည်းသာတည်း...
ကုရ်အာန်ကျမ်းမြတ်၏အစဦး၌ပင်အလ္လာဟ်အသျှင်မြတ်၏ဂုဏ်တော်ဖွင့်ရာတွင်၊
ပထမဆုံးသောဂုဏ်တော်ကားဤ(ကရုဏာရှင်)တည်းဟူသောဂုဏ်တော်ပင်ဖြစ်ပေသည်။
အလ္လာဟ်အသျှင်မြတ်သည်မိမိ၏ကရုဏာတော်များကိုထင်ပေါ်စေသည်ထက်၊
ထင်ပေါ်စေရန်အလို့ငှာကုရ်အာန်ကျမ်းတော်မြတ်တွင်ကဏ္ဍစဉ်..၅၅(အနန္တကရုဏာရှင်)မည်သောကဏ္ဍကို
အထူးတလည်ထုတ်ပြန်ပို့ချတော်မူ၏။
ယင်းကဏ္ဍတွင်အလ္လာဟ်အသျှင်မြတ်သည်မိမိကိုယ်တော်တိုင်၊ရက်ရောစွာပေးကမ်းတော်မူထားသောဂုဏ်ကျေးဇူးများကို၊
အနည်းနည်းအဖုံဖုံထုတ်ဖော်လျက်”အို..ဂျင်နှင့်လူ..အသင်တို့နှစ်စုသည်မိမိတို့၏အရှင့်ဂုဏ်ကျေးဇူးများအနက်
အဘယ်ကျေးဇူးကိုငြင်းပယ်နိုင်ကြပါသနည်း။”..ဟုအကြိမ်ပေါင်း(၃၁)ကြိမ်မျှသတိပေးနှိုးဆော်၍
မိမိ၏ကရုဏာတရားတော်များကိုပေါ်လွင်ထင်ရှားစေသည်။
ဤမျှမကသေး၊အလ္လာဟ်အသျှင်မြတ်သည့်ကရုဏာတရားကိုအမြတ်တနိုးရှေ့ရှုတော်မူ၍၊ဝေနေယျသတ္တ၀ါများပေါ်၌၊
ကရုဏာတရားထား၇ှိတော်မူကြောင်းကို..ကုရ်အာန်ကျမ်းတော်မြတ်တွင်မိန့်ဆိုထားလေသည်။
ကြည့်..ကုရ်အာန်..(၆း၁၂..၇း၁၅၆..၂၁း၁၀၇..၄၈း၂၉..၁၆း၈၉)
Monday, 26 October 2009
ဦးပိန်တံတား
ကမ္ဘာမှာအရှည်ဆုံး သစ်သားတံတားများထဲက တစ်ခုလို့ မှတ်ယူနိုင်တယ့် ဦးပိန်တံတားဟာဆိုရင် မန္တလေးမြို့မှာတည်ရှိပြီး တောင်တမန်အင်းရဲ့ တစ်ဖက်တစ်ချက်ကို ဆက်သွယ်တည်ဆောက်ထားပါတယ်။ ကုန်းဘောင်ခေတ် မြို့ပိုင်စာရေး ဦးပိန်ဆိုသူက တည်ဆောက်ခြင်းဖြစ်ပြီး အစ္စလာမ်ဘာသာဝင် မွတ်စလင်တစ်ဦးဖြစ်ပါတယ်။ တည်ဆောက်ရခြင်း ရည်ရွယ်ချက်ကိုတော့ သမိုင်းဆရာများက အမျိုးမျိုးရေးသားကြပါတယ်။ အဲဒီထဲက ကောက်နှုတ်တင်ပြရရင် တောင်တမန်အင်းရဲ့ တစ်ဖက်တစ်ချက်မှာရှိတယ့် စေတီပုထိုးများကို အလွယ်တကူသွားရောက်ဖူးမြှော်နိုင်စေရန်နှင့် အင်္ဂလိပ်ပိုင်ရေယာဉ်ကြီးများ မဖြတ်သန်းနိုင်အောင် အဟန့်အတားအနေနဲ့ တည်ဆောက်ရခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။
Monday, 12 October 2009
ကုရ်အာန်ကျမ်းမြတ်ဆိုတာဘာလဲ ?
Myanmar Muslim Association of Malaysia
သောကြာနေ့ ခုသုသ်ွဗ်ွဗဟ် ၃၁/၂၀၀၉
ကုရ်အာန်ဘာလဲ
ချီးမွမ်းခြင်းအပေါင်းတို့သည် စကြာဝဠာ လောကခပ်သိမ်းအား ပြုစုပျိုးထောင်တော်မူသော အနှိုင်းမဲ့ကိုးကွယ်ရာမြတ်အလ္လာဟ်အတွက်သာ ဖြစ်တော်မူပါ၏။ ထိုအရှင်မြတ် စေလွှတ်တော်မူသော လူသားအလင်းပြနဗီတမန်တော်အပေါင်းနှင့် နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင်(صلى اله عليه وسلم) အပေါ်သို့ ငြိမ်းချမ်းသာယာမှု အဖြာဖြာသက်ရောက်ပါစေ။
ညီနောင်ညီအစ်မအပေါင်းတို့ခင်ဗျားအတ်စ္စလာမုအလိုင်းကွန်းမ် ၀ရဟ်မသုလ်လါးဟိ ၀ဗရကါးသုဟ်လမြတ်ရမဒွါန်ရဲ့ (၂၇)နေ့ညကို ကုရ်အာန်ကျမ်းမြတ် စတင်ကျရောက်တဲ့ညဥ့်မြတ် (လိုင်လသုလ်-ကဒရ်) အဖြစ်ကမ္ဘာနဲ့အ၀ှမ်း အထိမ်းအမှတ် အခမ်းအနား ကျင်းပကြပါတယ်။ နှစ်စဉ် ရမဒွန်လရဲ့ ညဥ့်ဦးယံအေရှာ ဆွလားသ်အပြီးသရာဝီဟ်ဆွလါသ်နဲ့ ကုရ်အာန်တစ်အုပ်လုံး ရွတ်ဖတ်ဝတ်ပြုမှုအစီအစဉ်ကို ဒီညမှာအဆုံးသတ် လေ့လည်းရှိကြပါတယ်။
ကမ္ဘာ့ဒေသအသီးသီးမှာလည်း မွတ်စလင်မ်အချို့ဟာ လမြတ်ရမဒွါန်ရဲ့နောက်ဆုံး (၁၀) ရက်မှာဗလီဝတ်ကျောင်းတော်အသီးသီးမှာ အိအ်သိကါဖ် လို့ခေါ်တဲ့ ကျင့်စဉ်စခန်းဝင်ရောက်ရင်း လောကီနဲ့ယာယီအဆက်ဖြတ်ပြီး အနှိုင်းမဲ့ကိုးကွယ်ရာကိုတသခြင်း၊ ကုရ်အာန်ကိုဖတ်ရွတ်ခြင်း၊ အဓိပ္ပါယ်လေ့လာနှလုံးသွင်းခြင်းတို့ကို ဆောင်ရွက်ရင်းနဲ့ ကဒရ်ညဥ့်ရဲ့ သင်္ကေတကို ရှာဖွေလေ့ရှိကြပါတယ်။တမန်တော်မြတ် صلى اله عليه وسلم ကလည်း ရမဒွါန်လဟာ ကုရ်အာန်ရဲ့လဆိုပြီး ဂုဏ်ပြုဖေါ်ညွှန်းခဲ့ပါတယ်။ဒါကြောင့်ဒီအပတ်မှာ ကျွန်တော့် အနေနဲ့“ကုရ်အာန်ဘာလဲ”ဆိုတဲ့ခေါင်းစဉ်ကိုတင်ပြမှာဖြစ်ပါတယ်။
ကုရ်အာန်ကျမ်းမြတ်ဆိုတာဘာလဲ
ကုရ်အာန်ဆိုတာ အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ထံက ကမ္ဘာဂြိုဟ်မှာရှိတဲ့ လူခပ်သိမ်းအတွက် နောက်ဆုံးနဲ့ပြီးပြည့်စုံတဲ့ လမ်းညွှန်တစ်ရပ် ဖြစ်ပါတယ်။ နောက်ဆုံးလူသား နဗီတမန်တော်ချုပ်မုဟမ္မဒ်( صلى اله عليه وسلم)ထံမလာအိကဟ်ကောင်းကင်တမန်စွမ်းအားရှင် ဂျိဗရာအီလ် ကတစ်ဆင့် ထုတ်ပြန်ပို့ချခဲ့တာ ဖြစ်ပါတယ်။ ဒီခေတ်ဟာ ICTလို့ခေါ်တဲ့ သတင်းနဲ့ဆက်သွယ်ရေးနည်းပညာ အလွန်ထွန်းကားတဲ့ခေတ်ဖြစ်ပေမယ့် အဲဒီဂျီဗရာအီလ်ဆိုတဲ့ အလ္လာဟ့်ရဲ့ဝဟီလမ်းညွှန် ဆက်သွယ်မှုနည်းစနစ်ကိုတော့ သက်ဆိုင်ရာနဗီတမန်တော်တွေ ကလွဲလို့ အခြားဘယ်လူသားမှဥာဏ်မမီနိုင်ကြပါဘူး။ အနှိုင်းမဲ့ကိုးကွယ်ရာနဲ့ နှိုင်းရတရားထဲမှာရှိတဲ့ လူသားအကြား အလွန်အဆင့်မြင့်ပြီးပြည့်စုံတဲ့ဆက်သွယ်ရေးနည်းတစ်ရပ် ဖြစ်ပါတယ်။ ဘယ်သူမှ ဟန့်တားနှောင့်ယှက် ခိုးယူလို့မရနိုင်တဲ့ နည်းစနစ်လည်းဖြစ်ပါတယ်။ဒီနေ့ဆက်သွယ်ရေး
နည်းပညာဟာ တစက္ကန့်ကို(၁၈၆၀၀၀) မိုင်နှုန်း ပြေးတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကိုအသုံးပြုပို့ရတဲ့အတွက် ဂလက်ဆီလို့ခေါ်တဲ့ ကြယ်မြို့တော်တစ်ခုကိုဖြတ်ဖို့တောင် နှစ်ပေါင်းသန်းနဲ့ချီပြီးကြာမှာဖြစ်ပါတယ်။ဒါပေမဲ့ အလ္လာဟ့်ရဲ့ ဂျီဗရာအီလ်နည်းကတော့ အလ္လာဟ်ပို့လို့ ရတဲ့သတင်းလမ်းညွှန်ချက်တွေကို သက်ဆိုင်ရာလက်ခံရရှိမယ့် လူသားနဗီတမန်တော် အလင်းပြပုဂ္ဂိုလ်ရဲ့ စိတ်နှလုံးသားထဲကို သူနားလည်ပြောဆိုနေတဲ့ ဘာသာစကားနဲ့ဘာသာပြန်ပြီးသား အဖြစ်ချက်ချင်းရောက်ရှိ သွားခြင်းပဲဖြစ်ပါတယ်။
ဥပမာ-တမန်တော်မူစာ (Moses) ထံကို ဟီဗရူးဘာသာစကားနဲ့ရောက်လာတယ်။ တမန်တော်အီစာ(ယေရှုခရစ်တော်) ထံကို အရမစ် (Aramic)ဘာသာစကားနဲ့ရောက်ရှိလာတယ်။ အခုလည်း နောက်ဆုံး လူသားနဗီတမန်တော်ချုပ် မုဟမ္မဒ်(صلى اله عليه وسلم) သခင်ဟာအာရဗ်လူမျိုးဖြစ်တဲ့အတွက် နောက်ဆုံးလမ်းညွှန် ကျမ်းဖြစ်တဲ့ ကုရ်အာန်ဟာ အရဗီဘာသာစကားနဲ့ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါပေမယ့် ကုရ်အာန်ကျမ်းဟာ အစအဆုံး တစ်ပြိုင်တည်း ကျရောက်လာတာမဟုတ်ဘဲတမန်တော်မြတ် ကြုံတွေ့ရတဲ့ အခြေအနေတွေအလိုက် မက္ကဟ်မြို့မှာ(၁၃)နှစ်၊ မဒီနဟ်မြို့မှာ (၁၀)နှစ် စုစုပေါင်း(၂၃)နှစ်အတွင်းမှာ အလီလီကျရောက်ပြီးမှ ပြီးပြည့်စုံ ခဲ့ခြင်းဖြစ်ပါတယ်။ (ကုရ်အာန် ၂၆း၁၉၂ ၊ ၄၇း၂ ၊ ၂း၁၈၅ ၊ ၉၇း၁ ၊ ၄၄း၅၈၊ ၄၃း၃)အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ကိုကုရ်အာန်ကို ရှင်ပြန်ထမြောက်ရမယ့်နေ့တိုင် လူခပ်သိမ်း အတွက် နောက်ဆုံးလမ်းညွှန်အဖြစ်ထုတ်ပြန်လိုက်ပေမယ့် မျက်စီမှိတ်ပြီး ယုံကြည်ရမယ်လို့ အဓ္ဓမ မကျင့်သုံးထားပါဘူး။
ကုရ်အာန်ထဲ ပါတာတွေကို စာတွေ့၊ သက်သေလက္ခဏာနဲ့ အလ္လာဟ်ရဲ့ ဖန်ဆင်းမှုသဘာဝတရားကြီးကို လက်တွေ့သက်သေလက္ခဏာတွေအဖြစ် သိပ္ပံ၊ ၀ိဇ္ဖာ၊ နည်းပညာပေါင်းစုံနဲ့ ဆန်းစစ်လေ့လာပြီးမှကျမ်းရှင်နဲ့ဖန်ဆင်းရှင်ဟာ အနှိုင်းမဲ့`တစ်´ဖြစ်ကြောင်း ၀န်ခံ ထောက်ခံစေပါတယ်။ တစ်နည်းပြောရရင် ဥာဏ်ကို စာတွေ့ လက်တွေ့ စေစား ပွားများစေတာဖြစ်ပါတယ်။အဲဒီလိုဆန်းစစ်လေ့လာပြီး ယုံကြည်လက်ခံတယ်ဆိုရင် ကုရ်အာန်ကျမ်းစာဟာ အဲဒီယုံကြည်လက်ခံလာသူ (မွတ်စလင်မ်) အတွက်အမှားနဲ့ အမှန်ခွဲခြားတဲ့ မှတ်ကျောက် (ဖုရ်ကာန်အဖြစ် ခံယူကျင့်သုံးရမှာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် အဲဒီကုရ်အာန်နဲ့ ဆန့်ကျင်တာမှန်သမျှ ယုံကြည်ခြင်း၊ ခံယူကျင့်သုံးခြင်း လုံးဝ ပြုပိုင်ခွင့် မရှိတော့ပါဘူး။
ဒါကြောင့် ကုရ်အာန်ဆိုတာ အစ္စလာမ့်ဘ၀ တည်ဆောက်မှုလည်းစဉ်အတွက် အစ္စလာမ့် တရားဥပဒေရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ (ကုရ်အာန် ၂း၁၈၅ ၊ ၅း၄၄ ၊ ၁၃း၃၇)ကုရ်အာန်ဆိုတဲ့ကျမ်းစကုရ်အာန်ဆိုတဲ့ကျမ်းစာအမည် ကမ္ဘာ့ဘာသာရေး ကျမ်းစာအချို့ရဲ့ အမည်တွေဟာ သက်ဆိုင်ရာကျမ်းစာထမှဲာ မပါဘဲ လူတွေကအမည်ပေးမှည့်ခေါ်တာကို တွေ့ရပါလိမ့်မယ်။ ဥပမာ-သမ္မာကျမ်း (Bible) ဆိုတဲ့အမည်ဟာ သမ္မာကျမ်းထဲမှာ မပါပါဘူး။လူတွေက အမည်ပေး ခေါ်ဝေါ်နေခြင်းသာဖြစ်ပါတယ်။
`ကုရ်အာန်´ ဆိုတဲ့ကျမ်းရဲ့အမည်ဟာ ကုရ်အာန် ကျမ်းစာထဲမှာအတိအလင်း ဖေါ်ပြထားတာကိုတွေ့ရပါလိမ့်မယ်။ ဥပမာ-(ကုရ်အာန် ၂း၁၈၅ ၊ ၁၂း၂ ၊ ၅၄း၁၇) တွေမှာ ဖေါ်ပြထားပါတယ်။`ကုရ်အာန´် ဆိုတဲ့ အရဗီဝေါဟာရရဲ့ အဓိပ္ပါယ်ကတော့ `ရေွး ချယ်စုစည်းခြင်း၊ အဖန်တလဲလရွဲတ်ဖတ် ခြင်း´ဆိုပြီးရပါတယ်။ ဆိုလိုတာကတော့ ကုရ်အာန်ကျမ်းစာထဲမှာ ကမ္ဘာ့ရှေးကျမ်းအသီးသီးရဲ့ အနှစ်သာရတွေ ကိုရွေးချယ်စုစည်း ဖော်ပြထားတဲ့အပြင် ရှင်ပြန်ထမြောက်ရမယ့် နေ့တိုင် ကြုံတွေ့ရမယ့် ရေးရာကိစ္စတွေ အတွက်ပြီးပြည့်စုံတဲ့ လမ်းညွှန်တွေကို စုစည်းထားတဲ့ နောက်ဆုံးလမ်းညွှန် ကျမ်းဖြစ်တဲ့အတွက် လူသားတွေအနေနဲ့ ဘ၀လမ်းညွှန်အဖြစ် အဖန်တလဲလဲ ဖတ်ရွတ်လေ့လာနေရမယ့် ကျမ်းဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
ကုရ်အာန်ကျမ်းစာတစ်အုပ်တည်းသာ မူရင်းအတိုင်းသန့်စင်စွာရှိနေခြင်း၏အံ့ဖွယ်ကုရ်အာန်ကျမ်းစာ မတိုင်မီကရရှိခဲ့တဲ့ ကမ္ဘာ့ဘာသာရေးကျမ်းစာအသီးသီးဟာ ဒီနေ့ဆိုရင်ကမ္ဘာပေါ်မှာ မူရင်းအတိုင်း မရှိကြတော့ပါဘူး။ တစ်ချို့ဆိုရင် မူရင်းဘာသာစကားနဲ့တောင် မရှိကြတော့ဘဲ တစ်ချို့ဆိုရင် လုံးဝ ပျောက်ကွယ်သွားပြီဖြစ်တဲ့အတွက် အဲဒီမူရင်းအတိုင်း မဟုတ်တော့တဲ့ကျမ်းကိုကိုင်ပြီး အကြွင်းမဲ့ပြီးပြည့်စုံတဲ့ သစ္စာတရားကို လေ့လာရှာဖွေဖို့ အလွန်ခက်ခဲနေပြီ ဖြစ်ပါတယ်။ ဖွင့်ဆိုတဲ့နေရာမှာ ကွဲလွဲချက်တွေ အမြောက်အများ ပေါ်လာမှာဖြစ်ပါတယ်။ဒါပေမဲ့ ကုရ်အာန်ရဲ့ ထူးခြားချက်ကတော့ အခုဆိုရင် ကမ္ဘာပေါ်မှာ နှစ်ပေါင်း(၁၄၀၀) ကျော်ပြီဖြစ်ပေမဲ့မူရင်းအရဗီဘာသာစာပေနဲ့ မူရင်းအတိုင်း ၏သည် မရွေး ရှိနေခြင်းပဲဖြစ်ပါတယ်။
ဘယ်နိုင်ငံက ဘယ်လူမျိုးပဲ ဖတ်ဖတ်၊အသံထွက်ဟာ အတူတူပဲဖြစ်ပါတယ်။ တစ်နိုင်ငံမှာအသံထွက်တစ်မျိုး ကွဲလွဲချက်မရှိတာကို နိုင်ငံ ပေါင်းစုံက ပါဝင်တဲ့ကမ္ဘာ့ကုရ်အာန်ကျမ်းစာ ဖတ်ရွတ်ပြိုင်ပွဲတွေမှာ ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီလို မူရင်းအတိုင်း သန့်စင်စွာရှိနေရတဲ့အကြောင်းကတော့--၁။ တမန်တော်ချုပ်မုဟမ္မဒ်(ဆွ)ဟာ နောက်ဆုံးနဗီတမန်တော်ချုပ်ဖြစ်ပြီး သူ့နောက်မှာနောက်ထပ်နဗီတမန်တော်အသစ်ပေါ်ထွန်းစရာမရှိတော့ခြင်း၊ ကုရ်အာန်ကျမ်းစာဟာ အလ္လာဟ့်ထံက နောက်ဆုံးလမ်းညွှန်ဖြစ်ပြီးနောက်ထပ်လမ်းညွှန်လာစရာမရှိတော့ခြင်းတို့ကြောင့် ကျမ်းရှင် အလ္လာဟ်ကိုယ်တိုင်က ကုရ်အာန်ကျမ်းစာကိုယိုယွင်းပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ထားတယ်လို့ အာမခံထားတဲ့အတွက် ဖြစ်ပါတယ်။ (ကုရ်အာန် ၁၅း၉)၂။
ဒီအပြင်မွတ်စလင်မ်တွေအနေနဲ့ ကုရ်အာန်ကျမ်းစာကိုလက်တွေ့ထိန်းသိမ်းခြင်းနဲ့ ကာကွယ်စောင့်ရှောက် ခြင်းနည်းစနစ်သမိုင်းကို ကြည့်ရင် တမန်တော်ချုပ်မုဟမ္မဒ်(صلى اله عليه وسلم) ဆီကို ကုရ်အာန်ကျမ်းစာရဲ့ လမ်းညွှန်ချက်တွေကျရောက်လာတိုင်း တမန်တော်မြတ်(صلى اله عليه وسلم)ရဲ့ ကြီးကြပ်မှုနဲ့ စာဖြင့် ရေးသားမှတ်တမ်းတင်ခြင်းအပြင် လူအများကအလွတ်ကျက်မှတ်ပြီး စိတ်နှလုံးမှာ မှတ်တမ်းတင်ခြင်းကို တစ်ပြိုင်တည်း ပြုခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ဒီ့အပြင်မွတ်စလင်မ်တွေဟာ ကုရ်အာန်ကျမ်းစာရဲ့ အစိတ်အပိုင်းတွေကို မိမိတို့ရဲ့ နေ့စဉ်(၅)ကြိမ်ဆွလားသ် ၀တ်ပြုမှုမှာ နေ့စဉ်ဖတ်ရွတ် ဆင်ခြင်ခြင်း၊ ဟာဖိဇ်ွခေါ် ကုရ်အာန်ကျမ်းစာကို အစအဆုံး အလွတ်ကျက်မှတ် အာဂုံဆောင် သူများကမ္ဘာနဲ့အ၀ှမ်း နှစ်စဉ်မွေးထုတ်ပေးနေခြင်းနဲ့ မွတ်စလင်မ် ကျားမမရွေး အမြလဲိုလို ကုရ်အာန်ကို ရွတ်ဖတ်နေခြင်းတို့ကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ရှေးကျမ်းစာအသီးသီးကို ဒီလို ပီပီပြင်ပြင် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ဒီနေ့ဆိုရင် ကမ္ဘာပေါ်မှာ ကုရ်အာန်ကျမ်းစာကို ကမ္ဘာ့ဘာသာစကား အသီးသီးနဲ့ ဘာသာပြန်ဆိုထားပြီးဖြစ်ပါတယ်။ ဘာသာပြန်ဆိုသူတွေရဲ့ အရည်အသွေးအလိုက် အယူအဆ ကွဲလွဲချက်အချို့ ရှိနေပေမယ့်ဒီကွဲလွဲချက်တွေကို မှတ်ကျောက်တင် ဆန်းစစ်နိုင်ဖို့ အရဗီစာပေနဲ့ မူရင်းကုရ်အာန် ရှိနေခြင်းဟာ အစ္စလာမ်ရဲ့ ထူးခြားချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။ကုရ်အာန်၏အရဗီဘာသာစာပေ၏အံ့ဖွယ်ကမ္ဘာပေါ်မှာ အရဗီစကား ပြောတဲ့နိုင်ငံများစွာရှိနေပြိး ဒေသအလိုက် အနည်းငယ် ကွဲပြားမှုရှိနေပေမယ့်ကုရ်အာန်ကျမ်းစာမှာ သုံးထားတဲ့ အရဗီစာပေကတော့ အားလုံးအတွက် စံနမူနာပြဲဖစ်ပါတယ်။ ဒီ့အပြင် အရဗီဘသာစကားဟာ မပြောပလောက်တဲ့ လူအနည်းငယ်သာ သုံးစွဲနေတဲ့ ဘာသာစကားအသေ (Dead Language)မျိုးလဲမဟုတ်ဘဲနဲ့ ကမ္ဘာ့လူအများစုသုံးစွဲနေတဲ့ ရှင်သန်နေတဲ့ ဘာသာစကားတစ်ခုဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်များသာမကဘဲ မွတ်စလင်မ်မဟုတ်သူများပါ သုံးစွဲနေပြီး အခုဆိုရင် ကမ္ဘာ့အဆင့်မြင့် တက္ကသိုလ်ကြီးမှာအာရဗီစာပေဌာန သီးခြားထားရှိနေပြီ ဖြစ်ပါတယ်။
ဒါတင်မ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ရုံးသုံးဘာသာစကား (၆) မျိုးအနက် အရဗီဟာ တစ်မျိုးအပါအ၀င်ဖြစ်နေပါပြီ။ဒီ့အပြင် ဒီနေ့ကမ္ဘာရဲ့ သိပ္ပံပညာနဲ့ နိုင်ငံရေးနယ်ပယ်အသီးသီးမှာ စာပေဝေါဟာရတွေကျယ်ပြန့်လာ ချိန်မှာအရဗီစာပေဟာ ခေတ်၊ စနစ်၊ အသိပညာရဲ့ လိုအပ်ချက်တွေကို အဆင့်မြင့်စာပေတစ်ရပ်အနေနဲ့ ဖြည့်ဆည်းပေးနေတယ်ဆိုတာ တွေ့ရှိလာခဲ့ပါတယ်။ ဥပမာ- ကမ္ဘာ့မွတ်စလင်မ်အဖွဲ့ချုပ် (ရာဗိသွဟ်) ကနေပြီး ဒီနေ့ ကမ္ဘာ့သိပ္ပံပညာရပ်အသီးသီးရဲ့ ကမ္ဘာကျော်ပါရဂူ (၁၄) ဦးကို နိုင်ငံအသီးသီးက ခေတ်ခေါ်ပြီး အရဗီကုရ်အာန်ကျမ်း မူရင်းနဲ့တမန်တော်မုဟမ္မဒ်သခင်(صلى الله عليه وسلم) သြ၀ါဒမှတ်တမ်းထဲက သက်ဆိုင်ရာ သိပ္ပံ၊ ၀ိဇ္ဇာ နည်းပညာဘာသာ ရပ်အလိုက်အချက်အလက်တွေကို ထုတ်ပေးပြီး လက်တွေ့ နောက်ဆုံးပေါ် ပညာတွေနဲ့ စမ်းသပ် စစ်ဆေးစေခဲ့တဲ့အခါသုတေသနအဆုံးမှာ ကမ္ဘာ့ပါရဂူအားလုံးက အရဗီကုရ်အာန်ကျမ်းနဲ့ တမန်တော်ရဲ့ သြ၀ါဒ မှတ်တမ်းတွေကိုခေတ်ရှေ့ပြေးနေတဲ့ အံ့ဖွယ်အဖြစ် ချီးကျူး ဂုဏ်ပြု ကြေငြာခဲ့ကြရပါတယ်။ သူတို့တွေရဲ့ ကုရ်အာန်အပေါ် သုတေသနနဲ့တွေ့ရှိချက်များကို This Is The Truth (သည်မှာသစ္စာတရားတည်း) ဆိုတဲ့စာအုပ်နဲ့ ဗွီဒိယို၊ ဗီစီဒီခွေများအဖြစ် ကမ္ဘာကိုဖြန့်ချိနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒီပါရဂူ(၁၄) ဦးထဲမှာ(၁) ဦးကလွဲလို့ ကျန်သူတွေဟာ မွတ်စလင်မ်တွေမဟုတ်ကြပါဘူး။ အဲဒီအထဲက ယိုးဒယားက ပါမောက္ခ တာဂါစုမ်ကတော့ အစ္စလာမ်ကို လက်ခံလိုက်ကြောင်းကြေငြာသွားခဲပါတယ်။
ကုရ်အာန်ကျမ်းစာဖွဲ့စည်းပုံ
(မက္ကဟ်နှင့်မဒီနဟ်စူရဟ်)ကုရ်အာန်ကျမ်းစာဟာ မုဟမ္မဒ်သခင်(صلى الله عليه وسلم) သက်တော်(၄၀) ပြည့်တဲ့အခါ အာရေဗျဒေသ၊ မက္ကာဟ်မြို့ပြင်မှာရှိတဲ့ ဟီရာ လို့ခေါ်တဲ့ သုတေသန လှိုဏ်ဂူမှာ တရားဆင်ခြင်နေစဉ် အနိုင်းမဲ့ ကိုးကွယ်ရာ မြတ်အလ္လာဟ်ကကောင်းကင်တမန် ဂျီဗရာအီလ်ကနေတစ်ဆင့် စတင် ထုတ်ပြန်ပို့ချခဲ့တာပါ။ အရဗီပြက္ခဒိန်အရတော့ ရမဒွန်လထဲမှာဖြစ်ပါတယ်။ ပညာရှင်အများစုကတော့ (၂၇) နေ့ညလို့ မှတ်တမ်းတင်ထား ကြပါတယ်။ အဲဒီလို ကုရ်အာန် စတင်ထုတ်ပြန်ပို့ချတဲ့ ညကို ကဒရ်ညဥ့်(၀ါ) တိုင်းတာသတ်မှတ်တဲ့ညဥ့်လို့ အလ္လာဟ်က ဂုဏ်ပြုဖော်ပြ ထားပါတယ်။ (ကုရ်အာန်၉၆း၁-၆)။ ဆိုလိုတာက လူတစ်ဦးချင်းဖြစ်စေ၊ လူအဖွဲ့ အစည်းဖြစ်စေ သူတို့ရဲ့ အောင်မြင်မှုနဲ့ ဆုံးရှုံးမှုကံကြမ္မာကိုကုရ်အာန်ရဲ့လမ်းညွှန်ချက်နဲ့ တိုင်းတာသတ်မှတ် လိုက်လို့ဖြစ်ပါတယ်။ ဘယ်သူမဆို အနှိုင်းမဲ့ကိုးကွယ်ရာမြတ်အလ္လာဟ်ကို သက်ဝင်ယုံကြည်ပြီး ကုရ်အာန်ရဲ့ လမ်းညွှန်အတိုင်း ကျင့်သုံးနေထိုင်ရင် လောကီဘ၀ရော၊မတလွန်ဘ၀မှာပါ အောင်မြင်ငြိမ်းချမ်းမှု ရရှိမှာဖြစ်ပြီး ဘယ်သူမဆို အလ္လာဟ်ကိုငြင်းပယ်မယ်၊ ကုရ်အာန်ရဲ့လမ်းညွှန်ချက်တွေကို ဆန့်ကျင်နေထိုင်မယ်ဆိုရင် လောကီနဲ့ တမလွန် နှစ်ဘ၀စလုံး ဆုံးရှုံး နစ်နာမှာဖြစ်ပါတယ်။
အဲဒီလို ကုရ်အာန် စတင်ထုတ်ပြန်ခြင်းနဲ့အတူ မုဟမ္မဒ်သခင်(صلى الله عليه وسلم)ကိုလည်း နဗီတမန်တော် တာဝန်ကို စတင်ပေးအပ်ခဲ့ပါတယ်။ တမန်တော်မြတ်ရဲ့ မက္ကာဟ်မြို့(၁၃)နှစ်တာ တမန်တော်သက်တမ်း ကိုကြည့်ရင်ဖန်ဆင်းတာလည်းအလ္လာဟ်၊ ထိန်းသိမ်း စောင့်ရှောက် နေတာလည်း အလ္လာဟ်၊ တရားစီရင် စစ်ဆေးမှာလည်းအလ္လာဟ်ဆိုတဲ့ အလ္လာဟ်တစ်ပါးတည်းသာ အနှိုင်းမဲ့ကိုးကွယ်ရာဆိုတဲ့ (သောင်ဟီးဒ်)တရားကို ဟောကြားရတဲ့ အခါအလ္လာဟ်ကိုငြင်းသူတွေ၊ အလ္လာဟ်ကိုလက်ခံပေမယ့် အခြားတစ်စုံတစ်ရာ(နတ်)တွေနဲ့ နှိုင်းယှဉ်ကိုးကွယ် သူတွေကအပြင်းအထန် ဆန့်ကျင်မှုတွေ ခံခဲ့ရတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မက္ကာဟ်ကာလ ကုရ်အာန်အာယသ်လမ်းညွှန်တွေကိုကြည့်ရင် ယုံကြည်ချက် သန့်စင်ဖွံ့ဖြိုးရေး (Purity of Faith) ကိုဦးစားပေးထားတာကို တွေ့ရပါတယ်။ဖိနှိပ်ညှင်းပန်းမှုတွေ ရှိနေတဲ့အတွက် ကျင့်စဉ်ခန်းတွေ များစွာမတွေ့ရပါဘူး။ ဒါပေမယ့် မဒီနဟ်ကာလ(၁၀)နှစ်ကိုကြည့်ရင်တော့ အစ္စလာမ့်နိုင်ငံတော် လွတ်လပ်စွာထူထောင်နိုင်ပြီး ဖြစ်တဲ့အတွက် ပညာရေး၊ စီးပွားရေး၊ကျန်းမာရေး၊ စစ်နဲ့ငြိမ်းချမ်းရေး၊ လူမှုရေး၊ ပြန်ကြားရေး၊ ဘာသာခြားနဲ့ ဆက်ဆံရေး၊ အုပ်ချုပ်ရေးစတဲ့ လမ်းညွှန်ဥပဒေတွေ၊ရုပ်နဲ့ စိတ်ဝိညာဉ် သန့်စင်ဖွံ့ဖြိုးရေးအတွက် ၀တ်ပြုတည်ဆောက်မှုဆိုင်ရာ ကျင့်စဉ်တွေစတဲ့ အစ္စလာမ့် တရားဥပဒေရေးရာတွေနဲ့ ပတ်သက်တဲ့ ကုရ်အာန်အာယသ်များစွာကို တွေ့ရမှာဖြစ်ပါတယ်။ ကုရ်အာန်ထဲမှာ ရုပ်နဲ့နာမ်၊ တစ်ဦးနဲ့အများ၊လောကီနဲ့ တမလွန် အားလုံးအတွက် ပြီးပြည့်စုံတဲ့ လမ်းညွှန် အားလုံးပါဝင်နေပါတယ်။
တမန်တော်မြတ်(صلى الله عليه وسلم)ဟာ မဒီနဟ်ရောက်ပြီး(၈) နှစ်မြောက် (ဟစ်ဂျရီ-၈ခုနှစ်) မှာ မက္ကဟ်မြို့ကို ငြိမ်းချမ်းစွာအောင်နိုင်ပြီး မဒီနဟ်မြို့မှာပဲ စံမြန်း နေခဲ့ပါတယ်။ ဟစ်ဂျရီ(၁၀) ခုနှစ်မှာ နောက်ဆုံးဟဂ်ျ ကျင့်စဉ်ပြုပြီး (တမန်တော်မြတ်နောက်ဆုံး ဟဂ်ျပြုနေစဉ်မှာပဲ ကုရ်အာန်ရဲ့ နောက်ဆုံးအာယသ် (၅း၃) ကျရောက်ခဲ့ပါတယ်) နောက်အလ္လာဟ့်ကရုဏာတော် ခံယူကာ အလ္လာဟ်ထံ ပြန်ကြွသွားတော်မူခဲ့ပါတယ်။တမန်တော်မြတ်(صلى الله عليه وسلم)ရှိစဉ်ကတည်းက ကုရ်အာန်ကို ချက်ခြင်း စာဖြင့်မှတ်တမ်းတင်ခြင်း၊ အာဂုံဆောင်ကျက်မှတ်ခြင်းတို့နဲ့ မှတ်တမ်းတင်ခဲ့ ကြတဲ့အတွက် တမန်တော်မြတ်(صلى الله عليه وسلم)) မကွယ်လွန်ခင် ကတည်းက ကုရ်အာန်ကျမ်းမြတ် အစအဆုံးကို မှတ်တမ်းတင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အလ္လာဟ်က ကုရ်အာန်ကို တမန်တော်မြတ် ခေတ်လူတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ အချိန်နဲ့အားလျော်စွာ ကုရ်အာန်အာယသ်တွေကို ချပေးခဲ့ပေမယ့် ပြီးပြည့်စုံသွားတဲ့အခါကျတော့ အဲဒီအစီအစဉ်အတိုင်းမဟုတ်တော့ဘဲ ခေတ်တိုင်းအတွက် လမ်းညွှန်ဥပဒေအဖြစ် အသုံး ချနိုင်ဖို့လက်ရှိ အစီအစဉ်အတိုင်း တမန်တော်မြတ်(صلى الله عليه وسلم)) ကိုစီစဉ် စေခဲ့ပါတယ် ဒီ့အပြင် ကျပြီးသလောက် အာယသ်တွေကိုနှစ်စဉ်တမန်တော်မြတ်(صلى الله عليه وسلم)က ရမဒွါန်လရောက်ရင်` လက်ရှိအစီအစဉ်အတိုင်း ရွတ်ဖတ်ပြရပါတယ်။
ဒါကြောင့်ကုရ်အာန်ကျမ်းစာမှာ စူရဟ်ခေါ် ကဏ္ဍပေါင်း(၁၁၄) ပုဒ်ပါဝင်ပြီး ကဏ္ဍတစ်ခုချင်းစီကို အာယသ်လို့ခေါ်တဲ့လမ်းညွှန်/သက်သေလက္ခဏာ စာကြောင်းများနဲ့ ဖွဲ့စည်းထားပါတယ်။ စူရဟ်ခေါ် ကဏ္ဍတစ်ခုချင်းဟာ အတိုအရှည်မတူကြပါဘူး။ ဥပမာ- အရှည်ဆုံးစူရဟ် အမှတ်-(၂)ဟာ အာယသ်လမ်းညွှန်ပေါင်း(၂၈၆) ပါဝင်ပြီး အတို ဆုံးစူရဟ်ကဏ္ဍအမှတ်(၁၀၈)မှာ အာယသ်လမ်းညွှန်ပေါင်း(၃) ကြောင်းသာပါဝင်ပါတယ်။
ကုရ်အာန်အပေါ်သံသယရှိသကုရ်အာန်အပေါ်သံသယရှိသူများကိုဖိတ်ခေါ်ချက်ဖန်ဆင်းရှင် အလ္လာဟ်ကိုယ်တိုင် ကုရ်အာန်နဲ့ ပတ်သက်ပြီး သံသယရှိသူများကို အခုလို လမ်းညွှန် ဖိတ် ခေါ်ထားပါတယ်။“ထို့အပြင် အကယ်၍ အသင်တို့သည် ငါ(အလ္လာဟ်) အရှင်မြတ် ထုတ်ပြန်ပို့ချတော်မူခဲ့သောအရာ (ကုရ်အာန်)နှင့်စပ်လျဉ်း၍ ယုံမှားသံသယရှိခဲ့ကြပါလျှင် အသင်တို့သည် ယင်း(ကုရ်အာန်)နှင့် အလားတူ စူရဟ်ကဏ္ဍတစ်ပုဒ်ကိုယူဆောင်လာကြကုန်လော့။
ထို့အပြင် အသင်တို့သည် မှန်သောစကားကိုဆိုသူများဖြစ်ခြဲ့ကပါလျှင် (ယင်းသို့ယှဉ်ပြိုင်ကြရာတွင်) အလ္လာဟ်အရှင်မြတ်မှအပ အခြားယိုင်းပင်းကူညီမည့် သူများကိုလည်း ခေါ်ဆောင်လာ ကြကုန်လော့။သို့သော်အသင်တို့သည် (ကုရ်အာန်ကျမ်းမြတ်နှင့်ယှဉ်ပြိုင်ခြင်းကို အတိတ်ကာလတွင်လည်း) မလုပ်နိုင်ခဲ့ကြ၊(မျက်မှောက်ကာလတွင်လည်း) လုပ်နိုင်ကြသည်လည်းမဟုတ်၊ (နောင်အနာဂတ်တွင်လည်း) အလျှင်း လုပ်နိုင်ကြဦးမည်မဟုတ်ချေ၊ သို့ဖြစ်ပေရာ အသင်တို့သည် ငရဲမီးကို အသိထားကြလော့။ ယင်း၏ လောင်စာမှာ လူများနှင့် ကျောက်တုံးများဖြစ်ကြပေမည်။ အမှန်တရားကို ငြင်းပယ်ကြသူတို့အတွက် အသင့်ပြင် ထားပြီးဖြစ်ချေသည်” (ကုရ်အာန် ၂း၂၃-၂၄)အခုကမ္ဘာပေါ်မှာ အရဗ်နိုင်ငံတွေထဲမှာ မွတ်စလင်မ်မဟုတ်တဲ့ အရဗ်များစွာရှိနေကြပါတယ်။
ဒီ့အပြင် ကမ္ဘာလူမျိုးအသီးသီးမှာ မွတ်စလင်မ်မဟုတ်ပေမယ့် အရဗီကျွမ်းကျင်သူ များစွာလည်း ရှိနေပါတယ်။ ဂျူးတွေဆို ရင်လည်းအရဗီအလွန် ကျွမ်းကျင်သူတွေရှိကြပါတယ်။ အနောက်တိုင်းတက္ကသိုလ်ကြီးတွေ၊ ရုရှားနိုင်ငံရဲ့မော်စကိုတက္ကသိုလ်တွေမှာ အရဗီလေ့လာရေးဌာနကြီးတွေလည်း သီးခြားဖွင့်ထားပါတယ်။ ဒါပေမဲ့ ကုရ်အာန်ကျမ်းစာရဲ့အခုဖော်ပြခဲ့တဲ့စိန်ခေါ်ချက်ကို တုန့်ပြန်နိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိတဲ့အပြင် ကုရ်အာန်ကိုလေ့လာလိုက်ကြတဲ့သူတွေဟာ အမှန်တရားကိုသိမြင်ပြီး အစ္စလာမ်ဘာသာဝင်တွေဖြစ်လာခြဲ့ကလို့ အခုဆိုရင် အစ္စလာမ်ဟာကမ္ဘာပေါ်မှာအမြန်ဆုံးပြန့်ပွားနေတဲ့ သာသနာလို့တောင် Jehovah Witness က ဖေါ်ညွှန်းနေပါ တယ်။
အစ္စလာမ်ကို ရန်လိုနေကြတဲ့သူတွေအနေနဲ့ အစ္စလာမ်နဲ့ တမန်တော်မြတ်(صلى الله عليه وسلم)ကို မဟုတ်မမှန် လုပ်ကြံပြောဆိုရေးသားနေကြမယ့်အစား စာကြောင်း(၃)ကြောင်းလောက် ကုရ်အာန်န့ယှဲဉ်ပြီး ရေးပြနိုင်ရင် ပိုပြီးထိရောက်မှာပါ။ဒါပေမယ့် အလ္လာဟ်က ကတိပေးထားပြီးဖြစ်ပါတယ်။ (ကုရ်အာန် ၂း၂၄၊ ၁၅း၉) ဒီအပြင်ကုရ်အာန် ရဲ့ အလင်းရောင်ဟာကမ္ဘာကို လွှမ်းသွားမယ်လို့လည်း ဆိုထားပါတယ်။ အမှန်တရားမှာ အင်အားရှိပြီးသားဖြစ်ပါတယ်။ညီနောင်၊ ညီအစ်မများအနေနဲ့ ကျွန်တော်မကြာသေးခင်ကတင်ပြခဲ့တဲ့ “ကုရ်အာန်အပေါ်ထားရှိရမယ့်မွတ်စလင်မ်တို့၏တာဝန်များ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဤခေါင်းစဉ်ကို ယှဉ်တွဲလေ့လာပြီး ကုရ်အာန်ကို အပြည့်အ၀ ယုံကြည်ပါ။
သဂ်ျဝီးဒ်ပညာနဲ့ စနစ်တကျ ရွတ်ဖတ်ပါ။ အဓိပ္ပါယ် နားလည်အောင် ကြိုးစားပါ။ လက်တွေ့လိုက်နာ ကျင့်သုံးပါ။အခြားသူများ သိအောင်လည်း ကုရ်အာန်ရဲ့ အသိပညာတွေကို ကာယ၊ ဥာဏ၊ ဓနနဲ့ ၀ိုင်းဝန်းကူညီ ဖြန့်ကြပါလို့တိုက်တွန်းရင်း အလ္လာဟ်က(၄) ကြိမ်မေးထားတဲ့ ဒီမေးခွန်းကို ဘ၀မှာ မသေခင်ဖြေဖို့ တိုက်တွန်း လိုက်ပါတယ်။“မုချဧကန် ငါအရှင်မြတ်သည် ကုရ်အာန်ကို ကျက်မှတ်တရားရယူရန်အတွက် လွယ်ကူစေတော်မူခဲ့ရာ ကျက်မှတ်တရားရယူသူတစ်ဦးတစ်ယောက်ရှိပါ၏လော”။ (ကုရ်အာန် ၅၄း၁၇၊ ၅၄း၂၂၊ ၅၄း၃၂၊ ၅၄း၄၀)
အလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)
Special thanks to Brother Ko Min Than Win
copy from  http://islam-yaungche.blogspot.com/
Thursday, 8 October 2009
ငါတို့သည် မွတ်စလင်(မ်)များ၊ဖြစ်ခဲ့ကြလေလျင် ကောင်းစွဟု ၊ကာဖိရ်များကတမ်းတကြမည်ဖြစ်ခြင်း။
အတိတ်ခေတ်များတွင်လည်းကာဖိရ်များကတမန်တော်များအား( မဂ်ျနူန် ၊ ရှာအစ်ရ် ၊ စာဟစ်ရ် ၊ ကာဟင်န်၊ မုအလ္လမ် ) စသည်ဖြင့်မဟုတ်မမှန်လုပ်ကြံ၍အမျိုးမျိုးစွပ်စွဲပြောဆိုခဲ့ကြပေသည်။
အတိတ်ခေတ်များတွင်အချို့မြို့၊ရွာများနှင့်အမျိုးသားများသည်မိမိတို့၏ပြစ်မှုများကြောင့်ကွပ်မျက်ဖျက်ဆီးခြင်းခံခဲ့ကြရ၏။
၎င်းတို့ကိုကွပ်မျက်၊ဖျက်ဆီးခြင်းခံကြရမည့်အချိန်ပိုင်းကိုလည်းအလ္လာဟ်အသျှင်မြတ်သိရှိတော်မူပြီးဖြစ်၏။
ထိုအသျှင်မြတ်၌မေ့မှားမှု၊သတိလစ်ဟင်းမှုဟူ၍ကားအလျင်းမရှိ။
ထိုအသျှင်မြတ်ထားရှိတော်မူသောကတိတော်သည်ပျက်ပြားသည်ဟူ၍လည်းအလျင်းမရှိ။
လူမျိုးတစ်မျိုးအဖို့သတ်မှတ်ထားသည့်အချိန်ပိုင်းစေ့၍၊ပြစ်ဒဏ်သက်ရန်အချိန်ကျရောက်လာသောအခါထိုအမျိုးသားများသည်မလွဲဧကန်ပျက်ဆီးခြင်းခံကြရ၏။
လက်ရှိကာဖိရ်များသည်လည်းယခုကဲ့သို့ပြစ်ဒါဏ်မသင့်သေးဘဲ၊အချိန်ရနေသည့်အတွက်အယူအဆမမှားသင့်ကြပေ။မမောက်မာသင့်ကြပေ။
လက်ရှိကာဖိရ်များအဖို့သတ်မှတ်ထားသည့်အချိန်ပိုင်းစေ့၍ပြစ်ဒါဏ်တော်သင့်ရန်အချိန်ကျရောက်လာသောအခါ
၎င်းတို့သည်လည်းထိုအသျှင်မြတ်၏ပြစ်ဒါဏ်တော်မှအလျဉ်းလွတ်မြောက်နိုင်ကြမည်မဟုတ်ပေ။
အားလုံးကွပ်မျက်ဖမ်းဆီးခြင်းခံကြရမည်သာဖြစ်သည်။
ယခုကဲ့သို့၎င်းတို့အားခွင့်ပြုတော်မူထားခြင်းမှာအကြောင်းမဲ့မဟုတ်။အကြောင်းအမျိုးမျိုးရှိသည်။
ဥပမာ.....ယင်းကာဖိရ်များအနက်မှသော်၎င်း၊
အီမာန်ယုံကြည်ကြမည်ဖြစ်သည်။ဤသည်ရေးမှတ်ထားပြီးဖြစ်သည်။
အကယ်၍သာယင်းကာဖိရ်များအားရုတ်တရက်၊ချက်ချင်းကွက်မျက်တော်မူလိုက်ပါကအီမာန်ယူရန်အချိန်ရရှိနိုင်မည်မဟုတ်ပေ။
ထို့အတွက်လည်းအနည်းငယ်အချိန်ဆွဲထားတော်မူခြင်းဖြစ်သည်။
ကည့်...ကုရ်အာန် (၂၆း၂၇ ။ ၃၇း၃၆ ။ ၄၄း၁၄ ။ ၅၁း၃၉ ။၅၁း၅၂ ။၅၄း၉ ။၆၈း၅၁ )။
Saturday, 3 October 2009
ဖက်ဆစ်တိုက်ဖျက်ရေး၊ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်(ဖဆပလ)ဥက္ကဌကြီး..ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းကောက်နှုတ်ချက်...
ဖဆပလ..အဖွဲ့ချုပ်ဟာတစ်ဦးတစ်ယောက်၏ကိုယ်ပိုင်အဖွဲ့အစည်းမဟုတ်။
ဂျပန်လက်ထက်မှာဂျပန်တွေကပြည်သူတွေကိုအမျိုးမျိုးနှိပ်စက်စော်ကားပြီး၊ဘာမှအဆီအနှစ်မရှိသောလွတ်လပ်ရေးကိုဗန်းပြပြီးသွေးစုပ်နေကြတယ်။
ဒါကြောင့်တကယ့်အစစ်အမှန်လွတ်လပ်ရေး..ရအောင်၊ပါတီပေါင်းစုံ၊လူမျိုးမရွေးဘာသာမရွေး၊တပြည်လုံးသွေးစည်းပြီး၊လုပ်မယ်ဆိုတဲ့သဘောနဲ့ ၁၉၄၅ခုနှစ်သြဂုတ်လကဖွဲ့စည်းခဲ့တာဖြစ်တယ်။
နေသူရိန်လူထုအစည်းအဝေးကြီး
၁၉၄၅ခုနှစ်သြဂုတ်လ(၁၉)ရက်
ဗိုလ်ချုပ်အောင်ဆန်း..မိန့်ခွန်း
အခမ်းအနားမှူး..သ္ခင်ချစ်..(မှ..ကောက်နှုတ်တင်ပြပါသည်။)
Sunday, 27 September 2009
ဂျာမဏီနိုင်ငံFrankfurt မြို့၏..၂၀၀၉ ခုနှစ် အီးဒ်ဒွလ်ဖွသွာရ်မိတ်ဆုံစားပွဲအခမ်းအနားကျင်းပခြင်း
ဟစ်ဂျရီသက္ကရာဇ်..၁၄၃၀ခုနှစ်၊ရှောင်ဝလ်လ(၈)ရက်၊၂၀၀၉ခုနှစ်၊စက်တင်ဘာလ(၂၆)ရက်နေ့တွင်Germanyနိုင်ငံFrankfurt မြို့Höchstဘူတာရှိ Pfarrheim St.Josef ခန်းမ၌..မြန်မာမွတ်စလင်ရေးရာ(ဂျာမဏီ)M.B.M.A မှာကြီးမှူး၍ ၊အလ္လာဟ်အသျှင်မြတ်၏မဟာဂရုဏာတော်ဖြင့်”အီးဒ်ဖွသွာရ်မိတ်ဆုံစားပွဲ”..ကိုနေ့လည်(၁၁း၀၀)နာရီမှစတင်၍ည(၈း၃၀)နာရီထိစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
အခန်းအနားကို၊ပထမဦးစွာကေရာအသ်ဖတ်ပြီးဒိုအာဖြင့်အခန်းအနားကိုဖွင့်လှစ်ခဲ့ပါသည်။
ယင်းအခန်းအနား၌ယခင်နှစ်များနှင့်မတူအောင်၊ခလေးများအတွက်ပျော်ရွှင်စရာကစားနည်းမျိုးစုံကစားခဲ့သည့်အတွက်ခလေးများကြိုက်နှစ်သက်ခဲ့ကြပါသည်။
လက်ဆောင်ပစ္စည်းလဲလှယ်ခြင်းအစီအစဉ်ကိုလည်းပြုလုပ်ခဲ့ပါသည်။ နေ့လည်စာနှင့်မုန့်အချိုပွဲများကိုစုပေါင်းစားသောက်ခဲ့ကြပါသည်။
အီးဒ်ဒွလ်ဖွသွာရ်မိတ်ဆုံစားပွဲကျင်းပရခြင်းရည်ရွယ်ချက်မှာ..တစ်နှစ်တာလုံးကွဲကွာနေသောရပ်ဝေး၊ရပ်နီးမှမြန်မာမွတ်စလင်(မ်)များအားလုံး၊မိသားစုဝင်များအားလုံး၊ညီအကိုမောင်နှမများအားလုံးတို့အား၊ချစ်ခင်ရင်းနှီးစေပြီးပြန်လည်ဆုံဆည်းပျော်ရွှင်စေရန်ရည်ရွယ်လျက်ကျင်းပရခြင်းဖြစ်ပါသည်။
ရပ်ဝေးရပ်နီးမှရောက်ရှိလာသောမွတ်စလင်များအားလုံး၊အမျိုးသား၊အမျိုးသမီးများအားလုံးချစ်ခင်ရင်းနှီးစွာ.(မိုလာကသ်)ပြုလုပ်ခဲ့ကြပါသည်။အီးဒ်ဖွသွာရ်မိတ်ဆုံစားပွဲအခန်းအနားကိုည(၈း၃၀)နာရီတွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။
Sunday, 13 September 2009
ရှရီအာသ်တရားတော်မှတားမြစ်ထားသော...ပစ္စည်းရှာဖွေနည်း
(၁)...တစ်ပါးသူ၏ပစ္စည်းကိုထိုသူ၏ကျေနပ်မှုမရရှိပဲ၊အဖိုးအခမပေးပဲ၊အဓမ္မယူခြင်း၊လုယူခြင်း။
(၂)...အကျိုးကိုမျှော်လင့်၍တံစိုးလက်ဆောင်ပေးခြင်း၊ယူခြင်း။
(၃)...ရောင်းဝယ်ရာ၌မုသားပြောခြင်း၊မုသားကစမ်ကျိန်ဆိုခြင်း။
(၄)...အလွဲသုံးစားပြုပြီးရယူခြင်း။
(၅)...ခိုးယူခြင်းနှင့်ဓါးပြတိုက်ခြင်း။
(၆)...ယသီးမ်(မိမဲ့၊ဖမဲ့)ကလေးတို့၏ဥစ္စာပစ္စည်းတို့ကိုမလိုအပ်ပဲသုံးစွဲခြင်း။
(၇)...ချိန်တွယ်ရာတွင်အတိုးအလျော့ပြုလုပ်ခြင်း။
(၈)...မဖွယ်ရာသောကိစ္စများပျံ့နှံ့စေမည့်လုပ်ငန်းများပြုလုပ်ခြင်း။
(၉)...အရက်သေစာရောင်းဝယ်ဖောက်ကားခြင်း။
(၁၀)..ဇိနာမှုဖြင့်စီးပွားရှာခြင်း။
(၁၁)..မူးယစ်ဆေးဝါးပြုလုပ်ရောင်းဝယ်ခြင်း။
(၁၂)..လောင်းကစားမှုဖြင့်ငွေရှာခြင်း။
(၁၃)..ရုပ်တု၊ရုပ်ပုံ၊အရုပ်ပြုလုပ်၍ရောင်းဝယ်ခြင်း။
(၁၄)..ဗေဒင်လက္ခဏာလုပ်ငန်းလုပ်ကိုင်ခြင်း။
(၁၅)..အတိုးပေး၊အတိုးယူခြင်း။
Saturday, 12 September 2009
The Qur'an was revealed on Laylatul-Qadr
Allah tells us that He revealed the Magnificent Qur'an on a blessed night, Laylatul-Qadr (the Night of Decree), as He says elsewhere:
﴿إِنَّا أَنزَلْنَـهُ فِى لَيْلَةِ الْقَدْرِ ﴾
(Verily, We have sent it down in the Night of Al-Qadr) (97:1). This was in the month of Ramadan, as Allah tells us:
﴿شَهْرُ رَمَضَانَ الَّذِى أُنزِلَ فِيهِ الْقُرْآنُ﴾
(The month of Ramadan in which was revealed the Qur'an) (2:185). We have already quoted the relevant Hadiths in (the Tafsir of) Surat Al-Baqarah, and there is no need to repeat them here.
﴿إِنَّا كُنَّا مُنذِرِينَ﴾
(Verily, We are ever warning.) means, telling them what is good for them and what is harmful for them, according to Shari`ah, so that the proof of Allah may be established against His servants.
﴿فِيهَا يُفْرَقُ كُلُّ أَمْرٍ حَكِيمٍ ﴾
(Therein (that night) is decreed every matter, Hakim.) means, on Laylatul-Qadr, the decrees are transferred from Al-Lawh Al-Mahfuz to the (angelic) scribes who write down the decrees of the (coming) year including life span, provision, and what will happen until the end of the year. This was narrated from Ibn `Umar, Mujahid, Abu Malik, Ad-Dahhak and others among the Salaf.
﴿حَكِيمٌ﴾
(Hakim) means decided or confirmed, which cannot be changed or altered. Allah says:
﴿أَمْراً مِّنْ عِنْدِنَآ﴾
(As a command from Us.) meaning, everything that happens and is decreed by Allah and the revelation that He sends down -- it all happens by His command, by His leave and with His knowledge.
﴿إِنَّا كُنَّا مُرْسِلِينَ﴾
(Verily, We are ever sending,) means, to mankind, sending Messenger who will recite to them the clear signs of Allah. The need for this was urgent.
﴿رَحْمَةً مِّن رَّبِّكَ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ رَّبُّ السَّمَـوَتِ وَالاٌّرْضِ وَمَا بَيْنَهُمَا﴾
((As) a mercy from your Lord. Verily, He is the All-Hearer, the All-Knower. The Lord of the heavens and the earth and all that is between them,) means, the One Who sent down the Qur'an is the Lord, Creator and Sovereign of the heavens and the earth and everything in between them.
﴿إِن كُنتُمْ مُّوقِنِينَ﴾
(if you (but) have a faith with certainty.) Then Allah says:
﴿لاَ إِلَـهَ إِلاَّ هُوَ يُحْىِ وَيُمِيتُ رَبُّكُمْ وَرَبُّ ءَابَآئِكُمُ الاٌّوَّلِينَ ﴾
(La ilaha illa Huwa. He gives life and causes death -- your Lord and the Lord of your forefathers.) This is like the Ayah:
﴿قُلْ يَأَيُّهَا النَّاسُ إِنِّى رَسُولُ اللَّهِ إِلَيْكُمْ جَمِيعًا الَّذِى لَهُ مُلْكُ السَّمَـوَتِ وَالاٌّرْضِ لا إِلَـهَ إِلاَّ هُوَ يُحْىِ وَيُمِيتُ
(Say: "O mankind! Verily, I am sent to you all as the Messenger of Allah -- to Whom belongs the dominion of the heavens and the earth. La ilaha illa Huwa. He gives life and causes death...) (7:158)
Monday, 7 September 2009
အီးဒွလ်ဖွသွာရ်..မိတ်ဆုံစားပွဲ..ဖိတ်ကြားလွှာ..
အပ်စလာမ်မို့အာလိုင်းကွမ်း...
အီးဒွလ်ဖွသွာရ်..မိတ်ဆုံစားပွဲ..ဖိတ်ကြားလွှာ..
အလ္လာဟ်အသျှင်မြတ်၏မဟာဂရုဏာတော်ဖြင့်....
မြန်မာမွတ်စလင်(မ်)ရေးရာ..(ဂျာမဏီ)မှ..ကြီးမှူး၍..
ဂျာမဏီရောက်မြန်မာမွတ်စလင်(မ်)များ၊ဥရောပရောက်မြန်မာမွတ်စလင်(မ်)များအားလုံး..
စုပေါင်းပျော်ရွှင်ပြန်လည်ဆုံဆည်းစေရန်ရည်ရွယ်လျက်....
အီးဒွလ်ဖွသွာရ်..မိတ်ဆုံစားပွဲ...ကို
အောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါ၍ကြွရောက်ကြပါရန်
လေးစားစွာဖိတ်ကြားအပ်ပါသည်။
အစီအစဉ်....
နေ့ရက်....ဟစ်ဂျရီ..၁၄၃၀ခုနှစ်၊ရှောင်ဝလ်လ(၈)ရက်
၂၀၀၉ခုနှစ်စက်တင်ဘာလ(၂၆)ရက်၊စနေနေ့
အချိန်....နံနက်(၁၀း၀၀)နာရီ..မှ..ညနေ(၁၈း၀၀)နာရီ
နေရာ....Pfarrheim St.Josef
Schleifergasse 2-4
65929 Frankfurt(Main)Höchst
Germany.
Direction...Frankfurt(Main)ဘူတာကြီးမှ..
S1.Wiesbaden BahnhofရထားLine..(သို့မဟုတ်)
S2.Niedernhausen Bahnhof Line စီး၍..
Höchst ဘူတာ..တွင်ဆင်းပါ။
Wednesday, 26 August 2009
လမြတ်ရမ်ဇာန်၏ ဥပုသ်သီတင်း
အစ္စလာမ်သာသနာတော်၏ မဏ္ဍိုင်ငါးပါးအနက် ရိုဇာစောင့်ထိန်းမှူသည် တတိယမြောက် အရေးအကြီးဆုံးဖြစ်ပြီး ရမ်မဇာန်လမြတ်၏ ထူးမြတ်ခြင်းနှင့် စပ်လျဉ်း၍လည်း မွတ်စလင်မ်ဘာသာဝင်များ သိထားကြပြီးဖြစ်သည်။ ဤလမြတ်၌ ရဆူလ်ကိုယ်တော်မြတ်ကြီး အပေါ်သို့ ကျမ်းမြတ်ကုရ်အာန် ကျရောက်စပြုခဲ့သည်။ ထို့ပြင် ဤလမြတ်၌ပင် သောင်ရာသ်ကျမ်း အင်ဂျီလ်ကျမ်း ဇဗူရ်ကျမ်းများ ကျရောက်ခဲ့လေသည်။
ရမ်မဇာန်လတွင် ထူးခြားသော သီးခြားခ၀ပ်မှူ နှစ်ရပ်ရှိပေသည်။ တစ်မျိုးမှာ ရိုဇဟ်ဥပုသ်စောင့်ထိန်းခြင်းဖြစ်၍ ဒုတိယတစ်မျိုးမှာ သရာဝီနမာဇ် ရကအသ် (၂၀) ဖတ်ခြင်းဖြစ်ပေသည်။
ရိုဇာဟ်နှင့် ၎င်း၏ထူးမြတ်မှူ
အဘိဓာန်တွင် ရိုဇဟ်၏ အဓိပ္ပါယ်မှာ ရပ်တန့်ခြင်း၊ ကြဉ်ရှောင်ခြင်းဟု လာရှိသည်။ တရားတော်မြတ်၏ ဝေါဟာရတွင် နံနက် အာရုဏ်ဦး အချိန်မှစ၍ နေ၀င်သည်ထိတိုင် ရိုဇဟ်၏ ရည်ရွယ်ချက်ဖြင့် စားခြင်း၊ သောက်ခြင်း နှင့် သံဝါသပြုခြင်းများမှ ရပ်ဆိုင်း၍ နေခြင်းကို ရိုဇဟ်ဟုခေါ်သည်။ ရိုဇဟ်စောင့်ထိန်းခြင်းအားဖြင့် ဒုစရိုက်မှူများမှ ရှောင်ကြဉ်နိုင်ပြီး အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုကျိုးခြင်းများ ဖြစ်လာစေရန် ရည်ရွယ်ပေသည်။
ဟဇရသ် အဗုဒ်ဒရ်ဒဟ်သခင်မှ မိန့်ဆိုသည်မှာ - အရာရာတိုင်းတွင် မုခ်ဦးတံခါးရှိ၏။ အေဗာဒတ်၏ တံခါးမသည် ရိုဇဟ် ဖြစ်ပေသည်။
ဟဒီးစ်တော်တစ်ရပ်တွင်မူ - အရာရာတိုင်း၌ ဇကားသ်ရှိ၏။ ခန္ဓာကိုယ်၏ ဇကားသ်သည် ရိုဇဟ်ဖြစ်လေသည် ဟုလာရှိ၏။
သဘောမှာ ဥစ္စာပစ္စည်းအား ဇကားသ်ထုတ်လျှင် ထိုပစ္စည်းသည် ခေတ်ကာလ၏ ဘေးအန္တရာယ် အပေါင်းမှ ကာကွယ်သမှူ ဖြစ်သွား၏။
ထိုကဲ့သို့ပင် ရိုဇဟ်စောင့်ထိန်းခြင်းအားဖြင့် လူသားတို့သည် ခန္ဓာကိုယ်၏ အတွင်းအပြင် ရောဂါဘယတို့မှ ကာကွယ်သမှူ ရရှိလေသည်။
ရစူလ်ကိုယ်တော်မြတ် (စလ္လမ်) မိန့်ကြားတော်မူသည်မှာ - အမှန်စင်စစ် လူသားတို့သည် လမြတ်ရမ်မဇာန်မှ ရိုဇဟ်ဥပုသ်၏ အကျိုးဆ၀ါဗ် မည်၍မည်မျှရှိကြောင်း သိရှိသွားကြမူ တစ်နှစ်တာလုံး ရမ်မဇာန် ဖြစ်နေလျှင်ကောင်းပေစွဟု တမ်းတကြပေအံ့။
လိုရင်းအချုပ်မှာ လမြတ်ရမ်မဇာန်၏ ရိုဇဟ်သည် လွန်စွာထူးမြတ်လှကြောင်းနှင့် အရွယ်ရောက်မွတ်စလင်မ်ဘာသာဝင်များအတွက် မပျက်မကွက် စောင့်ထိန်းရမည်ဖြစ်သော ဖရပ်ဇ်တာဝန်တစ်ရပ်ဖြစ်ကြောင်း ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးစ်ကျမ်းဂန်များတွင် အတိအလင်းပါရှိထားလေသည်။
(လမြတ်ရမ်မဇာန်မှာ ရိုဇဟ်ဥပုသ်ကို တတ်အားသရွေ့စောင့်ထိန်းနိုင်ကြစေဖို့ ရည်ရွယ်ပြီး ဒီပို့စ်လေးတင်ဖြစ်ပါတယ်။ မော်လနာအဘူဘက္ကရ် ပြန်ဆိုထားတဲ့ အစ္စလာမ့်လမ်းညွန်ကျမ်းထဲမှ အနည်းငယ်ပြင်ဆင်ပြီးကူးယူဖော်ပြထားခြင်းပါ။ ရွှင်လန်းချမ်းမြေ့ကြပါစေရှင် )
Just me.
Special thanks to sister Maylaynyo.
copy from www.islam-yaungche.blogspot.com